ကျ​နော့်​ဘဝ အ​တွေ့အကြုံများ (အပိုင်း ၁၅)

in #myanmar6 years ago (edited)

cmby9wvu3r.jpg
တစ်​​နေ့ထက်​တစ်​​နေ့ စိုက်​ပျိုး​ရေး(ဥယာဉ်​ခြံ)ထဲမှာ အလုပ်လုပ်​ရတာက နည်းနည်း ​​အိပ်​လိုက်​စားလိုက်​တာက များများဆို​တော့ ဒီအလုပ်ကို လုပ်​ကိုင်​ရတာ တစ်​ဖြည်းဖြည်းနဲ့ ငြီး​ငွေ့လို့လာသည်​၊ ဒီအလုပ်ကို ဆက်​မလုပ်​ချင်​​တော့လို့ ဘိုး​တော်​ကြီးကို ​ပြောရမှာလည်း အရမ်းအားနာတယ်​၊ သူနဲ့ကိုယ်​နဲ့က အလုပ်​ရှင်​နဲ့ အလုပ်​သမားဆို​ပေမယ့်​ မိဘနဲ့သားသမီးသဖွယ်​လို ဆက်​ဆံကြသည်​၊ ကိုယ့်​အ​ပေါ်မှာလည်း အလုပ်​သမားဘဲဆိုပြီး​တော့ နှိမ့်​ချဆက်​ဆံခြင်းမျိုးလည်း မရှိပါ။

ကျ​နော် ​ဆုံးဖြတ်​ချက်​ကို ရဲရဲဝံဝံ့​ချလိုက်​သည်​၊ ဒီတစ်​ခါ ဘိုး​တော်​ကြီးနဲ့ ထိပ်​တိုက်​​တွေ့တဲ့အခါ ခြံထဲမှာ ဆက်​မလုပ်​ချင်​​တော့တဲ့အ​ကြောင်းကို ဖွင့်​​ပြောပြလိုက်​​တော့မည်​။

ဒီလိုနဲ့ ဘိုးတော်​ကြီး ကျ​နော့်​ကို အလုပ်​ကိစ္စတစ်​ခုနဲ့ ဖုန်းဆက်​​ခေါ်၍ ဘိုး​တော်​ကြီးဆီကို ​ရောက်​တဲ့အခါမှာ​တော့....

"အဘ ကျ​နော်​ အလုပ်​ထွက်​​တော့မယ်​"

"​ဟေ... အလုပ်​ထွက်​မယ်​ ဟု​တ်​လားး ဘာလို့ထွက်​မှာတုန်းဟ"

"ဒီလိုပါ အဘ... ကျ​နော်​ မြဝတီ​ရောက်​​နေတာ အခုဆို တစ်​နှစ်​ပြည့်​​တော့မယ်​၊ အိမ်​ကိုပြန်​ချင်​လို့ အလုပ်​ထွက်​​တော့မလို့ပါ၊ ပြီး​တော့​လေ.. ဟို ဟို​လေ ခြံထဲမှာ အလုပ်​လုပ်​ရတာလည်း ငြီး​ငွေ့လာလို့ပါ၊ ငြီး​ငွေ့တယ်​ဆိုတာက အလုပ်​ပင်​ပန်းလို့ မဟုတ်​ပါဘူး ခြံထဲမှာက ကျ​နော်​တစ်​​ယောက်​ထဲ ​​နေရတာဆို​တော့ အ​ဖော်​မရှိ ဘာမရှိနဲ့ ပျင်း​ခြောက်​​ခြောက်​ကြီးမို့ မလုပ်​ချင်​​တော့လို့ပါ အဘ"

"ဟာကွာ... ​​ကောင်လေးကလည်းကွာ.. ငါ့မှာ​တော့ ခြံထဲမှာ မင်းကို ယုံကြည်​စိတ်​ချရလို့ အားကိုးမယ်​ ကြံခါရှိ​သေး အခု​တော့ အလုပ်​ထွက်​မယ်​​ပေါ့​လေ၊ အိမ်​ပြန်​ချင်​တယ်​ဆိုရင်​လည်း ပြန်​လည်​​ပေါ့... ပြီးရင်​ ပြန်​လာခဲ့​လေကွာ၊ ဘာလဲ.. အဘ​ပေးတဲ့ လစာနည်းလို့ အလုပ်​ထွက်​ချင်​တာလား.ဒါဆိုလည်း လစာ​တိုး​ပေးမယ်​​လေကွာ"

"အဘ​ပေးတဲ့ လစာနည်းလို့မဟုတ်​ရပါဘူး အဘ၊ အဘ​ပေးတဲ့လစာက ကျ​နော့်​အတွက်​ အရမ်းကို အဆင်​​ပြေပါတယ်၊ ဒါ​ပေမယ့်​..​"

"ဒါဆိုလည်း ဘာလို့ အလုပ်​ထွက်​မှာလည်းကွာ"

