တစ်နေ့အောင်မြင်ရမယ်

in #myanmar3 years ago

image
Steemit ညီအကိုမောင်နှမများမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ..ဒီနေ့ဆိုရင် မိတ်ဆွေတို့အတွက် အကောင်းဆုံးနေ့သစ်တစ်နေ့ဖြစ်လိမ့်မယ်လို့မျှော်လင့်မိပါတယ်၊။
မနေက သုံးလေးနှစ်လောက်ဝေးကွာနေတဲ့သူငယ်ချင်းအိမ်တစ်ကိုအလည်သွားရောက်ခဲ့ပါတယ်၊ ငယ်စဉ်ကတည်းက အတူတူနေ အတူတူစားသောက်ပြီးကြီးပြင်လာကြတဲ့ ကျွန်တော်ရဲ့ Best friends လေးတွေပါ၊ ကျွန်တော်တို့သုံးယောက်လုံးမှာ မိသားစုတွေက ဆင်းရဲပင်ပန်းကြပါတယ်၊ ပညာသင်ဖို့ စိတ်ဆန္ဒတွေရှိခဲ့သော်ငြားလည်း၊ ပညာသင်ကြားဖို့အတွက် အခွင့်အရေးတွေမရရှိနိုင်ခဲ့ကြဘူး။ ဒါပေမဲ့ ကျွန်တော်တို့သုံးယောက်လုံး ပညာမတတ်ကြသော်လည်းဘဲ တစ်ယောက်နဲ့တစ်ယောက် ညီအကိုလို့ချစ်ချစ်ခင်ခင်နေလာခဲ့ကြတာပါ၊ တစ်ယောက်အပေါ်မှာ တစ်ယောက်က သီးခံခွင့်လွတ်ပေးထားကြတာဆိုတော့၊ ဘယ်တော့မှ တစ်ယောက်ကို တစ်ယောက်မုန်းမသွားဘူး ငယ်ငယ်ကတည်းက ခုထိတိုင် ချစ်ချစ်ခင်ခင် နေလာခဲ့ကြတာကို။
image
ဒါပေမဲ့ ကံမကောင်းစွာဖြင့်၊ ငယ်ငယ်ကတည်းက တစ်ယောက်နဲ့တစ်ယောက် တစ်ခါမှ ခွဲမနေခဲ့ကြတာ၊ တကယ်တမ်း ဘဝအကြောင်းရာကို နားလည်လာကြတဲ့အချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက်ခွဲခေါ်ခဲ့ရပါတယ်၊ ကျွန်တော်ကတော့ ပညာတော်သင်ရန်မြို့ပေါ်သို့ ထွက်သွားခဲ့ပါတယ်၊ သူတို့နှစ်ယောက်လည်းဘဲ ကိုယ်စီကိုယ်စီ ဝမ်းရေး ဘဝအတွက် ပညာလိုက်ရှာရင့် တစ်ယောက်နဲ့တစ်ယောက်ခွဲခေါ်ထွက်သွားခဲ့ကြပါတယ်၊ တစ်ယောက်နဲ့ တစ်ယောက်အနေဝေးနေပေမဲ့ ဘယ်တော့မှ အဆက်သွယ်မပြတ်ခဲ့ကြဘူး၊ သူငယ်ချင်သံယောဇဉ်တစ်ခုနဲ့ တစ်ယောက်အခြေနေကို တစ်ယောက်က စူစမ်းနေခဲ့ကြပါတယ်၊ ဘယ်လိုလုပ်ရင် ကောင်းမယ် ဘယ်လိုလုပ်ရင်က မကောင်းဘူးဆိုပြီးတော့ပေါ့၊ အနေဝေးနေသော်လည်း တစ်ယောက်နဲ့ တစ်ယောက် အမြဲအတူတိုင်ပင်နေလျှက်ရှိခဲ့ကြပါတယ်၊၊
image
ဒါနဲ့ လေးနှစ်ခန့်ကြာသောတဲ့အချိန်မှာ ကျွန်တော်လည်းဘဲ မွေးရပ်မြေဆီအလည်တစ်ခေါက်ရောက်ရှိခဲ့ပါတယ်၊ ရွာသို့ရောက် ရောက်ချင်း သူငယ်ချင်းတွေဆီ ဖုန်းဆက်ပြီး သူတို့နေတဲ့ အိမ်ကိုထိလိုက်သွားခဲ့ပါတယ်၊ ဒါနဲ့ သူငယ်ချင်းတွေနဲ့တွေ့ပြန်တော့ ကျွန်တော် အရမ်းကြီးပျှော်ခဲ့ရသလို အရမ်းလည်း ဝမ်းနည်းခဲ့ရပါတယ်၊ ပျှော်ရတယ်ဆိုတာကတော့ ဝေးကွာခဲရတဲ့ သူငယ်ချင်းတွေနဲ့ပြန်ဆုံတွေ့တော့ အရမ်းပျော်မိတာပေါ့၊ ဝမ်းနည်းရတယ်ဆိုတာကတော့၊ ကျွန်တော်ကို ထက်ချစ်ခင်မြတ်နို့ရတဲ့သူတွေက သူအနားမှာရှိနေလို့ပါဘဲ၊ သူတို့ကို ကျွန်တော် တော်တော်ကို စိတ်ဆိုးမိတာအမှန်ပါဘဲ၊ ဒီလောက်အဆက်သွယ်တယ်ရှိနေခဲ့တယ် ဒါပေမဲ့၊ သူတို့မိန်းမယူထားပြီး အကြောင်း သားသမီးတွေရနေပြီးအကြောင်း ကျွန်တော်ကို တစ်ခါမှ မပြောခဲ့ကြဘူး၊ ဒါနဲ့အေးဒီအကြောင်းရင်းကိုမေးကြည့်လိုက်တော့၊ သူတို့နှစ်ယောက်လုံး တိုင်ပင်ထားကြတာတဲ့၊ ကျွန်တော်ပြန်ရောက်လာတဲ့အချိန်မှာ အံ့သြအောင်လုပ်မယ်ဆိုပြီးတော့ မပြောဘဲဒီတိုင်း ဖုံးကွယ်ထားခဲ့ကြတာပါတဲ့၊။
