လှူဒန်းမှု့ရွယ်ချယ်ချက်
ဗုဒ္ဓဘာသာတော်တော်များများ လှူဒန်းခြင်းဆိုတဲ့ ဒါနမျိုးတွေကို ပြုလုပ်လဲ့ရှိကြပါတယ်၊ သို့သော် ရလပ်အကျိုးတရားတွေကိုတော့ သေသေချာချာ နားမလည်ကြပါဘူး အဲဒါကြောင်း စားရေးသူအနေနဲ့ လှူဒါန်းမှုရွယ်ချယ်ချက် ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ဖော်ပြရေးသားပေးမှာဖြစ်ပါတယ်။
လှူဒန်းတယ်ဆိုတာတော့ ဘယ်သူကို လှူရမည်စသည်အားဖြင့် ခွဲခြားကန့်သတ်ချက်ချထားမျိုးတော့ မရှိပါဘူး။ သို့သော် လှူဒန်းမှု့ရဲ့ကွဲပြားခြင်းနားမှုတချို့ကို တွေ့လိုက်ရပါတယ်။ ကျွန်တော်က လမ်းတွေမှာ တောင်းရန်းစားသောက်နေတဲ့ သူတွေကို အမှန်တကယ်သနားတတ်ပါတယ်။ တခါတလေ ကျွန်တော်တွေ့တာက ဘုန်းကြီးကျောင်းတွေမှာ ရဟန်သံဃာတွေဆွမ်းဘုန်းပေးပြီးတဲ့ အချိန်ကို စောင့်မျော်နေတဲ့ တချို့သူတောင်းစားတွေကို တွေ့ရပါတယ်၊ ကျွန်တော်သနားစိတ်တွေများပြီးတော့ သူတို့ကို ကျွေးမွေးချင်တဲ့စိတ်က တော်တော်ကို ပြင်းပြနေပါတော့တယ် ကျွန်တော်လဲ့ အသက်(၁၅) နှစ်အရွယ်ဆိုတော့ မိဘဆီကပစ်ဆံကို လက်ဖြန့်တောင်းနေရတဲ့အချိန်ဆိုတော့ သူတို့ကို ကျွေးမွေးချင်သော်လည်း။ ပစ်ဆံလုံလောက်မှုမရှိဘူးပေါ့ သို့သော် တနေ့ ကျွန်တော်မှာ ပစ်ဆံလက်ထဲမှာ (၃၀၀၀)လောက်ရှိနေတဲ့အချိန်ခါ ငါ့တော့ ဒီနေ့ သူတို့ကိုငါဝယ်ကျွေးခွင့်ရပြီးပဲ ဆိုပြီး ကျွန်တော် စိတ်ထဲမှာ ပီတိဖြစ်နေတယ်ပေါ့။
တနေ့ကျွန်တော် ဘုရားသို့သွားပြီး လိုက်ရှာပါတယ် အဲဒီချိန်မှာ စေတီအနီးနားမှာ စိတ်ညစ်နေတဲ့ပုံစံမျိုးနဲ့ အလှူခံနေတဲ့လူတစ်ယောက်ကို တွေ့လိုက်ရပါတယ် ကျွန်တော် သူဆီကိုသွားပြီး မေးလိုက်ပါတယ်။ “ ထမင်းစားပြီးပြီလား မိတ်ဆွေ” မစားရသေးဘူးတဲ့ သူကအရမ်းဆာလောင်နေတဲ့ပုံစံကိုတွေလိုက်ရပါတယ် ဒါဆို ဒီနေရာမှာဘဲ ခဏစောင့်နေပါ ကျွန်တော် သွားဝယ်လိုက်ပါမယ်ဆိုပြီး သူကိုပြောထားခဲ့ပါတယ်။ ကျွန်တော်မှာပါလာတဲ့ ပစ်ဆံ(၃၀၀၀) နဲ့ ထမင်း ရေ တွေဝယ်ပြီး သူဆီကိုပြန်လာခဲ့ပါတယ်။ သူနဲ့ပြန်တွေ့ပြီး ကျွန်တော်ဝယ်လာတာတွေကို သူ့ကိုပေးပြီးစားစေခဲ့ပါတယ်၊ သူနားမှာထိုင်ပြီးတော့ သူစားနေတာကို ကြည့်နေခဲ့ပါတယ်။ အလွန်အမင် စိတ်ဆန္ဒပြင်းပြနေတဲ့ ကျွန်တော်စိတ်က အဲဒီချိန်မှာ ပီတိတွေနဲ့ ပြည့်နပ်နေခဲ့ပါတယ်။
