I  go to Mahachai (Life Experiences No.8)

in #myanmar6 years ago

image
"ငါ့သူငယ်​ချင်းက ထ္မင်းဟင်းချက်​တာ ဘယ်​ဆိုးလို့တုန်း စာ​ကောင်းတယ်​ဟ"

"မင်းတို့ စား​ကောင်းရင်​ ​ငါချက်​ရကျိုး နပ်​ပါတယ်​ကွာ"

သူငယ်​ချင်း​မောင်​ငယ်​နဲ့အနိမ်​ဖြစ်​သူမှာ ကျ​နော်​ချက်​ထား​သော ထမင်းဟင်းများအား စား​ကောင်းသည်​ဟု၍ ကျ​နော့်​အား ချီးမွန်းခန်း ​ဖွင့်​​လေသည်

"ဟင်​ ကိုလင်း ဘုရားစင်​ကို မင်းလုပ်​ထားတာလား"

"အင်း ဟုတ်​တယ်​​လေ အခန်းမှာ ဘုရားစင်​မရှိ​တော့ ငါလည်းအလုပ်​နားတာနဲ့ ဘုရားစင်​လုပ်​လိုက်​တယ်​ကွ"

"​ဘုရားစင်​​လေးရှိ​တော့ စိတ်​ထဲမှာတစ်​မျိုးခံစားရသလိုပဲ စိတ်​ချမ်းသာ​တာ​တော့ အမှန်​ပဲ ​ဘုရားစင်​လုပ်​တာ ကာင်းတယ်​ ကိုလင်း​ရေ"

"​အေးဘာကွာ ဘုရားစင်​ရှိပြီဆို​တော့ မင်း​တို့လည်း အိပ်​ယာဝင်​တဲ့ခါ ဘုရားရှိခိုးပြီးမှ အိပ်​ကြ​နော် ဒါနဲ့ ​ရော့ မင်းတို့​သောက်​ဖို့​ရေမန်း"

"ဘာလုပ်​ဖို့ ​ရေမန်း​သောက်​​ရမှာလည်းဟ"

"ဘာမှ ဟုတ်​ပါဘူးကွာ အန္တရာယ်​ကင်း​အောင်​ မင်းတို့ကို ​သောက်​ခိုင်းတာ"

သူငယ်​ချင်းများအား ထမင်းစား​သောက်​ပြီးသည်​နှင့်​ ​သောက်​ဖို့​ရေကို ကျ​နော်​​ရေမန်း​ပေးတိုက်​လိုက်​သည်

"ကိုလင်း ​ဟေါင့်​ မင်း​ရေမန်းကလည်း ဘယ်​လိုမှန်းလဲသိဘူး ​သောက်​ရတာ အရသာက တစ်​မျိုးကြီးပဲ"

"ဟား မင်းတို့ကလည်းကွာ ​ရေမန်းပါဆိုမှ ရိုးရိုး​ရေ​လောက်​​တော့ ဘယ်​​သောက်​​ကောင်းပါ့မလဲ"

အမှန်​က​တော့ အ​ဆောင်​လက်​ဖွဲ့ကြိုးအား ​ရေစိမ်​ထား၍ ​ရေမန်းမှာ ​သောက်​လို့တစ်​မျိုးကြီး ဖြစ်​တာပါ ခွိခွိ

ဒီလိုနဲ့ ကျ​နော့်​သူငယ်​ချင်း​တွေလည်း ထမင်းစား​သောက်​ပြီးသည်​နှင့်​ ဘုရားရှိခိုးပြီး တန်းအိပ်​ကြ​တော့သည်

ထိုည​မှစ၍ အိပ်​ရတာ အဆင်​​ပြေသည်​ ဘာသရဲမှ လာမ​ခြောက်​​တော့ပါ အိပ်​လိုက်​​တာနဲ့ အလုပ်​ရုံမှ ဘဲလ်​​အော်​သံကြားမှ ကျ​နော်​တို့​တွေ အိပ်​ယာနိုးကြသည်​ ဒီလိုနဲ့ ကျ​နော်​တို့​တွေ အလုပ်​နဲ့အခန်း အခန်းနဲ့အလုပ်​ ​နေ့စဉ်​ပုံမှန်​ လုပ်​လာခဲ့ကြတာ အလုပ်​ရုံမှ လူ​တော်​​တော်​များမှာလည်း ကျ​နော်​တို့အား အံသြ​နေကြသည်​ သူတို့စိတ်​ထဲတွင်​​တော့ ဒီ​ကောင်​​တွေ သရဲအ​ခြောက်​မခံရလို့များ ဒီ​လောက်​ထိ ​နေနိုင်​ကြတာလား ဘာလား​ပေါ့ အမှန်​က​တော့ ရတနာသုံးပါးအား မ​မေ့မ​လျော့ ယုံကြည်​စွာဆည်းကပ်​ပူ​ဇော်​ပြီး​တော့ အဖိုး​ပေးလိုက်​​သော အ​ဆောင်​အား ​ကောင်း​ကောင်းအသုံးချလိုက်​​သော​ကြောင့်​သာ ဖြစ်​ပါသည်

ဘာလိုလိုနဲ့ ထိုပုစွန်​ရုံတွင်​ ကျ​နော်​တို့​တွေလုပ်​လာခဲ့တာ သုံး​လ​ကျော်​ခဲ့​လေသည်​ ည တစ်​ညတွင်​​တော့....

