လူပီသတယ့်လူ
ဘဝမှာလူတွေရဲ့ လှည့်ကွက်တွေ ကောက်ကျစ်မူတွေ လိမ်ညာမူ ဟန်ဆောင်မူတွေ မာယာတွေကို ကိုယ်တိုင် ကြုံ့တွေ့ဖူးကြမှာပါ။
လူတွေဆိုတာ အမြဲတမ်းမဟုတ်ပေမယ့် တစ်ခါတလေမှာ သိပ်ကိုရက်စက်တတ်ပြီး
တစ်ခါတစ်ရံမှာ သိပ်ကိုညှာတာစာနာမူကင်းမဲ့တတ်ကြတယ်။
မိတ်ဆွေရင်းလို့ ကိုယ်ကစိတ်ချယုံကြည်ထားခဲ့ပေမယ့် ကိုယ့်ဘဝကို ရစရာမရှိအောင် ရိုက်ချိုးဖျက်ဆီးသွားရက်ခဲ့တာတွေလည်း ကြုံဖူးရမှာပါ။
တချို့လူတွေ ရှေ့မှာတော့ အပြုံးပန်းတွေတဝေဝေ ချီးကျုးစကားတွေ ရွှန်းရွှန်းဝေအောင် ပြောလို့ ကူညီတွေပေးခဲ့ကြပေမယ့် များမကြာမှီ နောက်ကျောကိုဓားနဲ့ ထိုးသွားကြတယ့် သူတွေလည်း ဒုနဲ့ဒေး။
ရိုးသားမှုနဲ့ ကြိုးစားစွာ လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းနေသူတွေကို တွေ့တဲ့အခါ အားပေးစကားမပြောတဲ့အပြင် အားလျော့ပြီး ရည်မှန်းချက်တွေ ပြောက်ပျက်သွားအောင် ပြင်းထန်သည့် စကားလူံးတွေနှင့် အချို့်လူတွေ ပြောဆိုဆက်ဆံတာတွေကို ကြုံတွေ့ ခဲ့ရဖူးတယ်။
လူ......လူ......လူတွေကို ဘယ်လိုနားလည်းရမလဲမသိတော့ဘူး။
ကမ္ဘာပေါ်ရှိတယ့် အသက်ရှိ အဟိတ်တိရစ္ဆာန်တွေ အားလုံးထဲမှာ လူဆိုတဲ့ သတ္တဝါဟာ အသိ ဥာဏ်၊ အမြော်အမြင် အရှိဆုံး သက်ရှိတွေပဲ ဖြစ်သည် မဟုတ်ပါလား။
သို့ပေမယ့် ကမ္ဘာပေါ်မှာ အရိုင်းဆိုင်းဆုံး ကြောက်မက်ဖွယ်ရာ သက်ဖြတ်မှုတွေနှင့် အပြစ်ဒုစရိုက်ပေါင်းများစွာကို နေ့စဉ်နှင့်အမျှ ကျူးလွန်နေကြတာလည်း ကျွန်တော်တို့ လူသားတွေပဲ မဟုတ်လား။
အသိဥာဏ်အရှိဆုံး အတွေးအခေါ်အမြော်အမြင်အရှိဆုံးပါဆိုတဲ့ လူတွေ ဘာလို့ ဒီလောက်တောင် ရက်စက်ကြမ်းကြုတ်ရတာလဲ ဆိုတော့ကာ အတ္တတွေ လောဘတွေ မောဟတွေကြောင့် အသိဥာဏ်ရှိတယ့် လူတွေဟာ တိရစ္ဆာန်တွေလောက်တောင် အကြင်နာတရား မရှိတယ့် သူတွေ ဖြစ်သွားကြတယ်။
ကျွန်တော်တို့ အနီးအနားပတ်ဝန်းကျင် `ခွေး´ တွေကိုပဲ အရင်ဆုံးကြည့်လိုက်ပါ။
ခွေးတွေဟာ သူတို့နှစ်သက်တဲ့ ခွေးမတစ်ကောင်တွေ့ပြီဆို ခွေးထီးအားလုံး ထိုခွေးမကို ပိုင်ဆိုင်ဖို့ ခွေးမတစ်ကောင်အတွက် အချင်းချင်း ကုတ်ဖဲ့တိုက်ခိုက်ကြတယ်။ ထိုအပြင် ခွေးတွေဟာ အစားအသောက်အတွက်၊ နေရာထိုင်ခင်းအတွက်လည်း တစ်ေ
အဲ့ဒီလို တစ်ကောင်နဲ့တစ်ကောင် တိုက်ခိုက် ကြပါသေးတယ်။ အဲ့ဒီလို ခွေးအချင်းချင်း ကုတ်ဖဲ့ တိုက်ခိုက်ရာမှာ တစ်ကောင် ကောင် သေဆုံးသွားအောင် ဘယ်တော့မှ မတိုက်ခိုက်ကြပါဘူး။ ဒဏ်ရာရရုံ ခြောက်လှန့်ရုံမျှသာ တိုက်ခိုက်ကြပါတယ်။
ကျွန်တော်တို့ လူသားတွေကတော့ ဤသို့မဟုတ်ပေ။ အချစ်တစ်ခု မိန်းမတစ်ယောက်ကို ရယူပိုင်ဆိုင်ဖို့အတွက်နှင့် တစ်ယောက်နဲ့တစ်ယောက် သေကြေပျက်စီးသွားရလောက်အောင်ကို တိုက်ခိုက်ခဲ့ကြတယ်ဆိုတာ ခင်ဗျားတို့ ကျွန်တော်တို့် နေတိုင်းလိုလို မြင်တွေ့ နေကြရတာ မဟုတ်ပါလား။
