You are viewing a single comment's thread from:

RE: စာရေးသူ၊ စာဖတ်သူ Tin Hlaing Oo(Thayet)

in #myanmar6 years ago

သူ့ခြံကောင်းမွန်အောင်၊လှပအောင်လုပ်နိုင်သေးရင် ကျနော်တို့လည်းလုပ်နိုင်ရမှာပါ။
လောဘတွေတက်ပြီး ကိုယ့်အကျိုးပဲကြည့်နေရင် နောင်တစ်ချိန်မှာ သူ့ရဲ့သိက္ခာရှာလို့ရနိုင်မယ်မထင်တော့ပါဘူး။
သိခ္ခါပြန်ဆည်တယ်ဆိုတာကလည်း အကြောင်းပြချက်တစ်မျိုးပါပဲ။ အပြောနဲ့လက်တွေ့ညီချင်မှညီမှာပါ။ လောဘရှိသူက စောတနာမေတ္တာဆိုတာထက် ကိုယ့်ရဲ့ရလိုမှုတွေကိုပဲကြည့်နေမှာမို့ သူ့နောက်ကိုလိုက်တဲ့သူတွေကလည်း လူဆိုးတွေဖြစ်မှန်းမသိဖြစ်ကြရတော့မှာပါ။
နောက်လိုက်တွေကလည်း လောဘရှိသူဆိုရင် မက်လုံးပေးတဲ့ဆီရောက်ကုန်ကြတာများပါတယ်။ ဥပမာ MMMလို ငွေရှာဆိုက်မှာကိုယ်ကရင်းရင်ရင်းနိုင်သလောက် တစ်လအတွင်းနှစ်ဆပြန်ရမယ်ဆိုပြီး လူတွေရဲ့လိုချင်လောဘရှိတဲ့စိတ်တွေကို ဆွဲဆောင်တယ်။
ပထမတော့ ထောင်ချောက်ဆင်တာမို့ အစာလေးတွေချပေးတယ် နောက်တော့ လူအရေအတွက်လည်းများလာရော အကုန်ဆွဲသိမ်းသွားရောပဲ။ ဆုံးရှုံးနစ်နာရတာက လောဘသားကောင်တွေပဲပေါ့။
အရင်းအနှီးနှစ်ဆမရရင်နေပါစေ ပုံမှန်ပဲကောင်းအောင်ကြိုးစားရင်းတဖြေးသွားမယ်ဆိုရင် နောင်တစ်ချိန်မှာအရှိန်အဟုန်ကောင်းလာတဲ့အတွက် ဆုံးရှုံးမှုဆိုတာထက် အောင်မြင်မှုရဲ့အသီးအပွင့်တွေကိုသာ ပိုမိုပြီး စားသုံးကြရတော့မှာပါ။
အောင်မြင်သူတစ်ယောက်ဖြစ်လာခဲ့ရင် ရေပိုက်ပြင်တဲ့သူလို ကျွမ်းကျင်သူဖြစ်လာမှာမို့ အချိန်အများကြီးထပ်ပြီးဒုက္ခခံစဉ်းစားမနေရတော့ပဲ အချိန်တိုအတွင်းမှာပဲ မြန်ဆန်ချောမွေ့ပြီးအဆင်ပြေသွားမှာပါ။ သို့ပေမယ့် အဲ့ဒီအချိန်မှာအထင်လွဲပြီး ပိုက်ဆံပေးခိုင်းစေရင်တော့ ရေပိုက် ပြင်သူလိုမျိုးစိတ်ထားမရှိရင် ငွေကိုယူဖို့အတွက် အလုပ်ကိုပြန်လုပ်နေမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှုက ပိုပြီးများလာရအုံးတော့မှာပါပဲ။ စေတနာတော့ရှိခဲ့ပေမယ့် သူ့ရဲ့စိတ်ဓာတ် လမ်းကြောင်းမှားတစ်ခုကိုထပ်ရောက်သွားရပြန်တော့ လူတိုင်းကိုအကောင်းမမြင်နိုင်ပြန်တော့ပဲ စေတနာကနေ ကိုယ်တိုင် မြေပဲကိုယူဖို့ မမှီနိုင်လောက်ဖြစ်သွားရနိုင်ပါတယ်။ သဘာတရားကြီးကိုတော့သဘာတရားအတိုင်းသွားနေစေပြီး ကိုယ်က အကျိုးရှိစေဖို့လုပ်ဆောင်ရာမှာ သဘာဝနဲ့ဆန့်ကျင်တဲ့အရာတွေကိုမလုပ်ဆောင်ပဲ ဆင်ခြင်နိုင်မှုကောင်းတွေကို တွေးတောဆင်ခြင်နိုင်ဖို့လိုပါသေးတယ်။
Sbdလိုချင်မှုကတော့ကျနော်လည်းရှိတာပဲ ဆရာ😁😁
သို့ပေမယ့် sbdဆိုတာကိုရရှိခဲ့ရင် Spဘယ်လိုပွားရမလည်းပဲစဉ်းစားနေမိတယ်။
တချို့သူတွေကတော့ထုတ်သုံးကြတာတွေလည်းတွေ့ရပါတယ်။ ဒါဟာအပြစ်တော့မရှိပေမယ့် တိုးပွားလာမှုမရှိတာကအပြစ်ဖြစ်သွားပြန်တာပဲ။
ကျနော်တို့နိုင်ငံမှာ လူကောင်းတွေများစွာလိုအပ်တယ်ဆိုတာ အခုSteemitသုံးရင်းနဲ့မှပိုပြီးသိလာရတယ်။ ဘာလို့လည်းဆိုရင် ဟိုးအစကတည်းက စတင်ပြီး steemmitသုံးတဲ့သူတွေ အခုအချိန်မှာစုပေါင်းလိုက်နိုင်မယ်ဆိုရင် အခုproရသလောက်ရနေနိုင်နေပြီလေ။ ကျနော်တောင် Sp120လောက်ကနေလိုက်လာတာ 360လောက်ဖြစ်နေရပါပြီဆရာ။
လူကောင်းသူကောင်းနဲ့ ဇွဲလျော့သူတွေရှိနေသရွေ့တော့ အချိန်ကြာလာခဲ့ပေမယ့်လည်း ဒုံရင်းကဒုံရင်းပပြန်ဖြစ်နေရပြန်တာပါပဲ။တိုးတက်မှုအရမ်းကိုနှေးသွားခဲ့ရတာပေါ့။ စည်းလုံးညီညွတ်မှုအများကြီးလိုအပ်နေတဲ့အချိန်အခါပါပဲ။ MSCတရားဝင်မဖြစ်သေးဘူး တရားဝင်သာဖြစ်လာခဲ့ရင် သူခိုးတွေကို သူခိုးတွေလို့ လက်ညှိုးထိုးပြီးပြောလာဖို့ ရာနှုန်းပြည့်ဖြစ်လာရမှာပါပဲ Copyသမားတွေလည်း မရှက်တက်ရင် ဆက်ရေးကြပေါ့လို့ပဲ ပြောလိုက်ရတော့မှာပေါ့ဆရာ။
ကျနော်လည်း Postတောင် အလုပ်နဲ့မို့ အမြဲမတင်ဖြစ်ဘူး။
အလုပ်ဆိုတာကလည်း သေးသေးမွှားမွှားလေးတွေက ပိုပြီးအချိန်ကုန်တယ်။ ရလိုက်ကုန်လိုက်ဖြစ်နေရတဲ့အလုပ်ပါ။ ကိုယ်လုပ်နိုင်တာကလည်း သေးသေးမွှားမွှားဖြစ်နေလို့ အခုလိုမျိုးအချိန်တွေကိုမခိုးနိုင်ဖြစ်နေရတယ်ဆိုတာကိုသိလာရတယ်။