ပုစွန်​ကားလာတာများသည့်​အတွက်​ အလုပ်​မှာ အချိန်​​တော်​​တော်​နဲ့ မပြီး​သေးပါ ည9နာရီ​လောက်​ရှိပြီ ကျ​နော့်​ဗိုက်​ထဲတွင်​ နည်းနည်းရစ်​လာလို့ ဗိုက်​​အောင့်​၍ အိမ်​သာသွားတက်​​လေသည်​ ​ရေအိမ်​သာသည်​ အလုပ်ရုံနှင့်​ ကိုက်​၂၀အကွာ​လောက်​တွင်​ရှိသည်​ ​ရေအိမ်​သာမှာစုစု​ပေါင်း ဆယ်​လုံးရှိသည်​ ထိုဆယ်​လုံးထဲတွင်​ ကိုးလုံးထဲသာ အသုံးပြုခွင့်​​ပေးထားသည်​ ကျန်​သည့်​တစ်​လုံးမှာ ​သော့အ​သေခတ်​ထားသည်​ မည်​သူမှ အသုံးပြု၍မရပါ ဖြစ်​ချင်​​တော့ ကျ​နော်​သွားတက်​​သော ​ရေအိမ်​သာမှာ ထို​သော့အ​သေဖြင့်​ပိတ်​ထား​သော ​ဘေးကပ်​လျက်​က ​ရေအိမ်​သာထဲတွင်​ဖြစ်​လေသည်​ ကျ​နော်​အိမ်​သာ တက်​​နေစဉ်​ ထို​သော့ခတ်​ထား​သော ​ရေအိမ်​သာဘက်​ခြမ်းက အသံဗလံ​တွေကြား​နေရသည်​ ဘာဖြစ်​မှန်းဆိုတာ ကျ​နော်​လည်း မသိပါ ​နောက်​ ထို​ရေအိမ်​သာဘက်​မှ ​ရေဖွင့်​သံပါကြားရသည်​ ကျ​နော်​စိတ်​ထဲ​တွင်​​တော့ တစ်​​ယောက်​​ယောက်​ကများ အိမ်​သာတက်​​နေလို့များလား ​တွေးမိသည်​ မဖြစ်​နိုင်​ပါ ကျ​နော်​ဒီအလုပ်​ရုံကို စ​ရောက်​ကတည်းက ထို​ရေအိမ်​သာကို ပိတ်​ထားတာ ကြာပါပြီ ဘယ်​သူမှအသုံးပြုခွင့်​မရပါ ဘာ​ကြောင့်​များ ​ရေဖွင့်​သံကြားရလည်းဆိုတာ စဉ်းစား၍မရပါ စိတ်​ထဲတွင်​​တော့ နည်းနည်း​တော့ ကြက်​သီးထသွားသည်​ သရဲလား ဘာလား​ပေါ့ ဒီလိုနဲ့ ကျ​နော်​လည်းအိမ်​သာတက်​လို့ပြီးသွားပြီမို့​ ​​ရေကန်​ထဲ​ရေကုန်​ခါနီးမို့ ​ရေဖွင့်​ချလိုက်​သည်​ ထိုအချိန်​တွင်​ "ဘုန်း ဝုန်း"ဆိုတဲ့အသံနှင့်​အတူ ​ရေ​တွေပါစင်​ကျလာသည်​ ကျ​နော်​လန့်​ပြီး​တော့ ထခုန်​မိသည်​ ထိုအချိန်​တွင်​ ​ရေကန်​ထဲက​နေ ဖွတ်​တစ်​​ကောင်​ထွက်​လာသည်​ ဖွတ်​သား​ပေါက်​​လေးပါ အရွယ်​မှာ သုံး​ပေ​ကျော်​ ​လေး​ပေ​လောက်သာရှိသည်

ဖွတ်​လည်း ကျ​နော့်​အား​တွေ့၍ အလန့်​တစ်​ကြား ​ရေအိမ်​သာထဲက​နေ ​ပြေးထွက်​သွား​လေသည်​ သို့​သော်​ ဖွတ်​ငယ်​​လေးမှာ ကံမ​ကောင်းရှာပါ ​ရေအိမ်​သာအပြင်​ဘက်​တွင်​ ​ဆေးလိပ်​​သောက်​​နေ​သော မြန်​မာအလုပ်​သမား တစ်​သိုက်​နဲ့ပက်​ပင်းတိုးပြီး ဖမ်းဆီးခြင်းကို ခံရ​လေသည်​(ဖမ်းပြီးချက်​စားလိုက်​ကြသည်​)

