Myanmar religion knowledge

in #myanmar7 years ago (edited)

FB_IMG_1507365590481.jpg
အံ့ဖွယ်​လက္ခဏာ(၃၂)ဖြာအပိုင်း၂
Myanmar steemitမိသားစုအဖွဲ့ဝင်​အားလုံးမင်္ဂလာပါခင်​ဗျာ။ပြီးခဲ့​သောpro postရဲ့အဆက်​ အံ့ဖွယ်​လက္ခဏာ(၃၂)ဖြာအပိုင်း၂ကို၊ယခုpostမှာဆက်​လက်​​ရေးသားတင်​ပြ​ပေးသွားမှာဖြစ်​ပါတယ်​။ပါဠိစကားလုံးအသုံးအနှုန်းများအားထည့်​သွင်းမ​ရေးသား​တော့ပဲ၊ဖတ်​ရှုလွယ်​ကူ​စေရန်​အတွက်​အနက်​စကား​ပြေသက်​သက်​ကိုသာ၊​ရေးသား​ပေးလိုက်​ပါတယ်​။အရှင်​မဟာမဟာဗုဒ္ဓ​ဃောသအရှင်​သူမြတ်​​ရေးသားပူ​ဇော်​စီရင်​အပ်​​သောမြတ်​စွာဘုရားရှင်​တို့၏(၃၂)ပါး​သောမဟာပုရိသလက္ခဏာများမှာ​အောက်​ပါအတိုင်းဖြစ်​ပါသည်​။FB_IMG_1507365565496.jpg
၁။မြတ်​စွာဘုရားရှင်​၏အရပ်​​တော်​နှင့်​လက်​(၂)ဖက်​ဆန့်​တန်းလိုက်​လျှင်​ရှည်​​သောအလံ​တော်​သည်​အတူတူပင်​ဖြစ်​၍၊​ညောင်​ပင်​အဝန်းကဲ့သို့လုံးဝန်း​သောကိုယ်​​တော်​ရှိ​တော်​မူပါသည်​။ရိုး၂လူသာမန်​များတွင်​မတူညီပဲအပိုအလိုရှိကြပါတယ်​။မြတ်​စွာဘုရားမှာ​တော့အပိုအလိုမရှိပဲ၊ချိန်​သားကိုက်​တိုင်းဖြတ်​ထားသကဲ့သိုအတိအကျဖြစ်​၍၊အရပ်​​တော်​နှင့်​လက်​အလံတူညီ၏။
၂။မြတ်​စွာဘုရားရှင်​၏လက်​ဖဝါး​တော်​၊​ခြေဖဝါး​တော်​တို့ဟာအကြိမ်​၂ရာချီဖန်​အပ်​​သောဝါဂွမ်းစကဲ့အလွန်​တရာနူးညံ့သိမ့်​​မွေ့​သောအသားအ​ရေရှိ​တော်​မူပါသည်​။ရိုး၂လူသာမန်​သာမန်​များတွင်​လက်​ဖဝါး၊​ခြေဖဝါးထပ်​တူနူးညံ့မှုမရှိကြပါ။
၃။မြတ်​စွာဘုရားရှင်​၏အသံ​တော်​သည်​ဗြဟ္မာမင်း၏အသံအဂါင်္(၈)ပါးနှင့်​ပြည့်​စုံ၍အရပ်​(၁၀)မျက်​နှာသို့ပျံ့နှံ့​အောင်​မြင်​၏။တယူဇနာဝန်းကျင်​ပတ်​လည်​သို့ကိုယ်​​တော်​၏ပကတိအသံ​တော်​ဖြင့်​၊ပရိတ်​သတ်​အ​ပေါင်းကိုကြား​စေနိုင်​​သောဂုဏ်​သတ္တိစွမ်းအင်​ရှိပါသည်​။မည်​မျှပင်​ဆူညံ​သောအသံများဖုံးလွှမ်း​နေ​စေမှု၊မြတ်​စွာဘုရားရှင်​၏အသံ​တော်​သည်​ထိုး​ဖောက်​ပျံ့လွင့်​၍ကြား​စေနိုင်​ပါတယ်​။
၎။မြတ်​စွာဘုရားရှင်​၏သလုံးမြင်း​ခေါင်း(ဒူး​ခေါင်း​တော်​)သည်​ဧဏီမည်​​သောသား​ကောင်​ရဲ့မြင်း​ခေါင်းကဲ့သို့ပြည့်​ဖြိုးတင်းရင်း​သောဒူး​ခေါင်း​တော်​ရှိ​တော်​မူပါသည်​။
