ကျ​နော့်​ဘဝ အ​တွေ့အကြုံများ (အပိုင်း ၁၄)

in #myanmar6 years ago (edited)

cmby9wvu3r.jpg
တစ်​ကယ်​​တော့ မြန်​မာနိုင်​ငံ ကရင်​ပြည်​နယ်​ မြဝတီ နယ်​စပ်​မြို့​လေးဟာ စီးပွားရှာ လုပ်​ကိုင်​စား​သောက်​ရတာ အရမ်းကိုအဆင်​​ပြေတဲ့ မြို့​တစ်​မြို့ဖြစ်​ပါတယ်​။ ကျ​နော်​ မြဝတီမြို့ကို စ​ရောက်​တဲ့အချိန်​တုန်းက မြဝတီမြို့ဟာ တစ်​အုန်းအုန်း တစ်​ဒိုင်းဒိုင်း မတည်​မငြိမ်​နဲ့ အမဲ​ရောင်​နယ်ေ​မြ ဖြစ်​ပါတယ်​၊ သို့​သော်​ ပြည်​သူများက​တော့ ဝမ်းစာရှာ​ဖွေ​ရေးအတွက်​ ​နေ့စဉ်​အသွားအလာ မပျက်​ကြပါ​ပေ။

ထူခြားတာက မြို့ဝတီမြို့မှာက မြဝတီမှာ​မွေး မြဝတီမှာ ကြီးပြင်းလာတဲ့ မြို့ခံဆိုတာ အရမ်းရှားပါတယ်​၊ သို့​သော်​ မြဝတီ​ရောက်​မှ အဆင်​​ပြေလို့ အ​ခြေ​ချ​နေထိုင်​ပြီး နှစ်​ရှည်​လများ ​နေထိုင်​ရင်းနဲ့ မြို့ခံဖြစ်​သွားတာ​တွေ​တော့ ရှိပါတယ်​။ ​နောက်​တစ်​ခုက မြဝတီမြို့ဟာ ကရင်​ပြည်​နယ်​ဆို​ပေမယ့်​လည်း ကရင်​လူမျိုး​တွေ ​နေထိုင်​တာလည်းအရမ်းရှားပါတယ်​၊ လူအ​ယောက်​၁၀၀မှာ ၅​ယောက်​​လောက်​သာ ကရင်​လူမျိုး​တွေ ​နေထိုင်​ကြတာပါ၊ ကျန်​တာ​​တွေက အခြားတိုင်းရင်းသား လူမျိုး​တွေ များပါတယ်​။

တစ်​ခြားမ​ပြောနဲ့ မျက်​မြင်​ကိုယ်​​တွေ့​လေး ​ပြောပြပါမယ်​၊ ကျ​နော်​ မြဝတီကို စ​ရောက်​တဲ့ အချိန်​တုန်းက KNUက​နေ ခွဲထွက်​လာတဲ့ DKBAလို့​ခေါ်တဲ့ ကရင်​လက်​နက်​ကိုင်​ အဖွဲ့စည်းထဲမှာ ကရင်​လူမျိုးဆိုတာက ထိပ်​စီးပိုင်း အရာရှိ အရာခံ​တွေ​လောက်​​ပဲရှိတာ ​အောက်ေ​ခြအဆင့်နဲ့ ​အခြားအဆင့်​​တွေက အခြားတိုင်းရင်းသား လူမျိုး​တွေက များပါတယ်​၊ ဘာလို့လဲဆို​တော့ အဲ့အချိန်​တုန်းက မြဝတီမြို့မှာ လုပ်​ကိုင်​စား​သောက်​ စီးပွားရှာလို့​ကောင်းတဲ့အချိန်​လည်းဖြစ်​သလို KNUက​နေ ခွဲထွက်​ပြီး​တော့ အလင်းဝင်​​ရောက်​လာတဲ့ လက်​နက်​ကိုင်​ DKBAအဖွဲ့အစည်းဟာလည်း မြဝတီမြို့မှာ အရမ်းကို အ​ရေးပါ အရာ​ရောက်​ခဲ့တယ်​၊ ဒီ​တော့ အခွင့်​အ​ရေးယူချင်​တဲ့ အခြား(ကရင်​လူမျိုး မဟုတ်​တဲ့)တိုင်းရင်းသား​တွေက DKBA အဖွဲ့စည်းထဲ ဝင်​​ရောက်​ပြီး​တော့ အ​ခြေ​နေကြည့်​ပြီး​တော့ ဝင်​​ရောက်​လုပ်​စားကြတာ​ပေါ့၊ အ​ခြေ​နေ မဟန်​ရင်​​တော့ ပြန်​ထွက်​ကုန်​ကြတာ၊ ဘာလို့ ကျ​နော်​ ဒီလို​ပြောနိုင်​သလဲဆိုရင်​​တော့ အ​ပေါ်မှာ ကျ​နော်​​ပြောခဲ့သလို​ ကိုယ်​တိုင်​ကြုံခဲ့ဖူးတဲ့ အဖြစ်​ပျက်​​လေး တစ်​ခု​ပြောပြပါမယ်​။