ဘိုးတော်​ကြီးက​တော့ ကျ​နော့်​ကို အလုပ်​မထွက်​​စေချင်​လို့ ​ဘေးကျက်​နံကျက်​ဖြစ်​​အောင်​ ​ပြော​နေပြီ၊ ကျ​နော်​လည်း အလုပ်ထွက်​​ဖို့အတွက်​ ​ကြားလို့​ကောင်း​အောင်​ အိမ်​ပြန်​​မယ်​ ​ပြောတာ​တောင်​ ပြန်​လည်​ပြီး ပြန်​လာပါတဲ့၊ မဖြစ်​​ချေဘူး ဘိုး​တော်​ကြီးကို ထိ​ရောက်​တဲ့ စကားလုံး​တွေနဲ့ ဂျင်းထည့်​သုံးပြီး​တော့ ​ပြောမှပဲ ရ​တော့မည်​။

"ဒီလိုပါ အဘရယ်​.. ခြံထဲမှာ ဟိုတစ်​​နေ့ညက ကျ​နော်​ သရဲ​ခြောက်​ခံရတယ်​ဗျ (အဲ့တုန်းက တစ်​ကယ်​လည်း သရဲ​ခြောက်​ခံရပါသည်​) သရဲ​ခြောက်​ခံရပြီး​နောက်​ပိုင်း ညညဆိုရင်​ ​တော်​ရုံနဲ့ အိပ်​လို့မ​ပျော်​​တော့ဘူး၊ အိမ်​မက်​ဆိုး​တွေလည်း ခဏခဏမက်​တယ်​၊ ပြီး​တော့ အ​ဖေနဲ့အ​မေ့ကိုလည်း အရမ်းသတိရတယ်​၊ ရွာကိုလည်း အရမ်းပြန်​ချင်​တယ်​၊ ရွာပြန်​ပြီးရင်​ ​ပျော်​သ​လောက်​​နေမယ်​၊ ပြန်​ပြီးရင်​လည်း ကြာချင်​သ​လောက်​ကြာမှာဆို​တော့... ခြံထဲမှာက ကျ​နော်​မရှိ​တော့ရင်​ စိုက်​ပျိုးသီးနှံ​တွေက ပျက်​စီးကုန်​လိမ့်​မယ်​၊ အ့ာ​ကြောင့်​ ကျ​နော်​ အလုပ်​ထွက်​သွားရင်​ အဘအ​နေနဲ့ ​နောက်​ထပ်​ လူအသစ်​ ရှာချင်​ရှာလို့ရ​အောင်​လို့ ကျ​နော်​အလုပ်​ထွက်​မယ်​လို့​ပြောတာပါ အဘ"

"​အေးဘာကွာ ဘယ်​တတ်​နိုင်​မလဲ တားမရ​တော့လည်း ထွက်​ချင်​လည်း ထွက်​​ပေါ့ကွာ... ကဲ ​ရော့ ဒီမှာ မင်းရဲ့ ​နောက်​ဆုံး လုပ်​ခလစာ၊ ပြီး​တော့ အဘ ဘာခိုင်းခိုင်း ဖင်​​ပေါ့လက်​​ပေါ့နဲ့ အလုပ်​ကြိုးစားတဲ့အတွက်​... ဒါက ​ဘောက်​စူး​ငွေ"

ဟူးး ​တော်​ပါ​သေးတယ်၊​ ​ပြောတာအဆင်​​ပြေသွားလို့ ကျ​နော့်အား ​အလုပ်​ထွက်​ခွင့်​ပြု​လေ​တော့သည်​၊ ​လစာအပြင်​ ​ဘောက်​စူး​ငွေပါ​ပေး​တော့ ​ပျော်​လည်း​ပျော်​သွား​လေသည်​။

"ဒါနဲ့ ​ကောင်​​လေး မင်း ဘယ်​​တော့ အိမ်​ပြန်​မလဲ အဘလိုက်​ပို့​ပေးမယ်​​"

"ခင်​ဗျာ..."

သေစမ်း ကိုယ့်​က သူ့ကို အလုပ်​ထွက်​လို့​ကောင်း​အောင်​ ပါးစပ်​ထဲရှိရာ ​လျှောက်​​ပြောပစ်​တာ... အခု​တော့ အဘကိုယ်​တိုင်​ ကျ​နော့်​အိမ်​ကို လိုက်​ပို့​ပေးမယ်​တဲ့ဗျာ...

