စစ်​မှန်​​သော နှလုံးလှ ပိုင်​ရှင်​များ

in #myanmar6 years ago (edited)

DQmXfFrmMTp2szpgJoha6aTSZ9P9wxZV9bhp5pK6paLt7Jg.jpg
Myanmar Steemit မှ သူငယ်​ချင်းများအားလုံး မင်္ဂလာအ​ပေါင်းနဲ့ ပြည့်​စုံကြပါ​စေခင်​​ဗျာ...

ကျ​နော်​တို့် မြန်​မာနိုင်​ငံသူ/သား တိုင်းရင်းသား ညီအစ်ကိုေ​​​မာင်နှများ အားလုံး​ဟာ မရှိလို့မလှူ မလှူလို့မရှိဆိုတာကို လက်​ဆုပ်​လက်​ကိုင်​ထားကြပြီး​ သာ​ရေး နာ​ရေး ဘယ်​အ​ရေးဖြစ်​ဖြစ်​ အလှူအတန်းရက်​​ရောပြီး​တ့ာ ​စေတနာသဒ္ဒါတရားထက်​သန်​စွာဖြင့် အလွန်​မွန်မြတ်​​​​ကြပါတယ်​၊ ဘယ်​​နေရာ ဘယ်​​ဒေသ ဘယ်​လူမျိုး ဘယ်​ဘာသာမို့လို့ အဆင့်​အတန်းမခွဲခြားတာကိုလည်း ကျ​နော့်​အ​နေနဲ့ မျက်​ဝါးထင်​ထင်​မြင်​​တွေ့ခဲ့ရပါတယ်​...

လွန်​ခဲ့တဲ့ရက်​ပိုင်း​လောက်​က ကျ​နော့်​အ​ဖေနဲ့ ပက်​သက်​ပြီး​တော့ "စိတ်​ညစ်​ရတဲ့ ​နေ့တစ်​​နေ့ (To day)" ​ဆောင်းပါးတစ်​ပုဒ်​အား ​ရေးသားခဲ့ပါတယ်​​၊
ဤ​နေရာတွင်​ ဝင်​​ရောက်​ဖက်​ကြည့်​နိုင်​ပါသည်

ထို​ဆောင်းပါး​ရေးသားပြီး ​နောက်​တစ်​​နေ့တွင်​​တော့ ကျ​နော့်​အ​ဖေ ​ဆေးကုသစရိတ်​အတွက် Myanmar Steemit မှ ညီအစ်​ကို​ မောင်​နှမများမှ သဒ္ဒါတရားထက်​သန်​စွာဖြင့် ဝိုင်းဝန်း၍ ​​​အလှူ​ငွေများ ထည့်​သွင်း​ပေးကြပါတယ်​၊
ဤ​နေရာတွင်​ ဝင်​​ရောက်​ဖက်​ကြည့်​နိုင်​ပါသည်

ထို​​ကြောင့်​ ကျ​နော်​တို့ Myanmar Steemit မှ ညီအစ်​ကို ​မောင်​နှမများ အားလုံးကို ကျ​နော့်​ရင်​ထဲက​နေပြီး​တော့...

စစ်မှန်​​သော ​​နှလုံးလှ ပိုင်​ရှင်​များ

ဆိုတဲ့ ​ခေါင်းစဉ်​​လေးနဲ့ ​ရေးသားဂုဏ်​ပြုအပ်​ပါသည်​ခင်​ဗျာ...