ထို့အပြင် ကျွန်တော်တို့ လူသားတွေဟာ မြေနေရာအတွက် ပစ္စည်းဥစ္စာအတွက် တစ်နိုင်ငံနှင့်တစ်နိုင်ငံ လက်နက်မျိုးစုံနဲ့ စစ်ပွဲတွေအလီလီ တိုက်ပွဲတွေ အဖုံဖုံဆင်နွဲကာ တိုက်ခိုက်ခဲ့ကြတယ်။
ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ကြောင့် လူသားမျိုးစိတ် သန်းပေါင်းများစွာ သေကြေပျက်စီးဆုံးရှုံးခဲရသည် မဟုတ်ပါလား။
ကျွန်တော်တို့ လူသားတွေဟာ ခွေးတွေထက် အသိဥာဏ် ဆင်ခြင်နှုံတရားရှိသူတွေ ဖြစ်ပြီး အဘယ်ကြောင့် ခွေးတွေထက် ယုတ်မာရိုင်းဆိုင်းနေရတာလဲဆိုတာလဲဆိုတာ နားမလည်နိုင်အောင်ပဲဗျာ။
လူတိုင်းဆီမှာသာ ကိုယ်ချင်းစာတရား ရှိခဲ့ပါမူ ဤသို့ ဖြစ်လာ စရာမကြောင်းမရှိပါ။ ငါ့အတွက်၊ ငါ့မိသားစုအတွက်၊ ငါ့အကျိုးစီးပွားအတွက် စတယ့် ငါတည်းဟူသော အတ္တတွေကို ရင်ဝယ်ပိုက်လျက် အခြားသူတွေ အခွင့်အရေးတွေကို အပြည့်အဝမပေးပဲ တဖက်ပိတ်အမြင်တွေနှင့် လိပ်ကဲ့သို့ ကိုယ်ဘက်ကိုယက်သည့် သူတွေမရှိလျင် ဒီကမ္ဘာကြီး ဒီထက်ပိုပြီး အေးချမ်းသာယာ လာပါလိမ့်မည်။
ကိုယ့်အတွက်လို့ မစဉ်းစားခင် သူတစ်ပါးအတွက် အရင်စဉ်းစားကြည့်ပါ။
လူဆိုတာ ကိုယ်တိုင်မျက်ရည်ကျဖူးမှ အခြားသူရဲ့ ဝမ်းနည်းပူဆွေးမှုတွေကို နားလည်နိုင်တာပါ။
ဘဝမှာ အောင်မြင်ခြင်း,ကျော်ကြားခြင်း,ချမ်းသာခြင်း စတဲ့အရာတွေဟာ ကိုယ်တစ်ဦးတစ်ယောက်တည်းက ကြိုးစားပြီးတည်ဆောက်ယူလို့ ရချင်ရမယ်။
ညှာတာမူ,စာနာမူ,ဖေးမမူ,ဆိုတဲ့စိတ်ထားကောင်းတွေ ထားရှိဖို့ မကြိုးစားခဲ့ရင် ခင်ဗျားတို့ ကျွန်တော်တို့်ဟာ ဘယ်တော့ လူပီသတယ့် သူတွေဖြစ်လာကြမှာမဟုတ်ပါဘူး။
ရေးသားသူ @kodolay
Photo by google image
ကြိုးစားနေတယ် "လူ " ဖြစ်ဖို့ 
အဲလို ကိုယ့်အကြောင်းအရင်မစဉ်းစားဘဲ အတင်းလိုက်ပြောတဲ့သူတွေကိုခနခနတွေ့ဘူးတယ်
အဲ့ဒီလိုပြောတဲ့သူတွေနှင့် ခပ်ကင်းကင်းနေပါ။
ဟုတ်ကဲ့အကို သူမရှောင်လည်း ကိုယ်ရှောင်ရမယ့်အရာပါလို့မြင်ပါတယ်
ကိုယ်ချင်းစာတရားရှိဖို့ အရေးကြီးတယ်။ သူ့နေရာမှာ ငါသာဆိုရင် ဆိုပြီးဝင်ပြီးခံစားကြည့်သင့်တယ်။
ဟုတ်တာပေါ့ friရယ်
လူပီသတဲ့ လူတဲ့လားဗျာ။
ခုထိတော့ ကြိုးစားဆဲပါ။
ဘဝမှာ လူပီသတဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားရင်း လူမပီသတဲ့လူတွေနဲ့လည်း တွေ့ခဲ့ကြုံခဲ့ဖူးပါတယ်။
thank for sharing
အရေးအသားကောင်းပါတယ် ဗဟုသုတလည်းရပါတယ်
တဲ့ ကို တယ့် ရေးထားတာတွေတွေ့ရပါတယ်
ပြန်ပြင်လိုက်ရင်ကောင်းသွားမှာပါ
အပြုသဘောပြောပြတာပါ
ကျေးဇူးတင်ပါတယ် ခင်ဗျား
Good Post
Thz
Thank you so much for sharing all this information! that's great! All the best! Waiting for more posts! :)
Yeah
လုတွေ များပြီး လူတွေနည်း တယ်ဗျ ။ လူပီသအောင် ကြိုးစားကြတာပေါ့ ဗျာ ။