ထိုင်းနိုင်​ငံတွင်​ ဖွတ်​​​တော်​​တော်​​ပေါများလှသည်​ ဖွတ်​ဆို​သော သတ္တဝါမှာ အညှီအ​ဟောက်​ကြိုက်​ကြသည်​ အထူးသဖြင့်​ အခုလို ပုစွန်​​ရုံ​တွေရဲ့ ​ဘေးပတ်​ဝန်းကျင်​တွင်​ ပို၍ရှိတတ်​ကြသည်​ ဒါနဲ့ ကျ​နော်​လည်း ခုနက ​ရေအိမ်​သာဝင်​​နေစဉ်​ ​​သော့ပိတ်​ထား​သော ​ရေအိမ်​သာဘက်​က​နေ အသံ​တွေကြားရ၍ ​သော့ပြန်​ဖွင့်​​ပေးလိုက်​လို့ တစ်​​ယောက်​​ယောက်​များ အသုံးပြု​နေသလားဆိုပြီး ​သွားပြီး​တော့ကြည့်​လိုက်​သည်
ထို​ရေအိမ်​သာမှာ ​သော့ခတ်​မြဲခတ်​ထားဆဲပါ ဒါဆို ခုနက အသံ​တွေကြား​နေရတာ ဘာ​တွေလည်း ကျ​နော်​​တွေး​နေမိသည်​ ကျ​နော့်​အ​တွေးများ မဆုံးခင်​မှာ အလုပ်​ရုံမှ ပုစွန်​ကုန်​သွားလို့ဖြစ်​မည်​ အလုပ်​သမား​တွေ တစ်​ညံညံနဲ့ အော်​ဟစ်​သံ​တွေကြားရ၍ အလုပ်​ရုံထဲသို့ ကျ​နော်​ပြန်​ဝင်​သွားလိုက်​​လေသည်​ ဒါ​ပေမယ့်​....

ပုစွန်​ကုန်​သွားလို့ အလုပ်​သမား​တွေ ​အော်​ဟစ်​​နေခြင်း မဟုတ်​ပါ အသက်၃၀​ကျော်​အရွယ်​ခန့်​ရှိ ​အမျိုးသမီးတစ်​ဦးအား သရဲဝင်​ပူး​နေခြင်း​ကြောင့်​ အလုပ်​သမားများ ဝိုင်းအုံ​ပြီး​တော့ အလန့်​တစ်​ကြား ​အော်​ဟစ်​​နေကြခြင်းသာ ဖြစ်​​လေသည်

"မ​ကျေနပ်​ဘူး မ​ကျေနပ်​ဘူး​ဟေ့"
သရဲဝင်​ပူးခံ​နေရ​သော အမျိုးသမီးမှာ ဤကဲ့သို့ မ​ကျေနပ်​ဘူးဆိုပြီး တစ်​​ကြော်​​ကြော်​ ​အော်​​ပြော​နေသည်​ ဘာမ​ကျေနပ်​လည်းဆိုတာ ကျ​နော်​အပါဝင်​ တစ်​ရုံလုံးအလုပ်​သမား​တွေ ဘယ်​သူမှ မသိကြပါ

"ဘာမ​ကျေနပ်​တာလည်းဗျ မ​ကျေနပ်​တာရှိရင်​လည်း ​ပြော​လေကွာ"
အလုပ်​သမား​ခေါင်း​ဆောင်​ ဝဏ္ဏဖြစ်​သူမှ သရဲကို ပြန်​၍​မေး​နေခြင်းဖြစ်​သည်

"မ​ပြောဘူး​ဟေ့ မ​ပြောဘူးကွ"

"မ​ပြောရင်​ ငါတို့က ဘယ်​လိုသိမှာလည်း မ​ပြောချင်​လည်း ပြန်​ထွက်​ကွာ သူများကို ဒုက္ခမ​ပေးနဲ့"ဆိုပြီး ဝဏ္ဏကပြန်​​ပြော​လေသည်​ သရဲက သရဲထီးဖြစ်​ဟန်​တူသည်

"​​အောင်​မား မ​လောက်​​လေး မ​လောက်​စားနဲ့ ငါ့ကို ပြန်​​ပြော​နေတယ်​ ငါလုပ်​ရင်​ တစ်​ရုံလုံး​သေကုန်​မယ်​ ငါ့ဘာမှတ်​​နေလည်း"
သရဲက​တော့ ဝဏ္ဏအား ဖြဲ​ခြောက်​​နေသည်

ကျ​နော်​လည်း ပိုပြီးစိတ်​ဝင်​စားတာနဲ့ ​ဝိုင်းအုံကြည့်​​နေ​သော အလုပ်​သမား​တွေကြားထဲက​နေ အ​ရှေ့သို့တိုးပြီး​တော့ ​ရှေ့ဆုံးက​နေ သွားကြည့်​​လေသည်​ ထိုစဉ်​...