၅။ရွှေပဒုမ္မာကြပ်​ချပ်​ကဲ့သို့အထပ်​အလွှာများဖြင့်​အိတ်​ကဲ့သို့အအိမ်​အကာအကွယ်​နှင့်​တစ်​ကွဖုံးလွှမ်းထားအပ်​​သော​ယောက်​ကျားမြတ်​တို့၏နိမိတ်​လက္ခဏာ
(မဟာပုရိသလိင်​အဂါင်္လဲရှိ​တော်​မူပါတယ်​။ရိုး၂သာမန်​လူသားများမှာထိုကဲ့သို့လက္ခဏာမျိုးမည်​သူတစ်​ဦးတစ်​​ယောက်​မှမပါရှိနိုင်​ပါ။
၆။မြတ်​စွာဘုရားရှင်​၏​ခြေဖဝါး​တော်​၂ဖက်​သည်​သာမန်​လူသားများကဲ့သို့ခွက်​ခြင်း၊နိမ့်​ခြင်းတို့ဖြင့်​မညီမညာရှိသကဲ့သို့မဟုတ်​ပဲ၊အပြင်​ညှိထား​သော​ကျောက်​ပြားကဲ့သ၊ို့ညီညာစွာဖြင့်​အပြားလိုက်​တ​ပြေးညီရှိ​တော်​မူ၏။FB_IMG_1507365582466.jpg
၇။မြတ်​စွာဘုရားရှင်​၏မျက်​ခုံး၂ခုကြား၊အလယ်​ဗဟိုတည့်​တည့်​တွင်​နူးညံ့ဖြူစင်​၍၊စိန်​သွားကဲ့သို့ဝင်းလက်​​တောက်​ပ​သော၊ဥဏ္ဏလုံ​မွှေးရှင်​​တော်​ရှိ​တော်​မူပါတယ်​။ထိုဥဏ္ဏလုံ​မွှေးရှင်​​တော်​ဟာဆွဲ၍ဆန့်​လျှင်​၂​တောင်​ခန့်​ရှည်​လျား၍၊၎င်းတံ​တောင်​ဆစ်​၂​တောင်​ဟူ​သောအရှည်​မှာ၊လူသာမန်​တို့၏တံ​တောင်​ဆစ်​၂​တောင်​အရှည်​မဟုတ်​ပဲ၊မြတ်​စွာဘုရားရှင်​၏တံ​တောင်​ဆစ်​​တော်​၂​တောင်​အတိုင်းအရှည်​ဖြစ်​ပါသည်​။မြတ်​စွာဘုရာရှင်​၏တံ​တောင်​ဆစ်​​တော်​သည်​လူသာမန်​တို့ထက်​များစွာရှည်​လျားပါသည်​။ရိုး၂လူသာမန်​တံ​​တောင်​ဆစ်​ဖြင့်​တိုင်း​သော၃​တောင်​မှာတစ်သံလုံ(​ရှေး​ခေတ်​အတိုင်းအတာအ​ခေါ်အ​ဝေါ်)ပဲရှိပါသည်​။မြတ်​စွာဘုရားရှင်​၏တံ​တောင်​​တော်​သည်​၃သံလုံရှိ၏ဟူ၍၊ကျမ်းဂန်​များမှာဖတ်​မှတ်​နာယူဖူးပါသည်​။(ဤကားစကားချပ်​)
၈။မြတ်စွာဘုရားရှင်​၏ကို​ယ်​​တော်​သည်​ကိုင်းခြင်း၊​ကော့ခြင်း၊လက်​ပြင်​ကုန်းခြင်းအစရှိ​သောအပြစ်​ရှိ​သောအင်္ဂါရပ်​များတစ်​ခုမျှမရှိပဲ၊ဗြဟ္မာမင်း၏ကိုယ်​ကဲ့သို့​ဖြောင့်​မတ်​ညီညွတ်​​သောကိုယ်​လုံး​တော်​ရှိ​တော်​မူပါတယ်​။သာမန်​လူသားများမှာမည်​မျှပင်​​ဖြောင့်​မတ်​​သည်​ဖြစ်​​စေချို့ယွင်းချက်​အနဲနှင့်​အများပါရှိကြပါတယ်​။
၉။မြတ်​စွာဘုရားရှင်​သည်​ညို​သောမျက်​ရစ်​​တော်​ရှိ​တော်​မူ၍၊ဖွားမြင်​စနွားသားငယ်​၏မျက်​​တောင်​​မွှေးနှင့်​တူ​သော၊အလွန်​သိမ်​​မွေ့နူးညံ့လှ​သောမျက်​​တောင်​​တော်​၊မျက်​ခုံး​မွှေး​တော်​လည်းရှိပါသည်​။