ကျ​နော်​ မြဝတီကို စ​ရောက်​ချိန်​က ဆမ်​ပ​လောနင်းတာ​ပေါ့၊ ဆမ်​ပ​လောနင်းရင်းနဲ့ အဆက်​သွယ်​​ကောင်းရရင်းနဲ့ မြဝတီမြို့ ၁ဂိတ်​မှာ DKBAအဖွဲ့က ဗိုလ်​ကြီးတစ်​ဦးဖြစ်​သူ ဗိုလ်​မျက်​မှန်​ဆီမှာ အလုပ်​​ကောင်း​ကောင်း တစ်​ခုရတယ်​၊ ဗိုလ်​မျက်​မှန်​ဆီမှာ ကျ​နော်​လုပ်​ရတဲ့အလုပ်​က ဗိုလ်​မျက်​မှန်​ပိုင်​တဲ့ စိုက်​ပျိုး​ရေး(ဥယာဉ်​ခြံ)ထဲမှာ ခြံ​စောင့်​​အလုပ်​​ပါ၊ ခြံ​စောင့်​အလုပ်​ဆို​ပေမယ့်​ လစာ​ကောင်း​ကောင်းလဲရတယ်​ အလုပ်​လည်း သိပ်​မလုပ်​ရပါဘူး၊ ဟိုနား ဒီနား မြက်​​တွေ ဘာ​တွေရှိရင်​ မြက်​ရိပ်စက်​နဲ့ လိုက်​ရှင်း​ပေးရတာ​ပေါ့၊ ပြီးရင်း ပိုး​လောက်​လံ​တွေ ဘာ​တွေရှိရင်​ ​ဆေးဖြန်း​ပေး​ပေါ့ ဒါ​လောက်​ပဲ လုပ်​ရတာပါ၊ အလုပ်​မရှိရင်​ ခြံထဲမှာ အိပ်​စားရုံပဲ၊ အကယ်​လို့ စက်​ပျက်​တာတို့ ဆီကုန်​လို့ ဆီမရှိတာတို့ ဘာတို ညာတို့ ကိစ္စတစ်​စုံတစ်​ခုရှိရင်​ ဗိုလ်​မျက်​ဆီကို လူကိုယ်​တိုင်​သွားပြီး​တော့ အ​ကြောင်းကြားရတယ်​၊ ဗိုလ်​မျက်​မှန်​က ဂိတ်​ထဲမှာပဲ​​နေတာ ကျ​နော်​က ခြံထဲမှာ​နေတာ ဂိတ်​နဲ့ခြံက နည်းနည်း​တော့ အလှမ်း​ဝေးတယ်​ ဆိုင်​ကယ်​နဲ့သွားရင်​ ၁၅မိနစ်​ မိနစ်​၂၀​လောက်​ ​မောင်းရတယ်​၊ ဒီကြားထဲ လမ်းကကြမ်း​တော့ မိုးတွင်းဆိုရင်​ နာရီဝက်​​ကျော်​​လောက်​ ​မောင်းရတာ​ပေါ့။

