ကျနော့်ဘဝ အတွေ့အကြုံများ (အပိုင်း ၆)

in #myanmar6 years ago

image
ဘန်ကောက် အချုပ်ထောင်ထဲမှာ တစ်နေ့ တစ်နေ့ အိပ်လိုက်စားလိုက်နဲ့ လူလည်း ဂုတ်သားတွေတောင် တက်လာပြီ။ အချုပ်ထောင်ထဲမှာ ဆိုပေမယ့် ဘာသောက်လုပ်မှလည်း လုပ်စရာမလိုဘူး... အချုပ်ထောင်ထဲမှာ မနက်တစ်ကြိမ် နေ့လည်တစ်ကြိမ် ညနေတစ်ကြိမ် ထမင်းသုံးနပ် အေးဆေးစားရတယ်။ကျွေးတဲ့ထမင်း/ဟင်းတွေကလည်း ပုံစံခွက်နဲ့ ကိုယ့်စကေးနဲ့ကိုယ် စားရတယ်ဆိုပေမယ့် တစ်နေ့ထမင်းသုံးနပ်မှာ ဟင်းတွေကတော့ လုံးဝမရိုးသွားဘူး မနက်ကို အသီး/ရွက်ကြော် တစ်ခွက်နဲ့ ကြက်ဥပြုတ်တစ်လုံး ၊ နေ့လည်ဆိုရင် အသားဟင်းတစ်ခွက်နဲ့ ကြက်ဥပြုတ်တစ်လုံး ၊ ညနေဆိုလည်း ငါး(သို့)အသားဟင်း တစ်ခွက်နဲ့ ကြက်ဥပြုတ်တစ်လုံးဆိုပြီးတော့ ကျွေးတာပါ။ အယ် ရိုးတယ်ဆိုလို့ ထမင်းကျွေးတဲ့အခါ ကြက်ဥပြုတ်တစ်လုံးက မပါမဖြစ် အမြဲတမ်းပါနေတော့ ကြက်ဥပြုတ်ကိုတော့ တော်တော်မုန်းလာတယ်။ အဲ့တော့ ဘန်ကောက် အချုပ်ထောင်ထဲမှာက ထမင်းစားပြီးတဲ့အခါ အိပ်ချင်ရင်အိပ် မအိပ်ချင်ရင်လည်း တီဗွီကြည့်၊ အချုပ်ခန်းတစ်ခန်းကို တီဗွီတွေ ပတ်ပတ်လည် လေးလုံးလောက် ထားပေးထားပါတယ်။ တီဗွီကြည့်ရင်းနဲ့ မုန့်ပဲသရေစာ စားအုံးမလား အချိုရည်သောက်အုံးမလား ဆေးလိပ်သောက်အုံးမလား လက်ထဲသာ ပိုက်ဆံရှိရင် အချုပ်ခန်းထဲမှာတင် ဝယ်လို့ရသေးတယ်။ မသိရင် အချုပ်ကျနေတာလား အပန်းလာဖြေနေတာလား ထင်မှားလောက်တယ်D:

ကျနော် ဘန်ကောက် အချုပ်ထောင်ထဲမှာ ရောက်ခဲ့တုန်းက အမှတ်တရ ကြုံခဲ့ဖူးတာတွေကတော့ အများကြီးပဲဗျ။ အဲ့ထဲကမှ မှတ်မှတ်ရရပေါ့..

နေ့လည် ထမင်းစားချိန်

"ကဲ အခုတစ်ခေါက် ထမင်း/ဟင်း အိုးခွက် ပန်ကန်တွေ ဝိုင်းကူသယ်မယ့်သူ ဘယ်သူရှိလည်း ရှိရင် ၅ယောက်ထွက်လာခဲ့"

