ကျ​နော့်​ရဲ့ အဖိုး (ဇာတ်​သိမ်း)

in #myanmar7 years ago

image
ကျ​နော်​လူမှန်းသိတတ်​စအရွယ်​ ကျ​နော့်​အဖိုး​ပြောပြသည်​များနား​ထောင်​ရင်း စိတ်​မ​ကောင်းဖြစ်​မိသည်​။ ကျ​နော့်​အဖိုးဖြစ်​သူမှာ... တစ်​ချိန်​က ​ကောလိပ်​​ကျောင်းသား ​ဆွေကြီးမျိုးကြီး မိဘ​တွေက ​ငွေရှိသူဖြစ်​​ပေမယ်​၊့ အချစ်​အတွက်​နဲ့ အရာရာ​ကို​ပေးဆပ်​ပြီး၊ မိဘ​တွေသ​ဘောမတူတဲ့ မိန်းမ(ကျ​နော့်​အဖွား)ယူပြီး​နောက်​ပိုင်း၊ အ​မွေလည်းပြတ်​ မိဘလည်းဆုံး၊ ​နောက်​ဆုံး မယားဖြစ်​သူပါ ဆုံးပါး​သွား​တော့၊ ​သားသမီးသုံး​ယောက်​နဲ့အတူ ​လောကကြီးထဲတွင်​ အချိန်​လွန်​​နောတ​တွေနဲ့ ရုန်းကန်​လှုပ်​ရှားရ​လေ​တော့သည်​။

အမိမဲ့သား ​ရေနည်းငါးဆိုသလို သားသမီး​တွေအတွက်​ အ​မေဆိုလည်းဟုတ်​ အ​ဖေဆိုလည်းဟုတ်​တဲ့ ကျ​နော့်​အဖိုးအဖြစ်​သူမှာ ​ငွေရဖို့အတွက်​ ဘာအလုပ်​ဖြစ်​ဖြစ်​ သူလုပ်​သည်​၊ အဖိုးလုပ်​သည့်​အလုပ်​မှာ သားသတ်​သမား အလုပ်​ဖြစ်​​လေသည်​။ ထိုသားသတ်​သမားအလုပ်​ဖြစ်​ သားသမီး​တွေကို လူကြားထဲမျက်​နှာမငယ်​​ရအောင်​ ပညာ​ရေးဆုံးခန်းတိုင်​အထိ ထားနိုင်​ခဲ့သည်​... လူတန်း​စေ့ ​ကျွေးနိုင်​​မွေးနိုင်​ခဲ့သည်။ သို့​သော်​.... သားသတ်​သမားအလုပ်​ဖြစ်​သည့်​အတွက်​ အကုသိုလ်​​တွေက​တော့ ​နေ့စဉ်​နဲ့အမျှ ဒီ​ရေအလား တိုးပွားလာသည်​၊ တစ်​​ညမှာ​တော့... ကျ​နော့်​အဖိုးဖြစ်​သူမှာ အိမ်​မက်​ မက်​​လေသည်​ အိမ်​မက်​ထဲတွင်​ အဖိုးသတ်​ခဲ့​သော ကျွဲ၊နွား၊ဝက်​ တိရစ္ဆာန်​များမှာ ​ကြောက်​စရာ ပုံသဏ္ဍန်​များဖြင့်​ အဖိုးအား လာ​ရောက်​​ခြောက်​လန့်​​လေ​တော့သည်​။ ထိုအခါ အဖိုးဖြစ်​သူမှာ ကံကို ဥာဏ်​ဖြစ်​ ဆင်​ခြင်​​လေ​တော့သည်​... သားသမီး​တွေလည်း အရွယ်​​ရောက်​လို့ ပညာလည်းဆုံ ကြင်​ယာလည်းဆုံကြပြီမို့ သားသတ်​အလုပ်​ကို စွန့်​လွတ်​ပြီး​တော့ တစ်​ဝမ်းတစ်​ခါးအတွက်​ အခြားကြုံရာကျပန်း အလုပ်​ကိုလုပ်​ပြီး​တော့ ဘဝကို ​အေး​ဆေးစွာဖြတ်​သန်းပြီး ဘာသာ​ရေးကို အဓိကထားပြီး​တော့ လုပ်​​လေ​တော့သည်​။