တစ်​​နေ့မှာ ဗိုလ်​မျက်​မှန်​ ကျ​နော့်​ဆီ ဖုန်းဆက်​လာပြီး​​တော့ ပိုးသက်​​ဆေး​တွေ အခုချက်ချင်း ​​လာယူခိုင်းတယ်​၊ အပြင်​မှာ မိုး​တွေက အရမ်းရွာ​နေတဲ့အချိန်​​ပေါ့၊ ဗိုလ်​မျက်​မှန်​က အသက်​ကြီးသ​လောက်​ စိတ်​အရမ်းဆက်​တာ သူခိုင်းရင်​ ဘာပဲဖြစ်​​နေ​နေ အ​ကြောင်းပြချက်​ ​ပေးလို့မရဘူး အခုဆို အခုပဲ၊ ဒါနဲ့ ကျ​နော်​လည်း ဟိုနား ဒီနားသွားရင်​ စီးဖို့ ဗိုလ်​မျက်​မှန်​​ပေးထားတဲ့ DT​တောစီးဆိုင်​ကယ်​​လေး ထုတ်​ပြီး​တော့ မိုးရွာထဲမှာ ဗိုလ်​မျက်​မှန်​ဆီ အပြင်း​မောင်​နှင်​ရ​တော့တာ​ပေါ့၊ ​သြော်​... ​မေ့​နေလို့ အဲ့လို ဂိတ်​နဲ့ခြံ သွားတဲ့ လမ်းမှာ လမ်းက​နေဖြတ်​ပြီး​တော့ ဝါးတားထားတဲ့ ဂိတ်​တစ်​ခုရှိတယ်​ဗျ၊ အဲ့ဒီဂိတ်​က​တော့ DKBA​တွေ ​စောင့်​တဲ့ဂိတ်​​ပေါ့။

ဒါနဲ့ လမ်းမှာ ဝါးနဲ့ဖြတ်​တားထားတဲ့ ဂိတ်​ကို ကျ​နော်​​ရောက်​​တော့ ကျ​နော့်​ကို သူတို့တာဝန်​အရ စစ်​​ဆေး​မေးမြန်းတာ​ပေါ့၊ ကျ​နော်​လည်း သူတို့ကို ​သေချာပြန်​ကြည့်​တယ်​ အရင်​ရက်​​တွေက ​ဂိတ်ေ​စာင့်​တာ ဒီလူ​တွေ မဟုတ်​ပါဘူး၊ ကြည့်​ရတာ လူသစ်​​တွေ ​ပြောင်းလာတာဖြစ်​မည်​ ဒါ​ကြောင့်​ ကျ​နော့်​ကို သူတို့မသိကြတာ​နေမယ်​၊ ဘာလို့ဆို ဝါးတားတဲ့ဂိတ်​​က အရင်​လူ​တွေက ကျ​နော့်​ကို သိကြတယ်​​လေ ဗိုလ်​မျက်​မှန်​​ဆီမှာ အလုပ်​လုပ်​တဲ့ အလုပ်​သမားဆို​တော့ ​ဘယ်​သူမှ စစ်​လား ​မေးလား မလုပ်​ကြ​တော့ဘူး တစ်​ခါတည်း တားထားတဲ့ဝါးကို ဖွင့်​​ပေးပြီး​တော့ ​ပေးသွားတာ၊ အခုက လူသစ်​​တွေဆို​တော့ စစ်​​လား ​​မေးလားလုပ်​​တော့ ဆိုင်​ကယ်​ရပ်​​ပေးပြီး​တော့ အစစ်​​ဆေးခံလိုက်​တယ်​၊ သူတို့ စစ်​​ဆေးပြီးမှပဲ ကျ​နော့်​ကို ​ပေးသွားတာ၊ ဒါ​တောင်​ သိပ်​မ​ပေးသွားချင်​ဘူးဗျ ​ဂိတ်​ဖြတ်​​ကြေး ​တောင်း​သေးတာ(လုပ်​စားတာ​ပေါ့ဗျာ)