အချုပ်ထောင်ထဲမှာ တန်းစီးဖြစ်သူ(မြန်မာလူမျိုး)က လှမ်းအော်ခေါ်တော့ ကျနော် ထိပ်ဆုံးကနေ ထွက်သွားလိုက်တယ်။ ဒီလိုဗျ အဲ့လို ထမင်းစားချိန်မှာ ဝိုင်းသယ် ဝိုင်းကူလုပ်ပေးတဲ့သူက ထမင်းအဝစားပဲ ဘာလို့ဆိုရင် အချုပ်ထောင်ထဲမှာက ထမင်းကျွေးရင် တစ်ပန်ကန်ထပ် ပိုမကျွေးဘူးလေ ဟင်းကောင်းတဲ့ နေ့တွေဆိုရင် တစ်ပန်ကန်တည်း စားရတာ ဘယ်တင်းတိမ်ပါ့မလဲ ဟုတ်ဘူးလားD:

အဲ့ဒီ့နေ့က နေ့လည်စာကို ဝက်သားဟင်းနဲ့ကျွေးတာဆိုတော့ ထမင်းတစ်ပန်ကန်ထပ် ပိုစားချင်လို့ ဝိုင်းကူ/သယ် လုပ်ပေးဖို့ တန်းစီးခေါ်တာ ၅ယောက်ထဲ ထွက်လာတဲ့လူက ဆယ်ယောက်လောက်ရှိတယ် အဲ့အထဲမှာ မြန်မာလူမျိုးအပါဝင် လာအို နဲ့ ကမ္ဘောဒီယား လူမျိုးတွေလည်းပါတယ်။ ဒါနဲ့ တန်းစီဖြစ်သူက
"ငါခေါ်တာ ၅ယောက်ထဲ ဘယ်လိုဖြစ်လို့ ဒီလောက် လူအများကြီးထွက်လာတာလဲ" ဆိုပြီးတော့ ပြောတာပေါ့ဗျာ အဲ့ဒါနဲ့..

"အခုထွက်လာတဲ့ လူတွေထဲက မြန်မာလူမျိုးဆိုရင် အရှေ့ထွက်ခဲ့"ဆိုပြီး ပြောပြန်တယ်။(သြော် ပြောဖို့မေ့နေသေးတယ် တန်းစီးက မြန်မာလူမျိုးဆိုပေမယ့် အဲ့ဒီလိုမျိုး လူမျိုးပေါင်းစုံနဲ့ဆိုရင် စကားပြောတဲ့အခါမှာ ထိုင်းစကားပဲ ပြောတာပါ)

ထွက်လာတဲ့လူ ဆယ်ယောက်ထဲကမှ တန်းစီးကနေပြီး မြန်မာဆိုရင် ရှေ့ထွက်ခိုင်းလို့ ထွက်သွားတာ ကျနော်အပါဝင် ကွက်တိ ငါးယောက်ပဲဗျ။
"ကဲ ဒီမှာ လူငါးယောက်ပြည့်ပြီ ကျန်တဲ့သူတွေ ကိုယ့်နေရာကိုယ်ပြန်နေကြ" ဆိုပြီး တန်းစီးကပြောတော့ ကျနော်လည်းအံ့သြသွားတယ်။

"ဟာ သူတို့ကြတော့ ဘာလို့မခေါ်တာလည်း သူတို့လည်း ထမင်းပိုစားချင်လို့ ထွက်လာတဲ့ဟာကိုဗျာ" ဆိုပြီး ကျနော်လည်း တန်းစီးကို ပြောတာပေါ့...

"အဲ့ဒါဘာဖြစ်လည်း သူတို့က မြန်မာလူမျိုး မဟုတ်ဘူး တစ်ခြား နိုင်ငံသားတွေ ခေါ်ချင်းခေါ် ငါ့လူမျိုး ငါခေါ်မှာပေါ့ကွ" ဆိုပြီး တန်းစီးက ပြန်ပြောတော့ ကျနော်အတော်လေး စိတ်ပျက်မိသွားတယ် ပြန်လှည့်သွားတဲ့ လာအို ၊ ကမ္ဘောဒီယားလူမျိုးတွေကို ကျနော့်ကြည့်လိုက်တော့ သူတို့မျက်နှာတွေ အတော်လေးကို မကောင်းရှာဘူး မျက်နှာမကောင်းဘူးဆိုတာထက် သူတို့စိတ်ထဲမှာ အတော်လေးကို အခဲမကျေ ဖြစ်သွားရှာမယ်ဆိုတာ ကျနော်တွေးမိလိုက်တယ်။