အခုဆိုရင်​ ကျ​နော့်​အ​ဖေ ​ခြေ​ထောက်​ရဲ့ အ​ခြေ​နေဟာ ဖြတ်​ရမယ့်​ ​ဘေးအန္တယ်​ရယ်​ က​နေပြီး လွတ်​ကင်းသွားပါပြီ၊ အချိန်​မှီ ​ဆေးရုံတက်​​ရောက်​၍ ကုသခြင်းဖြစ်​သလို ညီအကို ​မောင်​နှမများရဲ့ စစ်​မှန်​​သော ဆု​တောင်း​ပေးခြင်း​ နှင့်​ ​​ဆေးကုသရန်​ လိုအပ်​​သော​ငွေများအား တတ်​နိုင်​တဲ့ဘက်​က​နေ စစ်မှန်​​သော ​​သဒ္ဒါတရားဖြင့်​ ဝိုင်းဝန်းကူညီ လှူဒါ​န်း​ပေးခြင်း​တို့​ကြောင့်​ Myanmar Steemit မှ ညီအစ်​ကို ​မောင်​နှများ အားလုံးကို ကျ​နော့်​အ​နေနဲ့ ထပ်​မံ၍ ​ကျေးဇူးတင်​ရှိပါ​​ကြောင်း ​ပြောပါ​ရ​စေခင်​ဗျာ...

လက်​ရှိကျ​နော့်​အ​ဖေရဲ့ ​​ခြေ​ထောက်​က ဖြတ်​ရမည့်​အ​ခြေ​နေမှ လွတ်​ကင်းသွားပြီ ဖြစ်​​ပေမယ့်​၊ ​ဆေးရုံတွင်​ ​နောက်​ထပ်​ နှစ်​ပတ်​ မှ သုံးပတ်​အထိ ဆက်​​နေ၍ ကုသရမည်​ဖြစ်​​ကြောင်း သိခဲ့ရပါတယ်​၊ ​ဆရာဝန်​​တွေ ​ပြောပြချက်​အရ ​ခြေ​ထောက်​ရဲ့ အနာဟာ အရိုးအား ထိခိုက်​မှု့ မရှိ​​သဖြင့်​ ​ခြေ​ထောက်​အနာအား ​နေ့စဉ်​ပုံမှန်​ ​ဆေး​ကြောသန့်​​စင်​ပြီး​တော့ ​ခြေ​ထောက်​အနာတွင်း ဝင်​​ရောက်​​နေ​သော ပိုးများ​သေသွားမှ ထိုမှတစ်​ဆင့်​ အနာမှ အသားနုတက်​သည်​အထိ ​စောင့်​ပြီး​တော့ အသားနု တက်​သည်​နှင့့်​ ပေါင်​မှအသားအားယူ၍ အသားအစားထိုး ခွဲစိတ်​ကုသရမည်​ဖြစ်​​ကြောင်း သိရှိခဲ့ရပါတယ်​ခင်​ဗျာ...
received_183374102484522.jpeg

received_183374115817854.jpeg

received_183374112484521.jpeg
ကျ​နော့်​အ​ဖေရဲ့ ​ခြေ​ထောက်​အား ခွဲစိတ်​မကုသမှီအချိန်​တွင်း လက်​တစ်​​လော အ​ခြေ​နေတွင်​ ​တစ်​ရက်​တာ ​ဆေးကုစရိတ်​နှင့်​ ​​ဆေးရုံမှ ညွှန်ကြား​​သောေ​ဆးများကို အပြင်​မှာထွက်​ဝယ်​ရတဲ့ ​စရိတ်​စကများမှာ ၃သောင်းကျပ်​ မှ ၅သောင်းကျပ်​အထိ ကုန်​ကျ​နေ​ကြောင်း ​ကျ​နော့်​အ​ဖေအား ​ဆေးရုံတက်​​ရောက်​​နေစဉ်​ ​ဆေးရုံတွင်​ လူနာ​စောင့်​​ပေး​နေ​သော ကျ​နော့်​ရဲ့ ​ဒေါ်​လေးဖြစ်​သူမှ ​ပြောကြား၍ သိရှိခဲ့ရပါသည်​.။

သို့​သော်​ ဟိုတစ်​​တစ်​​နေ့က ကျ​နော့်​ပို့​ပေးထား​သော ​ငွေများနဲ့ MSC မှ ညီအစ်​ကို ​မောင်​နှမများ ဝိုင်းဝန်းကူညီ​ လှူဒါန်းထောက်​ပံ့​သော ​ငွေနှင့်​ဆိုရင်​ ခွဲစိတ်​မကုသမှီအချိန်​တွင်း ​ဆေးဖိုးဝါးခများအတွက်​ အ​တော်​​လေးကို အဆင်​​ပြေသွားပါတယ်​ခင်​ဗျာ... (ယခုလို ကျ​နော်​​ရေးသားခြင်းမှာ MSC မှ ညီအစ်​ကို ​မောင်​နှမများထံမှ ထပ်​မံပြီး​တော့ အလှူခံလို၍ မဟုတ်​ပါခင်​ဗျာ)

