Internationalwomanday2018

in #myanmar6 years ago

#ItsnotOK!
#Internationalwomansday2018
#RespectHer!
image
-အဆင်မပြေဘူး …
-အပြင်ထွက်တိုင်း မြန်မာဝတ်စုံနဲ့ပဲ ထွက်ထွက် သာမန်ဝတ်စုံဝတ်ပြီးပဲ ထွက်ထွက် ဘယ်လိုပုံစံနဲ့ထွက်ထွက် လိုက်ကြည့်ပြီး တမျိုးစီမရိုးရအောင် လိုက်ကြည့်ပြီး ပြောနေကြတာတွေ အဆင်မပြေဘူး …

ကားလမ်းဘေး ပလက်ဖောင်းကနေ လမ်းလျှောက်တဲ့အချိန်တွေမှာ ကားပေါ်ကတမျိုး လမ်းပေါ်ကတမျိုး လိုက်ခဲ့မလားတို့ … ဘယ်သွားမှာလဲတို့ … တစ်ယောက်တည်းလားတို့ ဆိုတာမျိုးတွေ ပြောကြတာ အဆင်မပြေဘူး …

-မိန်းခလေး သူငယ်ချင်းတွေအချင်းချင်း လမ်းသွားရင်းစကားပြောကြတဲ့အခါမျိုးတွေမှာ နောက်ကလိုက်ပြီး ကျမတို့ပြောသမျှ လိုက်ပြောပြီး နှောင့်ယှက်တာမျိုးတွေကြုံရတာ အဆင်မပြေဘူး …

-ကျမက Tattoo တွေထိုးထားတဲ့အတွက် Tattoo တွေနဲ့ပတ်သက်ပြီး အထင်သေးအမြင်သေး ကာအိနြေ္ဒပျက်ပြားလောက်တဲ့ထိ ကြည့်ကြပြောကြတာတွေ အဆင်မပြေဘူး …

-တစ်ယောက်တည်းလမ်းလျှောက်ချိန်တွေမှာ နောက်ထပ် ဘာမှမကြားချင်တော့လို့ သီချင်းဖွင့် နားကြပ်တပ်ပြီး လမ်းသွားရတာ တကယ်အဆင်မပြေဘူး …

-အွန်လိုင်းပေါ်တွေမှာလည်း လက်သရမ်းပြီး အယုတ္တအနတ္တပြောရမှ ကျေနပ်နေသလို တွေ comment တွေတမျိုး Cb တွေကတမျိုး နှောင့်ယှက်နေကြတာတွေ အဆင်မပြေဘူး …

တကယ်အဆင်မပြေဘူး … ဘယ်လိုဝတ်ဝတ်ပါးစပ်သရမ်းကြတာ အဆင်မပြေဘူး …
image
ကျေးဇူးပြုပြီးးးး ကျမတို့ မြန်မာဝတ်စုံလေးပဲ ဝတ်ဝတ် ခေတ်ပေါ်ဝတ်စုံပဲ ဝတ်ဝတ် လေးစားမှုနဲ့ ဆက်ဆံမယ့် ယောက်ျားကောင်းတွေနဲ့ ပတ်ဝန်းကျင်ကိုလိုချင်မိတယ် … လူကိုလူလို့မြင်မယ့် လူတွေကို လိုချင်တယ် … အမျိုးသမီးတိုင်းရဲ့ဖြစ်တည်မှုကိုလေးစားတန်ဖိုးထားပေးမယ့် ယောက်ျားကောင်းတွေနဲ့ ပတ်ဝန်းကျင်တခုမှာ နေထိုင်ချင်တယ် … ယဉ်ကျေးမှုဘောင်ထဲက အရိုင်းအစိုင်းတွေကို ဆင်ခြင်စေချင်တယ် …
image
ဘယ်နှနာရီ ဘယ်အချိန်ဖြစ်ဖြစ် ကျမတို့ လုံလုံခြုံခြုံ သွားလာရဲတဲ့ ပတ်ဝန်းကျင်ကို လိုချင်တယ် …

#Lady-Datha

Sort:  

Congratulations @khin! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes
Award for the number of upvotes received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63373.75
ETH 3170.63
USDT 1.00
SBD 3.88