ဒီလိုပုံစံတိုင်းဆိုရင် မြန်မာတွေ သိက္ခာကျတယ် တိုင်းတစ်ပါးသားက မြန်မာလူမျိုးတွေအပေါ် တစ်မျိုးထင်သွားမယ်။ ကျနော်တွေးပြီးတော့ တန်းစီးကို ကျနော် ပြန်ပြောလိုက်တယ်

"ဟာဗျာ အဲ့လိုကြီးတော့ မလုပ်ပါနဲ့ မကောင်းပါဘူး အခုခေါ်တာ ငါးယောက်ဆိုရင် မြန်မာလူမျိုးမို့ ဦးစားပေးချင်တယ် ဆိုရင်လည်း ငါးယောက်ထဲမှာ သုံးယောက်ကို မြန်မာလူမျိုးခေါ်ပြီးတော့ ကျန်တဲ့နှစ်ယောက်ကို တစ်ခြားနိုင်ငံသားကို ထည့်လိုက်ပါဗျာ မဟုတ်ရင် သူတို့စိတ်ထဲမှာ မြန်မာလူမျိုးတွေ လူပါးဝတယ် ထင်နေပါအုံးမယ်" ဆိုပြီး ကျနော်ပြောလိုက်တော့ တန်းစီးဖြစ်သူမှာ ကျနော့်ကို သေချာစေ့စပ်ကြည့်ပြီးတော့...

"ကဲ ဒါဆိုလည်း အခုငါးယောက်ထဲက နှစ်ယောက်ပြန်ထွက်ကွာ" ဆိုပြီး တန်းစီးပြောတော့ ကျနော်အရင် ပြန်ထွက်ပေးလိုက်တယ် မရှေးမနှောင်းဆိုသလိုပဲ

"ညီလေး မင်းပြောတာ မှန်တယ် ဒီအချုပ်ထဲမှာ ငါတို့မြန်မာလူမျိုးတွေချည်း မဟုတ်ဘူး တစ်ခြားနိုင်ငံသားတွေကောဆိုတော့ အားလုံး မျှမျှတတပေါ့ကွာ တန်းစီးက မြန်မာမို့လို့ မြန်မာလူမျိုးကို ဦးစားပေးခေါ်တာ ငါတို့ တစ်ဘို့တည်း ကြည့်ရင် တိုင်းတစ်ပါသားတွေ အလည်မှာ မြန်မာတွေ အရှက်ရမယ် ပြီးတော့ ထမင်းငတ်တာမှ မဟုတ်တာ ဒီတော့ အစ်ကိုလည်း ညီနဲ့အတူ ထွက်ပေးလိုက်မယ်ကွာ" ဆိုပြီးတော့ ကျနော့်လို ဘဝတူ အချုပ်သား မြန်မာလူမျိုး တစ်ဦးရဲ့ စကားကြောင့် ကျနော့်ရင်ထဲ အတော်လေး ပီတိဖြစ်မိသွားတယ်။

တန်းစီးဖြစ်သူလည်း ကျနော်တို့ နှစ်ယောက်ထွက်ပေးလိုက်တော့ ခုနက လှည့်ပြန်သွားတဲ့ လူတွေထဲက နှစ်ယောက်ပြန်ခေါ်ထည့်လိုက်တာ သူတို့မျက်နှာတွေမှာ ခုနက မကောင်းတာ အခုတော့ အပြုံးပန်းတွေနဲ့ ကျေနပ်သွားလို့ဖြစ်မည်။

ဆက်လက်ရေးသားသွားပါမည်။

image
ကျေးဇူးတင်ထိုက်သူများနှင့် တစ်ကွ steemit myanmar အဖွဲ့သားများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

MSC 160
Author: @kolinn

Sort:  

ကျွန်တော်လည်းကျောင်းအပ်ရင်တန်းမစီချင်လို့
စာရေးမကိုလာဘ်ထိုးပြီးစာရွက်စာတမ်းတွေ
ပေးခဲ့တာပဲ
အကျင့်ကပါပါလာတယ်