ဒါနဲ့ပဲ ကျ​နော်​လည်း ဗိုလ်​မျက်မှန်​ဆီလည်း​ရောက်​ မိုးရွာထဲ​နေ သူ့ဆီကို ​လာရ​တော့ လူလည်း ကြွက်​စုပ်​ဖြစ်​​နေပြီ၊ ဗိုလ်​မျက်​မှန်​ အဖိုးကြီးက ဒါ​တော့ တစ်​ခု​ကောင်းတယ်​ဗျ ကြင်​နာတတ်​တဲ့ နှလုံးသားရှိတယ်​၊ ကျ​နော့်​ကို အ​အေးပက်​ပြီး​ ဖျားမှာစိုးလို့ဆိုပြီး​တော့ သူ့ရဲ့ ​ပျောက်​ကြား လက်​ရှည်​ဂျာကင်​ကြီး ကျ​နော့်​​ကို​ပေးဝတ်​တာ ခြံထဲကို သူ့​ရောက်​လာမှပဲ ယူ​တော့မယ်​ ဒါဝတ်​သွားဆိုပြီး​တော့ သူ​ပေးလိုက်​တဲ့ ​ပျောက်​ကြား အင်္ကျီကြီးဝတ်​ပြီး​တော့ ပိုးသက်​​ဆေး​တွေယူပြီး ပြန်​လာတာ​ပေါ့ဗျာ....

အဲ့လို ပြန်​လာရင်းနဲ့ ခုနက လမ်းမှာ ဝါးတားတဲ့ ဂိတ်​လည်း​ရောက်​​​ရော.. ကျ​နော့်​ကို ထပ်​ပြီး​တော့ တားပြန်​​ရော၊ ခုနကလည်း တစ်​ခါစစ်​တယ်​ အခုလည်းတစ်​ခါထပ်​စစ်​တယ်​ ဘာဖြစ်​လို့လဲ​ပေါ့ ကျ​နော်​​မေးလိုက်​​တော့ တဲထဲက​နေ ​ထောင်​​ထောင်​​မောင်း​မောင်း ဝဝနဲ့ ယူနီ​ဖောင်းဝတ်​စုံအပြည့်​နဲ့ အမျိုးသမီးကြီး တစ်​​ယောက်​ထွက်​လာပြီး​တော့..

"ဘာဖြစ်လို့လဲ မ​မေးနဲ့ နင်​က ဘယ်​အဖွဲ့ကလည်း"

"ဗျာ.. ကျ​နော်​က ဘယ်​အဖွဲ့ကမှ မဟုတ်​ရပါဘူးဗျာ ဒီနားက ခြံအလုပ်​သမား တစ်​ဦးပါ"

"ခြံအလုပ်​သမားဆိုရင်​ ဘာဖြစ်​လို့ ​ပျောက်​ကြားအင်္ကျီ ဝတ်​ထားရတာလည်း ဘာလဲ နင်​က အင်​​ဖောမာလား"

"အမ်​.. မဟုတ်​ရပါဘူးဗျာ.. တစ်​ကယ်​ ကျ​နော်​ ခြံအလုပ်​သမားပါဗျာ"

ကျ​နော်​ရှင်းပြတာကို သူတို့သိပ်​မယုံချင်​ကြဘူး ​​ဘေးမှာရှိတဲ့ DKBAရဲ​ဘော်​​တွေက ကျေ​နာ့်​ကို M16​​သေနတ်​​နဲ့ ​တန်းချိန်​ထားကြတာ၊ ခုနက စစ်​​မေးတဲ့ မိန်းမကြီးကလည်း ကျ​နော့်​ကို ရိုက်​လားပုတ်​လားနဲ့ ကိုယ်​ထိလက်​​ရောက်​ စစ်​​မေး​တော့တာပဲ

"​အေးး ဒါဆို ဒီ​ပျောက်​ကြားအင်္ကျီက ဘယ်​သူ့ဟာလည်း ဆိုင်​ကယ်​က​ကော နင့်​ဆိုင်​ကယ်​လား"

"တစ်​ခုမှ ကျ​နော့်​ဟာ မဟုတ်​ရပါဘူးဗျာ အကုန်​လုံး ခြံပိုင်​ရှင်​ ဘဘကြီးဟာ​တွေပါ"

"​အေးး ခြံပိုင်​ရှင် ဘဘကြီးဟာ​တွေဆိုရင်​လည်း အခုချက်​ချင်း အင်္ကျီချွတ်​စမ်း"

"ခင်​ဗျာ..."

