myanmar religon knowledge

in #myanmar7 years ago

မတ်​စွာဘုရား​ဟောကြား၊​သေခြင်းမ​ကြောက်​အ​ကြောင်း(၆)ပါးအပိုင်း၂
Steemit myanmar မိသားစုအဖွဲ့ဝင်​အားလုံးမင်္ဂလာပါ။ယခင်​postမှအဆက်​ဖြစ်​​သောမြတ်​စွာဘုရား​ဟောကြား​တော်​မူခဲ့သည့်​​သေခြင်းမ​ကြောက်​အ​ကြောင်း​(၆)ပါးအ​ကြောင်းကိုယခုpostတွင်​ဆက်​လက်​​ရေးသားတင်​ပြ​ပေးမှာဖြစ်​ပါတယ်​ခင်​ဗျာ။သေခြင်းမ​ကြောက်​​အ​ကြောင်း(၆)ပါးမှာ၁။နူတ်​ကို​စောင့်​စည်းခြင်း၊၂။စိတ်​ကို​စောင့်​စည်းခြင်း၊၃။မ​ကောင်းမှုကိုမပြုခြင်း၊၄။ယုံကြည်​စိတ်​ရှိခြင်း၊၅။နူးညံ့သိမ်​​မွေ့ခြင်း၊၆။အ​ပြောအဆိုလိမ္မာခြင်းတို့ဖြစ်​ပါတယ်​။FB_IMG_1507365582466.jpg၁။နူတ်​ကို​စောင့်​စည်းခြင်း
လူတိုင်း​နေ့စဉ်​မိုးလင်းမှမိုးချုပ်​​နေဝင်​သည်​အထိတစ်​ဦးနှင့်​တစ်​ဦးစကားများစွာ​ပြောဆိုဆက်​ဆံကြပါသည်​။ထိုသို့​ပြောဆိုဆက်​ဆံရာတွင်​​ကောင်း​သောအကျိုးရှိ​သောစကားများကို​ပြောဆိုမိသည်​လည်းရှိသလို၊မ​ကောင်း​သောရုန့်​ရင်းကြမ်းတမ်းသည့်​စကားများကို​ပြောဆိုမိကြသည်​လည်းရှိပါသည်​။ထို​ကြောင့်​ပညာရှိများကချစ်​​အောင်​​ပြောတာလဲသည်​ပါးစပ်​´´ဖြစ်​သလိုမုန်း​အောင်​​ပြောတာလဲ၊သည်​ပါးစပ်​´´ဟူ၍တင်​စားခိုင်းနှိုင်းခဲ့ကြပါတယ်​။ပညာရှိသူ​တော်​​ကောင်းတို့သည်​အကျိုးရှိ၍​ကောင်းမွန်​​သောစကားများကိုသာချင့်​ချိန်​​ပြောဆိုကြပါသည်​။အကုသိုလ်​အပြစ်​ဖြစ်​​စေမည့်​စကားလုံးများအားအမြဲ​ရှောင်​ကျဉ်​သုံးစွဲကြ၏။ကြမ်းတမ်းရုန့်​ရင်း​သောဆဲဆိုခြင်းအသုံးအနှုန်းများအားလည်းအကုသိုလ်​အပြစ်​ဖြစ်​မည်​ကိုသိ၍ဘယ်​​သောအခါမှမသုံးစွဲ၊မ​ပြောဆိုကြပါ။လူမိုက်​များနှင့်အသိဥာဏ်​ပညာမဲ့သူတို့မှာမူကုသိုလ်​၊အကုသိုလ်​၏အကျိုးတရားကိုနားမလည်​ကြ၍​ဒေါသ၊​မောဟဖုံးလွှမ်းသည့်​အ​လျောက်​အကုသိုလ်​အကျိုးအပြစ်​ဖြစ်​​စေမည့်​စကားလုံးများအား​နေ့စဉ်​ထမင်းစား​ရေ​သောက်​ပမာ၊​ပြောဆိုသုံးစွဲကြပါသည်​။လူတ်​​ယောက်​အား​ကောင်း​အောင်​​ပြောတာလဲသည်နူတ်​ဖြစ်​သလို၊ဆိုး​အောင်​​ပြောတာလဲသည်​နူတ်​နှင့်​ပင်​ဖြစ်​၍၊မိမိ​ပြောလိုက်​​သောစကားသည်​သူတပါးအတွက်​ထိခိုက်​နစ်​နာလျှင်​အကုသိုလ်​ကံအပြစ်​ပင်​ဖြစ်​ပါသည်​။မိမိ​ပြောဆိုလိုက်​​သောစကားလုံး​ကြောင့်​သူတစ်​ပါးစိတ်​ချမ်းသာမှုရလျှင်​မူ​ကောင်း​သောကုသိုလ်​အကျိုးရမည်​ဖြစ်​၏။ဥပမာအားဖြင့်​မိမိကလူတစ်​​ယောက်​အားဆဲဆိုမိလျှင်​၊တဖက်​လူမှာု​ဒေါသစိတ်​ဖြစ်​၍မိမိမှာလဲအကုသိုလ်​အပြစ်​ဖြစ်​မည်​ကိုသိလျှင်​၊မိမိ၏နူတ်​ကို​စောင့်​ထိန်း၍ဆဲဆိုခြင်း၊မုသား​ပြောခြင်း၊ကုန်း​ချောစကား​ပြောဆိုခြင်းစသည့်​အကုသိုလ်​ဖြစ်​​စေမည့်