သားသမီး​သုံး​ယောက်​စလုံး ​အိမ်​​ထောင်​​တွေကျပြီး ကိုယ့်​အိုးကိုယ့်​အိမ်​ဖြစ်​ အသီးသီးခွဲ​နေကြ​​လေ​တော့ အဖိုးဖြစ်​သူမှာ အိမ်​ထဲတစ်​​ယောက်​ထဲ​နေရ​တော့ မ​နေချင်​​တော့ပဲ ရွာဦးဘုန်းကြီး​ကျောင်း ဆရာ​တော့်​ထံတွင်​ ​ဝေယျာဝစ္စများ လုပ်​ကိုင်​​ပေးရင်း ဆရာ​တော့်​ထံတွင်​ တရားဘာဝနာများနဲ့ တရားကျင့်​စဉ်​များကို ဆည်းပူး​လေ​တော့သည်​။တစ်​ကယ်​​တော့ အဖိုးရဲ့ ရည်​ရွယ်​ချက်မှာ... တစ်​ချိန်​က မရည်​ရွယ်​ပဲ မလုပ်​ချင်​ပဲနဲ့ သားသမီး​တွေအတွက်​ ဘာလုပ်​လို့ဘာကိုင်​ရမှန်းမသိဘဲ သားသတ်​သမားအလုပ်​ကို လုပ်​ကိုင်​မိခြင်း​ကြောင့်၊ ပြီး​တော့... အဖိုးရဲ့စိတ်​နဲ့ပဲ အဖိုးရဲ့မိဘ​တွေ ​ရှေ့ဆင့်​​နောက်​ဆင့်​ ဆုံးပါးသွား​ခြင်း​ကြောင်​၊့ ပြီး​တော့... အဖိုးရဲ့ နိုပ်​စက်​မှု့ဒဏ်​​တွေကို ခါးစီးခံရင်း အချိန်​မတိုင်​ပဲနဲ့ ​လောကကြီးထဲက​နေ ထွက်​ခွာ​သော မယားဖြစ်​သူ​ကြောင့်​ ​နောင်​တ​တွေ အကြီးကြီးရပြီး သံသရာကို ​ကြောက်​ရွံ့လာ၍ ရွာဦးဘုန်း​ကျောင်းတွင်​ သွား​ရောက်​နေထိုင်​၍ ဆရာ​တော်​ဘုရားကြီးရဲ့ ​ဝေယာဝစ္စများ လုပ်​ကိုင်​​ပေးရင်းနဲ့ တရားများ ကျင့်​ကြံ​ခြင်းဖြစ်​​လေသည်​။