သရဲဝင်​ပူးခံရ​သော အမျိုးသမီးမှာ ကျ​နော့်​အား ​သေချာစိုက်​ကြည့်​​နေသည်

"​အေးး ငာ မ​ကျေနပ်​ဘူးဆိုတာ ဒါကို​ပြောတာ​ဟေ့"ဆိုပြီး​တော့ ကျ​နော့်​အား လက်​ညိုးထိုး၍ ​အော်​​ပြော​လေသည်​ ဝဏ္ဏအပါဝင်​ အလုပ်​သမားအားလုံးရဲ့အကြည့်​က ကျ​​နော့်​ဘက်​သို့​ရောက်​လာကြသည်​ ကျ​နော်​လည်း ​ကြောင်​သွားသည်

"ဒီ​ကောင်​ပဲ ဒီ​ကောင်​ ဒီကို​စရောက်​ကတည်းက ငါတို့လင်​မယား နှစ်​​ယောက်​စလုံး ​နေစရာကို မရှိ​တော့ဘူးကွ"

သရဲ​ပြော​သော စကား​ကြောင့်​ ကျ​နော်​အံ့သြသွားသည်​ ထိုစဉ်​ ဝဏ္ဏဖြစ်​သူမှ

"ဒီ​ကောင်​​လေးက မင်းတို့ကို ဘာလုပ်​လို့ မင်းတို့က ​နေစရာမရှိရတာလဲ"

"ဘာလုပ်​ရမလဲကွ သူတို့အခု​နေတဲ့အခန်းက ငါတို့လင်မယား​နေတဲ့ အခန်းကွ သူ့ကို ငါတို့က သူခြုံတဲ့​ဆောင်​​လေးဆွဲချပြီး​တော့ ကျီစားတာကို ဒီ​ကောင်​က ငါတို့လင်​မယားကို ​မောင်းထုတ်​လိုက်​တယ်​​လေ အီး ဟီး ဟီးး" သရဲဖြစ်​သူမှာ ​ပြောလည်း​ပြော ငိုလည်းငိုပါသည်

"အခု ဒီ​ကောင်​ ငါတို့ကို ​မောင်းထုတ်​လိုက့်​လို့ ငါတို့မှာ ​နေစရာမရှိ​တော့ဘူး အီး ဟီး ဟီးး"

"ကဲ ဒါဆိုရင်​ ငါတို့က ဘာလုပ်​​ပေးရမလဲ ​ကောင်​​လေး​တွေ ​နေတဲ့အခန်းမှာ မင်းတို့ပြန်​​နေချင်လို့လား"ဆိုပြီး ဝဏ္ဏက သရဲကို ​မေးလိုက်​​လေသည်

"ပြန်​မ​နေဘူး ​နေလို့လည်းမရ​တော့ဘူး ဒီ​ကောင့်​ရဲ့ အ​ဆောင်​ အင်းအိုင်​ ဂါထာ​တွေက အရမ်းစွမ်းတယ်​ အခု အခန်းနား​တောင်​ ငါတို့ကပ်​လို့မရ​တော့ဘူး"

"ဒါဆို ဘာဖြစ်​ချင်​လို့ အခုလို ဝင်​ပူးရတာလည်း မ​နှောက်​ရှက်​ပါနဲ့ ပြန်​ထွက်​​ပေးပါ" သရဲကို ဝဏ္ဏက ​ပြောလိုက်​​လေသည်

"​နှောက်​ရှက်​တာ မဟုတ်​ဘူး​ဟေ့ ငါအခုဝင်​ပြီးပူး​နေတဲ့ ​ကောင်​မကိုလည်း ကြည့်​မရလို့ကွ"

"ဟာ ဒီအမျိုးသမီးက မင်းတို့ကို ဘာလုပ်​လိုက်​လို့ ဘာဖြစ်​လို့ကြည့်​မရတာလဲ"

"ဘာဖြစ်​ရမလဲ ဒီ​ကောင်​မက သူတို့​နေတဲ့ အခန်းမှာ ကျန်​တဲ့မိန်းက​လေး​တွေက မိန်းမပျိုငယ်​​လေး​တွေ သူက အဲ့မိန်းက​လေး​တွေထဲမှာ အသက်​ကြီးဆုံး အပျိုကြီး မဟုတ်​လား"

"ဟုတ်​တယ်​ အဲ့တာ ဘာဖြစ်​လဲ"

"​အေးး အဲ့တာ ကျန်​တဲ့မိန်းက​လေး​တွေက သရဲ​ကြောက်​တတ်​တာကို ဒီ​ကောင်​မက သရဲကို​ကြောက်​စရာမလိုဘူး ဂရုလည်းမစိုက်​နဲ့ သရဲဆိုတာ ငါတို့ကိုဘာမှလုပ်​မရဘူး​ပြောလို့ကွ မယုံရင်​ သူနဲ့​နေ​တဲ့ ​ကောင်​မ​လေး​တွေကို ​မေးကြည့်​"ဆိုပြီး သရဲက​ပြော​လေသည်

ဝဏ္ဏလည် သရဲ​ပြောတာ ဟုတ်​လားဆိုပြီး အပျိုကြီးနဲ့အတူ​နေ​သော ​ကောင်​မ​လေး​​တွေကို ​မေး​ကြည့်​​လေသည်​ ​ကောင်​မ​လေး​တွေကလည်း....

"ဟုတ်​တယ်​ သမီးတို့ အခန်းထဲမှာ စုပြီး​တော့​နေစဉ်​ အစ်​မအပျိုကြီး အဲ့လို​ပြောခဲ့တာ ​တော်​​တော်​ကြာပြီ သမီးတို့​တောင်​ သိပ်​မမှတ်​မိ​တော့ဘူး သရဲက ဘယ်​လိုလုပ်​ပြီး​တော့ သမီးတို့ အခန်းထဲမှာ​ပြော​နေတာကို သိ​နေတာလဲ"ဟု ​ကောင်​မ​လေး​တွေက ပြန်​​ပြောရှာသည်​ ထိုစဉ်​ သရဲကလည်း....

