Myanmar Religion knowledge

in #myanmar7 years ago (edited)

FB_IMG_1507365590481.jpg
MSC-064
အံ့ဖွယ်​လက္ခဏာ(၃၂)ဖြာအပိုင်း(၁)
ဗုဒ္ဓမြတ်​စွာဘုရားရှင်​၏ထူးခြားဆန်းကျယ်​အလွန်​အံ့သြဖွယ်​​ကောင်း​သောမဟာပုရိသလက္ခဏာ​တော်​ကြီး(၃၂)ပါးအားဗုဒ္ဓဘာသာဝင်​တိုင်း​ကြားဖူးကြပါသည်​။ဆရာသမားအဘိုးအဘွားမိဘများ​ပြောပြ၍​သော်​လည်း​ကောင်း၊ဘာသာ​ရေးစာအုပ်​များဖတ်​ရှုလေ့လာရာမှ၎င်း၊ကြားနာမှတ်​သားဖူးကြ​မည်​ဖြစ်​​သော်​လည်း၊မဟာပုရိသလက္ခဏာ​တော်​(၃၂)ပားကို​သေချာ​မေးကြည့်​လျှင်​၊​အဓိပ္ပါယ်​များကို​သေချာ​အောင်​လူ​တော်​များမ​ပြောနိုင်​ကြသည်​ကို​တွေ့ရပါတယ်​။
ယခု​နှောင်း​ခေတ်​လူငယ်​များသိရှိနိုင်​ရန်​အတွက်​ဆရာ​တော်​ကြီးများ​ရေးသားခဲ့​သောစာအုပ်​များကိုမှီးငြမ်းကာ၊​ရေးသားတင်​ပြ​ပေးလိုက်​ပါသည်​ခင်​ဗျာ။
မဟာပုရိသလဏ္ခဏာ(၃၂)သည်​သာမန်​လူသားများတွင်​မည်​သူမှာမှမပါရှိနိုင်​ပဲ၊သဗ္ဗညုတမြတ်​စွာစွာဘုရားရှင်​များမှာသာပါရှိပါတယ်​။လေးသ​င်္ချေနှင့်​ကမ္ဘာ၁သိန်းပါရမီ​တော်​များဖြည့်​ဆည်းကျင့်​ကြံခဲ့​သော​ကြောင့်​၊​နောက်​ဆုံးဘုရားဖြစ်​မည့်​ဘဝတွင်​မဟာပုရိသလက္ခဏာ​တော်​များထင်​ရှားစွာဖြစ်​​ပေါ်၍လာခဲ့ခြင်းဖြစ်​၏။မြတ်​စွာဘုရားရှင်​၏(၃၂)ပါး​သောမဟာပုရိသလက္ခဏာ​တော်​အားဗုဒ္ဓဘာသာဝင်​များထဲမ၊ှပထမဦးဂါထာဖွဲ့ရွတ်​ပူ​ဇော်​ကြည်​ညို​သောပုဂ္ဂိုလ်​မှာဆရာ​တော်​အရှင်​သူမြတ်​ဗုဒ္ဓ​ဃောသပင်​ဖြစ်​ပါသည်​။မြတ်​စွာဘုရားရှင်​၏သာသ​နာ​တော်​သမိုင်းတွင်​ဗုဒ်​(၃)ပုဒ်​ဟူ၍ပညာရှိရဟန်း၊ရှင်​လူများကတင်​စား​ခေါ်​ပြောကြ​သောစကား​လေးတစ်​ခွန်းရှိ၏။
ထိုဗုဒ်​(၃)ဗုဒ်​မှာ-(၁)ဗုဒ္ဓမြတ်​စွာဘုရား၊(၂)အရှင်​မဟာဗုဒ္ဓ​ဃောသ၊(၃)ဆရာ​တော်​ဥူးဗုဒ်​တို့ဖြစ်​ပါသည်​။မြတ်​စွာဘုရားရှင်​၏မဟာပုရိသလက္ခဏာ​တော်​(၃၂)ပါး​ရေးသားကြည်​ညိုပူ​ဇော်​​သောဆရာ်​​တော်​မှာ
ထိုဗုဒ်​(၃)ဗုဒ်​တွင်​ပါဝင်​​သောဒုတိယ​မြောက်​အရှင်​မဟာဗုဒ္ဓ​ဃောသပင်​ဖြစ်​ပါတယ်​။FB_IMG_1507365595447.jpg
