အကောင်းမြင်ဝါဒဖြင့် ဘဝကို မြှင့်တင်မယ်

in #myanmar6 years ago (edited)

မင်္ဂလာပါရှင်
ကျမကြိုးစားပြီးကျင့်သုံးနေတဲ့နည်းလမ်းလေးတစ်ခုပြောပြချင်ပါတယ် ။
အဲ့ဒါကဘာလဲဆိုတော့အကောင်းမြင်စိတ်ပါ ။အကောင်းမြင်ဝါဒကိုအမြဲတမ်းကျင့်သုံးနိုင်ဖို့ ကြိုးစားနေပါတယ် ။
လူ့ ဘဝရလာတဲ့အခိုက်တန့် လေးမှာ အကောင်းမြင်စိတ်ရှိတာကလူကိုစိတ်ချမ်းသာစေတယ် ။စိတ်သောကတွေလည်လျော့နည်းစေပါတယ် ။လူဆိုတာ လောဘ ဒေသ မောဟ နဲ့နေထိုင်နေကျတာဆိုတော့ ကိုယ် ကိုတိုင်းလည်းလောဘ ဒေါသ မောဟ တွေမကင်းပါဘူး ။ ဒါပေမဲ့ လောဘ ဒေါသ မောဟတွေကိုတတ်နိုင်သလောက်လျော့နည်းအောင် စိတ်ကိုလျော့ထားတယ် အကောင်းမြင်စိတ်ကိုမွေးမြူပေးတယ် ။တခါတလေ သတိလက်လွတ်ဖြစ်တဲ့ခါလည်းရှိပါတယ် ။တစ်ယောက်ယောက်ကကိုယ့်ကိုပြောလိုက်တဟ်ပေါ့ သူရဲ့လေသံ သူနှုန်းတဲ့စကားလုံတွေက ကိုယ့်ကိုတိုက်ချင်တဲ့ပုံစံနဲ့ပြောလိုက်တယ် ဆိုပါတော့ သူ့ ပြောလိုက်တာကို ကိုဟ့်ဘက်ကခံယူလိုက်တာ
၁. ဒါဟာ သူ့ ရဲ့ဗီဇပဲ (or)
၂. သူငါ့ကိုခင်လို့ နောက်တာဖြစ်မှာပါ (or)
၃. ကိုယ်က အပြောခံရမဲ့ကံပါလာလို့ 
ဒီလိုပဲတွေးလိုက်တာအခါ ဒေါသ ဖြစ်ချင်တဲ့စိတ် လျော့နည်းသွားတယ် မကောင်းမြင်ချင်တဲ့စိတ်လျော့နည်းသွားတယ် ပြန်ပြီးတုံ့ပြန်ချင်တဲ့စိတ်လျော့နည်းလာတယ် တနည်းအားဖြင့် သည်ခံစိတ်များလာတယ် ဒီလိုနဲ့ပဲအကောင်းမြင်တဲ့စိတ်ကိုမွေးမြူရမယ်လို့ ကျမယူဆတယ် ။ ပတ်ဝန်းကျင်မှာဖြစိဖျက်နေတဲ့ အဆိုး အကောင်းအရာအားလုံးကို ကျမအနေနဲ့ ဒါဟာ သူကံနဲ့သူပါလာတာ ဖြစ်ချိန်တတ်လို့ ဖြစ်တယ် အချိန်တန်တော့ပြီးသွားမယ် မကောင်းတာတွေကြည့်ပြီးတော့လည်းမကဲ့ရဲ့ချင်ဘူး ကိုယ်ကိုတိုင်းလည်း ပြီးပြည့်စုံတဲ့သူ ဖြစ်နေတာမဟုတ်တော့ တချို့ တွေရှိတယ် သူတပါးကိုကြည့်ပြီး ကဲ့ရဲ့ပြီးရင်း ကဲ့ရဲ့နေကျတယ် နားလည်မူဆိုတာသူတို့ မှာမရှိဘူး အကောင်းမြင်တဲ့စိတ်ဆိုတာသူတို့ မှာမရှိဘူး ဒီလိုသူတပါးကိုမကောင်းမြင်နေရင်းနဲ့ ကိုယ်ကိုတိုင် မကောင်းတဲ့သူဖြစ်လို့ ဖြစ်မှန်းမသိ ဖြစ်နေကျတယ် မိတ်ဆွေတို့ ပဲစဉ်းစားကြည့် မကောင်းမြင်နေတဲ့ ကိုယ့်ရဲ့စိတ် ကို ကောင်းတယ်လို့ ယူဆလို့ ရပါအုန်းလား ဒီလိုနဲ့အဆိုးမြင်ဝါဒတွေများလာတာနဲ့အမျှ ကိုယ်ကိုတိုင်ကမကောင်းတဲ့သူ ဖြစ်သွားရတယ် ။ ဒါတွေကိုတချို့ တွေကမတွေးမိဘူး ။လူတွေကကိုယ့် ကိုယ် ကို ချစ်ကြပါတယ် ။ ချစ်ပုံချစ်နည်းတွေတချို့ ကမှားနေတယ် ။ ကိုယ့်ကိုချစ်ရာမရောက်ပဲနစ်ရာရောက်နေတယ် ။ကိုယ့်ရဲ့ ဘဝ ကိုမြှင့်တင်ချင်ကြတယ် ။ ဒါပေမဲ့ လူတချို့ရဲ့လုပ်ရပ်တွေက ကိုယ့် ရဲ့ဘဝ ကလက်ရှိအနေထားထက် နိမ့်ကျသွားတယ်ဆိုတာ သူတို့ သတိမထားမိကြဘူး။အဓိက ကတော့ လူဆိုတာ လက်ရှိအနေထားထက်ကိုယ့်အဆငိ့ကို မြှင့်ချင်တယ်ဆိုရင် ပထမဆုံးထားရှိရမှာက အကောင်းမြင်စိတ်ပါ။ဒါမှလည်း လူမူဆက်ဆံရေးကောင်းလာမယ် ။ လူမူဆက်ဆံရေးကောင်းလာတာနဲ့အမျှ မိတ်ကောင်းဆွေကောင်းတွေတိုးပွားလာမယ် မိတ်ဆွေးကောင်းတွေတိုးပွားလာတာနဲ့အမျှ ကိုယ့်ရည်ရွယ်ချက် ကိုယ်ရောက်ချင်တဲ့နေရာတစ်နေရာ ကိုယ်ရောက်မယ် ။ကိုယ့်အရည်အချင်းတွေ ကိုထုတ်ပြခွင့်ရမယ် အရည်ချင်းရှိသလောက် အောင်မြင်မှုမယ် ။ ကိုယ်ဟာတကယ်လို့ မကောင်းမြင်ဝါဒရှိတဲ့သူတစ်ယောက်ဆိုရငိကိုယ့်မှာဘယ်လောက်ပဲအရည်အချင်းရှိရှိ အမြှင့်ကိုမရောက်နိုင်ဘူး လို့  ကျမထင်ပါတယ် ဒါကကျမအတွေးပါ။
အထက်ပါရေးသားချက်များသည် ကျမကျင့်သုံးမည်ဟု ယူဆထာသော အတွေးများသာဖြစ်သည်။ အမှားများပါခဲ့ရင် ဖြညိ့စွက်နားလည်ပေးကြပါရန် မေတ္တာ ရပ်ခံပါသည် ။
အားလုံးကိုကျေးဇူးတင်ပါသည်။

Coin Marketplace

STEEM 0.29
TRX 0.13
JST 0.033
BTC 63252.23
ETH 3035.50
USDT 1.00
SBD 3.73