Life toward

in #myanmar5 years ago (edited)

2r8F9rTBenJR3NJww7tXib1rakcnLkz8HVxZo9BVAk1RR4m6rawEJCoWMBFa5X3eKVKM8N6UC8Hthz9uSmeAdLrAyPQvqC62KDqfuqjtekSXy1KTRgy46uJS1PNhKW3hg.jpeg

တခြို့သောအကြောင်းအရာတွေသည် ပြောပြ၍မရနိုင်သလို ၊ မပြောပြန်လျှင်လည်း မည်သူတစ်ဦးတစ်ယောက်မျှသိရှိခြင်းမရှိပဲ ပျောက်ကွယ်သွားသည်သာရှိလိမ့်အုံးမည်။
ဘဝရဲ့ကံကြမ္မာဆိုသည်ကလည်း ကိုယ်တိုင်သာလျှင်ဖန်တီးနေမှရသည်မဟုတ်လား။ နောင်တစ်ချိန်မှာ ဘာမှဖြစ်မလာတာလည်း ကိုယ်နှင့်သာသက်ဆိုင်သလို ၊ အောင်မြင်မှုတစ်ခုခုရရှိလာခြင်းသည်လည်း ကိုယ်တိုင်သာကြိုးစားခဲ့၍ဖြစ်သည်။
ငုတ်မိသဲတိုင်၊ တက်နိုင်ဖျားရောက် ဟု ဆိုသည်မဟုတ်လား။
လူတို့သည် ကတိ၊ကတိဟူ၍ ကတိဆိုသောစကားကိုနှုတ်မှအကြိမ်ကြိမ်ပြောနေသောလည်း ကတိစကားကို ပျက်လွယ်ကြသည်။ဖျက်လည်းလွယ်ကြသည်။
ကတိပျက်ခဲ့ဖူးသူသည် အကြောင်းတစ်ခုခုကြောင့်ပျက်ခဲ့သော် ထိုအကြောင်းကိစ္စသည်သူ့ဘဝအတွက် အကြီးမားဆုံးမဟုတ်တောင် အတော်ကိုခက်ခဲ၍သာဖြစ်လိမ့်မည်။ သို့သော် သူကတိပျက်ရသည့်အကြောင်းခြင်းရာကိုပြော၍ သူတထူးကိုတောင်းပန်သမှုပြုလိမ့်မည်။
ကတိဖျက်ဖူးသူသည် နောက်တစ်ကြိမ်ဖျက်ဖို့တော့ဝန်လေးမည်မဟုတ်ပါဘူး။

ကတိဖျက်ဖူးသူသည် အကြိမ်ကြိမ်ဖျက်လိမ့်မည်။
အပျော်အပါးနောက်လိုက်သောသူတို့သည်လည်း အပျော်အပါးနောက်သို့သာလျှင်အကြိမ်ကြိမ်လိုက်နေလိမ့်မည်။

လူတို့သည် ရေစုန်လိုဘဝမျိုးကိုသာလိုလားကြသည်။ ရေစုံလိုဘဝမျိုးတွင်သာမြောပါရင်း ဘဝရေစုန်ကိုသာမျှောခြင်ကြသည်။ ရေဆန်ကိုတက်ဖို့အတွက်မစဉ်းစားသလို ပင်ပမ်းမှုဆိုတာကိုလည်းမပြုတက်ကြပေ။
ရေစုန်မှာမြောနေသူနှင့် ရေစုန်မှာမျှောနေသူဟူ၍လည်းအမျိုးအစားခွဲခြားလို့ရမည်ထင်ပါသည်။

ဘယ်လိုပင်ပြောပြောရေစုန်လိုက်နေသူနှင့် ရေဆန်တက်နေသူတို့သူ အချိန်ကြာလာသည်နှင့်အမျှအနိမ့်အမြင့်များစွာကွာခြားသွားတော့မည်သာဖြစ်သည်။ အဘယ်ကြောင့်နည်းဆိုသော် ၊ ရေသည် နိမ့်ရာအရပ်သို့သာစီးသည်မဟုတ်လား။

ခုခေတ်လူငယ်တွေဂိမ်းဆော့ကြ၊ အင်တာနက်သုံးကြနှင့်အလုပ်တွေရှုပ်နေကြပါတယ်။ ကျနော်အပါအဝင်ပေါ့။

ကျနော်တို့ ကျေးရွာလေး မတိုးတက်ဘူး ၊ ကျနော်တို့မြို့ရွာလေးမဖွံ့ဖြိုးဘူး ၊ ကျနော်တို့နိုင်ငံကြီးမကြီးပွားဘူး.... စသည်စသည်...အကြိမ်ကြိမ်ထိုင်အော်နေ၍လည်း ဘယ်အရာမှတိုးတက်ကောင်းမွန်လာမှာမဟုတ်ပါဘူး။

တိုင်းပြည်ရဲ့အနာဂတ်လူငယ်တွေရဲ့လက်ထဲမှာပဲရှိတယ်ဆိုတဲ့စကား။
နားထင်သွေးရောက်နေသူတွေအဖို့အလကားလို့မြင်ချင်မြင်လိမ့်မယ်။
တစ်ကယ်တော့ လူငယ်တွေလက်ထဲမှာ တိုင်းပြည်ရဲ့အနာဂတ်ဟာ အမှန်တစ်ကယ်တည်ရှိနေပါတယ်။
လူငယ်တွေများစွာပျက်စီးရင် တိုင်းပြည်ကြီးလည်းယိုယွင်းပျက်စီးလာပါလိမ့်မယ်။
ဘယ်အရာမှအချိန်ခဏလေးအတွင်းမှာ တစ်ဦးတစ်ယောက်တည်းနဲ့ပြုပြင်ပြောင်းလဲလို့မရပါဘူး။

