Life Experiences

in #myanmar7 years ago (edited)

ထိုင်းနိုင်ငံမှာ အနေကြာလာတဲ့အမျှ ထိုင်းနိုင်ငံကပေးတဲ့ ဘဝသင်ခန်းစာ အတွေ့ကြုံတွေလည်း တော်တော်မျာကိုလည်း ရလာခဲ့ပါပြီ
h93k0exqgy.jpg
ထိုင်းနိုင်ငံမှာ တစ်ကိုယ်ရည် တကာရသမား တစ်ယောက်အနေနဲ့ ဘဝကိုရင်ဆိုင် ရုန်းကန်းနေရတုန်းအချိန်က ကျနော့်အဖြစ်ကတော့.....

ပင်ပန်းမှု့ဒဏ်တွေကြောင့် တစ်ခါတစ်လေ နေထိုင်မကောင်းဖြစ်ရင် ဟိုဆေးလေးဝယ်သောက် ဒီဆေးလေးဝယ်သောက်ရင်း နဲ့ကိုယ့်ဝေဒနာကို ကိုယ့်ဖာသာကုသနေရတာတော့ အချိန်ကြာလာတာနဲ့အမျှ ဆရာဝန်တစ်ပိုင်းတောင်ဖြစ်နေပြီ😁

ယောင်္ကျားတန်မဲ့ ဈေးဝယ်ထွက်ပြီး ထ္မင်း/ဟင်းချက်ရတာ ပျင်းတာကြောင့်ရယ် အလုပ်တွေပဲကြိုးစားပြီး လုပ်နေတာကြောင့် ချွေတာရေးအနေနဲ့ ခေါက်ဆွဲခြောက်နဲ့ကြက်ဥချည်းပဲ နေစဉ်နီးပါးပြုတ်စားလာတာ ကြာတော့ ကိုယ့်ရုပ်ကိုယ်မှန်ထဲပြန်ကြည့်မိတယ် ကြက်ဥရုပ်ပောက်လာပြီ😁

ဒီကြားထဲ တရားမဝင်အလုပ်သမားတွေကို ထိုင်းရဲတွေက မကြာခဏဆိုသလို လိုက်လံဖမ်းစီးနေတာကြောင့် ပြေးရင်းလွှားနဲ့ ရှောင်တိမ်းနေရဖန်များလာတာကြောင့် ရှောင်လင်သိုင်းလည်း တတ်လာသည်😁

လုပ်ငန်းခွင်ထဲမှာဆိုရင်လည်း လုပ်ငန်းရှင်သူဌေးအပြင် ထိုင်းနိုင်ငံသားတစ်ချို့ရဲ့ဖိနှိပ်စော်ကားမှုဒဏ်တွေကို ခဏခဏ ခံရပါများလာတော့ သည်းခံခြင်း(ခန္တီ ပါရမီ)တရားလည်း ပြည့်ဝလာသည်😁

ဝိုင်လု/နက်ကလင်(မြန်မာလို လူဆိုးလူမိုက် လမ်းသရဲ)ပေါများလှတဲ့ ဘန်ကောက်မှာ ညဘက်ညတာ ဟိုနားဒီနားသွားရင်လည်း မကြာခဏဆိုသလို လူဆိုးသူခိုးတွေရဲ့ရိုက်လုတာခံနေရတာကြောင့် တော်တန်ယုံ လူဆိုးလူမိုက်လောက်ဆိုရင်လည်း မမှု့တော့/သောက်ဂရုလည်းမစိုက်တော့ပြီ😁

