Mingalarpar

in #myanmar8 years ago (edited)

image

Credit image

မင်္ဂလာပါတဲ့ ...

ဟုတ်ကဲ့ ကျွန်တော့်မှာ မင်္ဂလာက ရှိပြီးသားပါ ... ထပ်ပြီး မင်္ဂလာရှိစရာ မလိုပါဘူး ... မင်္ဂလာ မရှိတဲ့သူကိုသာ မင်္ဂလာပါလို့ နာနာပြောပေးပါ ... ဂါထာရွတ်သလို ထုံကူးပြီး တစ်ချိန်မှာ မင်္ဂလာရှိချင် ရှိမှာပေါ့ ...

မင်္ဂလာရှိရာ မင်္ဂလာ လာပါတယ် ... ကျွန်တော့်အနားမှာ မင်္ဂလာတွေ ၀ိုင်းဝိုင်းလည်နေပါတယ် ... ကိုယ်ကလည်း မင်္ဂလာတွေကို ထုတ်ပေးရတာပေါ့ ... လမ်းကြုံလို့ ၀င်ယူလည်း ရတယ် ... တကူးတကလာယူလည်း ရတယ် ... မင်္ဂလာဆိုတာ ကျွန်တော်ချမ်းသာတဲ့ ပစ္စည်းပါ ...

မင်္ဂလာမရှိဘူးလား ... ဘဏ်တွေကိုသာသွား ... တစ်ထောင်ပဲ ရှိရင်တောင် မင်္ဂလာပါ မိုးမွှန်အောင် အခေါ်ခံရမယ် ... ဘယ်ဘဏ်လဲဆိုတာ မမေးနဲ့ ... ကိုယ် ဘာကြိုက်လည်း ဆိုတာ အဓိကထား ... ချောချောလေးတွေ ကြိုက်လား ... တည်တည်တင်းတင်းနဲ့ ပြတ်ပြတ်လေး လုပ်သွားတာ ကြိုက်သလား ... ဘဏ်ကို သွားတာကလည်း ရည်းစားထားဖို့ ရွေးရသလိုပဲ ... မှားသွားရင် ကိုယ်ပဲ စိတ်မကောင်းဖြစ်မှာ ... ဒါပေမယ့် မင်္ဂလာပါဆိုတာလေးကတော့ နားဝင်ချိုလှသဗျာ

ဒါနဲ့ မင်္ဂလာပါလို့ ပြောတာနဲ့ ကိုယ့်မှာ မင်္ဂလာရှိသွားပြီလား ... သူများမှာရော မင်္ဂလာ ရှိသွားနိုင်လား ... ဘယ်လိုပုံစံနဲ့ ကျက်သရေမင်္ဂလာက ကူးသန်းသွားတာလဲ ... ကျောင်းမှာတုန်းကတော့ ဓာတ်ကူးဆိုပြီး ဆွမ်းကြီးဝိုင်းလောင်းဖူးတယ် ... တစ်ယောက်ကို ပုဆိုးနဲ့ အုပ်ပြီး ဓာတ်ကူးဆိုပြီး ရိုက်တယ် ... ဘေးက နီးစပ်ရာ လူတွေက ၀ိုင်းဆော်ပလော်တီးတယ် ... မင်္ဂလာတော့ မရှိသွားဘူး ... နာသွားတာတော့ ကိုယ်ပဲ သိမယ် ... မင်္ဂလာကလည်း အဲဒီလိုပဲ နာစပ်စပ်လေးလား ... မဟုတ်လောက်ဘူးလို့ ထင်ပါတယ် ... မင်္ဂလာရှိတဲ့လူရဲ့မျက်နှာက ၀င်းပနေတာ နေထိုးတာကြောင့် မဟုတ်ပါဘူးလေ

image

Credit image

စိတ်ထဲ တွေးချင်ရာတွေးနေတာနဲ့ မနက်ဖြန် မင်္ဂလာဆောင်သွားရမှာ မေ့နေတယ် ... သူတို့ဘာသာ ဒချိဒချိလုပ်ချင်တာကို ဘာလို့ ပန်းခြံမသွားဘဲ လူသိရှင်ကြား ကြေညာရတာလဲ ... ကြည့်ရတာတော့ တစ်လင်တစ်မယားဥပဒေနဲ့ အရေးကြုံရင် ဆွဲစိရအောင် သက်သေယူထားတာ ဖြစ်မယ် ... ခြေလှမ်းမကျွံရင်တော့ စိုးရိမ်စရာ မရှိပါဘူး ... လူဦးရေ မတိုးပွားလို့ အတင်းပေးစားနေတဲ့ နိုင်ငံကလူတွေ ဒီကို မျက်စိကျချင်စရာပါပဲ ... ကိုရီးယားမှာဆိုရင်တော့ ဇိမ်ကျတယ် ... မိန်းမက ဈေးရောင်း ... ယောက်ျားက အပျင်းတစ် ... အိပ်နေတယ် ... ဂျယ်ဂျူးကျွန်းကို အမြဲ ရုပ်ရှင်ထဲ ထည့်ရိုက်ပေမယ့် အပျင်းတစ်တဲ့ ယောက်ျားသားတွေရဲ့ သာယာတဲ့ ဘ၀တော့ မရိုက်ပြဘူး ... ကိုယ်တွေ အားကျမှာ စိုးရိမ်တယ်နဲ့ တူပါတယ်လေ ...

ဒီလိုနဲ့ပဲ ကိုယ့်အတွေးကို ရုပ်သိမ်းလိုက်တယ် ... ညဥ့်လည်း နက်နေပြီ ... အိပ်မှဖြစ်မယ် ... မဟုတ်ရင် မနက်ဖြန် မင်္ဂလာမရှိစွာ အိပ်မှုံစုံဝါးနဲ့ နိုးထနေရဦးမယ် ...

ကောင်းသောညလေးဖြစ်ပါစေဗျာ ...

image

Credit image

@kmz

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.091
BTC 62612.44
ETH 1757.10
USDT 1.00
SBD 0.39