Sp1000ဘယ်နေ့ပြည့်နိုင်မလည်းဗျာ😓😓

in #myanmar7 years ago

Screenshot_2017-12-30-22-42-41-066_com.imaginstudio.imagetools.pixellab.png


Hello မင်္ဂလာပါ steemitပေါ်မှ မိတ်ဆွေ သူငယ်ချင်းအပေါင်းတို့ရေ။
ဒီနေ့မှာတော့ လူအများအလိုချင်ဆုံးဖြစ်တဲ့ steemitရဲ့အသက်လို့ပြောလို့လည်းရတဲ့
Steem Powerကို ကျွန်တော်လည်းလိုချင်မိတယ်ဆိုတာလေးကို ပြောချင်ပါတယ်ဗျာ။

ကျွန်တော်တို့တတွေ Steem Power ရရှိဖို့အတွက် နည်းအမျိုးမျိုးနဲ့ကြိုးစားနေကြရပါတယ်။
ကျွန်တော်တို့ သတ်မှက်ထားတဲ့ Steem Power500ကို လျှင်မြန်စွာနဲ့ ပြည့်မှီရေးအတွက်ပေါ့။ တစ်ကယ်တမ်း ကျွန်တော် သတ်မှက်ထားတာကတော့ 500SPမဟုတ်ဘူးဗျိုး ကျွန်တော့ရဲ့သတ်မှက်ချက်က Sp1000ပါ။

image
Credit;google image


Sp1000ပြည့်ပြီးတဲ့နောက်ပိုင်းကျမှ sbd အနည်းငယ်ကို ထုတ်သုံးဖို့စဉ်းစားထားပါတယ်။ ထုတ်သုံးမယ်ဆိုတာကလည်း အပြောပါဗျာ။ လူဆိုတာ လောဘရှိတော့လည်းခက်သားလားဗျာ။
ဒီတော့ ကျွန်တော်လည်း လောဘတော့ ရှိပါတယ်ဗျာလို့။ ဒါပေမယ့် မှန်ကန်တဲ့လောဘနဲ့ပဲ ဆက်သွားနေမှာပါ။ Sp1000ပြည့်ရင် ကျွန်တော့စိတ်ထဲ Sp10000လောက်များထပ်လိုချင်နေမလားပဲဗျာ။ လုံးဝမထုတ်ဘူးတော့မဟုတ်ပါဘူး Steemitသုံးသူတိုင်းလည်း သိကြမှာပါ Steemitဆိုတာကို Sbdအလကားမရဘူးဆိုတာလေ။ သူ့ကိုပေးနေရတဲ့အချိန်တိုင်းဟာ အလကားမဟုတ်ပါဘူး အချိန်တိုင်းအချိန်တိုင်း တန်ဖိုးရှိနေပါတယ်။ steemitသုံးတာ ခဏလေးပါကွာ ဆိုပြီးပြောတဲ့သူ ဘယ်လိုမှ ဒီလမ်းခရီးကိုဆက်လျှောက်လို့မဖြစ်နိုင်ပါဘူး။ စာရေးဖို့ အချိန်ပေးရမယ်။
အချိန်မပေးပဲနဲ့ ကိုယ့်ကိုယ်စားစာရေးပေးမယ့်သူမရှိပဲနဲ့ စာတွေတင်နေလို့ရနေတယ် Postတင်လို့ရနေတယ် ဆိုရင် ကိုယ့်ကိုယ်ကို သိတော့လို့ပဲပြောချင်ပါတယ်ဗျာ။
postတစ်ခုတင်ဖို့အရေး စာတွေ အများကြီးရေးရပါတယ် ကျွန်တော်တို့လို တွေ့တာမြင်တာကို လက်တန်းချရေးနေသူတောင် အချိန်ပေးနေရရင် postတစ်ခုအတွက် နည်းပညာတွေ ဗဟုသုတတွေကို ရေးသားတဲ့သူတွေဆိုရင် အချိန်ကို ပိုပေးရပြီပေါ့။ သူတို့အတွက်က တိကျတဲ့အချက်အလက်နဲ့ သေချာပိုင်နိုင်စွာရေးသားကြရတာလေ။ အဲ့ဒီလိုရေးသားဖို့အတွက် စာပေတွေကို အရင်ဦးဆုံး ရှာဖွေဖတ်ရှုကြရပြန်ပါသေးတယ်။ အချိန်မကုန်ပဲမရပါဘူး အလကားနေရင်း postတစ်ခုမရပါဘူး။ တချို့စာတွေဆိုရင် လုပ်ဆောင်ချက်လေးက ဖတ်ရှုကြည့်လိုက်ရင် တစ်ခုတည်းပါ။ ရေးသားရသူအတွက်က အဲ့ဒီတစ်ခုထဲကိုပဲရေးသားဖို့ အတော်ကို ရှာဖွေထားရအုံးမှာပါ။

