နည်းပညာဆိုင်ရာ startup လုပ်တော့မည်ဆိုလျှင် (1)
မြန်မာပြည်အတွက် တားဂက်ထားတဲ့ လုပ်ငန်းဖြစ်ပြီး ငွေကြေး အရမ်း ပိုလျှံနေတဲ့ လုပ်ငန်း မဟုတ်လျှင် ငွေကုန်ခံပြီး website မရေးပါနှင့်။
facebook page တစ်ခုရှိလျှင်လုံလောက်ပါပြီ။ မြန်မာပြည်သူ အများစု သည် website ကိုဝင်ရောက်ရန် အလွန်ကြောက်သည်။ ထို့ကြောင့်မလိုအပ်ဘဲ ငွေကုန်မခံသင့်ပါ။ facebook Page ကို အချိန်တိုင်း reply ပြန်နိုင် message ပြန်နနိုင်ဖို့အလွန်အရေးကြီးပါသည်။ facebook ပိုစ်တွင် မည်မျှ စုံလင်အောင် အချက်အလက်ရေးပြထာသည်ဖြစ်စေ မန့်တွင်လည်းကောင်းမက်ဆေ့ခ်ျတွင်လည်းကောင်း ပိုစ်မှာရေးပြထားသည့် လိပ်စာ ဈေးနှန်ုး နှင့် အကြောင်းအရာများကို ထပ်မေးသည်ကိုစိတ်ရှည်သီးခံနိုင်အောင်ပြင်ဆင်ထား၇ပါမည်။ ဟ ပိုစ်မှာထည့်ရေးထားတယ် မဖတ်ဘူးလား ပြန်မမေးပါနဲ့ အဆဲခံရမည်ဖြစ်သည်။ ပိုစ်အောက်မှာ မန့်တစ်ခုကို ရီပလိုင်းပြန်ဖြေထားယုံနှင့် လုံလောက်ပြီမထင်မှတ်ပါနှင့် မေးပြီးသားမေးခွန်းတွေကိုပဲ အောက်ကမန့်တွေမှာ နောက်လူတွေက ထပ်မေးသည်ကို သီးခံနိုင်အောင်လည်း လေ့ကျင့်ထားဖို့လိုပါမည်။
အကယ်၍ မဖြစ်မနေ web တစ်ခု လိုအပ်သည်ဆိုလျှင် မိမိလိုအပ်သော
website သည် web application လိုအပ်သလား သာမန် အချက်အလက် publish လုပ်ချင်ယုံ websiteလား ဆိုတာကိုပြန်စမ်းစစ်ပါ။
web application မလိုအပ်ပါက အသင့်သုံးနိုင်သည့် wordpress လို ပလက်ဖောင်းဖြင့်ရေးသည့် ၀က်ဘ်ဆိုဒ်ကိုသာ ရွေးချယ်အသုံးပြုပါ။ အသစ်ရေးခြင်းအားဖြင့် bug များနိုင်ပြီး developer အပေါ်တွင် အစစ အမှီခိုအားထားနေရမည်ဖြစ်သောကြောင့် လုပ်ငန်းနောင့်နှေးခြင်းများကြုံနိုင်ပါသည်။
wordpress ကိုအသုံးပြုခြင်းကြောင့် အချိန်ကုန်မြန်ဆန်ခြင်း၊ အနည်းငယ်လေ့လာယုံဖြင့် ပိုင်ရှင်ကိုယ်တိုင်စီမံခန့်ခွဲနိုင်ခြင်း၊ လုပ်ငန်းအတော်များများအတွက် အသင့်သုံး plugin များ ရှိပြီးဖြစ်ခြင်း၊ stable ဖြစ်ပြီးနေသော နည်းပညာဖြစ်ခြင်းစညသည့်အကျိုးကျေးဇူးများစွာရှိပါသည်။
အကယ်၍ မဖြစ်မနေ web application တစ်ခု ရေးရတော့မည်ဟု ဆုံးဖြတ်ပြီဆိုလျှင် သိထားသင့်သောအချက်များရှိပါသည်။ web developer များ ပြီးဆုံးမည်ဟု ပြောသော အချိန်ထက် အနည်းဆုံး အချိန် ၂ဆ နီးနီး တွက်ထားပါ။ ၆လဆိုလျှင် အနည်းဆုံး ၁၀ လခန့် မှန်းထားပါ။ website တစ်ခုပြီးပြီဆိုသည်မှာ အလုပ်စတင် လုပ်ဆောင်နိုင်ပြီဆိုတာကိုသာ ဆိုလိုခြင်းဖြစ်ပြီး bug လုံးဝ မရှိ ပြီးပြည့်စု့ခြင်းဖြစ်သည်ဟု မယူဆရ။ website တစ်ခု၏ bug များသည် မည်သည့်အခါမှ ကုန်သည်မရှိ။ အမြဲတမ်း လိုတိုး ပိုလျော့ ပြင်ဆင်ဖြည့်စွက်နေရမည်ဖြစ်သည်ကို အမြဲသတိပြုပါ။
web app တစ်ခု မရေးသားခင် အလျှင်ဆုံး ကိုယ်သုံးမည့် လုပ်ငန်းနဲ့ အဆင်ပြေမည့် website themes ကို အရင်ဆုံးေ၇ွးချယ်ဝယ်ယူပါ။ back-end မရေးခင် themes ကြိုတင်ဝယ်ယူခြင်းဖြင့် ပိုမိုစနစ်ကျသော ပိုမိုလှပသော ပိုမိုပြည့်စုံသော ၀က်ဘ်ဆိုက်ကောင်းတစ်ခုကိုရရှိစေနိုင်ပါသည်။ ကျွန်တော်ကိုယ်တိုင် web developing နည်းပညာလေ့လာသင်ယူနေသူဖြစ်သည့် အပြင် မြန်မာပြည်မှ နည်းပညာရှင်များ၏ အနေအထားကို အထိုက်အလျောက်သိသူဖြစ်ပါသည်။ မြန်မာပြည်တွင် frond-end အပိုင်းကျွမ်းကျင်သူ အလွန်နည်းပါသည်။ ထို့ကြောင့် themes ၀ယ်ယူအသုံးပြုခြင်းသည် အချိန်ကုန်သက်သာခြင်း ငွေကုန်သက်သာခြင်း နိုင်ငံတကာစံချိန်မှီ အသွင်အပြင် ဆန်းသစ်မှုကို ရရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။
နောင်အလျှဉ်းသင့်လျှင် ထပ်မံရေးသားပါဦးမည်။
KYAW THU RA
www.khitmarket.com
MSU - 056
Photo credit - https://www.cio.com/article/2371368/risk-management/how-to-choose-the-right-tech-startup-partner.html
Thank for post
Welcome bro
Good knowledge
ဆင်ခြင်စရာပါပဲ
နင်သိလို့လား...
ငါ့ပြေားပြ:(
အဲ့တာတွေနဲ့ဝေးလို့....
ဘာမမပြေားတတ်တော့ဘူးbroရေ....။
နားလည်တဲ့သူတွေလေ့လာနေတဲ့သူတွေအတွက်တော့
အထောက်အပံဖြစ်စေမှာပါ။
ဟုတ်ဗျာ။ လူနည်းစုလေးတွေအတွက်ပဲ ရေးတာကို ဒီမှာလာတင်မိသွားတာ ဆောရီး
ရေးပါဗျ..။ သိချင်တဲ့သူတွေရှိမှာပါ။
အကျိုးရှိတာပဲ အားပေးပါတယ်
knowledge share လုပ်ပေးတာ ကျေးဇူးတင်ပါတယ်