နောက်ပြီး ဆုံးဖြတ်ချက်တွေ ကျွန်တော်ချခဲ့ပါသေးတယ် လောကကြီးမှာ မရှိတဲ့သူ သို့မဟုတ် မစားရတဲ့သူတွေကို ကျွေးမွေး လှူဒန်းရတာတွေက အလွန်မွန်မြတ်တဲ့ အလှူတစ်ခုဖြစ်တယ်လို့ ကျွန်တော် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ နောက်တစ်ခုက ရဟန်းသံဃာတွေမှာ စားစရာဆွမ်းတွေ နောက်ပြီး လှူဒန်းမဲ့သူတွေ အများအပြားရှိနေတယ် ဒါကြောင်း ရဟန်းသံဃာတွေကို လှူဒန်းတာထက် မရှိမဝ လမ်းဘဲတောင်းစားနေတဲ့ သူတွေကို လှူဒန်းရတာက ပို မွန်မြတ်ပြီး ကုသိုလ်အကျိုးတွေကို ပိုရနိုင်ပါတယ် လို့ ကျွန်တော်စိတ်ကို ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ သို့သော် ဗုဒ္ဓစာပေတွေကို လေ့လာရင့် ကျွန်တော်ဆုံးဖြတ်ချက် သိုမဟုတ် ကျွန်တော်အတွေးအခေါ်တွေက တော်တော်ကို မှားနေတယ်ဆိုတာကို ကျွန်တော်တွေ့ခဲ့ရပါတော့တယ်၊။
ဗုဒ္ဓဟောပြောခဲ့တဲ့တရားကတော့ “ အဘိဓမ္မာကို မဟောကြားမီ စုရုံးနေတဲ့အချိန်မှာ ဖြစ်ပျက်ခဲ့တဲ့( အိန္ဒက နတ်သားနှင့် နန္ဒက နတ်သား နှစ်ဦး အကြောင်းကို ဟောပြောခဲ့ပါတယ်) အဲဒီ နတ်သားနှစ်ဦးက အဘိဓမ္မာတရားမဟောပြောခင် ဘုရားရှေ့မှောက်ကို အရင်ဆုံးရောက်ရှိလာတဲ့ နတ်သားနှစ်ဦးဖြစ်ပါတယ် တခြားနတ်တွေတရားနာရန်ရောက်လာတဲ့အချိန်မှာ နန္ဒကနတ်သားက ဘုရားနဲ့ အလွန်ဝေးကွာတဲ့နောက်ဆုံးသို့ ရောက်ရှိခဲ့ပါတယ် အိန္ဒက နတ်သားကတော့ ဘုရားရှင်နဲ့တစ်လှန်းမှမကွာဘဲ ဘုရားရှေ့မှောက်မှာပင် အမြဲတမ်းရှိခဲ့ပါတယ်။ နန္ဒကနတ်သား ဝေးကွားသွားရခြင်းရဲ့အကြောင်းတရားကတော့ သူထက်ဘုန်းကံကြီးတဲ့ နတ်တွေရောက်ရှိလာတဲ့အတွက်ကြောင်းဘဲဖြစ်ပါတယ်။ ဒီနတ်သားနှစ်အတိတ်ကံတွေနဲ့ပတ်သတ်ပြီးတော့ တရားဟောပြောခဲ့ပါတယ်။ နန္ဒနတ်သားက အတိတ်မှာ အလွန်ချမ်းသာတဲ့ ဘုရင်မင်းမျိုးဖြစ်ပြီး၊ အိန္ဒက နတ်သားကတော့ ဆင်းရဲတဲ့ လယ်သမားတစ်ယောက်ပါတယ်။ သူတို့နှစ်ယောက်က အလှူပေးလှူခြင်းတွေမှာ စိတ်အားထက်တန်တဲ့ သူတွေဖြစ်ကြပါတယ်၊ နန္ဒကနတ်သားဖြစ်တဲ့ ဘုရင်ကတော့ သူအိမ်ရှေ့မှာမဏ္ဍန်းထိုးပြီးတော့ တိတ္ထိ ပရိဗ္ဗာဇ်တွေကို (၇) ရက်တိုင်တိုင်အလှူကြီးတွေပေးလှူခဲ့ပါတယ်၊ အိန္ဒကနတ်သားဖြစ်တဲ့ လယ်သမားမှာတော့ အလှူကြီးတွေပေးလှူချင်သော်လည်း စိတ်ရှိတိုင်းကိုယ်မပါနိုင်ပါဘူး တစ်နေ့ ကစ္စည်မထရ်ရဟန်တာတစ်ပါးကိုတွေ့ပြီး သူစားမဲ့ထမင်းတစ်နပ်စာကို ရဟန်းတာမထရ်ကိုပေးလှူဒန်းခဲ့ပါတယ်။ သူတို့နှစ်ဦးကွယ်လွန်သွားတဲ့အချိန်မှာ သာဝတိံသာနတ်ပြည်မှာ (အိန္ဒက နှင့် နန္ဒက အမည်ရှိတဲ့ နတ်တွေလာဖြစ်ကြပါတယ်။ ဘုရားနဲ့ကွာဝေးသွားရခြင်းအကြောင်းရင်းမှာတော့ သူတို့ပေးလှူဒန်းခဲ့ အလှူက ကွာခြားသွားတာပါဘဲ၊ ( အဓိက ကွားခြင်းသွားတာက အလှူခံတွေပါ) နန္ဒက နတ်သားဖြစ်တဲ့ဘုရင်က သီလသမာဓိမရှိတဲ့ တိတ္ထိ ပရိဗ္ဗာဇ်တွေကို ပေးလှူဒန်းခဲ့တာလေ။ အိန္ဒက နတ်သားဖြစ်တဲ့ လယ်သမားကတော့ သီလသမာဓိရှိတဲ့ ရဟန်းတာကို ပေးလှူဒန်းခဲ့တာဖြစ်တဲ့အတွက် သူတို့ပေးလှူဒန်းခဲ့တာတွေမှာ အလှူခံတွေဘဲကွားခြားသွားပါတယ်။ သီလသမာဓိမရှိတဲ့သူတွေကို လှူဒန်းရင် ကုသိုလ်မရဘူးမဆိုလိုပါ ရပါတယ် ဘယ်သူကိုဘဲလှူလှူပေါ့ သို့သော် ကွားခြင်းသွားတယ်ဆိုတာကို (နန္ဒက နှင့် အိန္ဒက ကို ဥပမာယူရင်ပိုသိသာပါတယ်။) ရဟန်းသံဃာတွေနဲ့ အလှူခံသူတောင်းစားဘလိုကွားခြားနေလေးဆိုတာကို မိတ်ဆွေတို့နားလည်သဘောပေါက်လိမ့်မယ်လို့မျော်လင့်မိပါတယ်။