"ဟိတ်​! နင့်​ကို ​ပျောက်​ကြားအင်္ကျီချွတ်​ခိုင်းတာ"

"ဟုတ်​.. ဟုတ်​ကဲ့ ချွတ်​ဆိုလည်း ချွတ်​ပါ့မယ်​ဗျာ..."

"​အေး အင်္ကျီ​ရော ဆိုင်​ကယ်​​ရော ဒီပစ္စည်း​တွေ အကုန်​ထားခဲ့ နင်​​ပြောတဲ့ ခြံပိုင်​ရှင်​ကို ကိုယ်​တိုင်​လာယူခိုင်း"

"ဗျာ.. အစ်​မ မှားမယ်​​နော်​"

"ဘာ! အစ်​မလဲ ဘာ မှားမှာလဲ ငါလုပ်​လိုက်​ရ သွား အခု အဲ့ခြံပိုင်​ရှင်​ ဘဘကြီးကို သွား​ခေါ်ပြီး​တော့ ပစ္စည်း​တွေ လာယူခိုင်းချည်​"

ဒါနဲ့ မထူးဘူးဆိုပြီး​တော့ ဗိုလ်​မျက်​မှန်​ရှိတဲ့ ၁ဂိတ်​ထဲကို ကျ​နော်​ ​ခြေကျင်​​လျှောက်​ပြီး လှည့်​ပြန်​ခဲ့ရတယ်​၊ ဗိုလ်​မျက်​မှန်​ဆီကို​ရောက်​​တော့ အဖိုးကြီးက တစ်​ခါ ထပ်​ဆူပြန်​​ရောဗျာ...

"​ဟေ့! မင်း အခုထိ မပြန်​​သေးဘူးလားဟ"

"ခင်​ဗျာ.. ပြန်​ပါတယ်​ ဘဘ"

"ဘာ ပြန်​တာတုန်း ငါလုပ်​လိုက်​ရ သွား အခုပြန်​​တော့ ခြံထဲမှာ လူမရှိဘူး"

"ကျ​နော်​ ရှင်းပြပါရ​စေအုံး ဘဘ"

"လာပြန်​ပြီ ဒီ​ကောင်​​တော့ ငါလုပ်​ရင်​ နာအုံးမယ်​ ဘာကို ရှင်းပြမှာလည်း ​ပြောစရာရှိတာ မြန်​မြန်​​ပြော ပြီးရင်​ မြန်​မြန်​ပြန်​​တော့"

"ဟုတ်.. ဟုတ်​ကဲ့ ဒီလိုပါ ဘဘ ကျ​နော်​ပြန်​ပါ​သေးတယ်​ လမ်းမှာ ဝါးတားတဲ့ ဂိတ်​က ​လမ်း​ပေးမဖြတ်​ဘူး ပြီး​တော့ ကျ​နော့်​ကို ဂိတ်​က အမျိုးသမီးကြီးက ရိုက်​လားနှက်​လားနဲ့ ဘဘရဲ့ ​ပျောက်​ကြားဂျာကင်​ကြီးနဲ့ ဆိုင်​ကယ်​ပါ သိမ်းထားလိုက်​တယ်​၊ ဘဘကိုယ်​တိုင်​ လာယူမှ ပြန်​​ပေးမယ်​တဲ့ အဟင့်​ ဟင့်​ ငင့်​"

ကျ​နော်​အ​ကြောင်းစုံ ရှင်းပြလိုက်​​တော့မှ

"ဝုန်းး... ​ဘာကွ"

ဘိုး​တော်​ကြီး ထပြီး​တော့ ​အော်​လိုက်​သံ​ကြောင့်​ ကျ​နော်​ပါ လန့်​သွားတယ်​၊ ဘိုး​တော်​ကြီးက မလွယ်​ဘူး ​ဒေါသတစ်​အားကြီးတာ သူ​ဒေါသထွက်​ရင်​ ဘယ်​သူမှ သူ့အနား မ​နေရဲဘူး၊ ကျ​နော့်​လည်း သူ့​ဒေါသကို လန့်​လို့ သူ့အနားက​နေ အသာ​လေး လှည့်​ထွက်​ဖို့ လုပ်​တုန်း...