ဒီလိုနဲ့ ရွာဦးဘုန်းကြီး​ကျောင်းတွင်​ ​နေလာခဲ့ရာ တစ်​​နေ့ ရွာဦး​ကျောင်း ဆရာ​တော်​ဘုရားကြီးမှာ အဖိုးအား မိန့်​​ကြား​​တော်​မူ​လေသည်
"ကဲ ဒကာ​တော်​ ​မောင်​ဘဂျမ်း ​ကျောင်းမှာ​နေလာတာ အခုဆိုရင်​ နှစ်​ဝက်​​လောက်​ရှိပြီ တရားကျင့်​စဉ်​​တွေလည်း ရ​လောက်​​ရော​ပေါ့ ဒီ​တော့ ဘုန်းကြီး​ကျောင်းဆိုတာက ပုထုစဉ်​ ​လူသား​တွေရဲ့ ​ရေရှည်​​နေဖို့အတွက်​ ​နေရာထိုင်​ခင်းတစ်​ခု မဟုတ်​သလို အပ်​လည်း မအပ်​ဆပ်​ဘူးကွဲ့၊ ဒကာမောင်​ဘဂျမ်းအ​နေနဲ့လည်း တရားကျင့်​စဉ်​​တွေ လိုက်​နာနိုင်​ပြီဆို​တော့ တစ်​ချိန်​က မောင်​ဘဂျမ်းရဲ့ အကုသိုလ်​ ဝဋ်​​ကြွေး​တွေကို သံသရာအထိ မသယ်​သွားပဲ ဒီဘဝ ဒီခန္ဓာနဲ့ဆပ်​နိုင်​ဖို့အတွက်​ ဝိပဿနာ တရားကျင့်​စဉ်​ကို ဘုန်းဘုန်းက​နေပြီး​တော့ တိုင်​​ပေးမယ်​ ဒကာ​မောင်​ဘဂျမ်း ကြိုးစားကျင့်​ကြံ​ပေ​တော့ကွယ်​"

ဒီလိုနဲ့ ရွာဦး​ကျောင်း ဆရာ​တော်​ဘုရားကြီးမှာ အဖိုးအား ဒီဘဝ ဒီခန္ဓာနဲ့ အကုသိုလ်​ ဝဋ်​​ကြွေးများ ​ကြေ​အောင်​ဆပ်​နိုင်​ဖို့အတွက်​ ဝိပဿနာ တရားများအား ​ဘေးက​နေပြီး တိုင်​​ပေး​လေသည်​ ကျ​နော့်​အဖိုးသည်​ ထိုတရားများ ကျင့်​ကြံအားထုတ်​စဉ်​(အဖိုး ​ပြောပြချက်​အရ)မျက်​လုံးမှိတ်​ထား​သောလည်း မျက်​စိထဲတွင်​ မ​ကောင်းဆိုးဝါး​တွေကို မြင်​​နေရသည်​ အဖိုးအား လာ​ရောက်​​ခြောက်​လန့်​ကြသည်​ ​ဇော​ချွေး​တွေလည်း ပြန်​လာသည်​။ ဒါကို ​ဘေးက​နေပြီး​တော့ တိုင်​​ပေး​နေ​သော ဆရာ​တော်​ဘုရားကြီးလည်း သိ​နေသည်​။
"ဒကာ​မောင်​ဘဂျမ်း ဆပ်​စရာရှိတာကို ဒီဘဝမှာတင်​ ဒီခန္ဓာနှင့်​ ​ကြေ​အောင်​ဆပ်​ သံသရာအထိ မသယ်​သွားနဲ့ မြင်​ရင်​မြင်​တယ်​မှတ်​ ကြားရင်​ကြားတယ်​မှတ်​ နာရင်​ နာတယ်​မှတ်​"
ဘေးက​နေ ​ဆရာဘုရားကြီးက​နေပြီး တိုင်​​ပေး​သည့်​အတိုင်း တရားအားထုတ်​​ရာ ဟိုဟာ ဒီဟာ ဆက်​ပြီးမမြင်​ရ​တော့ပဲ ခန္ဓာကိုယ်​က​နေပြီး​တော့ ဟိုနားက ​အောင့်​လိုက်​ ဒီနား​က​အောင့်​လိုက်​ တစ်​ဖြည်းဖြည်း တစ်​ကိုယ်​လုံးကို မီးစနဲ့ထိုးသလို ပူလာလိုက်​ ခန္ဓာကိုယ်​က တွန့့်​သွားလိုက်​နဲ့ ဒါကို ဆရာ​တော်​ဘုရားကြီးက သိ​တော့ သတိ​ပေးလိုက်​ ဒီလိုနဲ့ပဲ အဖိုးရဲ့ ဝိပဿနာ ဒီဘဝ ဒီခန္ဓာနဲ့ ​ကြေ​အောင်​ဆပ်​နည်း တရားကျင့်​စဉ်​မှာ ​အောင်​မြင်ပြီးဆုံးသွား​လေ​တော့သည်​။

