စာလေးတစ်ကြောင်းအထက်

in #myanmar7 years ago (edited)


Credit;google image
သူ..
ချစ်ခွန်းဖွဲ့သီကာ တီတီတာတာနှင့်မဆိုတက်
ပြုံးတုံ့တုံ့အမူအရာသာ သူ့မျက်ဝန်းမှာထင်ဟပ်လျှက်ပေါ့...
.
သူ့ရဲ့ မျက်ဝန်းလေးက လပြည့်ဝန်းလေးလို
ရွှန်းရွှန်းလတ်လတ် တောက်ပလျှက်
.
သူ့ဘဝ သူ့ရဲ့ကမ္ဘာမှာ
ပျော်စရာတွေသာ ရှိလိမ့်မည်အထင်နှင့်
ဘဝအကြောင်းဟန် ဟောင်းရန်မဖြစ်စေပဲ
နှောင်းကံအတိတ်ကို လေ့လာမိတော့
သူသည် သူ့ဘဝအတွက် သူသည်သာမိဘမဲ့ခဲ့.
.
ကြည်နူးအပြုံးနှင့် ချိုသာလွန်းလှသည်ဖြစ်၍
စိတ်၏မနောကို ထိုးထွင်းဖောက်လျှက် တဒင်္ဂကြည့်မိတော့...
သူသည်....ထက်မြတ်သည်။
သူသည်...အကြင်နာ၊.မေတ္တာတရားပြည့်ဝသည်။
သူသည်...လောကကြီးကိုမကြောက်ရွံ့တက်။

သူ၏မျက်ဝန်းသည် ကြည်လင်ဝင်းပသလိုပဲ
မျက်လုံးအစုံသည်လည်း တောက်ပလင်းလတ်၍နေပေသည်
နောက်ထပ်တစ်ချက် သူသည် အပျော်မမက်၊
..
.
တဒင်္ဂ ကြည့်မိခဲ့သည်ဖြစ်၍ အမြင်မှားနိုင်သည်လားတဲ့
မထင်ပါနှင့် လူတစ်ယောက်ရဲ့အပြုံးဟာ
အခြားသူတွေကိုပါ ကြည်နူးပြုံးရွှင်စေနိုင်သည်ဆိုပါလျှင်
ထိုသူ၏စိတ်နှလုံးသားသည် လှပ၍နေပေလိမ့်မည်။

credit;google image

Sort:  

ကျေးဇူးတင်ပါတယ် အစ်ကို

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 64359.49
ETH 2619.41
USDT 1.00
SBD 2.83