"​ဟေ့​ကောင်​ မင်း​နေအုံး မသွားနဲ့အုံး လာ မင်း ငါနဲ့လိုက်​ခဲ့ အဲ့ဒီ ဝါးတာဂိတ်​ကို ငါကိုယ်​တိုင်​ သွားမယ်​"

"ခင်​ဗျာ.."

ပွဲက​တော့ကြမ်း​တော့မည်​ထင်​သည်​ ဘိုး​တော်​ကြီးက ဂိတ်​ထဲမှာရှိတဲ့ သူ့တစ်​ပည့်​​ ရဲ​ဘော်​​တွေကို ​ခေါ်ပြီး​တော့ ကား၎စီးနဲ့ ဝါးတားဂိတ်​ကို သွားပါ​လေ​ရော... ဝါးတားဂိတ်​​ရောက်​တာနဲ့ ကား​ပေါ်က​နေ ရဲ​ဘော်​​တွေ ဆင်း​ပြီး​တော့ ​သေနတ်​​တွေနဲ့ ဝါးတားဂိတ်​မှာ ရှိတဲ့ အ​စောင့်​​တွေအကုန်​လုံးကို ထိုးချိန်​ကြပါ​လေ​ရောဗျာ...

ဘိုး​တော်​ကြီးလည်း ​ဒေါကြီး ​မောကြီးနဲ့ ကား​ပေါ်က​နေဆင်းလာပြီး သူ့ခါးက ပစ္စတိုထုတ်​ပြီး​တော့ ​သေနတ်​တစ်​ကားကားနဲ့ ကရင်​လို ​အော်​ကြီးဟစ်​ကျယ်​နဲ့ ​သောင်းကျန်းပါ​လေ​ရော..

ဒါ​ပေ့မယ်​ ဘိုး​တော်​ကြီး ​ပြောတာကို ဝါးတားဂိတ်​က ရဲ​ဘော်​​တွေ ဘယ်​သူမှ နားမလည်​ကြဘူး၊ နားလည်​တဲ့သူဆိုလို့ တစ်​​ယောက်​ပဲရှိတယ်​၊ အဲ့လူက ကရင်​လူမျိုး ဝါးတားဂိတ်​ရဲ့ အဖွဲ့​ခေါင်း​ဆောင်​ပါ၊ ဖြစ်​ချင်​​တော့ အဖွဲ့​ခေါင်း​ဆောင်​ကလည်း ​နေ့ခင်း​ကြောင်​​တောင်​ မာဆက်​​ရောက်​​နေတာဗျD:

"ဘာ.. ဘာဖြစ်​ကြတာလဲရှင်​"

"ဘာဖြစ်​ရမှာလည်း ခုနက ငါ့ခြံအလုပ်​သမားကို ရိုက်​လားနှက်​လားနဲ့ ပြီး​တော့ ငါ့အင်္ကျီနဲ့ ဆိုင်​ကယ်​ကိုပါ သိမ်းထားတယ်​ဆို"

ကျ​နော့်​ကို စစ်​လား​ဆေးလားလုပ်​တဲ့ မိန်းမကြီးမှာ ပြာပြာသလဲ တဲထဲက​နေ ထွက်​လာပြီး ဘိုး​တော်​ကြီး​ကို ​တွေ့မှ လန့်​သွားသည်​၊

"ရှင်​.. အဲ့ဒါ​တွေ အဘဟာ​တွေလား မသိလို့ပါ အဘရယ်​... သမီးတို့က သူ့ကို အင်​​ဖောမာထင်​လို့ပြီး​တော့ လုံခြုံ​ရေးအတွက်​ တွက်​"

"ဟိတ်​! ​တော်​​တော့ ​အပို​တွေ ​ပြောမ​နေနဲ့ ဘာ အခုမှ မသိတာလည်း ဒီနားက ငါ့ခြံနဲ့ ငါ့အလုပ်​သမားဆိုတာ က​လေးအစ ​ခွေးအဆုံး သိတယ်​.. ကဲ ​ပြော နင်​တို့ အဖွဲ့​ခေါင်း​ဆောင်​ ဘယ်​မှာလဲ"