ဒီလိုနဲ့ ကျ​နော့်​အဖိုးလည်း ​ကျောင်းက​နေထွက်​ပြီး​ အိမ်​မှာပြန်​​နေ​​တော့ဖို့အတွက်​ ဆရာ​တော်​ဘုရားကြီးအား ဦးချကန့်​​တော့​လေ​တော့သည်​။ထိုစဉ်​ ဆရာ​တော်​ဘုရားကြီးမှ မိန့်​ကြား​တော်​မူ​လေသည်​....
"ဘယ်​လိုလည်း ​ဒကာ​မောင်​ဘဂျမ်းရဲ့ ဘုန်းဘုန်းက ဘုန်းကြီး​ကျောင်းဆိုတာက ပုထုစဉ်​ လူသား​တွေရဲ့ ​ရေရှည်​​နေဖို့အတွက်​ ​နေရာထိုင်​ခင်းတစ်​ခု မဟုတ်​သလို အပ်​လည်း မအပ်​ဆပ်​ဘူးဆိုတာကို မိန့်​ကြားခဲ့လို့များ ​ကျောင်းက​နေ ထွက်​သွား​တော့မလို့လားကွဲ့"

"တင့်​ပါ့ အဲ့လိုလည်း မဟုတ်​ရပါဘူးဘုရား"

"​အေးကွယ်​ ဒကာ​မောင်​ဘဂျမ်းကို ဘုန်းဘုန်းဆိုလိုချင်​တာက သံသရာ ဝဋ်​ဆင်းရဲ ဒုက္ခကို ​ကျော်​လွှားနိုင်​ဖို့ဆိုတာ သာသနာ့​ဘောင်​တစ်​ခုပဲရှိတယ်ကွဲ့"

"တင်​ပါ့ တစ်​ပည့်​​တော်​ နားလည်​သ​ဘော​ပေါက်​​ပါတယ်​ဘုရား ဒါ​ပေမယ့်​ တစ်​ပည့်​​တော်​ အ​နေနဲ့ သံဃာ​တော်​​တွေရဲ့ ဝိနည်း​တွေ မလိုက်​နာနိုင်​​သေးလို့ပါဘုရား"

"အိမ်းး ဒါဆိုလည်း ဘယ်​တတ်​နိုင်​မတုန်းကွယ်​ ဒါနဲ့ ဒကာ​မောင်​ဘဂျမ်းကို ဘုန်းဘုန်းအ​နေနဲ့ မိန့်​ကြားမှာယူစရာ ရှိတယ်​ကွဲ့"

"တင်​ပါ့ဘုရား"

"ဒကာ​မောင်​ဘဂျမ်း နားလည်​သ​ဘော​ပေါက်​​အောင်​ လိုရင်းကိုပဲ မိန့်​ကြားမယ်​... ဒီလိုကွဲ့ လူ​တွေ တစ်​​နေ့တစ်​ခါ ဘာ​ကြောင့်​ ​ရေချိုးရသလဲ ​ဒကာ​မောင်​ဘဂျမ်း သိမှာ​ပေါ့"

"တင်​ပါ့ ခန္ဓာကိုယ်​ ညစ်​ပတ်​​ပေ​ကျံပြီး​တော့ နံ​​​စော်​​နေလို့ ​ရေချိုးရပါတယ်​ဘုရား"

"အိမ်းး ဒီ​တော့ ခန္ဓာကိုယ်​ ညစ်​ပတ်​​ပေ​ကျံ နံ​စော်​​နေလို့ တစ်​​နေ့တစ်​ခါ ​ရေချိုးရတယ်​ဆိုရင်​ စိတ်​​မှာ​ပေကျံ​နေတဲ့ အညစ်​အ​ကြေး​တွေကိုကော ​ဆေး​ကြောဖို့ မလိုဘူးလားကွဲ့"