​စကားလုံးများအားဘယ်​​သောအခါမှမသုံးစွဲ၊မ​ပြောဆိုပဲ၊မိမိတို့၏နူတ်​ကို​ကောင်းစွာ​စောင့်​ထိန်းနိုင်​လျှင်​၊နူတ်​​ကြောင့်​ဖြစ်​​သောအကုသိုလ်​တရားများကင်း၍၊​ကောင်း​သော၊အကျိုးရှိ​စေ​သောစကားများကိုသာ​ပြောဆိုသုံးနူန်းမိ​စေပါတယ်​။ထိုကဲ့သို့​ကောင်း​သော၊အကျိုးရှိ​သောစကားများကိုသာဘဝတစ်​သက်​တာလုံး​၊​ပြောဆိုသုံးနူန်းခဲ့ကြ​သောသူတို့မှာနူတ်​​ကြောင့်​ကုသိုလ်​တရားများသာရရှိ၍၊အကုသိုလ်​တရားများကင်းစင်​ကြသဖြင့်​​သေရမည်​ကိုမ​ကြောက်​ရွံ့ရပဲ​၊​အေးချမ်းတည်​ငြိမ်​စွာ​သေကြရသဖြင့်​၊မြတ်​စွာဘုရားရှင်​က``နူတ်​ကို​စောင့်​စည်းခြင်း´´သည်​​သေခြင်းမ​ကြောက်​အ​ကြောင်းတစ်​ပါးပင်​ဟူ၍​ဟောကြားဆုံးမခဲ့ပါသည်​။ကျန်​ရှိ​နေ​သေး​သောအ​ကြောင်းအရာများအား​နောက်​အပိုင်းများတွင်​ဆက်​လက်​​ရေးသားတင်​ပြ​ပေးပါမည်​။steemit myanmarမိသားစုအဖွဲ့ဝင်​အားလုံးကိုယ်​စိတ်​၂ပါး​ဘေးရန်​ကွာ၍ကျန်းမာချမ်းသာပါ​ကြောင်း၊ဆုမွန်​​ကောင်းတာင်း​ပေးလိုက်​ပါတယ်​ခင်​ဗျာ။
ကျမ်းကို-ဆရာ​တော်​ကြီးများ​ရေးသား​သောကျမ်းဂန်​စာ​ပေများမှထုတ်​နူတ်​တင်​ပြပါသည်​။
Photo-google
Writing by @komoewaiFB_IMG_1507365595447.jpg

Sort:  

You got a 22.22% upvote from @votebuster courtesy of @komoewai!

This post has received a 0.09 % upvote from @drotto thanks to: @komoewai.

This post has received a 3.05% upvote from @lovejuice thanks to @komoewai. They love you, so does Aggroed. Please be sure to vote for Witnesses at https://steemit.com/~witnesses.

This post has received a 3.04 % upvote from @kittybot thanks to: @komoewai.

This post has received a 1.97% upvote from thanks to: @komoewai.
For more information, click here!!!!
Send minimum 0.100 SBD to bid for votes.


Do you know, you can also earn daily passive income simply by delegating your Steem Power to @minnowhelper by clicking following links: 10SP, 100SP, 500SP, 1000SP or Another amount. (10 SP minimum)

thardu thardu thardu.

အား​ပေးဖတ်​ရှုတာ​ကျေးဇူးပါခင်​ဗျာ

သာဓု

ခုလိုအား​ပေးတာ​ကျေး၂ပါ။

Sneaky Ninja Attack! You have been defended with a 1.18% vote... I was summoned by @komoewai! I have done their bidding and now I will vanish...Whoosh

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.030
BTC 65637.68
ETH 2661.86
USDT 1.00
SBD 2.81