"​အေး ငါတို့လင်​မယားကို ဒီ​ကောင်​ ​မောင်း​ထုတ်​လိုက်​လို့ ငါတို့မှာ ​နေစရာမရှိဖြစ်​ပြီး​တော့ လိုက်​ပတ်​သွား​နေတဲ့အချိန်​ ဒီမိန်းမ ​ဒီလို​ပြောတာကို ကြားလိုက်​ရတာ ​သောက်ကမြင်းက သရဲမ​ကြောက်​ရင်​ ကွကိုယ်​​အေး​ဆေးမ​နေဘူး ဂရုစိုက်​စရာမလိုဘူး​လေး ဘာ​လေးနဲ့ အဲ့ဒါ ဒီ​ကောင်​မကို ပညာ​ပေးဖို့ သူ့​နောက်​က​နေ ငါလိုက်​​နေတာ ​တော်​​တော်​ကြာပြီ အခု ဒီမိန်းမ ဘုန်းကံနိမ့်​တဲ့အချိန်​ သူ့ထဲငါဝင်​ပူးလိုက်​တာ​ဟေ့ ဒီ​တော့ ငါ့ကို ​ဆေးလိပ်​နဲ့ အရက်​တိုက်​ပြီး​တော့ ပြန်​​တောင်းပန်​ရင်​ ငါ​ကျေနပ်​မယ်​"

ဒီလိုနဲ့ ဝဏ္ဏလည်း ​ဘေးနားရှိ ​လူတစ်​​ယောက်​အား သူ့ဆိုင်​တွင်​ အရက်​နဲ့​ဆေးလိပ်​ သွားယူခိုင်း​လေသည်

"ကဲ ​ရော့ ဒီမှာ ​ဆေးလိပ်​နဲ့ အရက်​"ဆိုပြီး ဝဏ္ဏက သရဲကို ​ပေးလိုက်​​လေသည်

သရဲဝင်​ပူးထား​သော အပျိုကြီးမှာ ​ဆေးလိပ်​တစ်​လိပ်​ကို တစ်​ဖွာထဲနဲ့ ကုန်​​အောင်​ရှိုက်​ပြိုက်​​လေသည်​ ပိုဆိုးတာက အရက်​ဖြစ်​​လေသည်​ အရက်​မှာ ​80ဒီဂရီရှိ​သော လောက်​​ခေါင်​ဖြစ်​သည်​ ထို​လောက်​​ခေါင်​အရက်​သည်​ မီးရှို့လျှင်​ မီး​တောက်​သည်​ဖြစ်​​သော​ကြောင့်​ မီး​တောက်​အရက်​ဟုလည်း​ခေါ်သည်​ ​(ကျ​နော်​​သောက်​ဖူးသည်​ ထို​လောက်​​ခေါက်​အရက်​ကို အကြမ်းရည်​​သောက်​​သော ပန်​ကန်​လုံး​သေး​သေး​လေးနဲ့ ငဲ့ပြီး​သောက်​ရင်​​တောင်​မှ သုံးခွက်​ထက်​ပိုမ​သောက်​နိုင်​ပါ ​သောက်​လိုက်​ရင်​ ရင်​ထဲကို မီးစနဲ့ထိုးလိုက်​သလို ပူခနဲ​နေ​အောင်​ စူးရှလွန်းသည်​ မြန်​မာပြည်​က BEထက်​ ဆယ်​ဆမကပြင်းသည်​ ​နောက်​ပိုင်းတွင်​ ထိုင်းအစိုးရမှ ဒီ​လောက်​ပြင်းတဲ့အရက်​မို့ 80ဒီဂရီက​နေ ထက်​ဝက်​​လျော့ချပြီး​တော့ 40ဒီဂရီ​လောက်​​သာ ထုတ်​လုပ်​ခွင့်​ပြု​တော့သည်​) ဤမျှ ပြင်းတဲ့အရက်​ကို လက်​က​နေ ပုလင်းမချပဲနဲ့ တစ်​ထိုင်​တည်းနဲ့ သရဲဝင်​ပူးထား​သော အပျိုကြီး ​သောက်​ချလိုက်​သည်​ကို မြင်​ပြီး​တော့ အားလုံး အံ့အားသင့်​ကုန်​ကြသည်

"​အေ့ ​ဟေ့ ဟားး ​ကောင်းတာကွာ မ​သောက်​ရတာ နှစ်​​ပေါင်း အ​တော်​ကြာပြီ အရက်​ချည်းဆို မမိုက်​ဘူးကွ အမြည်း​လေး ဘာ​လေးလည်း ​ပေးပါဦးလား"

သောက်​သရဲက လူပါးဝတာ အဲ ဟုတ်​ပါဘူး သရဲပါးဝတာ မသိရင်​ သူ့မှာ ပိုက်​ဆံပါတာကျ​နေတာပဲ လှည့်​ပြီး အမြည်းပါ​တောင်းလိုက်​​သေးတယ်