😁😁😁😁

မျိုးချစ်စိတ်ကြောင့် ကိုယ့်လူမျိုး ဦးစားပေးတာလည်း ကောင်းပါတယ်။
လူသားချင်းစာနာစိတ်နှင့် အမျိုးဂုဏ်အတွက် ကြည့်ပေးတတ်စိတ်လည်း
ကောင်းပါတယ်။

ဟုတ်ကဲ့ပါခင်ဗျာ

ခွဲခြားခွဲခြားက ပြည်တွင်းမှာသာမက ပြည်ပမှာလည်း ရှိတာပါပဲဗျာ....

ဟုတ်တယ်ဗျာ

ဆက်အားပေးဖို့အရင်ပိုင်းပြန်ဖက်ရမယ်အကိုရေ😁

ဖက်ရသေးဘူးလား

အစောပိုင်းလွတ်ဝါးတာစာမေးပွဲရှိနေတော့ခုပြန်ဖက်နေတာ😁😁

အရမ်းကောင်းပါတယ်ဗျာ အကိုလို မျှတမှုကို
ရှာပေးတက်တဲ့ လူမျိုးများများရှိရင်ကောင်းတယ်ဗျာ
ဒါနဲ့  စကားမဆက် ဒါဆို အဲဒီနေ့ က ကိုလင်း ထမင်း ဝက်သားနဲ့ 
စားတာ ဝရဲ့လား ဟီးးးး

နှစ်ဖက်စလုံးမှန်ပါတယ် ... ပြီးတော့ ချိန်ခွင်လျှာလည်း ညီသွားပါတယ် ... တန်းစီးဘက်က အမှန်က အလေးမသာတော့ဘူးပေါ့

အင်း
တန်းစီးရဲ့စိတ်ထားလည်းမဆိုးဘူးဗျနော်
ကိုယ့်လူတွေကို ကောင်းစားစေချင်တဲ့စိတ်ဓာတ်ရှိတာ လေးစားစရာပါ။

ဟုတ်တယ် ဒါပေမယ့် တစ်ဖက်စောင်းနင်းနိုင်သွားတယ်

တိုင်းတစ်ပါးမှာ ရောက်မှသိရတာ မြန်မာလူမျိုးတွေရဲ့ 80%လောက်က တန်းစီးလို စိတ်ဓာတ်ရှိကြတယ်ဗျ မျိုးချစ်စိတ်ဓာတ်လိုပဲ ပြောရမလား ကိုယ့်ဖက်ကိုယ်ယှက်တဲ့သူလိုပဲ ပြောရမလားပဲ.....?

ကောင်းလိုက်တဲ့ စိတ်ဓာတ်ဗျာ တကယ်လေးစားပါတယ်...
တိုင်းတပါးရောက်မြန်မာတွေက မျိုးချစ်စိတ်ရှိပေမဲ့
မြန်မာနိုင်ငံမှာနေတဲ့ တစ်ချို့ တစ်ချို့ တွေက ကိုယ့်ဘို့ကိုယ်ပဲ
ကြည့်ကြတယ်ဗျာ

တစ်ကယ်ကျတော့ မြန်မာတွေက အရေးကြီးရင် သွေးနီးပါတယ်

ကောင်းမွန်တဲ့လုပ်ဆောင်ချက်ပါပဲကိုလင်းရေ
ဘယ်အရာမဆို မျှတစွာလုပ်ဆောင်ကြမယ်ဆိုရင် အားလုံးပျော်ရွှင်ကြရမှာပေါ့ဗျာနော့

မှန်တာပေါ့ကိုဇော်..

တစ်ခြားသူအတွက်စဉ်းစားပေးတဲ့စိတ်လေးကို လေးစားပါတယ်ဗျာ

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ

ဘောစိကတော့ ရေးလို့မကုန်နိုင်အောင် ဘဝကခမ်းနားနေလေတော.😁😁😁

😁😁😁😁

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 59698.94
ETH 2303.28
USDT 1.00
SBD 2.51