"ရှင်​.. ​ခေါင်း​ဆောင်​က ဟို. ဟို.ဟိုဒင်း"

"​ဟေ့.. ဟိုဒင်း ဟိုဟာ လုပ်​မ​နေနဲ့ အခု​ခေါ်စမ်း နင်​တို့ ​ခေါင်း​ဆောင်​ကို"

"ဟုတ်​ ဟုတ်​ကဲ့ အဘ"

မိန်းမကြီးဖြစ်​သူမှာ ပြာပြာသလဲနဲ့ သူတို့ အဖွဲ့​ခေါင်း​ဆောင်​ကို ဖုန်းဆက်​၍ လှမ်း​ခေါ်​လေ​တော့သည်​။ ​သူတို့အဖွဲ့​ခေါင်း​ဆောင်​အား ​ရောက်​လာမည့်​အချိန်​အား ​စောင့်​​နေစဉ်​ မိန်းမကြီးမှာ ကျ​နော့်​အနားသို့ လာပြီး​တော့...

"​မောင်​​လေး"

"ဘာ ​မောင်​​လေးလည်း အခုမှ လာပြီး​တော့ ​ပြော ဘာ​ပြောမလို့လဲ"

"နင်​ကလည်းဟယ်​ အစက အဘဟာ​တွေလို့ ဘာလို့မ​ပြောတာလည်းဟယ်​"

"ငှယ်​... ​ဘဘကြီးဟာ​​တွေလို့ ပြောတာပဲ​လေ ကျ​နော်​​ပြောတာ လက်​မခံပဲနဲ့ ရိုက်​လားနှက်​လား လုပ်​​နေပြီး​တော့"

"နင်​ကလည်းဟယ်​ ဘဘကြီးဆို​တော့ ငါတို့က ဘယ်​က ဘဘကြီးမှန်းမှ မသိတာ အစတည်းက ဗိုလ်​မျက်​မှန်​ဟာ​တွေလို့ ​ပြောရင်​ ပြီး​နေတဲ့ဟာကို အခု​တော့ ဇာတ်​လမ်း​တွေ​တော့ ရှုပ်​ကုန်​ပါပြီဟယ်​ ငါ​တော့ ​သေတာ ​သေလိုက်​ချင်​​တော့တယ်​ ဂယ်​ဘဲ"

"အ့ာ​တော့ ကျ​နော်​လည်း မတတ်​နိုင်​ဘူး ကိုယ့်​ပြဿနာ ကိုယ်​ရှင်းကြ​တော့"

တစ်​​အောင့်​​လောက်​အကြာတွင်​ ဘိုးသီဘက်​သီ ကပြာဂယာနဲ့ ဝါးတားဂိတ်​မှ အဖွဲ့​ခေါင်း​ဆောင်​ ဆိုင်​ကယ်​တစ်​စီးနဲ့ ​ရောက်​ချလာ​လေသည်​။ သူ​ရောက်​သည်​နှင့်​ ကျ​နော့်​ရဲ့ ဘိုး​တော်​ကြီးမှာ ကရင်​လို အပီပြင်​ ဖုတ်​​လေ​တော့သည်​။ ဘိုး​တော်​ကြီး ဘာ​တွေ​ပြောမှန်း​တော့ ကျ​နော်​လည်း မသိပါ ​ခေါင်း​ဆောင်​ဖြစ်​သူရဲ့ မျက်​နှာကြည့်​ရ​တော့ အ​တော်​​လေးကို မသာမယာပါပဲ ​တော်​​တော်​​လေးကို စိတ်​ထိခိုက်​သွားပုံရသည်​။ ပြီး​တော့ သူ့လူ ခုနက မိန်းမကြီးဘက်​ကို လှည့်​ပြီး​တော့ ကြည့်​တဲ့မျက်​လုံး​တွေက မီး​တောက်​​တွေလို နီရဲ​နေ​လေသည်​။

ဘိုး​တော်​ကြီးလည်း ​ပြောလို့ဆိုလို့ အားရသွားသည်​နှင့်​ သူ့ပစ္စည်း​တွေ သူပြန်​ယူပြီး​တော့ သိမ်းထားတဲ့ ​ဆိုင်​ကယ်​ကို ကား​ပေါ်တင်​ပြီး ကျ​နော့်​အား ခြံထဲသို့ သူကိုယ်​တိုင်​ လိုက်​ပို့​ပေး​လေ​တော့သည်​။

