အစာကွင်းဆက်ဆိုင်ရာ အတွေးတစ်ခု
အစားအသောက်တွေ စားတဲ့အခါ ကသိကအောက်ဖြစ်တဲ့စိတ် မျိုး မကြာခနဖြစ်တတ်တာ နှစ်နည်းနည်းကြာပြီ။ အသားမစားသူတွေရဲ့ အတွေးအခေါ်မျိုး။
ကြက်သားစားရင် ကြက်ကလေးတွေကို မြင်တာမျိုး။ ငါးစားရင် ငါးအရှင်တွေကိုမြင်နေတာမျိုး၊ အမဲသားစားရင် နွားတွေကိုမြင်တာမျိုး။ မကြာခန ဈေးလိုက်သွားတော့ ဈေးထဲက ဆိတ်ခေါင်းတွေဝက်ခေါင်းတွေ ချိတ်ထားတာမြင်တိုင်း အဲ့နေရာမှာ လူတွေကို အစားထိုးမြင်နေမိတာမျိုးတွေ ဖြစ်တယ်။
ဒီလိုစိတ်ဖြစ်လာတာကို ကောင်းတယ်လို့မြင်တဲ့သူတွေကတော့ ၇ှိမှာပဲ။ တစ်ခါတစ်လေ အသီးအရွက်တွေစားတဲ့အခါမှာပါ အပင်လေးတွေကို သက်၇ှိလို စိတ်ထဲမြင်ပြီး စားမ၀င်တာမျိုး အထိဖြစ်လာတာ။
ဒီစိတ်ကို ကျွန်တော်က တိုက်ဖျက်ပစ်တယ်။ ဒါဟာ သဘာဝ မကျတဲ့ ကိစ္စလို့မြင်တယ်။ လောက သဘာဝ ကိုက တစ်ခုရှင်သန်ဖို့ တစ်ခုကို ၀ါးမြိုသွပ်သွင်းရတာပဲ။ တကယ်က စားပစ်တယ်ဆိုတာကလည်း ပုံပြောင်းပစ်တာပဲ။
အရာတိုင်းက တစ်ခုခုကို အထဲသွင်းယူပြီး ကိုယ့်အဟာရအဖြစ်ပုံပြောင်းပစ်ရတယ်။ ဒီနေရာမှာ စားတာ၊ ၀ါးမြိုသွပ်သွင်းဆိုတာ မဟုတ်တဲ့ စကားလုံး သုံးချင်တာ ဝေါဟာရ ရှာမတွေ့ဘူးဖြစ်နေတယ်။ ဆိုလိုချင်တာက
amoeba (စာလုံးပေါင်းမှားနိုင်) အကောင်တွေက သူတို့အဟာရအတွက် မြိုတဲ့ သဘောကို ဆိုလိုချင်တာ။
အဲ့တော့ သဘာဝ ကိုက အစားကွင်းဆက်ကို အဲ့လိုချိတ်ဆက်ထားတာကို ကျွန်တော်တို့က သနားလို့ပါဆိုတဲ့ စိတ်ဝင်တာဟာ သဘာဝကိုဆန့်ကျင်တယ်လို့ ပြန်တွေးယူပြီး အဲ့ဒီ အစားပျက်မှုကို ပြန် စိတ်ဖြေယူရတယ်။
တကယ်လည်း အဆင့်ဆင့် မြိုနေကြတာပါပဲ။ စကြာဝဋာ ထဲမှာလည်း တချို့ နေတွေက အချို့ြ၈ိုဟ်တွေကို စုပ်ယူပစ်လိုက်တာပဲ။ blackhole တွေကလည်း စုပ်ယူမြိုချပစ်နေတာပဲ။ သူတို့ စုပ်ယူတာတွေကို ဘာအဖြစ်ပြောင်းပစ်လဲဆိုတာတော့လူသားတွေလက်လှမ်းမမှီသေးတာလည်းရှိသလို သိပြီးနေတာတွေလည်းရှိသပေါ့။ ကမ္ဘာကလည်း စကြာဝဋာထဲက လာတဲ့ မြင်ရ မမြင်ရ ဓါတ်တွေကိုစုပ်ယူနေတာပဲ။ သူ့ကမ္ဘာပေါ်က အခြားသောအရာတွေကိုလည်း သူပြန်လည်စုပ်ယူမြိုချနေတာပဲ။ ကမ္ဘာပေါ်က သတ္တ၀ါတွေ သစ်ပင်တွေ ကလည်း နေကလာတာတွေ မြေကအရာတွေ လေတွေ ကို စုပ်ယူမြိုနေကြတာပဲ။