တစ်ကယ်တော့ လူတိုင်းလူတိုင်းမှာရည်မှန်းချက်ကြီးကြီးမားရှိနေသင့်ပြီး ရည်မှန်းချက်ကိုရောက်အောင်လည်းသွားနိုင်နေရမှာပါ။
သို့ပါမှလူကောင်းလေးတွေ လူတော်ဖြစ်ရတော့မှာ။
ကျနော်တော့ ဘာမှသိပ်မရေးတက်တော့ သိကြားမင်းရဲ့ရွှေပေလွှာနဲ့မှက်တာတော့ခံရနိုင်မယ်မထင်ဘူး.....ဟိုသရေထဲတော့မရောက်အောင်နေပါတယ်ဆရာရေ......😂😂😂
စာအဟာရနည်းတော့ အားပြတ်ပြီး ဦးဏှောက်အားပြတ်နေတော့ အားဆေးသောက်လိုက်ပါအုံးမယ်ဆရာရေ။
ကျနော်ရဲ့ မန့်က အဆပ်စပ်သိပ်မတည့်လို့တည့်ပေးပါအုံးဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။

Sort:  

အမှိုက်ဆို တာ သူ့နေရာနဲ့သူအံဝင်ခွင်ကျမဟုတ်လို့အမှိုက်ဖြစ်နေတာပါ၊ အခုဆရာရေးထားတာလဲ သူများစာတွေကို ပြန်ဖေါ်ပြထားတာပဲလေ။ သူ့နေရာနဲ့သူအံဝင်အောင်လုပ်ပေးလိုက်တော့ အမှိုက်အဖြစ်တော့ဘူးပေါ့၊ Copy သမားတွေ အတွက်နမူနာပေးလိုက်တာပါ။ ဒီစာတွေကလဲဆရာ့စာတွေမှမဟုတ်တာ၊ သူတို့ရေးတာကို ဆရာ့ခံစားချက်နဲ့ သူတို့ကဒီလိုရေးတယ်၊ ဆရာက ဒီလိုခံစားရတယ်ဆိုပြီးဖေါ်ပြပေးလိုက်ရုံပါပဲလေ။

ဟုတ်တယ်ဆရာ ဆရာ့ရေးသားနည်းကို အတုခိုးနေပေမယ့်ရသေးဘူး ဟီး😁😁😁

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.028
BTC 65975.42
ETH 3308.11
USDT 1.00
SBD 2.69