အလုပ်အားတဲ့ရက်တွေမှာဆိုရင်လည်း အပြင်တွေဘာတွေလိုက်သွားလို့ မကြာခဏဆိုသလို ငွေတောင်းစားတဲ့ ရဲတွေနဲ့ပက်ပင်းတိုးရဖန်များလာတော့ ရဲတွေနဲ့တောင် အဆင်ပြေပြေ နေတတ်လာသည်😁

image
တစ်ဆောင်းကုန် တစ်နွေကူး တစ်မိုးပြောင်းလို့ ရာသီတွေ အလီလီထပ်ပြီး နှစ်တွေကြာညောင်းခဲ့ပေမယ့် အလုပ်နဲ့အိမ် အိမ်နဲ့အလုပ် သံသရာလည်နေတာ ကြာတော့လည်း လက်ရှိလုပ်ကိုင်နေတဲ့ ဆောက်လုပ်ရေးအလုပ်ကို ညှီးငွေ့လာပာသည်

လူဆိုတာ ရေကြည်ရာ မြက်နုရာကို ရှာတတ်စမြဲပဲ မဟုတ်လား ဘဝတက်လမ်းအတွက် အထောက်အကူမဖြစ်တဲ့ အလုပ်တစ်ခုထဲမှာ အချိန်ကြာကြီးအထိ လုပ်ဖို့ဆိုတာက မဖြစ်နိုင်ဘူးလေ ဒါကြောင့် (မြန်မာတွေတင်စားခေါ်ဝေါ်ကြတဲ့ မြန်မာရွာ)မဟာချိုင်မြို့ကို အလုပ်သစ်လုပ်ရန် နှင့် အတွေ့အကြုံသစ် ရှာဖွေရန်အတွက် ဘန်ကောက်မြို့ကြီးကနေ ထွက်ခွာဖို့ အကြောင်းက ဖန်လာပါတော့တယ်

လက်ရှိလုပ်နေတဲ့ဆာက်လုပ်ရေးလုပ်ငန်းက ပြီးစီးတော့မှာဖြစ်သည့်အတွက် နောက်ထပ် အဆောက်ဦးအသစ်သို့ ပြောင်းရွေ့ရန် လုပ်ငန်းခွင် မန်နေဂျာမှာ ကျနော်တို့အား လာရောက်ပြီးပြောလေသည် ပြောင်းရမည့်နေရာမှာ ထိုင်းနိုင်ငံတောင်ပိုင်းဖြစ်သည် ကျနော်တို့မြန်မာအလုပ်သမားများ ဘယ်သူကမှ မသွားချင်သည့် နေရာဖြစ်ပါသည်
(လွန်ခဲ့တဲ့10နှစ် အဲဒီ့အချိန်တုန်းက ထိုင်းတောင်ပိုင်းတွင် တိုက်ပွဲတွေဖြစ်နေသည် အခုချိန်ထိလည်း ထိုင်းတောင်ပိုင်းမှာ မငြိမ်းချမ်းသေးပါ ဘာကြောင့်ဆိုတာ သိတဲ့လူတွေသိပါလိမ့်မည် မသိတဲ့သူများ သိချင်ပါက cbလာမေးနိုင်ပါသည်😁)

"တောင်ပိုင်းမှာ ပြောင်းရွေ့ပြီး အလုပ်သွားလုပ်ရမယ်ဆိုရင် မလုပ်ဘူး အလုပ်ထွက်မယ်ဟေ့"
ကျနော်နဲ့ အတူနေသော အခန်းဖော်မှ ဤကဲ့သို့ပြောလေသည်

"ဘာဖြစ်လို့လဲဟ တောင်ပိုင်းမှာက အဆင်မပြေလို့လား"

"ဟုတ်ဘူးဟေ့ အသက်ပိုမပါလို့ မသွားချင်တာဟ"

ကျနော်နဲ့အတူနေသော အခန်းဖော်မှာ ကျနော့်ထက်အတွေ့ကြုံပိုရှိသည် ထိုင်းနိုင်ငံတောင်ပိုင်းမကြောင်းကို နှံ့နှံ့စပ်စပ် ကျနော့်ကို သူရှင်းပြလေသည်

