No Love

in #myanmar7 years ago

ည....
ဒီည...အဲ့ဒီ ည.....
.....
အမှက်မထင် ဆုံမှက်လေးတစ်ခု ဝေး၍ဝေး၍ ပျောက်ကွယ်လုလုဖြစ်ခဲ့ရပြီ.....
ကာယံမညီ ကာရံမစပ်တက်တဲ့ ငါအတွက်
ညတစ်ညဟာ ကာရံမဲ့ခဲ့ပြီပေါ့.....

ဝေးလွင့်ခြင်းနဲ့လည်း လမ်းမသင့်ခဲ့ပေမယ့်
ကံကြမ္မာအလှည့်အပြောင်းမှာ
အမှက်မထင်ပဲ ဝေးလွင့်ခြင်းဆီရောက်ရှိခဲ့ရပါပြီ။

ဆူးအပ်တစ်ချောင်းနဲ့ ရင်ကိုအကြိမ်ကြိမ်ထိုးနှက်ခဲ့သလို ခံစားမှုရဲ့ရသကို နာကျင်မှုနဲ့သက်သေပြခဲ့ရပါပြီ။

ငါထင်ခဲ့သည် ငါ့ဘက်တွင် သူရှိခဲ့သည်လို့
ငါမြင်ခဲ့သည် ငါ့အတွက်သူ ငဲ့ကြည့်ခဲ့သည်လို့
သို့ပေမယ့် အချိန်တွေရွေ့ပြောင်းခဲ့ပြီး
ယခုအချိန်မှသာ ငါသည် သူရဲ့လိမ်ညာမှုကိုခံခဲ့ရပြီဆိုတာသိခဲ့ရပြီ။

သူ...
သူဆိုတာ ရေကန်ထဲက ပုံရိပ်ထင်နေတဲ့
အတုယောင်ဆောင် လမင်းကောင်ပေါ့။
ဝိုင်းဝိုင်းစက်စက်လမင်းလေးကတော့
ချစ်စရာအသွင်ကိုဆောင်လို့ ညဥ့်ယံအခါမှာ ကမ္ဘာမြေကို အလင်းပေးဝေနေခဲ့ပါတယ်။

တစ်ချိန်က ထင်ခဲ့ဖူးတယ်
သူဟာ စေတနာကောင်းသူ။..
တစ်ချိန်က ထင်ခဲ့ဖူးတယ်
သူဟာ စိတ်ထား နှလုံးသားလှသူ။
တစ်ချိန်က ထင်ခဲ့ဖူးတယ်
သူဟာ မေတ္တာရှင်လေးတစ်ဦးပေါ့။...

ဝမ်းနည်းမိတယ်
သူဟာ ကျွန်တော့ကိုလိမ်ညာခဲ့လို့။
စိတ်မကောင်းဖြစ်မိတယ်
သူဟာ ဘဝလှနေပါလျှက်နဲ့
ပိုးဖလံအမျိုးလို မီးကိုတိုးနေခဲ့လို့။

တစ်ချိန်က အကြောင်းအရာတွေဟာ..
ငါ့ကိုလှည့်စားခဲ့တာပါလားဆိုတဲ့အသိကြောင့်
ပူလောင်မှုတစ်ခုကို ခံစားမိခဲ့ရပါပြီ။
တစ်ကယ်တော့ အမှန်တရားဟာ ခါးသက်တယ်ဆိုတာကို ကျွန်တော် ယုံကြည်ခဲ့ပါပြီ။

ခါးသက်တဲ့အမှန်တရားဟာ ယခုချိန်မှ သိခဲ့ရပေမယ့် နောက်မကျခဲ့တော့ပါဘူး.......
လွမ်းစရာရှိနာစရာနဲ့ဖြေပေါ့....
.
ငါ့အတွက် ဘဝအလင်း ထွန်းလင်းပေးမယ်
တစ်ကယ့်အစစ်အမှန် လဝန်းလေးကတော့
တစ်နေရာရာမှာ တည်ရှိနေမယ်ထင်ပါတယ်လေ...

ဘာပဲဖြစ်ဖြစ်ပဲ ကျေးဇူးတင်ပါတယ်
ဘဝလေးလှပပါစေလို့ ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်။....

ပုံ..........
.
ဝေးတစ်မြေက အေးဖေ....😁😁😁
.
.

image

@komoezaw
MSC-030

(ဝမ်းနည်းနာကျင်ခြင်းဆိုတာ ငါ့အတွက်အဖော်မဖြစ်သင့်ဘူး။ဒါကြောင့် ပျော်ရွှင်စွာပဲနေမယ်။)
ဘယ်သူတွေ ငါ့ကိုနောက်ထပ်လိမ်ညာအုံးမှာလည်း????????

Sort:  

သံယောဇဉ်ဆိုတာ ဖြတ်ဖို့  ခက်ခဲတယ်

အင်း ဟုတ်တယ်

အ့လိုတေဆို ငိုချင်တယ်

ဟုတ်တယ်😢

ကဗျာမပီ စာမပီ
စာစီတာ ဝါသနာ ပါပေမယ့်
ညအလှနဲ့ ဘဝမလှတာကိုတော့
စီလည်းမညီ ဤလောကထဲ
သောကဝဲမှ လွတ်မြောက်ဖို့ရန်
စိတ်သန်ပါတော့သည်။

ဟုတ်
ကိုယ့်ဘဝအတွက် ဖြတ်သင့်တာတေဖြတ်ခဲ့မှဖြစ်တော့မှာ..
သံယောဇဉ်တွေကိုပြောပါတယ်😁😁😂😂

This post has received a 1.13 % upvote from @booster thanks to: @komoezaw.

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63635.72
ETH 2597.20
USDT 1.00
SBD 2.91