ေပ်ာ္ေပ်ာ္ႀကီး ေေေေမ်ာ္လင့္ေနမိရဲ႕

in #myanmar6 years ago

ကျွန်တော်လား
လေလွင့်ငှက်ငယ် တစ်ကောင်အလား
လေနှင်ရာ လွင့်
ခံစားချက်ဆိုတာ ဗလာနတ္ထိ

ကျွန်တော်လား
သင်းကွဲ ငှက်ငယ် တစ်ကောင်အလား
ဇွတ်တရွတ်ဆန်တဲ့ ခံယူချက်နဲ့
ဂျစ်ပစီတစ်ကောင်လို လေလွင့်

ကျွန်တော်လား
တစိခါတစ်လေတော့လဲ
အောက်ချင်းငှက်တစ်ကောင် အလား
ခိုင်မာတဲ့ သံယောဇဉ်
ရူးသွပ်မှုတွေအောက်မှာ နစ်မြောစီးဆင်း

ကျွန်တော်လား
အသိုက်အမြုံတိုင်း
အေးချမ်းတယ် နွေးထွေးတယ်ဆိုတဲ့
အတွေးလေးနဲ့ပဲ
ကိုယ့်ကိုကိုယ် ကျေနပ်နှစ်သိမ့်လျှက်

ကျွန်တော်လား
စိတ်ကူးနဲ့ လက်တွေ့ကို
တန်းညှိဖို့ကြိုးစားရင်း လမ်းပျောက်လျှက်က

ကျွန်တော်လား
သစ္စာ မေတ္တာ ဒြမ်မဲ့ နာမ်တွေရဲ့
လွှမ်းမိုးမှုတွေ နာခံရင်း

ကျွန်တော်လား
တစ်ခါတစ်လေတော့
မွန်းကျပ်မှုတွေကြားမှာ
တစိပါးသူကို စာနာရင်း
ကိုယ့်ကိုကိုယ် ဦးစားပေးဖို့ မေ့လျော့ရင်း

ကျွန်တော်လား
တစ်ကယ်တော့
ဟန်ဆောင်မှုတွေ ကြားမှာ
ဘဝကို ထိန်းကျောင်းရင်း

ကျွန်တော်လား
တစ်ရက်ပြီးတစ်ရက်
ကြိုးစားရှင်သန်ကာ
ဘဝအဓိပ္ပာယ်ကို ဖွေရှာရင်း

တစ်ကယ့်ကို
ရူးမိုက်စွာ
ဘဝ တစ်ခုရဲ့ အဆုံးသတ်
နိဂုံးကို
ပျော်ပျော်ကြီး မျော်လင့်နေမိရဲ့

...........................................................

ကၽြန္ေတာ္လား
ေလလြင့္ငွက္ငယ္ တစ္ေကာင္အလား
ေလႏွင္ရာ လြင့္
ခံစားခ်က္ဆိုတာ ဗလာနတၳိ

ကၽြန္ေတာ္လား
သင္းကြဲ ငွက္ငယ္ တစ္ေကာင္အလား
ဇြတ္တရြတ္ဆန္တဲ့ ခံယူခ်က္နဲ႔
ဂ်စ္ပစီတစ္ေကာင္လို ေလလြင့္

ကၽြန္ေတာ္လား
တစိခါတစ္ေလေတာ့လဲ
ေအာက္ခ်င္းငွက္တစ္ေကာင္ အလား
ခိုင္မာတဲ့ သံေယာဇဥ္
႐ူးသြပ္မႈေတြေအာက္မွာ နစ္ေျမာစီးဆင္း

ကၽြန္ေတာ္လား
အသိုက္အျမံဳတိုင္း
ေအးခ်မ္းတယ္ ေႏြးေထြးတယ္ဆိုတဲ့
အေတြးေလးနဲ႔ပဲ
ကိုယ့္ကိုကိုယ္ ေက်နပ္ႏွစ္သိမ့္လွ်က္

ကၽြန္ေတာ္လား
စိတ္ကူးနဲ႔ လက္ေတြ႕ကို
တန္းၫွိဖို႔ႀကိဳးစားရင္း လမ္းေပ်ာက္လွ်က္က

ကၽြန္ေတာ္လား
သစၥာ ေမတၱာ ျဒမ္မဲ့ နာမ္ေတြရဲ႕
လႊမ္းမိုးမႈေတြ နာခံရင္း

ကၽြန္ေတာ္လား
တစ္ခါတစ္ေလေတာ့
မြန္းက်ပ္မႈေတြၾကားမွာ
တစိပါးသူကို စာနာရင္း
ကိုယ့္ကိုကိုယ္ ဦးစားေပးဖို႔ ေမ့ေလ်ာ့ရင္း

ကၽြန္ေတာ္လား
တစ္ကယ္ေတာ့
ဟန္ေဆာင္မႈေတြ ၾကားမွာ
ဘဝကို ထိန္းေက်ာင္းရင္း

ကၽြန္ေတာ္လား
တစ္ရက္ၿပီးတစ္ရက္
ႀကိဳးစားရွင္သန္ကာ
ဘဝအဓိပၸာယ္ကို ေဖြရွာရင္း

တစ္ကယ့္ကို
႐ူးမိုက္စြာ
ဘဝ တစ္ခုရဲ႕ အဆုံးသတ္
နိဂုံးကို
ေပ်ာ္ေပ်ာ္ႀကီး ေမ်ာ္လင့္ေနမိရဲ႕

@kokyawzinphyo

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 64411.29
ETH 3516.69
USDT 1.00
SBD 2.55