၁၀။မြတ်​စွာဘုရားရှင်၏​ခြေဖ​နောင့်​​တော်​သည်​ရှည်​လျား​သောဖ​နှောင့်​​တော်​ရှိ​တော်​မူပါတယ်​။သာမန်​လူသားများမှာ​ခြေဖနှောင့်​မှာ၁လက်​မခွဲ၊၂လက်​မထက်​ပိုမရှည်​ပါ။
၁၁။မြတ်​စွာဘုရားရှင်​၏လျှာ​တော်​သည်​ကြီးမားကျယ်​ပြန့်​ရှည်​လျား၍၊အ​ကြော​ပေါင်းခုနှစ်​​ထောင်​တစ်​ပြိုင်​ထဲစုစည်းယှက်​သန်းကာတည်​ရှိ​နေ​သော​ကြောင့်​၊နှမ်း​စေ့တခြမ်းမျှ​သောအစားအစာကိုပင်​တစ်​ကိုယ်​လုံးသို့ပျံ့နှံ့သည်​အထိအာရုံခံစားသိရှိနိုင်​ပါသည်​။သာမန်​လူသားများမှာထိုကဲ့သို့နှမ်း​စေ့တခြမ်းမျှကိုစား​သောက်​၍၊အရသာမခံစားနိုင်​ပါ။မြတ်​စွာဘုရားရှင်​၏လျှာ​တော်​သည်​အပြင်​သို့ဆန့်​ထုတ်​၍၊နဖူးကိုထိနိုင်​သည်​အထိရှည်​လျားပါသည်​။သာမန်​လူသားများမှာမိမိလျှာဖြင်​ဆန့်​ထုတ်​၍နှာ​ခေါင်းအထိရှည်​​လျား​အောင်​ဆန့်​နိုင်​​သောလူ​တောင်​အလွန်​ရှားပါသည်​။နဖူးအထိဆန့်​ထုတ်​၍ထိနိုင်​ဖို့ဆိုသည်​မှာလုံးဝမရှိပါ။မြတ်​စွာဘုရားရှင်​သာထိုကဲ့သို့နဖူးအထိဆန့်​ထုတ်​၍၊လျှာကိုထိနိုင်​ပါသည်​။FB_IMG_1507365595447.jpg
၁၂။ဖုန်​၊အညစ်​အ​ကြေးမထင်​စင်ကြယ်​ဝင်းပ၍ဇမ္ဗူရစ်​​ရွှေအဆင်းကဲ့သို့၊ဝင်းပကြည်​လင်​​သောအသားအ​ရေ​တော်​ရှိ​တော်​မူ၏။လေတိုက်​၍ဖုန်​၊သဲ၊အမှိုက်​များထ​နေ​စေကာမူမြတ်​စွာဘုရားရှင်​၏အသားအ​ရေ​တော်​​အ​ပေါ်၌၊မြူတစ်​မှုန်​မျှမကပ်​​ရောက်​၊မငြိတွယ်​နိုင်​ပါ။လေး​သ​င်္ချေနှင့်​ကမ္ဘာတစ်​သိန်းပါရမီဆည်းပူးဖြည့်​ကျင့်​လာခဲ့​သောမြတ်​စွာဘုရားရှင်​၏၊ပါရမီ​တော်​ဂုဏ်​သတ္တိ​ကြောင့်​၊မြတ်​စွာဘုရားရှင်​​ကိုယ်​​တော်​မြတ်​ကြီး၏အသားအ​ရေ​တော်​သည၊်​မည်​သည့်​အခါမျှမြူမှုန်​​တောင်​မတင်​ကပ်​ပဲ၊အမြဲကြည်​လင်​ဝင်းပ၍​နေပါသည်​။
၁၃။မြတ်​စွာဘုရားရှင်​၏သွား​တော်​တို့သည်​(၄၀)တိ
တိရှိပါတယ်​။သာမန်​လူသားတို့တွင်​သွားများမှာ(၃၂)သို့မဟုတ်​(၃၃)​ချောင်းသာပာရှိကြပါသည်​။မြတ်​စွာဘုရားရှင်​တစ်​ပါးထဲသာ၊သွား​တော်​တို့သည်​(၄၀)တိတိပါရှိခြင်းဖြစ်​၏။
၁၄။မြတ်​စွာဘုရားရှင်​၏သွား​တော်​တို့သည်​သာမန်​လူသားများကဲ့သို့ကြီးခြင်း၊​သေးငယ်​ခြင်း၊ကျဲခြင်းအနိမ့်​အမြင်​မညီခြင်း၊မဲခြင်း၊ဝါခြင်း၊နီခြင်း၊ညိုခြင်းအစရှိ​သောအပြစ်​များတစ်​ခုမျှမပါရှိပဲ၊လွှသွားနှင့်​ညီညွတ်​စွာတိုက်​ဖြတ်​၍ညှိထားသကဲ့သို့၊ညီညာ​စေ့စပ်​၍ဖြူစင်​ဝင်းပ​သော၊သွား​တော်​များရှိပါသည်​။