"တင်​ပါ့ လိုပါတယ်​ဘုရား တစ်​ပည့်​​တော်​ နားမလည်​လို့ ဆက်​ပြီးမိန့်​ကြား​ပေး​တော်​မူပါဘုရား"

"ဒီလိုကွဲ့ ဒကာ​မောင်​ဂျမ်းရဲ့ လူ​​တွေဟာ ​နေ့စဉ်နဲ့အမျှ အကုသိုလ်​​တွေ များကြတယ်​ကွဲ့ မြင်​​နေ ကြား​နေ ​ပြော​နေသမျှ ကာလပတ်​လုံး နာရီ မိနစ်​ စက္ကန့်​မခြားပဲနဲ့ကို စိတ်​မှာ အညစ်​​ကြေး​တွေ ​ပေကျံ​နေကြတယ်​ ဒီလို​ညစ်​ပတ်​ပေကျံ​နေတဲ့စိတ်​ကို ​ဆေး​ကြောဖို့ဆိုတာ တရားထိုင်​ခြင်းအလုပ်​ကို တစ်​​နေ့တစ်​​ခေါက်​ မလုပ်​​နိုင်​​တောင်​ တစ်​ပတ်​တစ်​​ခါ​တော့ လုပ်​သင့်​တယ်​ကွဲ့ ​ရေ​တောင်​မှ ​နေတိုင်း​ချိုး​နေ​သေးတာပဲ မဟုတ်​လား ဒကာ​မောင်​ဘဂျမ်း"

"တင်​ပါ့ တစ်​ပည့်​​တော်​ နားလည်​သ​ဘော​ပေါက်​ပါပြီ နာယူမှတ်​သား လိုက်​နာ ကျင့်​ကြံပါ့မယ်​ဘုရား"

"အိမ်းး သာဓုကွယ်​ သာဓု သာဓု သာဓု...."

ဒီလိုနဲ့ ကျ​နော့်​အဖိုးဖြစ်​သူမှာ ရွာဦးဘုန်းကြီး​ကျောင်းတွင်​ ​နေခဲ့စဉ်​က ဆရာ​တော်​ဘုရားကြီးရဲ့ သင်​ပြဆုံးမမှု့ သြဝါဒ​တွေ​ကြောင့်​ တရားများကျင့်​ကြံအားထုတ်​ရတာကိုလည်း အကျင့်​တစ်​ခုဖြစ်​လာသည်​။ ​နောက်​ပိုင်းတွင်​ အများအကျိုးသယ်​ပိုးမည်​ဆိုတဲ့ ဆုံးဖြတ်​ချက်​နဲ့အတူ ကျ​နော့်​အဖိုးဖြစ်​သူမှာ မြန်​မ့ာတိုင်းရင်းဆေး နည်းပညာများကိုလည်း ​လေ့လာလိုက်​စား​လေသည်​၊၊ ထိုမှ တစ်​ဆင့်​ မ​နောစိတ္တပ ဂိုဏ်းထဲသို့ ဝင်​​​ရောက်​​လေသည်​။ဤ​နေရာတွင်​ အဖိုး​ပြောပြချက်​အရ မ​နောစိတ္တပသည်​ ငါးပါးသီလကို ခါးဝတ်​ပုဆိုးလို မြဲရသည်​ အထူးသဖြင့် ​သက်​သက်​လွတ်​စားရ​လေသည်​။

ကျေးဇူးတင်ထိုက်သူများနှင့်တစ်ကွ steemitmyanmar အဖွဲ့သားများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။

MSC 160
Author: @KoLinn (ထိုင်းနိုင်ငံရောက် အတွေ့ကြုံများ)

Sort:  

နောက်ထပ် ဆက်ရေးမယ့်အပိုင်းတွေကို မျှော်နေပါ့မယ် အဆင်ပြေရင် မနောစိတ္တပအဖွဲ့အကြောင်း ရေးပေးပါဦးဗျာ