image
သူတို့ရဲ့ အလုပ်ကိုကြည့်ပြီး ကျွန်တော်အရမ်းပီတိဖြစ်မိခဲ့တယ်ဗျာ၊ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ ခုလုပ်နေတဲ့ အလုပ်တွေက သူတို့ကိုယ်ပိုင်လုပ်ငန်းဖြစ်နေလို့ပါ၊ ဒီမုန်းလုပ်ငန်းတွေနဲ့ သူတို့မိသားစု သူတို့ဘဝရပ်တည်နိုင်အောင်ကြိုးစားနေကြပါတယ်၊ အတန်းပညာမရှိသော်လည်း အတတ်ပညာတော့ရှိကြပါတယ်၊၊ တကယ်ပါဗျာ အလုပ်ခေါ်ဇာနယ်တစ်စောင်မှာ ကျွန်တော်တွေ့လိုက်ပါသေးတယ်၊ ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာပေါ့နော် ဇာနယ်ထဲဘာရေးထားလေဆိုတော့၊ English four skill ကျွမ်းကျင်ရမည်တဲ့ Computer basic တက်ဖူးသူဖြစ်ရမယ်တဲ့၊ University ကနေဘွဲ့တစ်ခုရရှိထားသူဖြစ်ရမယ်၊ တရုပ်စကားပြောနိုင်သူကို ဦးစားပေးမည်၊ Waiter ဆက်သွယ်ရန် Ph… စားပွဲထိုးတစ်ယောက်ဖြစ်ဖို့အရည်ချင်းက မလွယ်ဘူးနော်၊ ဒါကြောင်းကျွန်တော် သူငယ်ချင်းတွေလုပ်နေတာကို ကြည့်ပြီး ဂုဏ်ယူဝမ်းမြောက်နေခဲ့ပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ကို Order ပေးဖို့သူမရှိတဲ့အတွက်ကြောင်းပါ၊ သူတို့ကိုယ်ပိုင်လုပ်ငန်းမိုးလို့ သူတို့ရပ်ချင်ရင် ရပ်လိုက်လို့ရသလို့၊ မလုပ်ချင်ရင်လည်းဘဲ ထိုင်နေလို့ရပါတယ်၊ ဘယ်သူကမှ လာဆူမဲ့သူမရှိဘူး၊ ဘယ်သူကမှ လစာ ဖြတ်မဲ့သူမရှိဘူး။ ရှိတာလေးနဲ့ လှအောင်ဆင်တယ် ရတာလေးနဲ့ ဝအောင်စားတယ်ပေါ့၊ ဒါနဲ့ ကျွန်တော်ရောက်သွားတော့၊ သူတို့လေးဘဲ အလုပ်ကိုရပ်လိုက်ကြပါတယ်၊ ကျွန်တော်ကလည်းဘဲအားနာရတာပေါ့ဗျာ၊ အငယ်ခါဆိုရင် ရတယ်လေ၊ ခုဆို သူတို့အနားမှာ လူပိုတွေရှိနေတာကို၊ ဒါပေမဲ့သူတို့မိန်းမတွေကလေးဘဲ ရမ်းကို အလိုက်သိတတ် နားလည်ပေးတတ်ကြပါတယ်၊ ကျွန်တော်ကိုလည်းဘဲ အကိုတစ်ယောက်လိုချစ်ချစ်ခင်ခင်နဲ့ စနှစ်တကျစီစဉ်ဆောင်ရွက်ပေးကြပါတယ်၊ ဒါနဲ့စကားမစပ် ကျွန်တော် သူတို့ဒီအလုပ်ကို ဘယ်ကနေ ဘယ်လိုတတ်သိလာတာလေးပေါ့၊
image
မေးကြည့်လိုက်တော့၊ သူတို့နှစ်ယောက်ထဲက တစ်ယောက်က အနှစ်နာခံ အပင်ပန်းခံပြီး သင်ယူခဲ့တာပါတဲ့၊ သူအေးဒီ အလုပ်မှာစလုပ်တုံးဆို ပိုက်ဆံတောင်မပေးဘူးလို့ပြောတယ်၊ စားစရိုက်နဲ့သုံးစရိုက်လေးပေါ့၊ ဒီလိုသူတစ်နှစ်လောက်ဒုက္ခခံပြီး လုပ်ခဲ့ရတယ်လို့ပြောပါတယ်၊ မုန်းလုပ်ဖို့သိပ်မခက်ခဲ့ပါဘူး၊ သူတစ်နှစ်လောက် အချိန်ပေးခဲ့ရတယ်ဆိုတာကလည်းဘဲ၊ သူနားလည်တတ်ကျွမ်းကျင်လာတဲ့အချိန်မှာတော့ သူဆရာဆီမှာ ကူညီပေးခဲ့ရတာပေါ့၊ ဒီလိုကူညီပေးရင်နဲ့ အရင်နီးတစ်ခုကို အရစုဆောင်းထားခဲ့တာပေါ့၊ အရင်းနီးရတာနဲ့ သူ့ကိုယ်ပိုင်လုပ်ငန်းကိုစတင်ဆောင်ရွက်တာပေါ့၊ ကျေနပ်အားရစရာနောက်တစ်ခုရှိပါသေးတယ်၊ သူကိုယ်ပိုင်အလုပ်ဖွင့်နိုင်တာနဲ့၊ တခါတည်း သူငယ်ချင်းသူအလုပ်ထဲကို ဆွဲခေါ်ပြီး၊ နှစ်ယောက်သားအတူတူ ဘဝခရီးကိုစတင်နေကြပါတယ်၊၊ ကျွန်တော်စကားကိုဒီမှာဘဲ ခဏရပ်ခွင့်ပေးပါ၊ နောက်ထပ် ဒီမုန့်ကိုဘယ်လိုဖန်တီလေဆိုတာကို တင်ပြပေးပါအုံးမယ်၊ အားလုံးကိုကျေးဇူးတင်ပါတယ်။။
Written by Konyi
MSC 037
Photo from Google image