"အော် ဒါကြောင့်ကိုး အ့ာဆိုရင်တော့ ငာလည်း မသွားချင်ဘူးကွာ"
အခန်းဖော် သူငယ်ချင်းရှင်းပြ၍ ကျနော်လည်း ထိုင်းတောင်ပိုင်းသို့ မသွားချင်တော့ပါ

အခန်းဖော် "ဒါဆို မင်းတို့တွေကော အလုပ်ထွက်မှာလား"

ကျနော် "အလုပ်ထွက်တာတော့ ဟုတ်ပါပြီ အလုပ်ထွက်ပြီး မြန်မာပြည်ကို ပြန်ရမှာလား ပြန်တော့မပြန်ချင်သေးဘူး မြန်မာပြည်မှာက အလုပ်ကိုင်ရှားပားတယ် ဒီမှာက ရတဲ့ပိုက်ဆံ ကိုယ်လည်းသုံးတယ် အိမ်ကိုလည်း ငွေပို့နိုင်တယ်လေကွာ"

အခန်းဖော် "အလုပ်ထွက်ပြီး မြန်မာပြည် ပြန်စရာ မလိုပါဘူးကွာ မင်းတို့ငါနဲ့သာလိုက်ခဲ့ မဟာချိုင်မှာ ငါ့ဦးလေးတွေ လင်မယားရှိတယ် ဟိုမှာ မြန်မာပြည်သား သန်းနဲ့ချီပြီးတော့ရှိတယ်ကွ အလုပ်တွေလည်းပေါတယ်"

ကျနော် "အင်း အလုပ်ပေါတာတော့ ဟုတ်ပါပြီ မင်းနဲ့လိုက်ပြီးတော့ ဟိုရောက်ရင် ငါတို့က ဘာအလုပ်ကို လုပ်ရမှာလည်းဟ"

အခန်းဖော် "မဟာချိုင်မှာက အဓိကလုပ်ငန်းတွေက ရေထွက်လုပ်ငန်းတွေချည်းဆိုတော့ ငါးရုံ ပုစွန်ရုံတွေတော့များတယ် အခြားအလုပ်တွေလည်းရှိတယ် ပူမနေပါနဲ့ကွာ ဟိုကျမှ မီးစင်ကြည့်ကကြတာပေါ့"

ကျနော် "မင်းကလည်း ပြောတော့သာ လွယ်လိုက်တာ ငါတို့က ခိုးဝင်လာတဲ့ အလုပ်သမားတွေလေကွာ မဟာချိုင်ကို ဘာနဲ့သွားမှာလည်း YBSနဲ့လား TAXIနဲ့လား"

အခန်းဖော် "ကားနဲ့သွားလို့အဆင်ပြေမှာဟုတ်ဘူး ပုလိပ်ရန်ကြောက်ရတယ် ရထားနဲ့သွားမယ် ငါတို့တွေက ဟိုကို ပြောင်းရွေ့မှာဆိုတော့ သယ်စရာပစ္စည်း အထုတ်ပိုးတွေကများတယ် ထားခဲ့ရင်လည်း နှမြှောစရာကြီး"

ကျနော် "ဟာ ကြာတယ်ကွာ အဆင်ပြေမယ်ထင်ရင် ကောင်းသလိုသာလုပ် တောင်းပိုင်းလည်းမသွားချင် မြန်မာပြည်လည်းမပြန်ချင်ဆိုတော့ သွားဖို့က ဒီတစ်လမ်းပဲရှိတော့တယ်"

အခန်းဖော် "ကဲ ဒါဆိုရင်လည်း ငါတို့တွေ လုပ်အားခ သွားရှင်းပြီးတော့ နောက်နေ့ မဟာချိုင်ကို လစ်ကြမယ်"

ကျနော်နဲ့အတူ အခန်းဖော်သူငယ်ချင်း စုစုပေါင်း သုံးယောက်သား တိုင်ပင်ပြီးတော့ မဟာချိုင်သို့ သွားဖို့အတွက် ဆုံးဖြတ်လိုက်လေသည်
"
"
"
အပိုင်းဆက်အား
ဆက်လျက်အားပေးကြပါရန်...