အဖိုးအ​ကြောင်း
မျှော်​လို့မရ​တော့ဘူး
အခု​ရေးတာ ဇာတ်​သိမ်းပါ
မ​နောစိတ္တပဆိုတာ ကျ​နော်​လည်း
အဖိုး​ပြောပြလို့သာ ကြားဖူးတာပါဗျာ
အဲ့အ​ကြောင်း​ရေးဖို့တာ ​လွယ်​​တော့မလွယ်​ဘူး
ကိုယ်​တိုင်​ကိုယ်​ကျ​လေ့လာပြီး​ရေးမှရမှာ ကို​စော​ရေ

မကောင်းဖက် အကောင်းဖက် သိတဲ့အချိန်မှာ ကူးနိုင်တာဟာ တကယ်တော်တဲ့ အပြုအမူမျိုးဘဲ့။တစ့်ရှိတယ်လေ မကောင်းမှန်းသိရက်နဲ့မိုက်နေကြတာတွေ

ဟုတ်​ကဲ့
Bro​​ပြောတာ
မှန်​ပါတယ်ခင်​​ဗျာ
တစ်​ချို့​​တွေ မှားမှန်းသိရက်
အချိန်​မှီ အမှားကို မပြင်​ဆင်​နိုင်​ဘူး
ပျက်​အစဉ်​ ပြင်​ခဏ​ပေမယ့်​ ပြင်​ရမှာကို
တစ်​ချို့လူ​တွေက အ​တော်​ဝန်​​လေး​နေကြတယ်
ထီးနဲ့ဖိနပ်​မပာ ​နွေအခာသိ ဒါနနဲ့သီလမပါရင်​ ​သေခါမှသိ ဆိုသလို​ပေါ့ ကျ​နော့်​အဖိုးက သူမ​သေခင်​ အချိန်​မှီ အကုသိုလ်​ အလုပ်​ဖြစ်​တဲ့ သားသတ်​သမားအလုပ်​ကို စွန့်​လွတ်​ပြီး​တော့ ​ကောင်းတာ​တွေ လုပ်​နိုင်​ခဲ့တာ အဖိုးအတွက်​​တော့ ဝမ်းသာစရာပါဗျာ

အင်း
ကိုလင်းရဲ့အဖိုးဇာတ်လမ်းကလည်း
ဖတ်လို့ကောင်းနေပြန်ရောပဲ
ဘုန်းဘုန်းက ဘုန်းကြီးဝတ်ဖို့ အရိပ်ပြတာကိုသိပေမယ့်
ဘုန်းကြီးမဝတ်ပဲ ဆေးဆရာလိုင်းဘက်လိုက်ခဲ့တာပေါ့နော်
တရားပေးတဲ့ဘုန်းဘုန်းကလည်း သီလသမာဓိရှိတဲ့သူဖြစ်သလို နာယူသူကလည်း အာရုံစူးစိုက်မိတယ်ထင်တယ်
တတရားရဲ့အနှစ်ကိုခံစားသွားရတယ်။
ဒါနဲ့ စောစောကရေးတုန်းက ဒုတိယပိုင်းဆို
ခုက ဇာတ်သိမ်းလိုက်ပီလား😁😁

