I go to Mahachai (Life Experiences No.5)

in #myanmar6 years ago

U5dr4RjXVs2krYyWwS465LgrKMH1oJp_640x480.jpeg

"ကလင် ကလင် ကလင်"

"ကဲ အားလုံး ထကြဟေ့ ပုစွန်ကားလာနေပြီ"

အလုပ်ရုံမှ ဘဲလ်အော်သံနဲ့အတူ အလုပ်သမားခောင်ဆောင် ဝဏ္ဏဖြစ်သူမှ အလုပ်သမားများအား လိုက်လံ၍ နိုးဆော်လေသည်

ကျနော် နာရီကို တစ်ချက်ကြည့်လိုက်သည် မနက်4နာရီသာ ရှိသေးသည် ဘယ်လိုဖြစ်ပြီး အိပ်ကောင်းတုန်း ဒီအချိန်မှာ အလုပ်ထလုပ်ရလည်းဆိုတာတော့ မနေ့တစ်နေ့ကမှ ဒီကိုစရောက်တဲ့ လူသစ်ဖြစ်တဲ့ ကျနော်တို့တွေလည်း မသိပါ ဝဏ္ဏဖြစ်သူမှ အလုပ်သမားများအား လိုက်နိုးနေ၍ ကျနော်တို့ သူငယ်ချင်း သုံးယောက်လည်း ကမန်းကတန်း အိပ်ယာမှထ၍ အလုပ်ရုံထဲသို့ ဝင်သွားလေသည်

"ညီလေးတို့ သုံးယောက် အလုပ်ရုံထဲ မဝင်ခင် ဒီမှာခဏလာခဲ့ဦး"
ကျနော်တို့အား ဝဏ္ဏဖြစ်သူမှ လှမ်း၍ခေါ်လေသည်

"ရော့ ညီတို့အတွက် အလုပ်ရုံဝင်မယ်ဆိုရင် ဒါတွေလိုအပ်တယ် ယူပြီးတော့ အစ်ကိုနဲ့လိုက်ခဲ့ကြ"

ဝဏဖြစ်သူမှ ကျနော်တို့အား ခွဲစိတ်ခန်းဝင်လျှင်ဆေါင်းတဲ့ဦးထုပ် နဲ့ ရေကာ ပြီးတော့ ပုစွန်ခွာတဲ့ဓါး လက်အိပ် ဒူးလေါက်ဝတ်တဲ့ဂျပန်ဘွတ်ဖိနပ်အား ပေးလေသည် ပြီးတာနဲ့ ဝဏ္ဏခေါ်တဲ့နောက်သို့ ကျနော်တို့လိုက်သွားလေသည် ဝဏ္ဏဖြစ်သူမှာ ကျနော်တို့အား အလုပ်ရုံထဲသို့ ခေါ်သွားပြီးတော့ နေရာချပေးလေသည်

အလုပ်ရုံထဲသို့ရောက်သည်နှင့် အလုပ်သမားများအားလုံးကို ကျနော်ကြည့်လိုက်သည် မနက်4နာရီအချိန် အိပ်ယာထပြီး အလုပ်လုပ်ရတဲ့ အလုပ်သမားများမှာ သနပ်ခါးအဖွေးသားနဲ့ တက်တက်ကြွကြွရှိပေမယ့် ကျနော်တို့သူငယ်ချင်း သုံးယောက်မှာ အိပ်မှုန်စုပ်ဖွား ဘိုသီဘက်တီနဲ့ဖြစ်နေသည်

"ဟဲ့ မိစန္ဒာ ဒီမှာ လူသစ်တွေရောက်လာတယ် ညီမလေး သူတို့ကို ပုစွန် ဘယ်လိုခွာရလည်း သင်ပြပေးလိုက်အုံးနော်"

"ဟုက်ကဲ့ပါရှင့် ဝဏ္ဏ"