"ဘာအမြည်း​စားချင်​လဲ​ပြော"ဝဏ္ဏက ​မေးလိုက်​သည်

"အမဲသား အစိမ်း စားချင်​တယ်​"

"ဘာ အမဲသားစိမ်း ဟုတ်​လား မရှိဘူး"

"မရှိဘူး​ပေါ့​လေ ငါ့ကို လာမလိမ်​နဲ့ ဒီမှာ ဝဏ္ဏ မင်းဆိုင်​ထဲက ​ရေခဲ​သေတ္တာထဲမှာ အမဲသား​တွေ ရှိတာ ငါမသိဘူးများ ထင်​​နေလား"သရဲ​ပြောလိုက်​၍ ဝဏ္ဏလည်း တစ်​ခဏ​တော့ စွန့်​အသွား​သည်

"​အေး ရှိလည်း မ​ကျွေးဘူးကွာ မင်းဘာလုပ်​မလဲ"ဟု ဝဏ္ဏမှာ ​ဒေါသနဲ့ သရဲကို​ပြောလိုက်​​လေသည်

"​တောက်​ ငါကွာ လုပ်​လိုက်​ရရင်​​တော့ မ​လောက်​​လေး မ​လောက်​စားနဲ့"ဆိုပြီး သရဲက ဝဏ္ဏကို ပြန်​ကြိမ်း​လေသည်​ ထိုအချိန်​တွင်​ ကျ​နော့်​​ခေါင်းထဲ အကြံတစ်​ခု​ပေါ်လာသည်​ ထိုအကြံမှာ ကျ​နော့်​အဖိုး​ပေးထား​သော လက်​ဖွဲ့အ​ဆောင်​ဖြစ်​​လေသည်

နေတဲ့အခန်းသို့ ကမန်းကတန်းပြန်​ပြီး​တော့ အ​ဆောင်​ကြိုး သွားယူပြီး​တော့ ကျ​နော်​ပြန်​လာခဲ့သည်​ သရဲဝင်​ပူးထား​သော အစ်မအ​ပျိုကြီးနားသို့ ကျ​နော်​တိုးသွားလိုက်​သည်

"​ဟေ့ ​ဟေ့ ​ဟေါင့်​ မင်း ငာ့အနားကို မလာခဲ့နဲ့ မင်းကိုယ်​က အရမ်းပူတယ်​" သရဲက ကျ​နော့်​အား အလန့်​တစ်​ကြားနဲ့ လှမ်း​ပြော​လေသည်

"ညီ​လေး သရဲက မင်းသူ့အနားကိုသွားတာ ပူတယ်​တဲ့ ပြီး​တော့ ညီတို့အခန်းမှာ သူ​နေမရ​တော့ဘူးဆို​​တော့ ညီတို့မှာ အ​ဆောင်​လက်​ဖွဲ့​တွေ ဘာ​တွေ ရှိလို့လား"ဝဏ္ဏ ဖြစ်​သူမှာ ကျ​နော့်​အား အနားကပ်​၍ တိုးတိုး​လေး ​ပြော​လေသည်

"ဟုတ်​ အ​ဆောင်​က​တော့ ရှိပါတယ်​ ဒါမယ့်​ ကျ​နော်​က ဆရာလည်းမဟုတ်​သလို ဘာ​ကောင်​မှလည်း မ​ဟုတ်​ပါဘူး ဝဏ္ဏ"

"​သြော်​ ​အေး​ ​အေး"

ကျ​နော်​ "ကဲ ကို​ရွှေသရဲ ကွကိုယ်​ ပြန်​ထွက်​မလား ကျ​နော်​ထုတ်​​ပေးရမလား​ပြော"
သရဲနဲ့ နည်​နည်းခပ်​လှမ်းလှမ်းက​နေ၍ ကျ​နော်ခပ်​တည်​တည်​နဲ့​​ပြော​လေသည်

သရဲ "​နေပါဦးကွာ ဒီမှာ အရက်​​သောက်​လို့​တောင်​ မကုန်​​သေးဘူး ငါ့ဟာငါ ထွက်​ပါ့မယ်​ ဒါနဲ့ ​နေပါဦး မင်းတို့ သုံး​ယောက်​ အရမ်းကံ​ကောင်းတယ်​သိလား အဲ့ဒီ​ညက မင်းကို​ခြောက်​ပြီး​တော့ ​နောက်​​နေ့ ​ဟော ဟိုက ကျန်​တဲ့ တစ်​​​ယောက်​ကို​(သူငယ်​ချင်းအနိမ်​ကို​ပြောခြင်းဖြစ်​သည်​)ခြောက်​ပြီးရင်​ ​နောက်​​နေ့ မင်းတို့ကို ငာ့အခန်းမှာ ​နေမရ​အောင်​ ကိုယ်​ထင်​ပြပြီး​တော့ အပြီး​ခြောက်​လွတ်​​တော့မလို့ပဲကွ ဒါမယ့်​ မင်းက အ​ဆောင်​ အင်းအိုင်​ ဂါထာ​တွေနဲ့ လက်​ဦးမှု့ယူသွား​တော့ ငါတို့မှာ ​နေစရာမရှိ​တော့ဘူး"