ကျွန်တော့် အယူအဆ အရ တစ်ခုခုကို စုပ်ယူတယ် မြိုတယ် ဆိုရင်၊ အဲ့စုပ်ယူမြိုထားတာကို တစ်ခုခုအဖြစ် ပြန်ပြောင်းပေးနိုင်တယ် ဆိုရင် အားလုံးက အသက်၇ှိတယ်လို့ ယူဆလိုက်တယ်။ အဲ့တော့ လောကမှာ အသက်မဲ့တယ် ဆိုတာ မရှိသလောက် ဖြစ်သွားတယ်။ ( အတွေးသက်သက်ပါ) ဒါကြောင့် လူသားဟာ စားလို့ရတာအကုန်စားတာဟာ သဘာဝ တရားနဲ့ တသားထဲနေထိုင်ခြင်းလို့ပဲမြင်တယ်။ လူသားချင်း မှ အသာမစားဘဲ သနားစိတ်ထားတာနဲ့ သတ္တ၀ါတွေကိုမှ မစားဘဲ သနားတာနဲ့ ဆိုတာက ကိုယ်နဲ့ မျိုးတူတွေမို့ မစားတာဆိုတဲ့ အတ္တသက်သက်မှာ အတူတူပဲမြင်တယ်။ ဆိုလိုတာက လူသားချင်းတူလို့မစားတာ ၊ သတ္တ၀ါချင်းတူတူမို့မစားတာ ဆိုတာမျိုး ။ ဒါကြောင့် လိုအပ်သလောက် ကိုယ့်အဟာရ ရှိဖို့ အသက်၇ှင်ရပ်တည်ရေးအတွက် ကိုယ့် ကိုယ်ကို အဆိပ်အတောက်မဖြစ်စေတာအားလုံးကိုစားခြင်းဟာ သဘာဝ နဲ့ လက်တွေ့ကျကျနေထိုင်ခြင်းလို့ပဲ တွေးပြီး ကိုယ်စားတဲ့အသားမှန်သမျှ စားလိုက်တော့တယ်။
ဒါဆို ရှိတာအကုန်စားပါလား ဘာလို့ ဟိုဟာမစား ဒီဟာမစားရှောင်မလဲ ဆိုတာမျိုး ပြောလာနိုင်တယ်။ သဘာဝ စီးကြောင်း တွေက သူ့စီ်းကြောင်းအတိုင်းသူသွားနေတာသာဖြစ်တယ်။ အဲ့မှာ တစ်ချို့စည်းကြောင်းက တစ်ချို့စည်းကြောင်းထဲဝင်မိရင် အဆိပ်ဖြစ်တာ။ ပေါင်းစည်းလို့မရတာမျိုးတွေလည်း ရှိတယ်။ အဲ့တော့ တစ်ခုခုကို ကိုယ့်ထဲ ၀ါးမြိုသွပ်သွင်းတာက သဘာဝ ဖြစ်သလို ကိုယ့် ကိုယ်ထဲသွတ်သွင်းတာက ကိုယ်ချေဖျက်နိုင်တဲ့အရာ ကိုယ့်အတွက် အဆိပ်မဖြစ်မှာတွေကို ရွေးချယ်ပြီး သွပ်သွင်း ရမယ်ဆိုတာကလည်း သဘာဝ အရ နေထိုင်ခြင်းသာဖြစ်တယ်။
တစ်ခါတစ်လေ အများအမြင်အရ ကောင်းတယ် လို့ဆိုတဲ့ အတွေးတွေ ၀င်လာတတ်တာတွေက လက်တွေ့ မကျတာမျိုးတွေ၊ မဖြစ်နိုင်တာမျိုးတွေ ၊ သဘာဝ မကျတာမျိုးတွေလည်း ရှိတတ်တယ်။
မြင်နိုင်တဲ့ အမြင် ကြည့်တဲ့အကြည့်တွေ အပေါ်မူတည်ပြီး အဲ့တာတွေကလည်း မတူညီတဲ့ အမြင်တွေ ရှိနေမှာပါ။ မတူညီတဲ့အမြင်တွေကိုလည်း မှားတယ် လို့မယူဆ မသတ်မှတ်လို။ ကိုယ့်အမြင် ကိုယ့်အတွေးကို ရေးချခြင်းသက်သက်သာ။ အယူအဆတိုင်းကတော့ အတွေးတွေ သက်သက်သာပါ။
Kyaw Thu Ra
MSU - 056
Photo credit-https://www.123rf.com/photo_42929797_stock-vector-food-chain-biological-circle-of-nature-illustration.html
ဖက်လို့အရမ်းကောင်းတယ်bro
လက်တွေ့ ကျတယ် bro တွေးထားတာ
ဘာလုပ်လုပ် အစွန်းမရောက်ပြီးတာပဲ လေ နော့
ဗဟုသုတရပါတယ် ကျေးဇူးပါဗျ
အယူအဆကိုယ်စီပါ..လက်ခံနိုင်ပါတယ်..သိပ်ကောင်းပါတယ်
ရေးတဲ့သူရော မ့တဲ့သူရော ကျေးဇူးပါ ဗဟုသုတ ရပါတယ်