image
Credit;google image


ဒါကတော့ postတစ်ခုကို အချိန်မပေးပဲမရဘူးဆိုတာကိုပြောပြလိုခြင်းပါဗျာ။
တစ်ကယ် ကိုယ်တက်ကျွမ်းထားတဲ့စာပေတွေကိုချရေးမယ်ဆိုရင်ဖြင့် မြန်ဆန်ပြီးတိကျတဲ့ postကောင်းတွေကိုရေးသားနိုင်မယ်လို့ထင်ပါတယ်ဗျာ။
စာရေးတာ စာဖတ်တာကိုဝါသနာပါသူတွေအတွက်ကတော့ဖြင့် လုံးဝကိုအဆင်ပြေစေလိမ့်မယ်လို့မျှော်လင့်မိပါတယ်။

Postတစ်ခု ရေးသားလို့ပြီးပြန်တော့ postတင်တာမှာ အချိန်နဲနကြာနေပြန်ပါသေးတယ် လိုင်းမကောင်းတာနဲ့ Softwareကကြောင်တာနဲ့ ပုံထည့်ကတာနဲ့ စတာတွေပေါ့။ ကျွန်တော် အခုနောက်ပိုင်း eSteemကနေ အမြဲpostတင်ဖြစ်ပါတယ်။
Developer ကြီးက postတင်ပြီးလို့ 6hourပြည့်တဲ့အချိန်မှာ လာပြီး Voteပေးလေ့ရှိပါတယ်။
ဒါကတော့ botတွေမသုံးပဲ SBDရှာခြင်းပါပဲဗျာ။

ကျွန်တော်တို့ Botတွေသုံးနေနိုင်တယ်ဆိုပေမယ့် အားမကျပါနဲ့ဗျာ အမြဲတမ်းမမြတ်နေပါဘူး။ အရင်းရရင်ရ၊ မရရင် အရှုံးပါပဲ။ SPလေး အမြတ်ထွက်နေလို့သာ ခုသာခံသာရှိနေရတာပါ။
Sbd30သုံးလို့ postတစ်ခုမှာ sbd80ကျော်လောက်တွေ့နေလည်း အားမကျပါနဲ့။ သည်းထိပ်ရင်ဖို Botတွေလို့ပဲပြောချင်ပါတယ်။SBDရှိခဲ့ရင်တော့ botတွေကို စမ်းသပ်ကြည့်ကြပါ ကိုယ်တိုင်လုပ်ကြည့်မှ တစ်ကယ်ဟုတ်လားမဟုတ်လားဆိုတာကိုသိကြရမှာမို့လို့ပါ။ sbd30သုံးလို့ 80တက်ခဲ့ရင် မြတ်တယ်လို့တော့ ပြောလို့ရပါတယ်။ Spမြတ်တာပါ
Sbd30အရင်းပဲပြန်ရမှာပါ။6Steem Powerလောက်တော့မြတ်မှာပါ။ တစ်ကယ်လို့ 30သုံးလိုက်တဲ့အချိန်မှာ 65လောက်ပဲတက်ခဲ့မယ်ဆိုရင်တော့ sbd24 ကျော်ပဲပြန်ရမှာဖြစ်ပြီး Spဟာလည်း
Sp 5 ဝန်းကျင်လောက်ပဲပြန်ရမှာမို့ အရှုံးပေါ်ပါတယ်။ ဒါဟာ ကြုံဖူးခဲ့လို့ပြောပြခြင်းပါ။

