My Facebook Post

in #myanmar6 years ago

36668200_976965649151595_1924402088868052992_n.jpg

လူမှန်ရင် ဒေါသဆိုတဲ့အရာနဲ့မကင်းကြပါဘူး။
စိတ်တိုင်းမကျ အလိုမကျတိုင်း ဒေါသထွက်နေမယ်ဆိုရင်
ကိုယ့်ရဲ့ဒေါသက
မှန်နေလားအမှားဖြစ်နေလား ကိုယ်တိုင်သိနေဖို့လိုအပ်တယ်။

ကိုယ့်ရဲ့ပြုမူနေထိုင်မှုက မှားနေတဲ့အပြင်ကိုမှ
သူတပါးကိုလည်း ဒေါသထွက်နေအုံးမယ်ဆိုရင်
တန်ဖိုးတွေအကြောင်းတွေကို သိတယ်
ဘဝတွေရဲ့အကြောင်းတွေကိုနားလည်နေပါတယ်လို့
ဘယ်လိုပဲပြောပြော အကျင့်နဲ့ စာရိတ္တကိုမပြုပြင်သ၍
လူဟာ လူ့လောကကြီးထဲမှာ လွန့်လူးပြာတာ ဖြစ်နေရတော့မှာပါပဲ။.....
ဆရာတွေရဲ့ သင်ပြမှု လမ်းညွှန်မှုတွေဟာ အလကားတော့မဟုတ်ခဲ့ပါဘူး။
သို့ပေမယ့် အလကားဖြစ်သွားအောင် အချိန်တွေကိုသုံးပစ်နေရင်တော့ သဲထဲရေသွန်ကဲ့သို့ပဲပေါ့။.......

လူညံ့ကို တော်အောင်ပြုပြင်ပေးလို့ကရတယ်။
ဒါပေမယ့် ကြိုးစားလိုစိတ်မရှိသူ ၊ အကျင့်ဆိုးတွေကိုပြုပြင်လိုစိတ်မရှိသူတွေကိုတော့ ဘယ်သောအခါမှ ဘယ်အရာကမှ ပြုပြင်ပေးလို့မရဘူး။

တန်ခိုးရှင်လည်းမရဘူး
နတ်ဒေဝါတွေလည်းမရဘူး။
လူပျင်းတွေဟာ မှက်ဥာဏ်ဘယ်လောက်ပင်ကောင်းစေဦးတော့ ဖျင်းမြဲဖျင်းနေအုံးမှာပဲ။

လူပျင်းကံကောင်းတွေတော့ ပုံပြင်ထဲရှိခဲ့ဖူးပါရဲ့...
သို့ပေမယ့် ဘဝဆိုတာ လက်တွေ့လေ...ဒီတော့ ကံမကောင်းနိုင်ဘူး။ ပုံပြင်ဆိုတာ မရှိတာကိုအရှိလုပ်ပြီး ပြောပြရတဲ့အရာတစ်ခုပါ။ ပုံပြင်တွေနဲ့ ကလေးတွေရဲ့ဘဝလေးတွေကိုမြှင့်တင်ပေးနိုင်သလို ဖျက်ဆီးမှုတွေကိုလည်းပြုလုပ်နိုင်တယ်။
ဘဝအတွက် အရေးပါတဲ့ ဥပမာပုံပြင်လေးတွေဆိုရင်တော့ အရေးပါတဲ့ လူသားတွေဖြစ်လာနိုင်ပါတယ်။
လူက ပျင်းနေရင် ဘာမှဖြစ်မလာဘူး
ကိုယ်တိုင်အချိန်ပေး ကြိုးစားမှ ကိုယ့်ရဲ့ဘဝသာယာလှပလာပြီး ဒေါသတွေနဲ့လည်း ကင်းဝေးလာလိမ့်မယ်။

ဒေါသဆိုတာ ဘာလို့ထွက်လည်းတဲ့...
မိမိလုပ်ချင်တာတွေကိုသာလုပ်ဆောင်နေပြီး...
မိမိမလုပ်ဆောင်ချင်တာတွေကို လုပ်ဆောင်လာရတဲ့အခါ
လုပ်ဆောင်စေခိုင်းခြင်းကိုခံရတဲ့အခါမှာ ဒေါသတွေဖြစ်လာရတယ်။
ဒါဟာမှားယွင်းနေတဲ့အချက်ပဲ။ ဘာလို့ဆိုရင် လူဆိုတာ ကိုယ်လုပ်ချင်တာကိုအကျိုးမရှိဘူးလို့ ထင်မြင်မိရင် ကိုယ်မလုပ်ချင်တဲ့အကျိုးဖြစ်ထွန်းစေတဲ့အလုပ်တွေကိုအရင်ဦးဆုံးလုပ်ပြီးမှ...
ကိုယ်လုပ်ချင်တဲ့အလုပ်တွေကို ဒုတိယအနေနဲ့သာ လုပ်ဆောင်သင့်ပါတယ်။

မိမိကိုယ်မိမိဆင်ခြင်မိတဲ့အချိန်အခိုက်အတန့်လေးမှာ..
ငါမှားတာတွေလုပ်မိလည်း ဘာဖြစ်လည်း..
ငါလုပ်ချင်တာ ငါလုပ်မယ် ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူးလို့
မတွေးလိုက်ပါနဲ့လို့ ဆန္ဒပြုပြောကြားပါရစေ....

ငါဆိုတဲ့နောက်ကွယ်မှာ..ငါ့ကိုယ်ငါချစ်တယ်ဆိုတာထက် ပိုတဲ့သူတွေရှိနေတယ်ဆိုတာ မေ့ထားလို့မရဘူးလေ။
ဘာလို့ဒီလိုပြောရသလည်းဆိုရင် ကျနော်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို မချစ်တက်ခဲ့သေးလို့ပါဗျာ။

ကျေးဇူးတင်ပါတယ်။

My Facebook link >>> https://www.facebook.com/profile.php?id=100005145076532

Sort:  

"ဒါပေမယ့် ကြိုးစားလိုစိတ်မရှိသူ ၊ အကျင့်ဆိုးတွေကိုပြုပြင်လိုစိတ်မရှိသူတွေကိုတော့ ဘယ်သောအခါမှ ဘယ်အရာကမှ ပြုပြင်ပေးလို့မရဘူး"...
Right , good words :-)

ကျေးဇူးBroရေ

ခလိန်းကျောတာလား :(

ခလိန်းကို ကျောပါဘူး😁😁

လုပ်ချင်ရာ လုပ်လို့ရပါတယ်
ဘယ်သူ့မှမထိခိုက်ရင်ပေါ့

ဟုတ် ကိုယ်ပိုင် ဆုံးဖြတ်မှုနဲ့လွတ်လပ်ပိုင်ခွင့်ရှိသည်ပေါ့နော်

ဆရာဆိုလည်း လူသားပါ
ဒေါသထွက်တတ်တာ
မိုးဇော်ဟာတာဝန်ပျက်
ထုနှက်ကုတ်ဖဲ့ ရိုက်ချင်လျက်
တစ်ရက်လေးမှ မန်မလာ
ပေါ့လျော့ပျက်ကွက်
ကာလကြာ၊
ဆရာမှာစိတ်မကောင်း
ဒေါသတစ်ထောင်ထောင်း။ ။

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66077.75
ETH 3167.77
USDT 1.00
SBD 4.01