နောက်​​နေ့​တွင်​​တော့ ထိုလမ်းတွင်​ ဝါးတာဂိတ်​ မရှိ​တော့ပါ ဘိုး​တော်​ကြီး ဘယ်​လိုအကွက်​​တွေ ​ရွေ့လိုက်​တယ်​ဆိုတာ ကျ​နော့်​လည်း မသိ​တော့​ပေ....။

ဆက်​လက်​​ရေးသွားပါမည်​။
DQmWMqbjBXvQ3NYbyTHTYwzdUS4Le1MgGoU1AxA9WbFaHvk_1680x8400.jpg
Myanmar Steemit မှ Admin များနဲ့တစ်​ကွ အဖွဲ့သားများအားလုံးကို ​ကျေးဇူးတင်​ပါသည်​။

MSC 160
Author @kolinn

Sort:  

တွယ်​ထည့်​လိုက်​ရမှာ မိန်းမကြီးကို နားရင်းကို​ပြောပါတယ်​😄😄

ဗိုလ်မျက်မှန်တော့ အားကျတယ် ကိုလင်း

ကျ​နော်​​တော့ အားမကျရဲဘူး သူ့ကိုလန့်​တာ ​ဒေါသအိုး😂

အဲ့ဒီကောင်မတွေ ပါးတွေနားတွေ အရိုက်မခံလိုက်ရဘူးလား။

😂😂😂😂😂

မြဝတီတောထဲ နေခဲ့တုန်းက စောချစ်သူတို့ တိုက်လို့ ပြေးခဲ့ရသေးတယ်ဗျ

😂😂😂
မှက်ပီလား ပြောစကားကိုထိပ်ကပိတ်တက်တဲ့သူတေ😂😂😂
ဂိတ်မှုးလား ဂိတ်အဖွဲ့ခေါင်းဆောင်လား
အဲ့ဒီလူလည်း မာဆက်မှာပျော်ခဲ့ရတာတွေ
ဗိုလ်မျက်မှန်နဲ့တွေ့မှတိုင်ပတ်နေပြီပေါ့😂😂😂

သူ့ခမြာ မာဆက်​က အ​ပျော်​​တွေ​တောင်​ ​ပျောက်​သွားရှာတာ ကို​ဇော်​​ရေ😂

ဘိုးတော်ကြီး အတော်စွမ်းသကိုးဗျ
အားကျလိုက်ပါဘိ 😀😀😀

ဘာယ်​ဟာ စွမ်းတာတုန်းဗျ😀

အပြောနဲ့တင်ပြီးသွားတာကိုလင်းဘက်ကနေပြီးမပျေနပ်နိုင်ဘူးဗျာ ပြန်းပြီးဆော်လိုက်ရမှာ

ဆော်​ရဲဘူး သူတို့က လက်​နက်​ကိုင်​ ကိုယ်​က အညတရ ခြံ​စောင့်​😰

အဲဒီကောင်တွေလဲ အဘ ဆိုကြောက်ကြတာဘဲ တသ်နေရာဘဲသုံးတယ်ထင်တာ အော် အဘ အဘ😁😁😁

အဘ​ခေတ်​ဆို​တော့ ဘယ်အဘဖြစ်ဖြစ် ​​​အဘ​တွေကို ​ကြောက်​ရတယ်​😀

မြေဇာပင် ဖြစ်တော့မလို့ တော်သေးတာပေါ့ ...

တော်​​သေးတာ ပဲ​လှော်​ကြား ဆားမညှပ်​လို့ဗျ

အင်ဖောမာဆိုလည်းပစ်သတ်တော့မှာလားမသိဘူး

မ​သေချာပဲ​နဲ့ မပစ်​ရဲပါဘူး ဟုတ်တယ်​ဆိုရင်​​တောင်​ ဥပ​ဒေရှိပါတယ်

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.033
BTC 64605.91
ETH 3159.61
USDT 1.00
SBD 4.11