Sort:  

ဘာအလုပ်ပဲဖြစ်ဖြစ်..ပညာပါရတာပေါ့...
မိမိစိတ်ကို မိမိအပိုင်စားရတဲ့ အလုပ်ဆိုတော့ ပိုကောင်းတာပေါ့ဗျ..

ဟုတ်ကဲ့ thanks bro

ပညာမတတ်​ရင်​ အထာ​တော့ နပ်​ဖို့လိုတယ်​ ဘယ်​အလုပ်​ပဲဖြစ်​ဖြစ်​ ကြိုးစားရင်​ ​အောင်​မြင်​မှု့ရရှိပြီး ဘာမဆိုဖြစ်​ပါတယ်၊​ အ​ရေးသားလည်း အရမ်းကိုဗဟုသုတရပါတယ်​ 👍

ဟုတ်ကဲ့ကိုလင်း ကျေးဇူးပါ

သူငယ်ချင်း အချင်းချင်းကြားက သံယောဇဉ်ကို မြင်ရပါတယ်။ အရမ်းချစ်ကြမယ်လို့လဲထင်မိတယ်။ဆက်လက်ထိန်းသိမ်းနိုင်ပါစေ

ဆက်လက်ထိန်းသိမ်းသွားမယ်လို့လည်း ကတိပေးပါတယ် bro

မှန်မှန်လေးလျှောက်မယ်ဆို တစ်နေ့ပန်းတိုင်မှာရောက်မှာပါဗျာ အတန်းပညာမရှိလည်း အတတ်ပညာရှိရင် တစ်နေရာတော့ ပေါက်မြောက်မှာလာမှာပါ

ကျေးဇူးပါအကိုစကားကြောင်း ပိုအားရှိသွားပီ hi hi.

