ငယ်ဘဝအမှက်တရများ(၁)

in #myanmar7 years ago

မင်္ဂလာပါ steemitမှမိတ်ဆွေတို့ရေ
ဒီတစ်ခါတော့ ကျွန်တော့ငယ်ဘဝ အမှက်တရလေးတစ်ခုကို ကျွန်တော့ချစ်မေမေက ရေးသားထားတာလေးကို ကျွန်တော် steemitမှာ ပြန်လည်တင်ပြချင်ပါတယ်ခင်ဗျာ။

image

My Mother

လူ့ဘဝမှာ တစ်ခါတစ်လေ မထင်မှက်ပဲ ရယ်စရာဟာသလေးတွေဖြစ်တက်ကြောင်း တင်ပြချင်ပါတယ်။ ဟိုးအရင်ကတည်းကတင်ပြချင်တာဖြစ်ပေမယ့် စာရေးဖို့ရာ အခွင့်မသာခဲ့ပါဘူး။ အခုခေတ် ဖုန်းတွေထဲကနေတင်ပြခွင့်ရပြီး ကိုယ်ပြောချင်တာလေးတွေပြောခွင့်ရပြီဆိုတော့ အလွန်ပဲဝမ်းမြောက်မိပါတယ်။ ဒါပေမယ့်လည်း အစီစဉ်တော့ကျချင်မှကျမယ် နားလည်ပြီးတော့ ဖတ်ရှုပေးကြပါလို့........

လွန်ခဲ့သော 28နှစ်လောက်က တစ်ကယ့်အဖြသ်အပျက်လေးပါ။ တောရွာလေးတစ်ရွာကပေါ့။
အဲ့ဒီအချိန်တုန်းက တောရွာလေးမှာ အိမ်ခြေကကျဲတယ်။ တစ်အိမ်နဲ့တစ်အိမ်က တစ်ခေါ်သာသာဝေးတယ်။ အဲ့ဒီအချိန်က အိမ်တိုင်းလိုလိုမှာ တိရိစ္ဆာန်လေးတွေကိုမွေးကြတယ်။ တစ်အိမ်နဲ့တစ်အိမ်သွားလာဖို့ဆိုရင် တောလမ်းလေးတွေတော့ရှိတာပေါ့။
ဖြစ်ချင်တော့ သူများအိမ်မှာမွေးထားတဲ့ကြက်က ကိုယ့်အိမ်မှာလာပြီးပျော်နေတယ်။ မောင်းထုတ်လို့ကလည်းမရ၊ စပါးအိပ်တွေဖောက်လိုက် ဆန်အိပ်တွေလိုက်ဖောက်လိုက်နဲ့ပေါ့။ မောင်းထုတ်လိုက်လည်း ခဏပဲ၊ နောက်ကျ ပြန်ပြန်ရောက်လာရော။ ကြာတော့သည်းမခံနိုင်ပဲ ထင်းစနဲ့ပစ်လိုက်တာ
ဖြစ်ချင်တော့ ကြက်ခေါင်းကို ထင်းစမှန်ပြီး ကြက်ကသေပါလေရော။ ဒါနဲ့ အဲ့ဒီအချိန် ကြက်သားလည်းစားချင်နေတာနဲ့ မထူးပါဘူးဆိုပြီး ချက်စားဖို့ကြံလိုက်တော့တာပေါ့။ ဟင်းချက်ခါနီး သူများတွေတွေ့မှာလည်းစိုးရသေးတယ်လေ မတော်တဆတွေ့သွားခဲ့ရင် အခက်လို့ စဉ်းစားမိပြီး ဘေးဘီကြည့်လိုက်တော့ ဆော့ကစားနေတဲ့ သားနဲ့သမီးကိုတွေ့တာနဲ့ သူတို့ကိုအကူအညီတောင်းဖို့ စဉ်းစားမိတယ်။ ဒါနဲ့ သာ့နဲ့သမီးရေလာအုံးဆိုပြီးခေါ်လိုက်တော့ ခလေးနှစ်ယောက်က အပြေးလေးရောက်လာတယ်။ အဲ့ဒါနဲ့ သူတို့ကို.... သားနဲ့သမီးရေ အမေ့ကို ကူညီအုံး သားနဲ့သမီးတို့ကို အမေကြက်သားချက်ကျွေးမယ်။ နင်တို့အပြင်ကို ကြည့်ထားကြ တစ်ယောက်ယောက်လာတာတွေ့ရင် အမေ့ကိုပြောနော်ဆိုပြီး မှာထားလိုက်ပြီး ကြက်မွှေးနှုတ်ဖို့ ရေနွေးအိုးစတည်တာပေါ့။

image
Credit;google image


အဲ့ဒီအချိန်မှာ သမီးဖြစ်သူက သူ့မောင်လေးကို...
မောင်လေးရေ မောင်လေးက အိမ်ဝမှာကြည့် မမကဟိုးအပြင်မှာသွားစောင့်မယ်လို့ မှာကြားလိုက်သံကိုကြားရပါတယ်။ အဲဒါနဲ့ အမေဖြစ်သူကတော့ စိတ်ချရပြီပေါ့ ဆိုပြီးတွေးလိုက်မိပြီး ကြက်မွှေးတွေကိုအနှုတ်၊..ကြားလိုက်ရတဲ့ စကားသံကြောင့် လန့်သွားပြီး ကလေးတွေကို ပြန်ခေါ်လိုက်ရပါတော့တယ်။
ပြီးတော့ သားနဲ့သမီးဆော့ချင်ဆော့ကြပါတော့ အမေ့ကိုမကူညီပါနဲ့တော့ ငါ့တစ်ယောက်ထဲချက်တာပဲကောင်းပါတယ် နင်တို့ကူညီမှအကုန်သိကုန်တော့မယ်ဆိုပြီး သူတို့ကိုဆော့ကစားစေကာ ကိုယ့်ကကိုယ် တစ်ယောက်ထဲ ဟင်းချက်နေလိုက်ပါတော့တယ်။