ဘွဲ့ရပညာတက်တစ်ယောက်ဟာ သူငယ်တန်းကနေစပြီး သင်ယူမှုမရှိပဲ ဘွဲ့တစ်ခါတည်းမရပါဘူး။
ဒီနေ့သူငယ်တန်းတက်မယ် မနက်ဖြန်ဘွဲ့သွားယူမယ်ကွာဆိုပြီး စခဲ့နောက်ခဲ့ပြောင်ခဲ့ကြတာတွေသာရှိတာပါ။ တစ်ကယ်တမ်းမတော့ ဘွဲ့တစ်ခုရဖို့ ဆယ်စုနှစ်တစ်ခုကျော်ကျော်ကြာအောင်အချိန်ပေးကြရပါတယ်။

လွန်ခဲ့တဲ့နှစ်တွေက ကျနော်အင်တာနက်သုံးတော့
Facebookဆိုတဲ့အရာကြီးရဲ့ စာမျက်နှာတွေမှာ Gameဆော့တဲ့postတွေတက်တက်လာတာမြင်တော့ကျနော်လည်း ဆော့ချင်လို့ဆော့ပါတယ်။ အဲ့ဒီလိုဆော့ကစားမိတာဟာ အွန်လိုင်းကဆရာတွေကစားထားတဲ့postတွေမြင်လို့လည်းဆော့မိတာလည်းပါချင်ပါမှာပါ။
ဪ ဆရာတွေတောင်ဂိမ်းဆော့နေမှတော့ ငါလည်းဆော့မယ်ကွာဘာဖြစ်လည်းပေါ့။
အဲ့ဒီလိုအယူအဆမှားခဲ့ဖူးတယ်ဆိုတာကိုပြောချင်တာပါ။
တစ်ကယ်တမ်းတော့ ဆရာတွေဂိမ်းဆော့တယ်ဆိုတာမှာ ဂိမ်းတစ်ခုကို ကြေငြာချင်လို့လည်းဖြစ်နိုင်သလို အဲ့ဒီဂိမ်းကနေတဆင့်အခြားငွေရလမ်းတွေဖန်တီးခြင်တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။

သေချာတာတစ်ခုက သူတို့တတွေဟာဂိမ်းဆော့ဖို့အတွက်အချိန်တွေရရှိသွားခဲ့တာပဲဖြစ်ပါတယ်။
သူတို့အဲ့ဒီလိုအချိန်တွေအပိုထွက်လာဖို့ သူတို့တွေပညာတွေရှာဖွေခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီလိုဆရာတွေ ဂိမ်းဆော့တာမြင်ပြီးလိုက်ဆော့မိတဲ့လူတွေဟာ ပညာမပြည့်စုံသေးသူ အချိန်ပိုရှိမနေသေးသူတစ်ဦးဆိုရင် ပြီးပြည့်စုံတဲ့သူတစ်ဦးဖြစ်ဖို့အရင်ကြိုးစားဖို့လိုအပ်ပါတယ်။
ကမ္ဘာကြီးကိုကာကွယ်ပါမယ်လို့မကြွေးကြော်နဲ့၊
တိုင်းပြည်ကြီးအတွက်ပါဆိုပြီးလည်းမဟစ်အော်နဲ့၊
ကိုယ့်နေရာကိုယ့်ဒေသအတွက်လည်းအကျိုးဖြစ်ထွန်းပါမယ်လို့လည်းမပြောနဲ့အုံး....အဲ့ဒီအရာတွေဖြစ်လာနိုင်ဖို့အတွက်ကို ကိုယ့်ကိုယ်ကိုယ်ပဲအရင်ဦးဆုံး စွမ်းရည်ပြည့်ဝအောင် စွမ်းအားတွေပြည့်အောင် အရင်ပြုလုပ်သင့်ပါတယ်။

နောင်တစ်ချိန်မှာ မိမိဘဝ ကောင်းခြင်းဆိုးခြင်းဟာ မိမိကိုယ်တိုင်ရဲ့လုပ်ဆောင်ချက်တွေပေါ်မှာပဲမူတည်မှာဖြစ်ပါတယ်။

နောင်တစ်ချိန်မှ နောင်တရရင်၊ အဲ့ဒီနောင်တဟာ နှောင်းခဲ့ပါပြီ။ စိတ်ဆိုးလို့အစားမစားသူတစ်ယောက်ဟာ နောက်ထပ်စိတ်ဆိုးဖို့အချိန်သိပ်ရနေတော့မှာမဟုတ်ပါဘူး၊ သူဟာမကြာခင်ဗိုက်အရမ်းဆာလောင်လာတော့မှာလေ။ အချိန်ကြာကြာစိတ်ဆိုးနိုင်အောင်အစားများများစားသင့်ပါတယ်ဗျနော်။😁😁

SteemitမှာPostတင်ဖို့ ရောက်တက်ရာရာစာများကိုရေးသားခြင်းသာဖြစ်ပါတယ်။

သည်းခံပြီးဖတ်ရှုပေးတဲ့မိတ်ဆွေအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
IMG_20181204_184706.jpg

IMG_20181204_185233.jpg

@komoezaw
MSC-030

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 62841.54
ETH 3040.07
USDT 1.00
SBD 3.92