ဟုတ်​တယ်​ဗျ
ဘုန်းကြီးဝတ်​ရမှာ
ဝိနည်း​တွေ မလိုက်​နာနိုင်​ရင်
အပ္ပါယ်​ကျမှာလည်း ​ကြောက်​လို့ထင်​တယ်
ဆေးဆရာလိုင်းလိုက်​တာက​တော့ သူဝါသနာပါလို့
ဖြစ်​မယ်​ဗျ ဘုန်းဘုန်း​ဟောတဲ့ တရားက​တော့ ကျ​နော်​​လေ့လာမိသ​လောက်​ထဲက​နေပြီး​တော့ကြဖန်​ပြိ​တော့ ​ရေးထားတာပါ ပထမက ဒုတိယပိုင်းဆို​ပေမယ့်​ စာ​ရေးတာ မှားသွားလို့ ဇာတ်​သိမ်းဆိုပြီး ပြန်​​ပြောင်​​ရေးလိုက်​တာပါ ဇာတ်​က မသိမ်းလို့မရ​တော့ဘူး အဖိုး​ကြောင်း​ရေးရတာဆို​တော့ ​မြေးတစ်​​ယောက်​အ​နေနဲ့ သိပ်​မသိဘူး​လေ မသိဆို ကိုယ်​မှ မ​မွေး​သေးတာ ဘယ်​လိုလုပ်​ပြီး သိမှာလည်း ကို​ဇော်​​ရေ 😛😛😛😛

လူရယ်လို့ဖြစ်လာပီး အမှားများစွာ ကြုံတွေ့ကြရပါတယ် ။ သို့သော် တရားများကျင့်​ကြံအားထုတ်ခြင်းအား စူးစိုက်လုပ်ဆောင်သွားကြမည်ဆိုလျင် အမှားကင်းစင်လာပြီး ငြိမ်းချမ်းသော ဘ၀ကို ပိုင်ဆိုင်လာကြမည်မလွဲပေ။

ဟုတ်​ပါတယ်​ခင်​ဗျာ
တစ်​ချို့​တွေကြ​တော့လည်း
ပထမအရွယ်​မှာ​ ပညာရှာကြတယ်
ဒုတိယအရွယ်​မှာ စီးပွားရှာကြပာတယ်
တတိယအရွယ်​​ရောက်​မှ တရားရှာကြတယ်
ဒါ​​ပေမယ့်​ ​သေခြင်းတရားက အရွယ်​သုံးပါးမ​ရွေးပါဘူး
နေ့စဉ်​ဖြတ်​​သန်း​နေရတဲ့ ဘဝမှာ အမှားကင်းစင်​​အောင်​ ​နေနိုင်​ရင်​​တော့အ​ကောင်းဆုံးပါ

အ​ရော အဖိုးလိုပဲ​ဆေးကုတတ်​လားဗျ 😁

ကျ​နော့်​အဖိုး​လောက်​​တော့ ဘယ်​ကုတတ်​ပါ့မလည်း
အဖိုးက ​ဆေးဆရာ​လေ ​ဆေး​ဆရာဆိုလည်းဟုတ်​တယ်​ ဂိုဏ်းဆရာဆိုလည်းဟုတ်​တယ်​ ဂိုဏ်းဆရာဆိုတာ သိုး​လောကကို ​ပြောတာမဟုတ်​ဘူး​နော်​တော်​​ကြာမှာ​နေမှာဆိုးလို့​ ငိငိငိ
စတာပာဗျာ ကျ​နော်​က ဘယ်​လိုလုပ်​ပြီး​ဆေးကုတတ်​မှာလည်းဗျာ ရမ်းကုမယ်​ဆိုရင်​​တော့ ကုတတ်​တယ်​ broစီဆာစုပိုင်​မင်း​ရေ ခွိခွိခွိ😜

ဖတ်ရတာတော့ အရသာရရှိတယ်ဗျာ..
ကျနော်လည်း အဖိုးအကြောင်းရေးအုံးမှပါ..
အကို့လို စေ့စေ့ရေး တွေးတွေးပြီး မြင်အောင်ရေးဖို့တော့ ခက်တယ်.😁😁😁

