သနားစရာမောင်ဖိုးလှ

in #myanmar7 years ago


Steemit friends! တွေမင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါရစေ..ကျတော်ခုနယ်ကိုရောက်နေပါတယ် ရွာရောက်နေတဲ့အချိန် ရွာဦးဘုန်းကြီးကျောင်းကို ဘုရားဖူးသွားရောက်ခဲ့ပါတယ်၊ မထင်မှတ်ဘဲ ကျွန်တော် ငယ်ငယ်အတည်းက ကျောင်းမှာနေတဲ့ ကျောင်းတကာ မောင်ဖိုးလှကို ကျန်းကျန်းမာမာ တွေ့ရှိခဲ့ရပါတယ်၊ ကျောင်းတကာဆိုပေမဲ့ သူမှာ မွေးရာပါ ရောဂါကိုခံစားနေရတဲ့သူတစ်ယောက်မို့လို့၊ ကျောင်းဝေယာဝိစ္စတွေကို ကောင်းကောင်းမလုပ်ပေးနိုင်ပါဘူး၊ သူနဲ့ပတ်သတ်ပြီးကျွန်တော် သိသလောက်ကြတော၊ သူမှာညီအကို မောင်ညီမတွေ ရှိကြပါတယ်၊ သို့သော် ဘာကြောင်းသူကျောင်းမှာနေရတာလေးဆိုတော၊ သူက ပိုက်ဆံရှာနိုင်တဲ့သူတစ်ယောက်လဲ့မဟုတ်ဘူး၊ နောက်ပြီးတော့ သူကိုယ်တိုင်က ရောဂါခံစားနေရတဲ့သူဆိုတော့၊ မိသားစု အကို အမ တွေရှိသော်လည်း၊ သူကို စောင့်ရှောက်ကျွေးမွေးမဲ့သူတွေမရှိကြဘူး၊ အကိုကလေးဘဲ ညီတစ်ယေက်ကို ကျွေးမွေးချင်သော်လည်း သူရဲ့ ဇနီးမျက်နှာကို ကြည့်ရတာပေါ့၊ သူတို့က လေးဘဲ ဆင်းရဲ့နွမ်းပါးတဲ့သူတွေဆိုတော့၊ သူတစ်ယေက်ကို ကောင်းကောင်းမကျွေးမွေးထားနိုင်ဘူးနဲ့တူပါတယ်၊ ပိုက်ဆံချမ်းသာတဲ့ အမတွေရှိကြပါတယ် သို့သော် သူတို့ရဲ့ လင်ယောက်ျားကို ကြည့်ပြီး မကျွေးမွေးထားနိုင်ကြဘူး၊ ထမင်းစားနေကြတဲ့ရွာတစ်ရွာမှာ ထမင်းမစားရဘဲ ငပ်သေသွားရမည်ဆိုရင်၊ ထမင်းစားကြီးလာတဲ့ ရွာသားတွေက ဘယ်လိုလူတန်းစားလေဆိုတာကို သူတိုကိုသူတို့နားလည်ပါလိမ့်မယ်၊ သို့သော် သူစားဖို့အတွက်သီးသန့်လာရောက်ပေးကမ်းဖို့ဘယ်သူမှမရှိကြပါဘူး၊ အဲဒီအကြောင်းရာကို ကြားသိရတဲ့အတွက်၊ ရွာဦးကျောင်းဆရာတော်က၊ မစားမသောက်ရ ငပ်မွတ်သေသွားမယ်ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါကြောင်း သူကို ဘယ်သူမှ မကျွေးမွေးကြဘူးဆိုရင်၊ ကျောင်းမှာ ဘုန်းကြီးဘဲ ကျွေးထားပါမယ်၊ ကျောင်းကိုသာခေါ်ယူလာခဲ့ဆိုပြီး၊ ဘုန်းကြီး အမီးရှိထားတဲ့အတွက် ကျွန်တော်တို့်ငယ်စဉ် အခါတုံးကပင် ကျောင်းမှာ နေပြီး ကျောင်းက ဆွမ်းကျန်တွေကို စားသောက်အသက်ရှင်သန်နေပါတယ်၊