"ကဲ ညီလေးတို့က ဒီခုံမှာလုပ်ကြ ဒီကညီမလေး ပုစွန်ခွာတဲ့နည်းသင်ပေးလိမ့်မယ် ကြိုးစားလုပ်ကြနော် ပုဒ်ပြတ်လုပ်တာဆိုတော့ ကိုယ်လုပ်မှကိုယ်ရတာ"

"ဟုတ် ဟုတ်ကဲ့ပါ ဝဏ္ဏ"
ဝဏ္ဏဖြစ်မှ ကျနော်တို့အား စန္ဒာဆိုတဲ့ မိန်းကလေးအနားမှာ နေရာချပေးပြီး ထွက်သွားလေသည်

အလုပ်ရုံတွင်ရှိကြသော အလုပ်သမားများမှာ ယောင်္ကျားလေး အလုပ်သမားကနည်းပြီး မိန်းကလေးအလုပ်သမားကများသည် ယောင်္ကျားလေးတွေထဲတွင် ကျန်တာတွေက အိမ်ထောင်သယ်တွေဖြစ်ကြသည် ကျနော်တို့ သူငယ်ချင်း သုံးယောက်ထဲသာ လူပျိုလူလွတ်များဖြစ်သည် ထိုကြောင့် မိန်းကလေးအပျိုလေးများ၏ ကျနော်တို့အား မျက်စိထောက်တောက်ကြည့်ခြင်းကို ခံရလေသည် ငိငိငိ

"အစ်ကိုတို့ နာမည်ဘယ်လိုခေါ်လည်းရှင့်"
စန္ဒာဆိုသော မိန်းကလေးမှာ ကျနော်တို့အား မိတ်ဆက်လေသည်

"သြော် အင်း အစ်ကိုနာမည်က ကိုလင်းပါ ဝိုဘက်က သူငယ်ချင်းနှစ်ယောက်က သူက အနိမ် ဒီတစ်ယောက်က မောင်ငယ်"

"ဟုတ်ကဲ့ရှင့် ညီမနာမည်လည်း မှတ်ထားနော် စန္ဒာတဲ့"

"ဟုတ်ကဲ့ မှတ်ထားပါမယ့်"

"အစ်ကိုတို့ ပုစွန်အခွံခွာရင် ညီမခွာတာကို ကြည့်ပြီးတော့ခွာနော် အစ်ကိုတို့မှာ စတီးဇွန်းပါလား"

"အမ် စတီးဇွန်း ဘာလုပ်မလို့တုန်းဗျ ဇွန်းတော့မပါဘူး ဝဏ္ဏပေးလိုက်တဲ့ ပုစွန်ခွာတဲ့ ဓားပဲပါတယ် ဇွန်း ပြန်ယူလိုက်ရမလား ညီမ"

"ခ်ခ် ပြန်တော့မယူလိုက်ပါနဲ့ တော်ကြာ ဝဏ္ဏဆူနေဦးမယ် ဓားပါရင် ဓားနဲ့ပဲခွာ ညီမက ဇွန်းနဲ့ပဲခွာတာ ဓားနဲ့ခွာရင် ကြာလို့ နေ့စားတောင်မရဘူး"

"သြော် အဲ့လိုလားဗျ"
ဟုတ်လည်းဟုတ်သည် ကျနော်တို့ ပုစွန်ခွာတာ တစ်ကောင်မပြီးသေးဘူး ကောင်မလေးခွာတာ ဆယ်ကောင်ပြီးသွားပြီ မြန်လိုက်တဲ့ဇွန်း

"ဒါနဲ့ အစ်ကိုတို့က မနေ့ကမှ ဒီအလုပ်ရုံကို ရောက်လာတဲ့ လူသစ်တွေလားရှင့်"

"အင်း ဟုတ်ပါတယ်ညီမ"

"အခု အစ်ကိုတို့နေတဲ့အခန်းမှာအိပ်တာ သန်းခေါင်ကျော် သရဲလာမခြောက်ဘူးလား"