Botသုံးတဲ့အခါ..
BDအရင်း၊ သို့မဟုတ် Sbdအရှုံး အဲ့ဒီနှစ်ခုပဲရှိပါတယ် SBdမြတ်ဖို့မလွယ်ပါဘူး။
Botသုံးပြီး sbd30တက်တဲ့သူနဲ့
Botမသုံးပဲ sbd6.7လောက်တက်နေသူဟာ levelတူတူမှာပဲတည်ရှိနေပါတယ်။
6.7တက်တဲ့သူကတောင် ပိုပြီးသာနေအုံးမှာပါ။

Sbd 30တက်ဖို့ Sbd 11.25 လောက်ရင်းရပါတယ်(Sbd30ပြန်ရဖို့မသေချာပါဘူး)
30 ရတယ်ထားပါ။

30×0.75=22.5sbd
22.5÷2=11.25sbd(50%/50%postတင်သူ)
11.25÷4.5=2.5Sp(50%/50%postတင်သူ)
(4.5ဆိုတာ ယခုကျရောက် ရောက်ရှိနေတဲ့ဈေးကို ထည့်တွက်ထားတာပါ ဈေးအတိအကျမဟုတ်ပါဘူး)

6.7×0.75=5.025sbd
5.025÷2=2.51sbd(50%/50%postတင်သူ)
2.51÷4.5=0.55Sp(50%/50%postတင်သူ)

ဒီတော့ 11.25ရင်းပြီး postတစ်ခု sbd30တက်တဲ့သူဟာ 7dayပြည့်ရင် 2.5spရမယ်

Botမသုံးပဲ 6.7လောက်ရတဲ့သူသည်
7dayပြည့်ရင် 2.5sbd နဲ့ 0.55 sp ရမယ်
2.5sbdကို steem ဝယ် ပြီး Spမြင့်မယ်ဆိုရင်
6.7လောက်တက်တဲ့ postပိုင်ရှင်က
7dayပြည့်ရင် 3spအကျော်မှာပဲရှိနေပါမယ်ဗျာ။

image
Credit;google image


ဒါက sbd အရင်း
Steem Powerအမြတ်ကို တွက်ပြထားခြင်းပါ။
Sbdအရှုံးလည်း ရှိနိုင်တာမို့ Botသုံးမယ်ဆိုရင်
အရင်ဆုံးစဉ်းစားဖို့လိုပါတယ်ဆိုတဲ့အကြောင်းနဲ့

ဘာပဲလုပ်လုပ် အရှုံးနဲ့အမြတ်ဆိုတာရှိနေမြဲပါပဲဆိုတာကိုပြောကြားရင်း postလေးကို အဆုံးသတ်လိုက်ပါတယ်ဗျာ။
အတွက်အချက်ကျွမ်းတာမို့ အမှားပါရင်လည်း ခွင့်လွှတ်ကြပါလို့ ကြိုတင်ပန်ကြားအပ်ပါသည်ဗျ။😂😂

စာဖတ်သူ ဆရာသမားများနှင့်
ညီကိုမောင်နှမအပေါင်း
အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချန်းသာကြပါစေ။