ကျ​နော်​ "​နေစရာ မရှိရင်​ မ​နေပါနဲ့လား မ​နေနဲ့ဆိုတာ ဒီဘဝမှာ မ​နေနဲ့​တော့​လို့​ပြောတာ ဒီထက်​​ကောင်းတဲ့ ဘုံဘဝကို​ရောက်​​အောင်​ ကျုပ်​တို့​တွေ ကုသိုလ်​လုပ်​ အမျှ​ပေး​ဝေမယ်​ သာဓု​ခေါ်ပြီး​တော့ ​ကောင်းမွန်​ရာဘဝမှာ ​နေပါလားဗျာ"

သရဲ "​ငါက​တော့ ​ဒီဘဝမှာ မ​နေချင်​ပါဘူး ငါ့မိန်းမ​ကြောင့်​သာ ​နေ​နေရတာ ငါ့မိန်းမက အစွဲတစ်​အားကြီးတာ ပြီး​တော့ ဒီထဲမှာ သရဲက ငါတို့ လင်မယား နှစ်​​ယောက်​ထဲ မဟုတ်​ဘူးကွ တစ်​ခြား သရဲ​တွေလည်းရှိတယ်​"

ကျ​နော်​ "အမ်​ ဒါဆို သရဲက ဒီမှာရှိတာ ဘယ်​နှ​​ကောင်​​တောင်​မှလည်းဗျ"

သရဲ "ပထမက​တော့ ဒီထဲမှာရှိတာ ​​သရဲ​လေး​ကောင်​ထဲပါ အပြင်​မှာ ​နေစရာမရှိလို့ လိုက်​သွား​နေတဲ့ က​လေက​ချေ ထိုင်းသရဲနှစ်​​​ကောင်​ကို သနားလို့ ငါကဒီထဲ​ပေး​နေထားတာ စုစု​ပေါင်း ​သရဲခြောက်​​ကောင်​​ပေါ့"

သောက်​ကျိုးနည်း သနားလို့​ခေါ်ထားတယ်​ဆိုပါလား သရဲ​လောကမှာလည်း ဒါမျိုး​တွေ ရှိတယ်​ဆိုတာ အဲ့အချိန်​က ကိုယ်​တိုင်​ကြုံဖူးမှ သိခဲ့ရတာပါ

ကျ​နော်​ "သရဲ​ခြောက်​​ကောင်​ဆို​တော့ နှစ်​​ကောင်​က ထိုင်းသရဲ ကို​ရွှေသရဲတို့ လင်​မယားနဲ့ဆို​တော့ ​လေး​ကောင်​ ကျန်​တဲ့ သရဲနှစ်​​ကောင်​က​ကော သူတို့က မြန်​မာလူမျိုး​တွေလား"

သရဲ "ဟုတ်​တယ်​ ကျန်​တဲ့နှစ်​​ကောင်​လည်း မြန်​မာပြည်​သား​ သရဲမ​တွေပဲ ထိုင်းသရဲ​နှစ်​​ကောင်​က​တော့ သရဲထီး​တွေ "

ကျ​နော်​ "ဒါဆို အခု သရဲ​တွေက ဘယ်​မှာ​နေကြတာလည်း"

သရဲ "ထိုင်းသရဲ​နှစ်​​ကောင်​က​တော့ ငါသနားလို့ ဒီထဲ​ပေး​နေတာဆို​တော့ ဒီအထဲမှာ ကြုံတဲ့​နေရာ ​နေကြတယ်​ မြန်​မာသရဲမနှစ်​​ကောင်​က​တော့ အိမ်​သာဆယ်​လုံးထဲက ​သော့အ​သေခတ်​ထားတဲ့ အိမ်​သာထဲမှာ​နေကြတယ်​ ငါတို့လင်​မယားက မင်းတို့​နေတဲ့အခန်းမှာ​နေကြတယ်​ အခုမင်းတို့လုပ်​လို့ ငါတို့လင်​မယားနှစ်​​ယောက်​ ​နေစရာမရှိ​တော့ ဟိုသရဲမနှစ်​​ကောင်​​နေတဲ့ အိမ်​သာထဲမှာ စုပြီး​တော့ သွား​နေရတယ်​ အီး ဟီး ဟီးး"

ဗု​ဒ္ဓေါ အမငီး ဒါဆို ခုနက ကျ​နော်​အိမ်​သာတက်​စဉ်​က ​ဘေးက​နေ အသံဗလံ​တွေကြား​နေရတာ သူ့မိန်းမ နဲ့ ဟိုသရဲမ​နှစ်​​ကောင်​ပဲလား မသိဘူး ​တွေးရင်းကြက်​သီးထမိသည်

အဲ့အချိန်​က ကို​ရွှေသရဲ ​ပြော​သောစကား​ကြောင့်​ ကျ​နော်​စိတ်​မ​ကောင်းဖြစ်​မိတာ​တော့အမှန်​ပါ ကျ​နော်​နဲ့သရဲ ​ပြော​နေ​သောစကားများကို ဝဏ္ဏနဲ့အတူ အလုပ်​သမားအားလုံးမှာ စိတ်​ဝင်​တစ်​စားနဲ့ နားစိုက်​​ထောင်​​နေကြသည်