"အမ် ဘာဖြစ်လို့လဲညီမ သရဲခြောက်လား မခြောက်လားတော့ မသိဘူး ပင်ပန်းလို့ အိပ်လိုက်တာ ထတောင် မထချင်ဘူး"

"ခ်ခ် ဘာမှ မဖြစ်ပါဘူး အဲ့အခန်းနေတဲ့သူတိုင်း အကုန်သရဲခြောက်ခံရတယ် ဘယ်သူမှ နေမရဲဘူးရှင့် အ့ာကြောင့် မေးကြည့်တာပါ"

"ငင့် သရဲအကြောင်းတော့ မမေးပါနဲ့ညီမရယ် အစ်ကို့သူငယ်ချင်း ဒီကောင် မောင်ငယ်က သူရဲကြောက်တတ်တယ် တော်ကြာ ဒီအလုပ်ရုံကမေ မလုပ်ချင်ပဲ ထွက်သွားလိုက်မိမယ်"

"ခ်ခ် ဟုတ်အစ်ကို ဆော်ဒီးနော် ညီမ မမေးတော့ပါဘူးရှင့်"

ကျနော်တို့တွေ အလုပ်ထဲမှာ အလုပ်လုပ်ရင်း စကားပြောရင်း တစ်နေကုန်သွားသည် ထမင်းစားချိန်ဆိုရင်လည်း ဆာတဲ့အချိန်ပြန်စားကြသည် ပုဒ်ပြတ်အလုပ်မို့ လောဘရှိကြသည် ထမင်းစားရင် 15မိနစ်လောက်သာကြာသည် ပြီးရင် အလုပ်ရုံထဲပြန်ဝင်ပြီး ကိုယ့်အလုပ်ကိုယ်လုပ်ကြသည် အလုပ်သိမ်းချိန်ကတော့ တစ်နေ့လာတဲ့ပုစွန်ကို တစ်နေ့ကုန်အောင်လုပ်ပြီးမှသာ သိမ်းကြသည် ည7နာရီကျော် 8နာရီဆိုရင် ပုစွန်ကုန်သွားသည် သည်လိုနဲ့ ကျနော်တို့ ခွာပြီးသားပုစွန်ကို ကီလိုချိန်ပြီး လုပ်အားခတွက်ကြည့်တော့ နေ့စားတောင်မကိုက်ပါ သူများတွေ ဘတ်100ကျော်ရရင် ကျနော်တို့မှာ ဘတ်50/60လောက်သာ ရသည် မလုပ်တတ်ခင်မို့ ကြိုးစားပြီးတော့ ကျနော်တို့တွေ လုပ်ကြသည်

တစ်နေ့ကုန် မက်တက်ရပ်ပြီး ပုစွန်ခွာရတာ ခြေထောက် ခြေသလုံးကြွက်သားများမှာ တောင့်တင်းပြီးတော့ ဘယ်ကိုမှ မသွား မလာချင်၍ ကျနော်တို့တွေ အလုပ်ကပြန်လာတာနဲ့ ရေမိုးချိုး ထမင်းဟင်းချက် စားသောက်ပြီးတော့ တန်းအိပ်ကြသည် ပင်ပန်းလို့ထင်သည် ခေါင်းချတာနဲ့ သူငယ်ချင်းသုံးယောက်သား အိပ်မောကျသွားသည် သန်းခေါင်ကျော် ည12နာရီလောက်တွင်တော့

"ဟေါင့်တွေ ခဏ ထကြပါဦးကွ"

"ဟာ ဘာဖြစ်လို့လည်းကွာ အိပ်ကာင်းနေတာကို လားနိုးပြန်ပြီ မောင်ငယ်ရာ ဒုက္ခပါဘဲ"