@komoezaw

MSC-030

Sort:  

bot တာတကယ်ရှုံးပါတယ်ကိုမိုးရေ
လောဘရှိတယ်ဆိုပေမယ့်လည်း
မျှော်လင့်ချက်တော့အကြီးကြီးထားမထားပါဘူးဗျာ
ကိုယ့်ရဲ့ဝါသနာအရရေးတင်လိုက်တဲ့ postတစ်ခုကနေ ရသလေးတွေရလို့ကျေနပ်တယ်ဆိုတဲ replyလေးတွေမြင်ရရင်ကိုပဲ တကယ်ပိတိဖြစ်ရပါတယ်ဗျာ

အဲ့ဒါကောင်းပါတယ်ဗျာ
ရတာမရတာ၊ကြာရှည်ခံတာမခံတာထက် ကိုယ်ရဲ့Accလေး Spများလာတာတွေ့တော့ ပျော်နေရပါတယ်ဗျာ
Botကတော့ ရှုံးပေမယ့်လည်းအခြေနေကြည့်ပြီး သုံးအုံးမယ်😂

i have no translator dont understand post

အချိန်တန်တော့လည်း ပြည့်သွားမှာပါ ကျနော်ကတော့ သိပ်ပြီးတော့လည်း မျှော်လင့်ချက်မထားပါဘူး facebookသုံးသလိုပဲ သဘောထားပါတယ် နို့ မို့ ဆို စိတ်ပင်ပန်းတယ် ကိုဇော်ရေ 😁

ဟုတ်ပါတယ် ကိုလင်းရာ အပြည့်အဝတော့ မမျှော်လင့်ပေမယ့်
ဖုန်းဘေဖိုး ပြန်ကာမိရင် ကျေနပ်နေပါပြီ😁😁

ကိုမိုးဇော် မိမိကွန်မန့်ကို ပြန်ဘော့နဲ့ပြန်ဘုတ်တာ ကွန်မန့် link ကို ဘယ်ကယူတုန်းဗျာ ကျနော်လဲ စမ်းချင်လို့ပါ

ဟုတ် ကွီးရွှေ Cbကိုသွားကြမယ်ဗျိုး😁

May be one day.
The only thing we need is keep moving.

ဟုတ် အစ်ကို
တစ်နေ့တော့ဖြစ်လာမှာပါ
တရွေ့ရွေ့တော့သွားနေတုန်းပဲ😁

ရှုံးလိုက် sp လောက်မြတ်လိုက်နဲ့ လုံးခြာလည်နေတာပဲဗျို့

ဟီး
ရှုံးတာကများနေသလားလို့ ကိုဟိန်းရေ
တက်နိုင်ဘူး ကိုထွေးပြောသလို Botတယ် Spအမြတ်ရရင်ကျေနပ်ပီ 😂😂

အိုကွယ် တနေ့တော့ ပြည့်လာမှာပါ။

ဟုတ် ကွီးရွှေရေ
တစ်နေ့တော့....ငါ့ရင်ထဲမှာရှိတာ မင်းမြင်မှာပါ 😁😁

တစ်နေ့တော့ sp 500 ရှိလာမဲ့နေ့ကိုရောက်လာမှာပါ ပုံမှန်လေးသွားဖို့ပဲလိုတာပါ

ဟုတ်တယ် ညီရေ
ပုံမှန်လေး ရွေ့နေရင်ပဲ အဆင်ပြေပါပြီ

ကျေးဇူးပါ bro

ဟုတ် ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ် broရေ

SP 500 ပြည့်အောင်တောင် မနည်းရုန်းကန်နေရတယ် ၊
1000 တော့ မမျှော်လင့်တော့ပါဝူးဂျာ 😓

ဖြစ်လာမှာပါဗျာ
Sp1000ရည်မှန်းချက်ဆိုပေမယ့်
လွယ်တော့မလွယ်ဘူး😁😁

ကိုယ် bot ထားတဲ့ SBD စပါယ်ရှယ်ပဲ မြတ်ချင်သည် တစ်နေ့နေ့တော့ ဖြစ်၍လာလိမ့်မည် ...

ဟုတ် ဖြစ်လာမှာပါဗျာ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 55758.52
ETH 2348.78
USDT 1.00
SBD 2.31