သူငယ်ချင်းတွေရဲ့စည်းလုံးမှုကိုမြင်ရတာ ဝမ်းသာကြည်နူးစရာပါ။
ကိုယ်ပိုင်အလုပ်ကတော့အကောင်းဆုံးပါပဲ။
ပထမဦးဆုံးတော့ အနစ်နာခံရတာပေါ့။

ဟုတ်ကဲ့ပါ အကိုမိုးဇော် ကျေးကျေး

ကိုညီရေ မုန့်လို့ ရေးမထားဘဲ မုန်းလို့ ရေးထားတာတွေ အများကြီးတွေ့ပါတယ် ပြင်လိုက်ပါဦးဗျာ

ဟုတ်ကိုစော he he

သူငယ်ချင်းနှစ်ယောက် ဘယ်လိုတွေ ဆက်ဖြစ်မလဲ စောင့်ဖတ်မယ်ဗျာ။ ဗဟုသုတလေးတွေပါ ထည့်ရေးထားတော့ သိပ်ကောင်းတဲ့ စာတစ်ပုဒ်ဖြစ်လာပါတယ် ။

အဓိ က က မရပ်​​နေ့ပါ ဆက်​လုပ်​ပါ​အောင်​မြင်​မှာပါ

ဟုတ်ကျေးဇူးပါအကို

ဘဝဇာတ်ခုံပေါ်မှာရပ်တည်နေနိုင်ဖို့
English-4 skill တို့university ကဘွဲ့တစ်ခုရဖို့တို့
လိုစရာမလိုပါဘူးbro ကိုယ်တတ်ကျွမ်းတဲ့အတတ်ပညာတစ်ခုကို
ကောင်းကောင်းအသုံးချတတ်ဖို့ပဲလိုတာပါ
လူတိုင်းကကိုယ့်ဘဝနဲ့ကိုယ် ရှင်သန်နေနေကြရတာမဟုတ်လား

ဟုတ် bro စားပွဲထိုးခန့်အပ်ဖို့အတွက် အေးဒါတွေလိုအပ်တယ်လို ဖော်ပြခဲ့တာပါ ကျေးဇူး

သင်ခန်းစာတခုရိုက်လိုက်ပါတယ် ကိုညီရေ
အရင်းနှီးတခုအဖြစ် အတတ်ပညာတခုကို ကျွမ်းကျင်စွာတတ်မြောက်ခြင်းက အောင်မြင်မှုရဲ တစိတ်တဒေသပါပဲ

ဟုတ်အကို ကျွန်လည်းဘဲအေးလို ထင်မှတ်ထားပါတယ် ကျေးဇူးပါအကို သန့်ဇင်ဦး

ဟုတ်​ ​ကျောင်းကပညာ​တွေအပြင်​ လုပ်​ကိုင်​စား​သောက်​ဖို့ အသက်​​မွေးဝမ်း​ကျောင်း တစ်​ခု တက်​ထား​အောင်​လုပ်​​ဆောင်​ထားသင့်​ပါတယ်

ဖြစ်ချင်လုပ်ချင်စိတ် အရင်းတည်ထားသူတွေအတွက် ဖြစ်ချင်ဒါတွေဖြစ်ဖို့ 50 သေချာပါတယ်

မှန်ပါတယ် အကို ကျေးဇူးပါ

အစိုးရပညာရေးဆိုတာ ဆားနဲ့တူပါတယ်
သူ့ချည်းဘဲစားမရသလို သူမပါရင်လည်း
မပြီးပါဘူး
ဟင်းသီးဟင်းရွက်တွေ အသားငါးတွေပါ
စုဆောင်းနေရမှာပါ

မှတ်သားထိုက်ပါတယ် bro

လေးစားဖို့ကောင်းလိုက်တာဗျာ

ဟုတ်ကျေးဇူးပါအကို

ဖတ်လို့ကောင်းပါတယ် အစ်ကို

ဟုတ်ကျေးဇူးပါအကို

အသက်မွေးဝမ်းကျောင်း ပညာတစ်ခုခု တတ်ထားခြင်းဟာ ပညာပါဘဲ အလုပ်ထဲမှာ ကိုယ်ပိုင်အလုပ်ကတော့ အကောင်းဆုံးပါ ကိုယ့်အသိစိတ်နဲ့လုပ်ရုံဘဲ သူများမျက်နာ ကြည့်နေရတဲ့ အဖြစ်မျိုးမဟူတ်တော့ဘူး

မုန့်​လုပ်​နည်း​လေး​စောင့်​​မျှော်​​နေပါ့မယ်​​ဗျ

မုန့်ဆိုတာနဲ့ စိတ်ဝင်စားပြီးသားပဲဘဒိုရေ
လုပ်ပါဦး သိချင်တယ်ဗျာ့

ဟုတ် နောက် post မှာဖော်ပြပေးပါမယ် အကို

ဇွဲ ၀ီရိယ ကြိုးစားမှုရဲ့ ရလဒ်တွေကြောင့် အောင်မြင်မှုတွေကို ခံစားကြရတာပါဗျာ

ဟုတ်ကဲ့ ကျေးဇူးပါ