ကျ​နော့်​ရဲ့အ​ဖေ ​ခြေ​ထောက်​မှ အနာ အသားနုတက်​မှ ခွဲစိတ်​ကုသရမည်​ဆိုလျှင်​ ဒီကြားရက်​ထဲတွင်​ ကျ​နော့်​အတွက်​ ​ငွေရှာဖို့အတွက်​ အချိန်​အလုံအ​လောက်​ ရသွားခဲ့ပါပြီ၊ လကုန်​လျှင်​လည်း ကျ​နော့်​ရဲ့ လစာထုတ်​မည်​နဲ့ဆိုရင် အ​တော်​​လေးကို အဆင်​​ပြေပါပြီခင်​ဗျာ...

ကျေ​နာ့်အ​ဖေအတွက်ေ​နာက်​ထပ်​ ထပ်​မံ၍ ကျ​နော်​​ကျေး​ဇူးတင်​ရမည့်​ လူနှစ်​ဦးရှိပါ​သေးတယ်​၊ ထိုလူနှစ်​ဦးမှာ ကျ​နော်​တို့ရဲ့ MSC မှ အစ်​ကို @kachinhenry နဲ့ @thatkozaw ဖြစ်​ပါတယ်​ခင်​ဗျာ....

ကျ​နော့်​အ​ဖေအတွက်​ MSC မှ ညီအစ်​ကို ​မောင်​နှမများထံမှ အလှူ​ငွေများအား ​ကောက်​ခံ​ပေးခြင်းနှင့်​ ရရှိ​သော အလှူ​ငွေများအား ကျ​နော့်​အ​ဖေဆီ ​ငွေများအား တိုက်​ရိုက်​​ရောက်ရှိ​​အောင်​ (ကျ​နော်​က ဘန်​​ကောက်​မှာမို့ပါ) အစစအရာရာ စ/ဆုံး ကူညီ​ပေးခဲ့​သော အစ်​ကို@thatkozaw အား ကျ​နော့်​အ​နေနဲ့ ထပ်​မံ၍ ဒီ​နေရာက​နေ ​ကျေးဇူးတင်​ရှိပါ​ကြောင်း ​ပြောကြားပါရ​စေခင်​ဗျာ....

အစ်​ကို@kachinhenry က​တော့ ​ပြောစရာမလို​အောင်​ကိုပါ ညီအစ်​ကို ​မောင်​နှများ အားလုံးလည်း သိပြီးတဲ့အတိုင်းပါ၊ ကျ​နော်​တို့ MSC မှာ ဘယ်​အ​ရေးဖြစ်​ဖြစ် အစ်​ကိုဟင်​ မပါရင်​ မပြီးဆိုသလိုပါပဲ၊ ကျ​နော့့်အ​ဖေအတွက်​ အလှူ​ငွေဆိုရင်လည်း​ အများဆုံး ကူညီ​ထောက်​ပံ့​ပေးသူလည်းဖြစ်​ ​​နောက်ထပ်​​တစ်​ဖန်​ ညီအစ်​ကို​မောင်​နှမများ ဝိုင်းဝန်းကူညီ ​လှူဒါန်း​ပေး​သော အလှူ​ငွေများကိုလည်း ​ပေါက်​​ဈေးထက်​ကို ပို​ပေး၍ sbdများကို ပြန်​လည်​လက်​ခံဝယ်​ယူ​ပေးခြင်းဖြစ်​ပါတယ်​၊ ထို​ကြောင့်​ အစ်​ကို@kachinhenry အား ကျ​နော့်​အ​နေနဲ့ ​နောက်​ထပ်​ ထပ်​မံ၍ အထူးပင်​ ​ကျေးဇူးတင်​ရှိပါ​​ကြောင်း ဒီ​နေရာက​နေ ​ပြောကြားပါရ​စေခင်​ဗျာ...
DQmWMqbjBXvQ3NYbyTHTYwzdUS4Le1MgGoU1AxA9WbFaHvk_1680x8400.jpg
Myanmar Steemit မှ Admin များနဲ့တစ်​ကွ အဖွဲ့သား အားလုံးကို အထူးပင်​ ​ကျေးဇူးတင်​ရှိပါသည်​။

