ရှေ့ဟောင်းအမွေနှစ်

in #myanmar8 years ago


Steemit friends! မင်္ဂလာအပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ၊ ကျနော်ခုရေးမှာကတော့၊ ရှေ့ဟောင်းအမွေအနှစ်တစ်ခုဆိုတာ မမှားနိုင်ဘူးလို့်မျှော်လင့်မိပါတယ်၊ ဘာတွေက ရှေ့ဟောင်းအမွေနှစ်လဲဆိုတော့၊ ကျတော်တို့အခေါ် ကျောက်တွင်းပေါ့၊ ကျတော်တို့ရွာမှာ ဟိုအရင်အထက်ထက်ကတည်းက ဒီကျောက်တွင်းကိုဘဲအသုံးပြုလဲရှိခဲ့ကြပါယ်၊ ကျတော်တွေ့သလောက်တော့၊ မြို့တွေမှာ ဒီလိုကျောက်တွင်းတွေမရှိကြဘူး၊ တချို့တွေ့တာက ရေချိုးဖိုရန် အုတ်သဲကျောက်တွေ့နဲ့ ဖန်တီပြီးပြုလုပ်ထားတဲ့ ကျောက်တွင်းငယ်များကိုသာတွေ့ရှိရပါတယ်၊ ကျတော်တို့ရွာတွေမှာရှိတဲ့ ကျောက်တွင်းကြီးလောက် မကြီးမကျယ် မနက်ပါဘူး၊

ကျတော်တို့ရွာမှာရှိတဲ့ကျောက်တွင်းကို ကြည့်မယ်ဆိုရင်၊ ဟိုးအရင်ရင် ပြုလုပ်ထားတဲ့ကျောက်တွင်းဆိုတာမမှားနိုင်ပါဘူးထင်မိပါတယ်၊ ကြည့်မယ်ဆိုရင် ဒီကျောက်တွင်းကို ပြုလုပ်ထားတဲ့ ကျောက်ပြားတွေက ခုခေတ်ပြုလုပ်ကြတဲ့ကျောက်မျိုးမဟုတ်ဘူးဆိုတာကို မိတ်ဆွေတို့ ပုံပေါ်ကြည်မယ်ဆိုရင် ထင်ရှားပါလိမ့်မယ်၊ ဒီကျောက်တွင်းရဲ့အနက်ကတော်တော်ကို အနက်ရှိပါတယ်၊ ကျတော်တို့အငယ်ခါဆိုရင် အမြဲတမ်းရေကစားလဲရှိပါတယ်၊ ဒီကျောက်တွင်းက ဘုန်းကြီးကျောင်းမှာတည်ရှိတာဆိုတော့ ကျတော်တို့ ဘုန်းကြီးမသိအောင် ကျောက်တွင်းထဲဆင်းချိုးတာပေါ့၊ ကျတော်တို့ကျောက်တွင်းထဲဆင်းသွားပြီးဆိုရင် လက်ကိုင်ဖို့အတွက် ကျောက်တစ်ချပ်ရဲ့ ကြားကို လက်ကိုင်အဖြစ်ထားပါတယ်၊ အရပ်အမှီဘူး ရေက ရာသီတိုင်း အေးနေတာပါဘဲ၊

ဝါးတစ်လုံးနဲ့အရပ်မမှီဘူး ပေဖြင့်လဲ မတိုင်းဖူးတော့ အတိကျတော့မသိဘူးဗျာ၊ ဒီကျောက်တွင်းကိုတော့ ရေချိုးဖိုအတွက်သီးသန့်ထားပါတယ်၊ ဒါကြောင်းကျတော်တို့ရွာမှာရေရှားတယ်ဆိုတာမရှိဘူး နွေရာသီမိုးလို့ရေခန်းသွားတယ်ဆိုတာမရှိဘူး နွေရာသီဆိုရင် တခြားရာသီတွေထက်နည်းနည်းပိုခန်းတာပေါ့၊ ကံမကောင်းစွာဖြင့် ခုခေတ်ဒီကျောက်တွင်းတွေကို သိပ်မသုံးကြတော့ဘူး အရင်ဆို ရွာက လူပျိုတွေလာပီး ကျောင်းမှာရေလာချိုးတာတွေရှိကြပါတယ်၊ ခုဆို ကျောင်းမှာလဲဘဲ အဝီစိရေတွင်းတွေတူးထားတော့ အေးဒါကို အလေးသိပ်မထားကြတော့ဘူး၊ ဒါကြောင်းဒီဟာက ကျတော်တို့အတွက် အမွေအနှစ်တစ်ခုပါ ဒါကြောင်းထိမ်းသိမ်းဖိုအတွက်ကျတော်တို့ရွာသားတွေမှာတာဝန်ရှိပါတယ်၊ Steemit ကိုတင်ရတဲ့အကြောင်းရင်းကတော့ ရွာဓလေ့တွေကို ဗဟုသုတရရှိစေခြင်းအလိုငှာတစ်တည်းသာဖြစ်ပါတယ်၊ ကျေးဇူးတင်ပါတယ်၊

Written by Konyi
MSC 037

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.099
BTC 64157.74
ETH 1886.81
USDT 1.00
SBD 0.38