"ဟုတ်ဘူးကွ ငါတို့အိပ်တုန်းက အတူတူ တန်းစီအိပ်ကြတာလေကွာ ငါအအိပ်မကြမ်းမှန်း မင်းတို့လည်း သိတယ်မလား"

"အေး သိတယ်လေကွာ အ့ာဘာဖြစ်လဲ"

"ဘာဖြစ်ရမှာတုန်းကွ အခုဒီမှာ ငါ ခြေရင်းဘက်ကို ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိဘူး တစ်ယောက်ယောက်ငါ့ကို ဆွဲချသလို ခံစားရလို့ မင်းတို့ကို နိုးလိုက်တာကွ"

"ဟာ ဟင် ဒါ ဒါဆို သ သရဲ"
"
"
"
"
"
ကြားရက်များတွင် အပိုင်းဆက်အား ဆက်လျက်ရေးသားသွားပါမည်ခင်ဗျာ စောင့်မျှော် အားပေးကြပါရန်....

ကျေးဇူးတင်ထိုက်သူများနှင့်တစ်ကွ steemit myanmar အဖွဲ့သားများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။

MSC 160
Author: @KoLinn (ထိုင်းနိုင်ငံရောက် အတွေ့ကြုံများ)

Sort:  

ဆန့်တစ်ငန့်ငန့်ကြီး လုပ်သွားတယ်

😁😁😁😁

နောက်တော့bro့လည်း ဇွန့်းနဲ့ ခွာတာမြန်သွားတယ်ပေါ့ အတွေ့အကြုံတွေအများကြီးဘဲ့

ပုစွန်ချက်စားတဲ့အခါ ဇွန်းနဲ့ခွာကြည့်bro 😁

အတွေ့ကြုံတွေကိုခုလိုသိခွင့်ရတာ နီးယူစရာတွေပါ bro

အခုလိုဖက်ပေးတာ ကျေးဇူးပါဗျာ

ဖတ်​လို့​ကောင်း​နေတုန်း ပြီးသွား အဆက်​​စောင့်​​နေပါတယ်​ အစ်​ကို

နောက်နေ့  တင်မယ် 😁

သရဲအကြောင်းပိုသိချင်တာ 😁😁😁
ကောင်းခန်းရောက်တာနဲ့ ထားခဲ့ပြန်ပြီ

အဲ့လိုလည်း ဟူတ်ပါဘူးဗျာ😁

နောက်လာမည့်အဆက်မှာတော့ သူရဲဆိုတာ အထီးလားအမလားသေချာသိရတော့မယ်နဲ့တူတယ်😂😂
အားပေးနေတယ်အစ်ကိုရေ ကျွန်တော်တို့မရောက်နိုင်တဲ့ဒေသကအတွေ့အကြုံတွေကိုသိရှိခွင့်ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်

ဖက်ပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျ 😁

လူပျိုတေ စွန်ကုန်တာထင်ပ
သရဲနဲ့ ပုစွန်နဲ့ အဲ့မှာ စတေ့ပီထင်တယ်
မျှော်လက်စနဲ့ မျှော်ပီ😁😁😁

ဟ ဟားး 😁

ဗဟုသုတရပါတယ်ကျေးဇူးပါ။

ဖက်ပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ

ညကတ​ယောက်​တည်းဖတ်​မိ​တော့​တော်​​တော်​လန့်​သွားတယ်

😁😁😁

ဇွန်းနဲ့ခွာဒါပဲ ပိုကောင်းပါတယ် ဓားလေးပြန်ပေးလိုက်ပေါ့ ဝဏ္ဏကို
ဒါနဲ့ သရဲအကြောင်းဆက်ရေးအုံးလေ အရှိန်ကြသွားတယ် လာနိုးချိန်မှ

ညပိုင်းရေးရတာမို့  ဆက်မရေးရဲတော့လို့ ပါ 😁

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 59273.25
ETH 2758.24
USDT 1.00
SBD 2.28