အရသာရှိမှာ​​ပေါ့ကွယ်​ အရသာရှိ​အောင်​ ဆားနည်းနည်းခပ်​ထားတာပါ ခိခိ broလည်း အဖိုးအ​ကြောင်း ​ရေးမယ်​ဆို​တော့ ​ကောင်းတာ​ပေါ့ ​မြေးတစ်​​ယောက်​အ​နေနဲ့ အဖိုးအ​ကြောင်း​ရေးတာ ဂုဏ်​ယူစရာပါ သိသ​လောက်​​လေး​ရေးလည်း ရပါတယ် အား​ပေ​​နေပါ့မယ်​ဗျာ​ ကျ​နော်​​ရေးတာ ​စေ့စပ်​တာ ဟုတ်​ပါဘူးဗျာ အ​တွေ့အကြုံ​လေးနဲ့ ဗဟုသုတ​လေး​နဲ့ အဖိုး​ပြောပြတဲ့ ​အ​ကြောင်းအရာ​လေ​တွေကို ​ပေါင်းစပ်​လိုက်​​တော့ ​ကောင်းတယ်​ထင်​​နေတာပါ တစ်​ကယ်​​တော့ စာ​ရေးဆရာတစ်​​ယောက်​ မဟုတ်​​တော့ ဒီထက်​ပို​ကောင်း​အောင်​ ဘယ်​​ရေးနိုင်​ပါ့မလဲဗျာ

ကျွန်တော့်အဖိုးရဲ့ အကြောင်းကလည်း ထိုင်းနိုင်ငံရောက် အတွေ့ကြုံများမှပဲလားဗျ😁😁😁

ဟဲဟဲ
ရေးတာ
အဖိုးအ​ကြောင်း
ရေးတာပါပဲခင်​ဗျာ
ထိုင်းနိုင်​ငံအ​ကြောင်း
ရေးတာမှ မဟုတ်​တာဗျာ
ကိုဟိန်းကလည်း ​နောက်​ပါနဲ့
အောက်​ဆုံးမှာ ထိုင်းနိုင်​ငံ​ရောက်
အ​တွေ့အကြုံများဆိုပြီး ပါသွားတာက
ကော်​ပီပတ်​စ်​လုပ်​တာ ​မေ့ပြီး​တော့ပါသွားတာ
အခုလို အမြဲတန်း ကျ​နော်​​ရေးတဲ့​ဆောင်းပါး​တွေကို
လာ​ရောက်​ပြီး​တော့ ဖက်​ရှု့အား​ပေးတာ ​ကျေးဇူးတင်​ပါတယ်

ကိုလင်း အရေးအသား အရမ်းတိုးတက်သွားပြီနော် တကယ် ပဲ အဖိုးအကြောင်းနဲ့တူ စကားပြောခန်းလည်းထည့်သွားတယ်။

ဟုတ်​ကဲ့ ​ကျေးဇူးတင်​ပါတယ်​ ကိုဗီး​ရေ....

ကိုလင်း​ရေးသားတာ​တွေဖတ်​ပြီး မသိ​သေးတာ​တွေသိရလို့ ​ကျေးဇူးပါ

ဟုတ်​ကဲ့ အများကြီး​ကျေးဇူးတင်​ပါတယ်​ တစ်​ခုခုရသွားတယ်​ဆိုရင်​ ​ကျေနပ်​ပါတယ်​ဗျာ

အဖိုးက နည်းလမ်းကောင်းတွေကိုသဘောပေါက်နားလည်ခဲ့ ဝမ်းသာပီတိဖြစ်မိပါတယ် ကိုလင်း ဘုန်းကြီးရဲ့ဆုံးမစကားလေးက မှတ်သားစရာပါ

အင်းး
ကိုညီ​ရေ
ဟုတ်​ပါတယ်
သ​ဘော​ပေါက်​တာ
မြန်​​ပေလို့ နို့မဟုတ်​ရင်
ကျော​ပေါက်​မှဗျ အဟီးဟီး
ဗုဒ္ဓဘာသာဝင်​ဆို​တော့ ဘုန်းကြီး
အဆုံးမ​တွေက​တော့ နာယူမှတ်​သားစရာ​တွေပါ

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.029
BTC 67237.66
ETH 2668.80
USDT 1.00
SBD 2.70