ချစ်သူအတွက် စာလေးတစ်စောင်

in #myanmar7 years ago

image
လွမ်းငွေ့ဝေစေခဲ့တဲ့မြူနှင်းမှုန်လေးရေ..
ဒီမြူနှင်းလေးတွေရဲ့ကြားမှာပဲ..
ငါ့ရဲ့ ချစ်သူလေး.ပျောက်ကွယ်သွားခဲ့ပြီနော်.....

ငိုရှိုက်ချင်းနဲ့အဆုံးသတ်ခဲ့တဲ့ ငါတို့နှစ်ယောက်...
နောက်ဆုံးဆုံတွေ့ခဲ့တာ
ဒီလို နှင်းမှုန်တွေကြားမှာလေ..

ဤကမ္ဘ္ဘာကို အဖြူရောင်လွှမ်းခြုံလို့
မြူနှင်းစွေသလို.....
သူ့ရဲ့ပုံရိပ်လေးတွေဟာ..
ကျွန်တော့ စိတ်နှလုံးသားကို လွှမ်းခြုံသွားစေခဲ့တာအမှန်ပါ..

တူနှစ်ကိုယ် မေတ္တာ...အချစ်မှာ..
ကျွန်တော့အတွက်တော့ သူ့အပေါ်မှာ..
လူအိုသော်လည်း သစ္စာနဲ့ပစ်မသွားခဲ့ပါဘူး..
.
ချစ်သူလေးရေ...
မင်းအပေါ်မှာ ငါ့ထက်ချစ်တဲ့သူ.. မင်းနောက်ထပ်ရှာတွေ့နိုင်ဖို့မလွယ်တော့ပါဘူး...

ငါ..ခံစားချက်တွေ ထုတ်မပြောချင်တော့လို့
ဝမ်းနည်းစွာပဲ မင်းနဲ့ကြောခိုင်းခဲ့တာပါ..
အချစ်ဆိုတာ..လူကိုသေစေနိုင်တယ်ဆိုပေမယ့်...
ယုံကြည်ရမယ့်အရာတော့မဟုတ်ခဲ့ပါဘူး..

ငါသိခဲ့တာပေါ့.....
မင်းက မျက်နှာများတဲ့ လူသားလေ...
ငါ့ကို မုန်းတယ်လို့မပြောနဲ့ ချစ်သူ
မင်းကိုမင်းပဲ..မမုန်းတက်အောင်အရင်လေ့ကျင့်ပါ...
ငါ....အချစ်စစ်ဆိုတာကို မယုံတော့ဘူး..

မင်းကိုနှုတ်ဆက်ခဲ့တယ်...
.
ဟုတ်တယ်..အဲ့ဒါ..
မင်းရဲ့နှုတ်ဖျားက ထွက်လာမဲ့မုသားတွေကြောင့် မင်းကို ငရဲထပ်မရစေချင်လို့လေ..
.
ငါ...
အချစ်မျက်ဝန်း တစ်စုံအတွက်
မင်းကို..ကျောခိုင်းခဲ့တာကလွဲရင်...
ရင်ထဲမှာ အမြဲမင်းရှိနေတုန်းပါ..
ငါ အသစ်လည်းထပ်မရှာဘူး....

ဖြူစင်တယ်လို့ ငါထင်ခဲ့တဲ့ မင်းက
အမဲစက်လေးဖြစ်နေခဲ့တယ်...
ငါချစ်တဲ့မင်းကို ပြောချင်တဲ့စကားကတော့.
ငါ့နှလုံးသားငိုနေခဲ့လည်း
မင်းပေးတဲ့ ဂရုဏာ အတုတွေကို
ငါမလိုချင်တော့လို့..
.မင်းကို
ကျောခိုင်းပေးခဲ့ပါတယ်ချစ်သူရေ..

ငါမင်းကိုမမုန်းခဲ့ပေမဲ့ အပြုံးများစွာနဲ့နှုတ်ဆက်ခဲ့ပါတယ်..
.
တစ်နေ့..........
.
ဟုတ်တယ်..အဲ့ဒီတစ်နေ့မှာ...
မင်းတစ်ကယ်ချစ်တဲ့သူကိုတွေ့လာတဲ့အခါ..
မင်း ငါ့ကို ကိုယ်ချင်းစာတက်လာမှာပါ..

ငါ လွမ်းခဲ့သည်..
ငါ ချစ်ခဲ့သည်..
ငါ မမုန်းခဲ့ပါ.......
ဒါပေမယ့်..နင်နဲ့ငါ.....
..ဒီဘဝအတွက်.......ဝေးခဲ့ရပြီ ချစ်သူရယ်.....
.

👉👉👉KoMoeZaw

Sort:  

ကိုယ်ကြေကွဲမိပါတယ် ခေးရယ်

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.033
BTC 63927.21
ETH 2754.83
USDT 1.00
SBD 2.65