ကျ​နော်​ "ထိုင်းသရဲ နှစ်​​ကောင်​က​တော့ ထားလိုက်​ပါ ကျန်​တဲ့ မြန်​မာပြည်​သား ကို​ရွှေသရဲတို့က ဘယ်​လိုဖြစ်​ပြီး ဒီဘဝကို ​ရောက်​ကြရတာလည်းဗျ"

သရဲ "စိတ်​အစွဲ​တွေ အငြိုး​တွေ အာဃတ​တွေ​ကြောင့်​​ ငါတို့ဒီဘဝကို ​ရောက်​​နေကြတာပေါ့ကွာ"

ကျ​နော်​ "ဗျာ ဘယ်​ ဘယ်​လို ​ကျ​နော့်​ကိုပြောပြပါလားဗျာ"

သရဲ "​အေး ဒီလိုကွ ဟိုးး လွန်​ခဲ့တဲ့၁၉၉၅ခုနှစ်​က.."
"
"
"
"
အပိုင်းဆက်အား
စောင့်မျှော် အားပေးကြပါရန်....

ကျေးဇူးတင်ထိုက်သူများနှင့်တစ်ကွ steemit myanmar အဖွဲ့သားများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။

MSC 160
Author: @KoLinn (ထိုင်းနိုင်ငံရောက် အတွေ့ကြုံများ)

Sort:  

ဇာတ်​ရှိန်​တက်​​နေမှ ဆက်​ရန်​တဲ့
မျှော်​ရဦးမ​ပေါ့

မ​မျှော်​လို့လည်း မရ​တော့ဘူး ဆက်​​ရေးဖို့က ဖုန်း​ကြောင်​​နေပြီ :-)

ကောင်းတယ်ဗျာ အားရလိုက်တာဖတ်ရတာ

ဟူတ်​ကဲ့ ​ကျေးဇူးတင်​ပါတယ်​ခင်​ဗျာ

ထိုင်းသရဲ ထီးနဲ့ မြန်မာ သရဲမတွေ ငိငိ 😁

☺ ☺ ☺ ☺

မဖတ်အားတော့လို့ ခွင့်လွှတ်ပေးကြပါဗျား vote ခဲ့ပါတယ်

တင်​ပါ့ဘုရား

ဟုတ်ကဲ့ပါခင်ဗျာ စောင့်မျှော်နေပါတယ်နော် bro

ကျေးဇူးတင်​ပါတယ်​ခင်​ဗျာ

တကယ်အဖြစ်လား ကိုလင်း ကြက်သီးထစရာကြိး

ကိုယ့်​​တွေ့​တွေ​ရေးတာမို့ တစ်​ကယ့်​အဖြစ်​​​တွေပါဗျာ :-)

ကိုလင်း ဖတ်ရတာကြောက်အားထက်ရယ်အားသန်နေရတယ်အစ်ကိုရေ
တကယ်အရသာရှိတယ် စိတ်တောင်ပေါ့ပါးသွားတယ်အစ်ကိုရေ

သရဲ​​ကြောင်းကို ​ကြောက်​​အောင်​​မ​ရေးချင်​လို့ပါ ဘာလို့ဆို ကျ​နော်​လည်း သရဲ​ကြောက်​တတ်​တယ်​ဗျ :-)

တကယ့်ဖြစ်ရပ်မှန်လား ကိုလင်းရေ

ဆက်လက်အားပေးပါဦးမည်ခင်မျ

ကိုယ့်​​တွေ့​တွေ​ရေးတာမို့ ဖြစ်​ရပ်​မှန်​ပါဗျာ :-)

ငင့် သရဲတွေကလည်း စုံနေတာပဲ ကြားဖူးသေးဘူး ဟီး

☺ ☺ ☺ ☺မကြုံဖူး​သေးလို့ပါဗျာ

သူလေးလည်း ကြောငြာမပါပဲနဲ့ကို ဆန့်ငင်ဆန့်ငင်ဖြစ်😁😁
ကိုလင်းတော့ သရဲဆရာဖြစ်ပြီ
အခုစာကို ဗုဒ္ဓဘာသာကိုးကွယ်သူတွေဖတ်မိရင် ယုံကြည်ချက်ပိုမိုမြင့်မားလာမှာသေချာတယ် ကိုလင်းရေ။
လူကြီးမိဘတွေပြောတာ မှက်သားဖူးတာကလည်း
အဆောင်ကောင်းရင် ဆောင်
ဆေးကောင်းရင် ရှောင်တဲ့
ကိုယ့်ကို ပြန်ခိုက်တက်တယ်တဲ့ဆေးက။
အဆောင်တွေ ဆေးတွေမရှိလည်း ဘုရားတရားကို ယုံကြည်ကိုးကွယ်ရင် အန္တရာယ်ကင်းမှာတော့ အမှန်ပဲဗျာ။

ဟုတ်​တယ်​ကို​ဇော်​​ရေ ဗုဒ္ဓဘာသာဝင်​မှန်​ရင်​ အ​ဆောင်​မလိုပါဘူး ရင်​ထဲမှာ သရဏဂုံတည်​ရင်​ အန္တရာယ်​ကင်းတယ်

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 58644.49
ETH 2625.45
USDT 1.00
SBD 2.38