( )
"နင်တို့တွေဆီကနေ အခုလို ဘတ်ငွေ၃၀၀၀ တောင်းရတယ်ဆိုတာက နင်တို့တွေ ထိုင်းနိုင်ငံမှာ အထောက်အထား ဘာတစ်ခုမှ မရှိဘဲနဲ့ သွားပြီးအလုပ်လုပ်တာ ဖမ်းခံရတော့ အခုလို မြန်မာပြည်ကို ချောချောမွေ့မွေ့ ပြန်လည်ရောက်ရှိလာဖို့အတွက်ကို ငါတို့တွေက ထိုင်းဖက်က အစိုးရနဲ့ ညှိပြီးတော့ နင်တို့တွေကို ငွေပေးပြီးတော့ ပြန်ရွေးထားရတယ်... ဒီတော့ အခု နင်တို့တွေက ဒီကို ရောက်လာပြီဆိုရင် ငါတို့တောင်းတဲ့ ဘတ်ကို ပေးနိုင်မှသာ ပြန်ပြီးလွတ်ပေးမယ်"
မြဝတီမြို့ ကိုးသုံးဂိတ်(အဟောင်း)သို့ ပြန်လည်ရောက်ရှိလာကြသော ကျနော်တို့လို တစ်ဖက်နိုင်ငံ ထိုင်းသို့ တရားမဝင်သွားရောက်အလုပ်လုပ်ကိုင်ကြသူများအား အမျိုးသမီးတစ်ဦးမှ ပြောကြားခြင်းဖြစ်ပါတယ်။
"ဟာ.. ခဗျားတို့ဟာက အဓိပ္ပါယ်မရှိတာဗျာ တောင်းတဲ့ငွေက မဟားတရားကို များလွန်းတယ် ထိုင်းဘက်ကို ငွေပေးပြီးတော့ ကျနော်တို့ကို ပြန်ရွေးရတယ်လို့ ပြောရအောင် ဘယ်မလဲ အထောက်ထား ပြီးတော့... ကျနော်တို့တွေက ဟိုမှာ အချုပ်ကျပြီးမှ ပြန်လွတ်လာတာဗျ... အခုဟာက အဓိပ္ပါယ်မရှိ အသက်လွတ်ကြီး ဘတ်၃၀၀၀ တောင်းတယ်ဆိုတော့ လက်ထဲမှာ အဲ့လောက်ငွေလည်း မရှိဘူး အိမ်ကိုလှမ်းမှာရအောင်ကလည်း အဲ့လောက်များတဲ့ငွေ ပေးနိုင်မှာလည်း မဟုတ်ဘူးဗျ"
မခံနိုင်လွန်းလို့ ကျနော်ပြန်၍ပြောလိုက်လေသည်။
"အေးး နင်တို့ကို ငါတို့က ဘာမှ အရေးလုပ်ပြီးတော့ ရှင်းပြနေစရာ မလိုဘူး ငွေမနိုင်တဲ့သူကို ဒီကနေ မလွတ်ပေးဘူး ငွေမပေးနိုင်ရင် ဒီဂိတ်ထဲမှာ နှစ်ပတ်စာ လုပ်အားပေး ခိုင်းတာကို လုပ်ရမယ်... ငွေမနိုင်တဲ့သူရှိရင် လက်ထောင်ပါ"
ထိုအမျိုးသမီးမှ ဤကဲ့သို့ ပြန်ပြောလေသည်၊
ကျန်တဲ့သူတွေ အကုန်လုံးက ငွေပေးနိုင်ကြလို့လား ဒါမှမဟုတ် အိမ်ကိုပြန်ချင်ဇောနဲ့ သူတို့တောင်းတဲ့ငွေကို မပေးချင်ပဲနဲ့ ပေးကြမှာလားတော့ မသိပါ၊ ကျနော်ကတော့ အိမ်ကိုအရမ်းပြန်ချင်တယ် သို့သော် ငွေမပေးနိုင်ပါ သူတို့တောင်းတဲ့ငွေက အရမ်းကို များလွန်းသည်၊ (ထိုအချိန်တုန်း ထိုင်းရွှေအခေါက် တစ်ကျပ်သားမှ ဘတ်ငွေ၇ထောင်ကျော်သာ ရှိသေးသည်) အကယ်၍ ကျနော်အနဲ့ ငွေပေးနိုင်သည်ရှိခဲ့သော် သူတို့မတရားတောင်းတဲ့ငွေကို မပေးနိုင်ပါ... ထိုကြောင့် ကျနော် လက်ထောင်လိုက်လေသည်။(ထိုင်းကနေ အဖမ်းခံရပြီး မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီမြို့ ကိုးသုံးလုံးဂိတ်(အဟောင်း)သို့ ရောက်ဖူးသူတိုင်း ကိုးသုံးလုံးဂိတ်အကြောင်းကို သိကြပါသည်။)
ဒီလိုနဲ့ ငွေမပေးနိုင်သော ကျနော့်အား ပြန်မလွတ်ပေးဘဲ ဂိတ်ထဲတွင် ခေါ်ထားလေတော့သည်။ ကိစ္စမရှိပါ တိုင်းတစ်ပါးမှာတောင် ဒုက္ခသုက္ခနဲ့ ဖမ်းခံထိပြီးတော့ အချုပ်ထဲနေခဲ့ရသေးတာပဲ... ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်သို့ ပြန်ရောက်လာပြီဘဲ ဒီလောက်နဲ့တော့ စာမဖွဲ့တော့ပါ အတွေ့အကြုံတောင် ရပါသေးသည်။
တစ်ယောက်ပြီးတစ်ယောက် ငွေပေးပြီးတော့ ပြန်ထွက်သွားကုန်ကြလေပြီ၊ ထိုင်းကနေ ပြန်လွတ်လာသော လူများအားလုံးထဲတွင် ညနေရောက်သောအခါ ကျနော်တစ်ယောက်ထဲသာ ကျန်ရှိနေခဲ့တော့သည်။ ထိုအချိန်တွင် ကျနော့်နဲ့ အသက်တူ ရွယ်တူလောက်ရှိသော လူငယ်တစ်ဦးမှာ လက်ထဲတွင် ထမင်းထုတ်ဆွဲ၍ ကျနော့်ဆီသို့ ရောက်ချလာလေသည်။
"အစ်ကို စားဖို့ ထမင်းထုတ် ဒီည ဒီဂိုထောင်ထဲမှာ ဖြစ်သလိုအိပ်တော့နော် မနက်ကျရင် အလုပ်လုပ်ဖို့ ကျနော်လာပြန်ခေါ်မယ်"
"သြော်.. ဟုတ် ဟုတ်ကဲ့ပါခင်ဗျ"
ဆိုးတော့မဆိုးပါ ထမင်းတော့ ကျွေးပါသည်၊
ဒီလိုနဲ့ ကမ်းနားဆင်း ရေချိုးပြီး ထမင်းစားသောက်ပြီးတော့ ကျနော်တစ်ယောက်ထဲ မှောင်မှောင်မဲမဲ ဂိုထောင်ထဲတွင် ကြုံသလို အိပ်စက်လေတော့သည်။
မနက်၆နာရီ မိုးသောက်လင်းသောအခါ မနေ့ညနေက ကျနော့်အား ထမင်းလာပို့သော လူငယ်တစ်ဦး လက်ထဲတွင် ပေါက်တူးတစ်လက်ကိုင်၍ ရောက်ချလာပြန်သည်။
"ဗျို့.. အစ်ကို အိပ်ယာနိုးနေပြီလားဗျ"
"အေး နိုးပြီးလေ"
"နိုးပြီဆိုရင်လည်း လာ ကျနော်နဲ့လိုက်ခဲ့"
"ဘယ်ကိုတုန်းကဟ လက်ထဲမှာလည်း ပေါက်တူးကြီးနဲ့"
"လောလောဆယ်တော့ ဂိတ်ထဲမှာရှိတဲ့ လ္ဘက်ရည်ဆိုင်ကိုသွားပြီး ဗိုက်ဖြည့်ကြတာပေါ့... ပြီးရင် လက်ထဲက ပေါက်တူးကတော့ ဂိတ်ထဲမှာရှိတဲ့ အနီးနားတစ်ဝိုက်က မြက်တွေလိုက်ရှင်းရမယ်"
အွန့် ပေါက်တူးကိုင်ရတော့မယ် သေပြီဆရာ..