Photo form google
written by Konyi
MSC 037
nice post brother
thank you ma
ဒီလိုမျိုး ဥမာလေးနဲ့ဖြစ်တည်လာတဲ့ စာကောင်းပေမွန် တစ်ခုဖြစ်လာဖို့ဆိုတာမလွယ်ပါဘူး
အများကြီးဖတ်ရှုမှက်သားလေ့လာရတာပါ
ရေးသားတင်ပြချက်အရမ်းကောင်းပါတယ်
ပြောစရာလေးတော့ရှိပါတယ်ဗျာ
စိတ်မဆိုးပါနဲ့နော် ညီကိုရေ
ညီကိုက တိုင်းရင်းသားလူမျိုးလားခင်ဗျ
မြန်မာစာ သတ်ပုံတော်တော်များများမှားယွင်းနေတာတွေ့ရလို့ပါဗျာ
ဥပမာ...Titleပေါ့..
လှူဒါန်းမှုရွေးခြယ်ချက် လို့ရေးချင်တာဟုတ်
အဲ့လိုသတ်ပုံအမှားလေးတွေပါ
တခြားတော့ပြောစရာမရှိပါဘူး
စာအများကြီးရေးနိုင်လို့ ချီးကြူးပါတယ်ဗျာ
ဟုတ်ကဲ့ပါအကို စိတ်မဆိုးပါဘူး ကျွန်တော်တိုင်းရင်းသားပါ ကျွန်တော်ရေးသားတာတွေအချင်မပြေတာရှိရင် အမြဲပြောလို့ရပါတယ်အကို ခုလို့ပြောပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။
ဟုတ် ရပါတယ်ဗျာ
အချင်းချင်း ကူညီဖေးမရင်းသွားကြတာပေါ့ဗျာ
စိတ်မဆိုးတက်တဲ့အတွက် ဝမ်းသာပါတယ်ဗျာ
တိုင်းရင်းသားတွေဆိုတော့ မြန်မာစာနဲ့ပတ်သတ်ရင် မှားတက်ပါတယ်
ကျနော်ဆိုရင်လည်း တိုင်းရင်းသားလူမျိုးတွေရဲ့စာပေတွေကို မသိတဲ့အတွက် သတ်ပုံမှားမှာပါပဲ
I wish I could understand the Burmese language. :(
I think it is very easy to study for you because I am a student who had studied another language. thank you for supporting.
You're most welcome! Which language did you study?
Thank you a lot. what I studied, is English language.
That's great. Obvious, but I was curious. :)
Good
Thank you much brother
ကောင်းမွန်တဲ့တွေးချက်ကလေးပါဗျာ စာတွေကိုသတ်ပုံပြန်စစ်ပီး edit လုပ်လိုက်ရင်အကောင်းဆုံးဖြစ်ပါမယ်ကြိုးစားပါဗျာ
ဟုတ်ကဲ့ပါ ကျေးဇူးပါအကို
မြန်မာစာလုံးပေါင်းသတ်ပုံစာအုပ် တင်ပေးထားတာရှိပါတယ်။
ဟုတ်ကဲ့ပါအကို မတွေ့သေးဘူး ဘယ်မှာတင်ထားတာလေ bro
ဟုတ် င်္ကျွန်တော် တင်ထားတာ bro။ ကြာတော့ကြာပါပြီ။ အားတဲ့အချိန် ပြန်ရှာပေးထားပါ့မယ်။ မြန်မာစာနဲ့ ပတ်သက်တဲ့ app ရော၊ စာအုပ်တွေရော တော်တော်များများ တင်ပေးထားပါတယ်။ အဲဒီတုန်းက bro မသိလိုက်လို့နေမှာပါ။ အားရင် ပြန်ရှာပေးထားပါ့မယ်။ ကျေးဇူးပါ