Post ကြံဖန်
အချစ်တဲ့....
မရှိတဲ့အချစ်အကြောင်းလေး ဖန်တီးရေးအုံးမယ်ဗျာ😁
တစ်ချိန်တုန်းက သူနှင့်ကျနော် လုံးဝမသိခဲ့တဲ့အချိန်ပေါ့၊ နေ့စဉ်ဘဝတွေကို ပုံမှန်ဖြတ်ကျော်ရင်း ပင်ပန်းခြင်းမရှိခဲ့ပါဘူး။ သူနှင့်ကျနော်သိခဲ့တဲ့အချိန်ကစလို့ သူဆိုတာကျနော့အတွက် ပျော်ရွှင်မှုတစ်ခုဖြစ်လာခဲ့သလို ချစ်ခြင်းတွေရဲ့အကျိုးဆက် လက်လွှတ်ရမှာစိုးရွံ့စိတ်တို့နဲ့ပင်ပန်းခဲ့ရပါတယ်။
တစ်ကယ်ချစ်ကြပြီဆိုတော့လည်း နှစ်ဦးစလုံးက တစ်ယောက်ကိုတစ်ယောက်ချစ်နေကြတယ်ဆိုပြန်တော့ သိပ်ခက်ခဲလှတဲ့ အခြေနေတော့မဟုတ်ခဲ့ပါဘူး။....
သို့ပေမယ့်ပေါ့....မဝေးချင်ပေမယ့် ဝေးခဲ့ရတယ်။
မဆွေးချင်လည်းဆွေးရပြန်တယ်။ သူဆိုတဲ့သူဟာလည်း တစ်ကယ်တော့ ကျနော်နဲ့အတူတူပါပဲ။
အတူတူအချစ်အတုတွေကိုဖန်တီးခဲ့ကြတယ်ပေါ့.....
ဘယ်သူက တစ်ကယ်ချစ်ခဲ့တယ်တော့ဝေခွဲမရခဲ့ကြပါဘူး။ သူ့ရဲ့လမ်းမှာက သူ့အတွက်အတားအဆီးတွေရှိသလို ကျနော့ရဲ့လမ်းမှာလည်း ကျနော့အတွက် အတားအဆီးတွေရှိပါတယ်။
အဲ့ဒီနေ့က ကျနော်တို့လမ်းခွဲခဲ့ကြပေမယ့်
အတားအဆီးတွေကိုတော့ နှစ်ဦးစလုံးဖြတ်ကျော်နိုင်ခဲ့ကြပါတယ်။
အဲ့ဒီနေ့က ကျနော်တို့တွေစီးတဲ့ဆိုင်ကယ်ကို လိုင်စင်စစ်တယ်လေ။
လိုင်စင်ကလည်းရှိပြီးသား၊ နယ်ကျော်မောင်းတာလည်းမဟုတ်တော့ သူတို့တားဆီးလို့ ဘယ်ရလိမ့်မလည်းဗျာနော့😁😁😁😁
......
.....