ဒီလိုနဲ့ ကျနော့်အား လာခေါ်သော လူငယ်နဲ့ လ္ဘက်ရည်သို့ ထွက်ခွာကြလေတော့သည်။
"အစ်ကို ဘာသောက်မလဲ ကြိုက်တာမှာလေ"
"အင်း လ္ဘက်ရည်တော့ မကြိုက်ဘူး ဒီဆို်င်မှာ တစ်ခြား စားလို့ရတာ ဘာတွေရလဲ"
"ထမင်းကြော် မုန့်ဟင်ခါး အုန်းနို့ခေါက်ဆွဲ ရှိတယ် ကြိုက်တာမှာစားအစ်ကို"
"ငင့်.. ကြိုက်တာမှာစားဆိုတော့ ငါစားပြီးရင် မင်း ရှင်းပေးမှာလား"
ထိုလူငယ်အား ကျနော်နောက်သလိုနဲ့ အတည်ပေါက် ပြောလိုက်လေသည်။
"အယ်... အစ်ကိုကလည်း ဘန်ကောက်ပြန်ပဲဟာ အစ်ကိုရှင်းပေးရမှာပေါ့ဗျ ကျနော့်မှာပိုက်ဆံမပါလာဘူး"
ငှယ်.. သေစမ်း ဒီကောင် ငါ့ကို အတော်အထင်ကြီးနေတယ်... သူပြာတာ ဘာတဲ့ ဘန်ကောက်ပြန်တဲ့ ဟ ဟားး
ဆက်လက်ရေးသားသွားပါမည်။
ကျေးဇူးတင်ထိုက်သူများနဲ့ Myanmar Steemit အဖွဲ့သား အားလုံးကို ကျေးဇူးအထူးတင်ပါသည်ခင်ဗျာ....
MSC 160
Author @kolinn
မြန်မာနိုင်ငံ ပြန်ရောက်ဖို့လွယ်ပါ့မလား....?
အရာရာပိုက်ဆံကြီးပဲ
မြန်မာပြည်ရောက်မှ ငွေက အရမ်းတန်ဖိုးရှိသွားတာလေ ဘယ်နေရာသွားသွား ငွေပါမှ😩
ကိုလင်းကတော့ ခံရပြန်ပြီ ပေါ့ ဟီးးးး
ဟုတ်တယ်ဗျာ 😂
ဘတ်၃၀၀၀ မပေးချင်လို့ နေခဲ့ပါတယ်ဆိုမှ ကပ်စားမယ့်သူနဲ့ တွေ့ပဟ
ဟုတ်ပါ့ကိုဟိန်းရေ...
ဟဟ ဂုန်းဆင်းနဲ့တွေ့ပြီ။
😣😣😣😣😣😣
အဖြစ်ကမနှစ်ကထက်ဆိုးဆိုသလိုဖြစ်နေပြီ 😁😂
😗😗😗😗😗😗
ငွေကလည်း နေရာတကာလိုတာပါပဲနော်
ဒုတိယ ဘုရားသခင်လို့တောင် တင်စားကြသေးတာပဲဗျာ
ကိုလင်းစားရမယ်ထင်ပြီး လိုက်သွားတာ ခံလိုက်ရသေးလားဗျ hee hee
😂😂😂😂😂😂
ဟားးဟ လုပ်ပါအုံးဘန်ကောက်ပြန်ကြီးရေ ဟုတ်ပါဘူး ကိုလင်းရေ
😂😂😂😂😂😂
ဘန်ကောက်ပြန်မို့အထင်ကြီးချင်းခံလိုက်ရသကာလ မလှူချင်ပဲလှူဖြစ်သွားတယ်လို့ပဲ သတ်မှတ်လိုက်ပါကိုလင်းရေ
အဲ့လိုပဲ လှူတယ် သဘောထားရတော့မယ်😀
ကပ်တီးမူးလဲကောင်နှင့် ထပ်တွေ့နေသေးတယ်ပေါ့။
ကိုယ့်ထပ်ဆိုးတဲ့ကောင်နဲ့ အဲ့မှာ သွားတွေ့တာ ကိုထွေးရေ..