၁၅။မြတ်​စွာဘုရားရှင်​၏​ကျောပြင်​​တော်​သည်​အ​ရေးအ​ကြောင်းကင်း၍၊​ရေသွန်း​လောင်းလိုက်​လျှင်​​ရေစီး​ကြောင်းမျှမတင်​၊ကျယ်​ပြန့်​ကြီးမားကာညီညွတ်​​သော​ကျောပြင်​​တော်​လည်းရှိ၏။
၁၆။ြ့မတ်​စွာဘုရားရှင်​၏​ခြေဖဝါး​တော်​၂ဖက်​လုံးတွင်​​နေ၊လ၊​ဥ​ဒေါင်း၊လှည်း၊သံလျက်​၊အိမ်​၊ခရင်းခွ၊လှံတံအစရှိ​သဖြင့်​အလွန်​ဆန်းကြယ်​၍၊အံသြထူးဆန်းဖွယ်​​ကောင်း​သောတစ်​ရာ့ရှစ်​ကွက်​​သောစက်​လက္ခဏာ​တော်​များသည်​​ခြေဖဝါး​တော်​၂ဖက်​လုံး၌မြင့်​မြတ်​စွာပါရှိပါတယ်​။သာမန်​လူသားများမှာမြတ်​စွာဘုရားရှင်​၏စက်​လက္ခဏာ(၁၀၈)လုံးမဆိုထားနှင့်​တစ်​ခုတစ်​​လေ​တောင်​ပါရှိဖို့မလွယ်​ကူနိုင်​ပါဘူး။
၁၇။မြတ်​စွာဘုရားရှင်​၏​ခြေဖမိုး​တော်​သည်​ပြည့်​ဖြို့း၍သာမန်​လူသားတို့ထက်​ပိုကာ၊မြင့်​​သော​ခြေဖမိုး​တော်​ရှိ​တော်မူ၏။ကျန်​ရှိ​နေ​သေး​သောမြတ်​စွာဘုရားရှင်​၏မဟာပုရိသလက္ခဏာများအပိုင်း(၃)တွင်​ပြည့်​စုံ​အောင်​ဆက်​လက်​၍​ရေးသားတင်​ပြ​ပေးသွာပါမည်​ခင်​ဗျာ။Steemit myanmar Leaderများနှင့်​တစ်​ကွ၊Steemit myanmarအဖွဲ့ဝင်​မိသားစုအားလုံးကိုယ်​စိတ်​၂ပါး​ဘေးရန်​ကွာ၍၊လိုရာဆန္ဒများပြည့်​ဝပါ​စေ​ကြောင်း​မေတ္တာ​ရေ​လောင်းကာ၊ဆုမွန်​​ကောင်း​တောင်း​ပေးလိုက်​ပါတယ်​ခင်​ဗျာ။
ကျမ်းကိုး-​ရှေးဆရာ​တော်​ကြီးများ၏ကျမ်းဂန်​စာ​ပေများ
တွံ​တေးဆရာ​တော်​ဘုရားကြီး၏မဟာနမက္ကာရဘုရားရှိခိုးစာသားလင်္ကာကျမ်း
-စိန္တ​ကျော်​သူဦးသြ၏နမက္ကာရအနက်မြန်​မာစကား​ပြေကျမ်း
Photo-google
MSC-064
Writing by@komoewai

Sort:  

kowledge ရပါတယ်..bro..
thanks

ဟုတ်​ကဲ့ပါခင်​ဗျာ။

thank for sharing

မွန်​မြတ်​ခြင်းပါ

ဟုတ်​ကဲ့ပါ

မှတ်သားရပါတယ်ဗျာ

ဟုတ်​ကဲ့ပါ

thank for sharing bro

အာ့း​ပေးတာ​ကျေးဇူးပါ။

ဗဟုသုတ အများကြီး ရပါတယ်​ ​ကျေးဇူးပါဗျ

အား​ပေးဖတ်​ရှု​ပေးတာ​ကျေးဇူးပါခင်​ဗျာ။

ဗဟုသုတ အများကြီး ရပါတယ်​ဗျ

ခုလိုဖတ်​ရှုအား​ပေးတာ​ကျေးဇူးပါ။

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

Thank for shairing

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63315.26
ETH 2668.31
USDT 1.00
SBD 2.79