MSC 160
Author @kolinn

Sort:  

အခုလိုအမြန်သက်သာလာတာမြင်တော့ဝမ်းသာပါတယ်ကိုလင်းရေ

ဟုတ်​ကဲ့ ​ကျေးဇူးတင်​ပါတယ်​ခင်​ဗျာ

အနာက တော်တော်ကောင်းနေပါပြီ...ရဲနေတာဆိုတော့လေ...
အပေါ်မှာကပ်နေတဲ့ ပြည်စတွေကို ဆေးနဲ့စားပစ်အောင်လုပ်ဖို့က
၃.. ၄ ရက်လောက်ပဲကြာတော့မှာပါ...အမြန်ကျန်းမာပါစေ

ဟုတ်​ကဲ့ ကိုဟိန်း​ရေ.. ဆု​တောင်း​ပေးတာ ​ကျေးဇူးတင်​ပါတယ်​ခင်​ဗျာ...

ဖြတ်ပစ်စရာမလိုတော့တဲ့ သတင်းကြားရတာ မင်္ဂလာ သတင်းပါပဲဗျာ။ လူတစ်ယောက်ခြေတစ်ဖက် ဆုံးရှုံးရမဲ့ အရေးက ကိုယ်ချင်းစာပါတယ်။ အမြန်ဆုံးသက်သာ ပျောက်ကင်းပါစေဗျာ။

ဟုတ်​ကဲ့ ​ကျေးဇူးတင်​ပါတယ်​ ကို​ထွေး​ရေ...

အခုလိုကြားရတာ ဝမ်းသာပါတယ်ကိုလင်းရေ
ရောဂါဝေဒနာ အမြန်ဆုံးသက်သာပျောက်ကင်းပါစေ...
သားဖတွေလည်း ရန်မဖြစ်ပါစေနဲ့ဗျာ😁😁😁

ကို​ဇော်​က​တော့ လုပ်​ပြီဗျာ..😊
ဆု​တောင်း​ပေးတဲ့အတွက်​ ​ကျေးဇူးတင်​ပါတယ်​ ကို​ဇော်​​ရေ...

အမြန်သက်သာပျောက်ကင်းပါစေဗျာ

ကျေးဇူးတင်​ပါတယ်​ အယ်​ဒို​ရေ...

ကောင်းနေပြီဆိုတာသိရတာ ဝမ်းသာမိပါတယ် စိတ်
ဓာတ်တော့မကျပါနဲ့ အားတင်းထားပါ ကိုလင်း

ဟုတ်​ကဲ့ အခုလို အား​ပေးတဲ့အတွက်​ ​ကျေးဇူးအထူးတင်​ပါတယ်​ ကိုညီညီထွန်း​ရေ...

အဆင်ပြေသွာူတာဝမ်းသာပါတယ်ဗျာ

ဟုတ်​ကဲ့ ​ကျေးဇူးတင်​ပါတယ်​bro

စိတ်မကောင်းလိုက်တာဗျာ အမြန်ဆုံးသက်သာ ပျောက်ကင်းပါစေဗျာ

ဆု​တောင်း​ပေးတဲ့အတွက်​ အထူးပင်​ ​ကျေးဇူးတင်​ရှိပါတယ်​ညီ

ဝမ်းသာပါတယ်ဗျာ

ဟုတ်​ကဲ့ ကို​စော

အစဉ်ပြေင်္သွားလို့ထက်တူဝမ်းသာမိတယ် ကိုလင်း

ကျေးဇူးအထူးပင်​ တင်​ရှိပါတယ်​ခင်​ဗျာ

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.034
BTC 63206.40
ETH 3079.10
USDT 1.00
SBD 3.87