ကလေးနှစ်ယောက်ကူညီလိုက်ပုံကတော့ ဒီလိုပါ။
အစ်မဖြစ်သူက အဝေးကနေပြီး လှမ်းအော်ပါတယ်....”မောင်လေးရေ ဘယ်သူ့မှမလာသေးဘူးလို့အမေ့ကိုပြောလိုက်တဲ့”

မောင်ဖြစ်သူကလည်း အိမ်ရှေ့ကနေပြီး အိမ်ထဲကိုလှမ်းအော်ပါတယ်.....”အမေရေ ဘယ်သူမှမလာသေးဘူးတဲ့”.......😁😁😁😁😁😂😂
အဆက်မပြတ်အော်နေတော့ တစ်ယောက်မဟုတ် တစ်ယောက်တော့ ကြားတော့မှာပေါ့။
ကောင်းလိုက်တဲ့အကူညီလေ။😂😂
အဲ့ဒီအချိန်ကနေစပြီး ဘယ်သောအခါမှ သူများမသိအောင် ဘယ်အရာမှမလုပ်တော့ဘုးလို့ ဆုံးဖြတ်လိုက်တယ်။

image
Credit;google image


တစ်ကယ်တော့ သူတို့မှာအပြစ်မရှိပါဘူး။ ကလေးဆိုတာ အင်မတန်မှ ဖြူစင်ပါတယ်။ အဖြူကို အစွန်းအထင်းမဖြစ်အောင် မိဘတိုင်းတာဝန်ရှိပါကြောင်း................

ဒါကတော့ ကျွန်တော့ မေမေ ရေးသားပေးသော
ကျွန်တော်နဲ့ မမရဲ့ ငယ်ငယ်က တစ်ကယ့်အဖြစ်အပျက်တစ်ခုပဲဖြစ်ပါတယ်ဗျာ။
ဖတ်ရှုပေးသူ ဆရာသမားများနှင့် ညီကိုမောင်နှမအပေါင်း ကျန်းမာချမ်းသာ လန်းဖြာကြပါစေဗျာ။

Steemitမှာ ထူးချွန်၊ အောင်မြင်ကြသူများလည်းဖြစ်ကြပါစေ။

Screenshot_2017-12-30-22-42-41-066_com.imaginstudio.imagetools.pixellab.png

@komoezaw

MSC-030

Sort:  

အကူအညီ​ပေးတာ ​တော်​ချက်

😂😂😂

ငယ်ဘဝလေး ပြန်အမှတ်ရ လွမ်းစရာ ကြည်နူးစရာတွေကြည့်ပါပဲ။

ဟုတ်တယ် အစ်ကိုရေ
သတိရမိနေပြီဗျာ

ကိုမိုးဇော်ရဲ့ ကိုယ်တွေ့ပေါ့

ဟုတ်တယ်ကိုစောရေ😁😁

ကိုမိုးဇော်ရေးပြမှဘဲ ပိုပြီး ငယ်စဉ်ဘဝကိုသတိရမိသွားတယ်

ဟုတ်တယ် သတိရတမ်းတမိတယ် ကိုညီရေ

ပြန်ငယ်ချင်စိတ်ပေါက် :D

မရတော့ဘူးကြီးပြီးရင် ပြန်မငယ်တော့ဘူး.....အသက်😁😁😁

အသက်ပဲပြောတာပါကိုကြီးကလည်း ငိငိ

😁😁😁

အပြစ်​ကင်းလိုက်​ပုံ​များ​ဗျာ😄ငယ်​ဘဝပဲ​ကောင်းတယ်​ဘာမှမသိဘူးရိုးရိုးသားသားပဲဘာဖျက်​လိုဖျက်​စီးလုပ်​ချင်​တဲ့စိတ်​မရှိဘူးသူ့စိတ်​ထဲရှိတဲ့အတိုင်းလုပ်​တယ်​သူထင်​တာလုပ်​တယ်​လုပ်​လိုက်​တဲ့အမှားကသူတစ်​ပါးကိုထိခိုက်​သွား​စေ​ပေမဲ့သူ့မှာထိခိုက်​လိုစိတ်​မရှိဘူးအင်​မတန်​မှပြန်​လိုချင်​မိတဲ့ငယ်​ဘဝ​လေး😑

ဟုတ်တယ် ဘာမှမသိတာ ငယ်ငယ်ဘဝလေးတွေပါပဲ
ပြန်လည်လိုချင်မိတယ်

ငယ်ဘဝ လေး ကိုသတိရဗျာ

ဟုတ်တယ် ကိုဆန်းလွင်ရေ

ကိုမိုးဇော်ရေ ဘယ်သူမှမလာသေးဘူးဗျ

ဟုတယ် နောက်မှလှမ်းအော်လိုက်မယ်😁😁

ဖြူစင်တဲ့ ငယ်ဘဝ တခါပြန်ရချင်ပါသေးရဲ့

ဟုတ်တယ်ဗျာ ပြန်မရနိုင်တော့တဲ့ဘဝလေးပါပဲ

မေမေကလည်း ဇာတ်ကွက်လည်အောင် ရေးတတ်တာပဲကိုး
တော်လိုက်တဲ့ သားအမိတတွေ...

ဟီး
မေမေက စာရွက်နဲ့ရေးတာကိုဟိန်းရေ
ကျွန်တော်က စာပြန်ရိုက်တာပေါ့😁😁

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 59911.66
ETH 2306.14
USDT 1.00
SBD 2.49