ထိုဂါထာများရွတ်​ဖတ်​ပူ​ဇော်​​ရေးဖွဲ့ဖြစ်​ပုံမှာလည်းထူးခြားဆန်းကြယ်​၍၊အံသြဖွယ်​​ကောင်းလှပါသည်​။ဆရာ​တော်​သည်​သီဟိုဋ္ဌ်​ကျွန်း(ယခုသီရိလင်္ကကာ)နိုင်​ငံသို့မြတ်​စွာဘုရားရှင်​၏စွယ်​​တော်​မြတ်​အားဖူး​မြော်​ရန်​သွား​ရောက်​ရာ၊သီဟိုဠ်​မှာဆရာ​တော်​များမှဖူး​မျှော်​ခွင့်​မ​ပေးကြပါ။ဗုဒ္ဓမြတ်​စွာဘုရားရှင်​၏စွယ်​​တော်​မြတ်​အားစွယ်​​တော်​တိုက်​နှင့်​ပူ​ဇော်​ကာ၊တံခါး(၃)ဆင့်​ခံ၍​သော့ခတ်​ထား၏။အရှင်​မဟာဗုဒ္ဓ​ဃောသဆရာ​တော်​အား၊သီဟိုဋ္ဌ်​ကျွန်းမှဆရာ​တော်​များက၊ကိုယ့်​အစွမ်းအစရှိလို့တံခါး(၃)ခုမှ​သော့များအား၊ဖွင့်​နိုင်​လျှင်​ဝင်​​ရောက်​ဖူး​မြော်​ပါဟုဆိုကြပါသည်​။ထိုအခါဆရာ​တော်​လည်းမြတ်​စွာဘုရားရှင်​၏စွယ်​​တော်​မြတ်​အားဖူး​မျှော်​ကြည်​ညိုချင်​လွန်းအားကြီးသဖြင့်​၊မြတ်​စွာဘုရားရှင်​၏ဂုဏ်​​တော်​အနန္တ၊​ကျေးဇူး​တော်​အနန္တအားအာရုံပြုလျက်​၊မိမိရဟန်းဘဝ​ဆောက်​တည်​လာ​သောသီလဂုဏ်​၊သမာဓိဂုဏ်​၊ပညာဂုဏ်​တို့ကိုဆင်​ခြင်​​အောက်​​မေ့ပြီးလျှင်​၊မြတ်​စွာဘုရားရှင်​၏မဟာပုရိသလက္ခဏာ​တော်​(၃၂)တို့အားကြည်​ညိုပူ​ဇော်​ထား​သော၊မဟာနမက္ကာရဘုရားရှိခိုးဂါထာ​တော်​ကြီးအား​၊ရေးသားပူ​ဇော်​၍ရွတ်​ဖတ်​ကြည်​ညိုပါ​တော့သည်​။FB_IMG_1507365582466.jpg
မဟာနမက္ကာရဘုရားရှိခိုးဂါ​ထာ​တော်​ကြီးတွင်​မြတ်​စွာဘုရားရှင်​တို့၏(၃၂)ပါး​သောလက္ခဏာ​တော်​ကြီးအား​၊လစ်​ဟာမှုမရှိပဲအနုစိတ်​​ရေးဖွဲ့ကာပူ​ဇော်​ကြည်​ညိုခဲ့သဖြင့်​၊ယ​နေ့ထိတိုင်​သာသနာ​တော်​သမိုင်းတွင်​ထင်​ရှား​ကျော်​ကြား​သောဘုရားရှိခိုးဂါထာ​တော်​ကြီးဖြစ်​ပါသည်​။အရှင်​မဟာဗုဒ္ဓ​ဃောသအရှင်​သူမြတ်​သည်​ထိုမဟာနမက္ကာရဘုရားရှိခိုးဂါထာ​တော်​မြတ်​ကြီးအား​၊ရေးသားပူ​ဇော်​ကြည်​ညိုရာတွင်​(၃)ကြိမ်​တိုင်​၂​ရေးသားပူ​ဇော်​ရသည်​ဟုဆို၏။ထိုကဲ့သို့(၃)ကြိမ်​တိုင်​၂ေ​ရေးသားပူ​ဇော်​ရခြင်းအ​ကြောင်းမှာ၊ပထမနှင့်​ဒုတိယအကြိမ်​များတွင်​ဂါထာ​တော်​​ရေးသားပြီးဆုံးခါနီး​သောအချိန်​များ၌၊​ဆရာ​တော်​ဘုရား၏ပညာဂုဏ်​ကိုစမ်းလို၍၊မြတ်​စွာဘုရားရှင်​၏စွယ်​​တော်​တိုက်​ကို​စောင့်​​ရှောက်​​သောနတ်​များက​၊ရေးသားပီးစီး​သောဂါထာစာရက်​များအားဖွက်​ထားကြ​သော​ကြောင့်​ဖြစ်​သည်​။တတိယအကြိမ်​​မြောက်​မဟာနမက္ကာရဘုရားရှိခိုးဂါထာ​တော်​မြတ်​ကြီးအား​၊ရေးသားပြီးစီး​သောအခါမှမူလ​ရေးသားထား​သေားဂါထာစာရွက်​(၂)ခုအားဆရာ​တော်​အား၎င်းတို့ဖွက်​ထားမိ​ကြောင်း​၊​လျှောက်​ထား​တောင်းပန်​၍ဂါထာစာရွက်​(၃)​စောင်​အားစာလုံး​ပေါင်းသတ်​ပုံတူမတူ၊မှန်​မမှန်​တိုက်​ဆိုင်​စစ်​​ဆေးကြည့်​ရာ၊ဂါထာ​တော်​(၃)​စောင်​လုံးမှာပုဒ်​အက္ခရာတစ်​လုံးမကျန်​အပိုအလိုမရှိတူညီ​နေသည်​ကို၊အံသြဖွယ်​​တွေ့ရပါတယ်​။ဆရာ​တော်​အရှင်​မဟာဗုဒ္ဓ​ဃောသည်​မဟာပုရိသလက္ခဏာ​တော်​မြတ်​ကြီးအား​ရေးဖွဲပူ​ဇော်​ထား​သော၊မဟာနမက္ကာရဘုရားရှိခိုးဂါ​ထာ​တော်​ကြီးအားနူတ်​မှရွတ်​ဖတ်​ပူ​ဇော်​​သောအခါတွင်​၊(၁၁)​ဂာထာ​​မြောက်​အ​ရောက်​တွင်​စွယ်​​တော်​တိုက်​အားခတ်​ထား​သောတံခါး​သော့များသည်​သူ့အလိုလိုတ​ဖြောင်း၂မြည်​လျက်​ပွင့်​ထွက်​ကုန်​၏။သီဟိုဋ္ဌ်​ကျွန်းရှိမြတ်​စွာဘုရားရှင်​၏စွယ်​​တော်​တိုက်​အား​စောင့်​​ရှောက်​​နေကြ​သော​၊ဆရာ​တော်​များလဲအလွန်​အံသြမှင်​သက်​လျက်​၊မကြုံစဖူးထူးကဲ​ပေစွဟု၊ဆရာ​တော်​အရှင်​မဟာဗုဒ္ဓ​ဃောသ၏သီလ၊သမာဓိ၊ပညာဂုဏ်​တိုအား၊အထူးကြည်​ညို​လေးစားကြကုန်​၏ဟူ၍၊ဆရာ​တော်​များ​မိန့်​ကြား​သောစကားအားကြားနာမှတ်​သားမိဖူးပါသည်​(ဤကားစကားချပ်​ပါ။)​နောင်​တွင်​ဆက်​လက်​​၍မြတ်​စွာဘုရားရှင်​၏မဟာပုရိသလက္ခဏာ​တော်​မြတ်​ကြီး(၃၂)အားဆက်​လက်​​ရေးသား​တင်​ပြ​ပေးပါမည်​။Steemit myanmar Leaderများနှင့်​တကွsteemit familysအားလုံးကိုယ်​စိတ်​၂ပါး​ဘေးရန်​ကွာ၍၊ကျန်းမာချမ်းသာပါ​စေ​ကြောင်းဆုမွန်​​ကောင်း​တောင်း​ပေးလိုက်​ပါတယ်​ခင်​ဗျာ☺😍😍
Photo crdit-google
MSC-064
Writing by@komoewai

Sort:  

အား​ပေးတဲ့အတွက်​​ကျေးဇူးတင်​ပါတယ်​ခင်​ဗျာ။

အချို့အချက်​​တွေက ခုမှသိ

ဟုတ်​ကဲ့ပါခဗျ။

မှတ်သားရပါတယ်ဗျ

ဟုတ်​ကဲ့ပါ။

Good bro

သိခွင့်ရတဲ့အတွက်ကျေးဇူးပါဗျ

အား​ပေးဖတ်​ရှုတဲ့အတွက်​လဲ​ကျေးဇူးပါခင်​ဗျာ။

အရမ်း​ကောင်းတဲ့ post ​လေးပါ

အား​ပေးတာ​ကျေးဇူးပါ။

Mcs no ဘယ်​​လောက်​လဲဗျ

MSC-064ပါbro

Thank for shairing

အခုလိုရေးသားပြလို့ ကျေးဇူပါ

အား​ပေးတာ​ကျေးဇူးပါ။

Mcs no ထည့်ပေးပါ

ဟုတ်​ကဲ့ပါbro

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 64344.88
ETH 2629.39
USDT 1.00
SBD 2.83