ဝါသနာအရ ကိုယ်တိုင်ရေး ဖြစ်ပါသည်
စာရေးဆရာမဟုတ်သည့်အတွက်ကြောင့်
ဆက်လက်ကြိုးစား အားထုတ်ရေးသားသွားပါမည်

အခုလို steemitတွင် ဝင်ရောက်ရေးသားခွင့်ရသည့်အတွက် ကျေးဇူးတင်ထိုက်သူများနှင့်တစ်ကွ steemitအဖွဲ့သားများ အားလုံးကို ကျေးဇူးတင်ရှိပါသည်။

Photos credit: Google Images
msc-160
@KoLinn (ထိုင်းနိုင်ငံရောက် အတွေ့ကြုံများ)

Sort:  

အားပေးလျက်ပါ Bro

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျ

သူများနိုင်ငံမှာ ရတဲ့အတွေ့အကြုံရေတာဆိုတော့လည်း စိတ်ဝင်စားစရာကောင်းတယ်ဗျ စောင့်နေပါတယ်

ဟုတ်ကဲ့ အခုလို အားပေးဖက်ရှု့ပေးတာ ကျေးဇူးတင်ပါတယ်ဗျာ အခုလိုချိန်မှာ $များတာ နည်းတာ ပထာနမကျပါဘူး v+cတစ်ချက်က ကျနော့်အတွက် ရှေ့ဆက်ရေးဖို့ အားဆေးတစ်ခွက်ပါဗျာ😁

အတွေ့အကြုံလေးတွေမျှပေးတာကျေးဇူးတင်ပါတယ်ဗျာ

အခုလို ဖက်ရှု့အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ

မျှ ဝေပေးလို့ ကျေးဇူးပါ bro

အခုလို ဖက်ရှု့အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ

ဗဟုသုတရပါတယ်။btw
မနေ့ကတောင် ဘော်ဒါတစ်ယောက် ထိုင်းကိုပြန်သွားတာ 😁

ဟုတ်ကဲ့ အခုလို ဖက်ရှု့အားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ

ကျနော်တောင်ထိုင်းကိုလာချင်သွားပြီ အတွေ့အကြုံက များတယ်နော် စာရေးဖို့တော်တော်ကောင်းတယ်

"မလာပာနဲ့"မျိုးကြီး သီချင်းလေးပဲ နားထောင်နေလိုက်ပါbro😁

စတာပါနော် အခုလိုအားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ

Congratulations! This post has been upvoted from the communal account, @minnowsupport, by Onedee from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Thanks you very mush.

အားပေးနေပါတယ် ကိုလင်းရေ..👍👍👍👏👏
ဒါနဲ့ 
တောင်းစားတဲ့ရဲကလည်း ရှိတာပဲလားဗျ

ဟုတ်ကိုဇော်ရေ 😁
တောင်းစားတာများ ကိုယ်တွေဆီကထက်တောင် ဆိုးပါ့😁

ဟား
မလွယ်ပါလား ကိုလင်းရ

အလယ်​တစ်​​ခေါက်​လာချင်​​သောလဲ ​ရှောင်​လင်​သိုင်းကွက်​မနင်းတတ်​​တော့ မလာရဲ​တော့ဘူးဗျာ အစ်​ကိုရဲ့အ​တွေ့ကြုံကိုဖတ်​ရ​တော့ ကျွန်​​တော်​တို့အတွက်​ သိထားသင့်​တဲ့အရာ​လေး​တွေကိုတိုးပွား​စေတယ်​အစ်​ကို​ရေ

လာမယ်ဆိုရင် သိုင်းသင်ခဲ့မှဖြစ်မှာ😁

Welcome to Steemit! Enjoy the ride as much as you can!

Thanks you

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 61940.19
ETH 2433.78
USDT 1.00
SBD 2.50