ကျွန်တော်လေးဘဲ၊ အေလိုမသန်စွမ်းတဲ့သူတွေဆိုရင် အငယ်ကတည်းက သနားစိတ်တွေတော်တော်ကို ရှိတတ်ပါတယ်၊ သူကတော့ ထမင်းစားပြီရင် ဆေးသောက်တတ်ပါတယ်၊ ဆေးလိပ်တော့မဟုတ်ဘူး ဟိုးအရင်က အဖိုးကြီး အဘောကြီးတွေသောက်တတ်ကြတဲ့ ပန်းတူပေါ့၊ မိတ်ဆွေတို့သိကြပါတယ်၊ သူလေးဘဲ အေးလို ပန်းတူသောက်လဲ့ရှိပါတယ်၊ သို့သော် ပန်းတူသောက်ဖို့အတွက် ဆေးလိပ်ဝယ်ဖို့ပိုက်ဆံမရှိဘူး၊ တခါတလေ၊ ကျောင်းမှာရှိတဲ့ အုန်းသီးခြောက်တွေကို စုဆောင်းထားပြီး ရွာတွေမှာ ဝယ်သားတွေကို သွားရောင်းတတ်ပါတယ်၊ သူဆေးလိပ်ဖို့အတွက် သူအားကို သူကိုးနေသူတစ်ယေက်ပါ၊ ကျွန်တော်လေးဘဲ ကျောင်းရောက်တိုင်းသူကို ဆေးလိပ်ဖို့ တတ်နိုင်သလောက်ပေးလဲရှိပါတယ်၊ ဒါကြောင်းမို့လို့ ကျွန်တော်ကိုလေးဘဲ ချစ်ခင်ပါတယ်၊ သူကို စနောက်တဲ့သူတွေဆိုရင် အရမ်းမုန်းတာ၊ တခြားသူတွေဆိုရင် ကျောင်းမှာ လုပ်စရာရှိတဲ့ အလုပ်တွေကို သူကို လုပ်ခိုင်လို့မရဘူး၊ ဒါပေမဲ့ ကျွန်တော် လုပ်ခိုင်ရင် သူအကုန်လုပ်တာဘဲ၊ ကျွန်တော်ခိုင်တယ်ဆိုတာလေးဘဲ ကျွန်တော်လုပ်ရမဲ့အလုပ်အချင်ပြေပြီးစီးစေခြင်းအကျိုးအတွက်မဟုတ်ရပါဘူး၊ ကျွန်တော် ရွယ်ရည်တာက သူအတွက်ပါ၊ ကျောင်းမှာနေပြီး သူအတွက် တစ်နေ့သာ ကုသိုလ်ကောင်းမှု့တွေရရှိစေခြင်းအတွက်သာ လုပ်ခိုင်ရခြင်းပါ၊ လူဘဝကိုရရှိလာတယ်ဆိုတာ၊ ကျွန်တော်တို့ရဲ့ကုသိုလ်ကံအားလျှော်စွာကြောင်းသာဖြဖ်ပါတယ်၊ သူလေဘဲ ကုသိုလ်ကောင်းမှု့တွေကြောင်း လူဘဝကို ရရှိလာပေမဲ့၊ အတိတ်က အကုသိုလ်ကြောင်းဒီဘဝမှာ၊ လူဖြစ်သော်လည်း လူစဉ်မမှီ၊ ဘဝကိုရောက်ရှိရပါတယ်၊ ကျွန်တော်လေးဘဲ ဆုတောာင်းပါတယ် သူမှာ၊ အတိတ်က ပါရှိလာတဲ့ ဝဋ်ကြွေးတွေရှိရင်လေးဘဲ ဒီဘဝ ဒီမျှလောက်နဲ့ကျေပါစေလို့ဆုတောင်ပါတယ်၊။…

တစ်ခုရှိတာက သူက အစားတော်တော်ကြီးတာ အေးလောက်ကျောင်းမှာ အစားအသောက်တွေဒီလောက်ပွားများနေတာတောင် သူမှာ မလုံလောက်နိုင်သေးဘူး၊ ကျွန်တော်တို့တခါတစ်ရန်ကျောင်းမှာ ဝေယာဝိစ္စတွေလုပ်ပြီး ကျောင်းမှာကျောင်းသားလုပ်ပြီး ထမင်းစားတဲ့နေ့ဆိုရင် သူကို ကျွန်တော်ကိုယ်တိုင်ကျွေးမွေးဖူးပါတယ်၊ သူစားတဲ့ပန်းကန်က သာမှန်ရိုးရိုးမဟုတ်ဘူး၊ သူအတွက် သက်သက်လုပ်ပေးထားရပါတယ်၊ ကျောင်းမှာရှိတဲ့ အိုးကြီး အဖုံးကို ပန်းကန်အဖြစ်ပြုလုပ်ထားရပါတယ်၊ ဘယ်လိုစားလေးဆိုတော မနက် 12 hr ကတည်းကသူစားနေတာ ညနေ 3 hr သူနေလည်စာစားပြီးတယ်၊ သူပန်ကန်းမှာ ထမင်းနည်းသွားရင် သူမယူတော့ဘူး၊ ကျောင်းမှာ ကျွေးမွေးထားရတာတောင် သူက သူအလိုမကျရင်မစားဘူး၊ ထုံးစံအတိုင်းဘဲ ညနေကျတော့ သူလေးဘဲ မစားရဘူး၊ ကျတော်တောင် ထင်မိတယ် သူ နေလည်စာကို ဒီလောက်အချိန်အကြာကြီးစားတာ ညနေ ဗိုက်ဆာမှာစိုးလို့နဲ့တူပါတယ်၊ သူအကြောင်းကို ခုလိုသိသမျှ ချစ်မိတ်ဆွေ Steemit friends တွေကို မျှဝေပေးရတာ၊ သူလေဘဲ ဒီဘဝဒီမျှလောက်နဲ့ ဝဋ်ကြေးရှိရင် ကျေပါစေလို့ ဆုတောင်းရင့် ဆန္ဒပြုလိုက်ရပါတယ်၊ မိတ်ဆွေတို့လေးဘဲ ဆုတောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
Written by Konyi

Sort:  

စိတ်တော့မကောင်းပါ

ဟိုက် ဖိုးလှ STEEM ပေါ်ရောက်လာပီ

စိတ်​မ​ကောင်းစရာပါ

ဝမ်းနည်းသလိုပါဘဲ ခံစားရပါတယ်

အားလုံးဟာ သံသရာ ရဲ့ ခရီးသွားတွေပါပဲ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62827.81
ETH 2583.62
USDT 1.00
SBD 2.73