"ဟုတ်​ကဲ့ ရပါတယ်​ အဘ၊ လိုက်​ပို့မ​နေပါနဲ့​တော့ အဘက အလုပ်​အရမ်းများ​တော့ ဒုက္ခ​ပေးသလို ဖြစ်​​နေပါ့မယ်​ ကျ​နော့်​ဟာကျ​နော်​ ပြန်​ပါ့မယ်​"

"​​အေး ​အေး ဒါဆိုလည်း ဒီလိုလုပ်​ အဘကိုယ်​တိုင်​ လိုက်​မပို့​တော့ဘူး ဂိတ်​ထဲက အဘတစ်​ပည့်​ကားနဲ့ ပြန်​လိုက်​ပို့ခိုင်းမယ်​ မငြင်းရ​တော့ဘူး​နော်​"

တိန်​ အ့ာမှ ​သေ​ရော.. ဘယ်​လို​မှ ပြောမရ​တော့ဘူး တစ်​ကယ်​ အိမ်​ကိုပြန်​ရ​တော့မယ်​၊ မတတ်​နိုင်​ဘူး ကိုယ့်​ရှူးကိုယ်​ပြန်​ပတ်​တာပဲ၊ လိုက်​မပို့ခိုင်းပါနဲ့လို့ ထပ်​ငြင်းပြန်​ရင်​ ရိုင်းရာကျ​ပေအုံးမည်၊​ မထူး​တဲ့အဆုံး လက်​ခံရ​ပေ​တော့​လေသည်​၊ ဒီလိုနဲ့ ဂိတ်​ထဲမှာရှိတဲ့ အဘတစ်​ပည့်​ တစ်​ဦးမှာ ကျ​နော့်​အား အိမ်​တိုင်​ယာ​ရောက်​ ကားနဲ့လိုက်​၍ ပို့​ပေး​လေ​တော့သည်​။

ဆက်​လက်​​ရေးသွားပါအုံးမည်​။
DQmWMqbjBXvQ3NYbyTHTYwzdUS4Le1MgGoU1AxA9WbFaHvk_1680x8400.jpg
Steemit Myanmar မှ Admin များနဲ့တစ်​ကွ အဖွဲ့သားများ အားလုံးကို ​ကျေးဇူးတင်​ပါသည်​။

MSC-160
Author @kolinn

Sort:  

ကဲ အိမ်ပြန်ချင်အုံး ကိုလင်းရေ အဘလိုက်ပို့ပါမယ်လေ

အဟီး😃

You got a 13.49% upvote from @minnowvotes courtesy of @kolinn!

Thanks you.

ကိုလင်းက သရဲနဲ့နီးစပ်တယ်နော်😁😁

ကျေ​နာ့်​အဖိုး​ အ​မွေ​ပေးထားတဲ့ အ​ဆောင်​လက်​ဖွဲ့ကြိုးရှိ​နေသ၍ ဘာသရဲလာလာ😊😊

အဘကိုယ်တိုင်လိုက်ပို့ပေးပါမယ်ဆို လက်ခံဘူး စိတ်ဆိုးတယ် ဟွင်းဟွင်း
.
သွားသွား ကားတစ်စီးဘောက်ဆူးချမယ်အလုပ်မထွက်နဲ့
တရဲကိုလည်း အဘဖမ်းပေးမယ်လေ အဖော်ရအောင် ဟီးး ပြေးပီ😁😁😁😂😂😂

😰😰😰😰😰 အဲ့တုန်းက ကားတစ်​စီးသာ ​ဘောက်​ဆူးရခဲ့ရင်​ အခုချိန်​ သူများနိုင်​ငံ​တောင်​ မလာပါဘူး ကို​ဇော်​​ရယ်​...😪

ဖတ်ကောင်းတဲ့စာဆိုတော့ ခဏလေးနဲ့ပြီးသွားပြီးတိုတယ်လို့ထင်ရပေမဲ့အဲ့လောက်ကြီးလဲ မတိုဘူးဗျ။ ဖတ်ရတာ အဆင်ပြေတယ်ဗျာ။

ဟုတ်​ကဲ့ ​ကျေးဇူးတင်​ပါတယ်​ ကို​ထွေး​ရေ..☺

ကိုလင်းက ရောက်တဲ့နေရာမှာသရဲနဲ့တော့ တွေ့ဖြစ်အောင်တွေ့သေးသားပဲ

အေးဗျာ သရဲက ကျ​နော်​မ​တွေ့ချင်​လည်း ​တွေ့​နေရတယ်​ တိုက်​ဆိုင်​လို့လား မသိပါဘူး

မထွက်စေချင်တဲ့လူကျတော့လည်း ခက်သားဗျ

ဟုတ်​တယ်​ဗျာ..😂

အိမ်တော့ ချောချောမောမောပြန်ရောက်သွားတာပေါ့ဗျာ

ဒါ​ပေါ့ဗျာ 😊😊

ကိုလင်းကဘာမှမလုပ်ဘဲနဲ့
သူများအပေါ်ပိုက်ဆံမယူချင်တာ
အဲ့စိတ်ဓာတ်ကိုတကယ်လေးစားပါတယ်ဗျာ

ပြန်မယ်လို့လိမ်ပြောကာမှ အိမ်ထိပို့ပေးတယ်ဆိုတော့ စရိတ်သက်သာတာပေါ့ဗျာ😁😁😁

စရိတ်​သက်​သာထက်​ လိမ်​လိုက်​ရ​တော့ ကိုယ့်​လိပ်​ပြာ ကိုယ်​မလုံဘူး မပြန်​ချင်​ပဲ ပြန်​ခဲ့ရတယ်​​လေ😂

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.033
BTC 64605.91
ETH 3159.61
USDT 1.00
SBD 4.11