ကကြီး ခခွေး ဘယ်လိုပေါ်
မြန်မာဗျည်း ဘယ်နှလုံး ရှိလဲဆိုတာ အမှန်သိရန်လိုအပ်တဲ့အရာပါသည်။
ဗျည်း ၃၃-လုံး။ ။ အနက်ကို မှတ်ကြောင်းဖြစ်သော ပါဠိမြန်မာ သင်္ကေတ မူရင်း ၃၃-လုံး။
" က, ခ, ဂ, ဃ, င၊
စ, ဆ, ဇ, စ်, ည၊
ဋ, ဌ, ဍ, ဎ, ဏ၊
တ, ထ, ဒ, ဓ, န၊
ပ, ဖ, ဗ, ဘ, မ၊
ယ, ရ, လ, ၀၊
သ, ဟ, ဠ, အံ" ဗျည်းတို့ဖြစ်သည်။
ဗျည်း ၃၅-လုံး။ ။ ဤ ဗျည်း ၃၅-လုံးသည် မြန်မာမှုအလို ခေါ်ဆိုတဲ့
" အဲး, အား" ဗျည်း ၂-လုံးကိုပါ ထည့်သွင်း ရေတွက်ကြခြင်းဖြစ်သည်။
" က, ခ, ဂ, ဃ, င၊
စ, ဆ, ဇ, စ်, ည၊
ဋ, ဌ, ဍ, ဎ, ဏ၊
တ, ထ, ဒ, ဓ, န၊
ပ, ဖ, ဗ, ဘ, မ၊
ယ, ရ, လ, ၀၊ သ,
ဟ, ဠ, အဲး,အံ,အား"
မြန်မာ့ရိုးရာ၊ ရေးထုံးလာ၊ ၃၅-ဖြာ ဗျည်း
မြန်မာမှု အလိုအားဖြင့် သဒ္ဒဗြူဟာကျမ်း, ဝေါဟာရတ္ထ ပကာသနီကျမ်း, လယ်တီသင်ပုန်းကြီး သံခိပ်ကျမ်းတို့ အဆို အောက်ပါ ၃၅-လုံးတို့ ဖြစ်သည်။
က, ခ, ဂ, ဃ, င,
စ, ဆ, ဇ, စ်, ည,
ဋ, ႒, ဍ, ဎ, ဏ,
တ, ထ,ဒ, ဓ, န,
ပ, ဖ, ဗ, ဘ, မ,
ယ, ရ, လ, ၀, သ, ဟ, ဠ,
-ံ, -့, -း ။
ဒီ (၃၅)လုံး ရှိပါတယ် အ သုံးလုံး ကို ချုံ့ယူလိုက်တာခြင်းဖြစ်သည်။
သရ
မြန်မာဘာသာတွင် အခြေခံသရ (၁၁) လုံးရှိသည်။ ၄င်းတို့မှာ
အ၊ အာ၊ အိ၊ အီ၊ အု၊ အူ၊ အေ၊ အဲ၊ အော၊ အော်၊ အို တို့ဖြစ်သည်။
သရဆိုသည်မှာ မည်သည့်အက္ခရာကိုမျှ မမှီခိုရဘဲ မိမိဘာသာ အသံထွက် ဆိုနိုင်သော အက္ခရာများ ဖြစ်သည်။
သရရေးနည်း ၂ မျိုး
စာပေအရေးအသား၏ အခြေခံမှာ သရနှင့်ဗျည်းများဖြစ်ကြသည်။ ထိုသရနှင့် ဗျည်းတို့ အမျိုး မျိုးပေါင်းစပ်ခြင်းဖြင့် ဝေါဟာရများစွာ ရရှိသည်။ ထိုသို့ပေါင်းစပ်ရာတွင် (၁)အရှည်ရေးနည်းနှင့် (၂) အတိုရေးနည်း ဟူ၍ နှစ်မျိုးရှိရာ မြန်မာတို့က အတိုရေးနည်းကိုသာ လက်ခံ အသုံးပြုကြ သည်။
အရှည်ရေးနည်း
အရှည်ရေးနည်းမှာ ဗျည်းနှင့် သရကို ရှေ့နောက်စဉ်၍ ရေးခြင်းဖြစ်သည်။ အမြင်အားဖြင့် ရှင်းပြီး လုံးချင်းသရ ဗျည်းယှဉ်သရဟူ၍ နှစ်မျိုးတီထွင်ရန် မလိုအပ်ပေ။
အတိုရေးနည်း
မြန်မာအက္ခရာတို့၏ ဘိုးဘေးများဖြစ်သော ဗြဟ္မီအက္ခရာပွားများသည် အတိုရေးနည်းကို အသုံးပြုကြသည်။ အတိုရေးနည်းတွင် ဗျည်းနှင့် သရတို့ကို တစ်တန်းတည်းမရေးဘဲ အထက်အောက် ရှေ့နောက် ကြာညှပ်၍ အမျိုးမျိုးရးကြသည်။ ထိုသို့ရေးရန် ဗျည်းယှဉ်သင်္ကေတများ တီထွင်ရသည်။ မြန်မာစာရေးနည်းသည် အတိုရေးနည်းဖြစ်သည်။
မြန်မာသရများတွင် ရေးနည်း ၂ မျိုး ရှိပါသည်။
(၁) လုံးချင်းသရရေးနည်းနှင့် (၂) ဗျည်းယှဉ်သရ (သင်္ကေတ) ရေးနည်းတို့ ဖြစ်ပါသည်။
လုံးချင်းသရ
အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ ဩ၊ ဪ၊ အို။
ဗျည်းယှဉ်သရ (က ဗျည်းဖြင့် ပေါင်းလျက်)
က၊ ကာ၊ ကိ၊ ကီ၊ ကု၊ ကူ၊ ကေ၊ ကဲ၊ ကော၊ ကော်၊ ကို။
မြန်မာသရ၊ ရေးထုံးပြ၊ ၁၁-လုံး
မြန်မာမှုအားဖြင့် သဒ္ဒဗြူဟာကျမ်း စသည်တို့အလို ထိုဆယ့်တစ်လုံးကို ဆို၏၊ သို့သော် ရေးနည်းအားဖြင့် ဆရာစဉ် ဂိုဏ်းအစဉ် ခြားနားကာ ၄-နည်းမျှ ပြားလေသည်။
(၁) အ, အာ, အိ, အီ, အု, အူ, အေ, အဲ, အော, အော်, အို။
(၂) အ, အာ, ဣ, ဤ, ဥ, ဦ, ဧ, အဲ, သြ, သြော်, အို၊
(၃) အ, အာ, ဣ, ဤ, ဥ, ဥု, ဧ, အဲ, သြ, ဥိ။
(၄) -, -ာ, -ိ, -ီ, ဳ , ဴ, ဧ, -ဲ, ေ-ာ, ေ-ာ်, -ို ။
စာလုံး၅-မျိုး၊ ရှေးရိုးစဉ်လာ၊ ဖေါ်ပြပါ (တနည်း) မြန်မာစာလုံး၊ ရေးထုံး ၅-ဖြာ၊ သိမှတ်ရာသည်ဟုသိရှိရသည်။
မြန်မာစာလုံး ရှေးထုံးရေးပုံငါးပါးကား "မုဒ္ဒါလိပိ သိပ္ပလိပိ၊ လိပိလေခန သမ္ဘ၀ါ၊ ဂုဏ္ဍိကာဃုဏသမ္ဘူတာ၊ လိပိယော ပဉ္စဓါယိမေ။"ဟူသော သက္ကတကျမ်းမှ နည်းယူ ကူးပြောင်းလာသည်။
ဆက်လက်ရေးသားပါအုံမည်။
@kokyawzinphyo
6/10/2017(Fri)
Nice Post!
Thanks for your work as well! Followed @kokyawzinphyo
Followed made up
reputation.နည်းတဲ့သူတွေနဲ့ အပေါင်းအသင်းမလုပ်ပါနဲ့
thank for sharing
Thank you
thank you
ဗဟုသုတ ရပါ၏။
ကျေးဇူးပါ
Nice post
ကျေးဇူးပါ
ဗဟုသုတများရရှိပါ၏
ကျေးဇူးပါ
Very Good.
thank you
good post
thank you