ယမကာမှီးဝဲခြင်း၏ စိတ်အကြောင်းရင်းများ

in #myanmar6 years ago (edited)

image
ဖခင်က အရက်သေစာသောက်စားရင် များသောအားဖြင့် သားတွေလဲ အရက်သေစာသောက်စားကြပါတယ်။ ရုပ်ရှင် ဗီဒီယို ရုပ်မြင်သံကြားဇာတ်လမ်းတွဲတွေ စတဲ့ဖျော်ဖြေရေးအစီအစဉ်တွေမှာလဲ သရုပ်ဆောင်တွေ 'ပျော်လို့' 'အောင်မြင်လို့' ဆိုပြီး အောင်ပွဲခံတဲ့အနေနဲ့ သောက်ပြကြပါတယ်။ 'ဝမ်းနည်းလို့' 'အသည်းကွဲလို့' 'ပြီးခဲ့တဲ့အဖြစ်အပျက်တွေကိုမေ့ပစ်ချင်လို့' ဆိုပြီး အရက် ဘီယာသောက်ပြကြပါတယ်။ မြန်မာနိုင်ငံမှာ ကိုရီးယားကားတွေခေတ်စားလာတော့ ပိုဆိုးသွားတာကမိန်းကလေးတွေပါ။ မင်းသမီးတွေကို အတုခိုးပြီး သောက်စားလာတာကိုတွေ့ရပါတယ်။ တကယ်တော့ ဒီလိုအခြေအနေတွေကို ထိန်းချူပ်ဖို့အတွက် အရက်သေစာသောက်စားတာက မြန်မာ့ယဉ်ကျေးမှုမဟုတ်တာနဲ့ ရှက်ဖို့ကောင်းတာ လူကြီမိဘနဲ့ဆရာသမားတို့က ဆိုဆုံးမကြဖို့လိုပါတယ်။ အဲဒီလိုလူငယ်တွေကို ရှေ့ဆောင်လမ်းပြဖို့ လူကြီးမိဘ အစ်ကို အစ်မနဲ့ ဆရာသမားတွေကလဲ သူတို့ရှေ့မှာ အရက်သေစာသောက်စားနေထိုင်တာကို ရှောင်ကြည်ကြဖို့လိုအပ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ တရားတော်အရလဲ အရက်သေစာသောက်စားတာက မကောင်းမှုမှန်သမျှကို ကျူးလွန်ဖို့ အခြေအနေရောက်စေလို့ အရက်သေစာမသောက်စားဖို့တားမြစ်ထားတယ်လို့လဲ လူငယ်တွေကို ပြောဆိုဆုံးမပေးဖို့လိုပါတယ်။ အရက်သေစာသောက်စားပြီး မူးယစ်နေတဲ့ယောက်ျားလေးတွေမှာ မှုခင်းကို ကျူးလွန်နိုင်သလို မိန်းကလေးတွေမှာတော့ မှုခင်းရဲ့သားကောင်းဘဝကိုရောက်သွားနိုင်ပါတယ်။ မူးယစ်နေရင်း သွားလာတဲ့အခါ ယာဉ်မတော်တဆမှုတွေ အများကြီးကြုံတွေ့နိုင်ပါတယ်။
ဆက်ဆံရေးသင်ယူမှုကို လေ့လာတဲ့ ပညာရှင်တွေကတော့ လူတွေမှာ မိမိရဲ့စွမ်းရည်ကိုယုံကြည်မှု (Self-efficacy)မြင့်တဲ့သူတွေက အရက်စွဲမှုကို ထိန်းချူပ်နိုင်ကြတယ်လို့ဆိုပါတယ်။ မိမိရဲ့စွမ်းရည်ကို ယုံကြည်ပြီး 'ငါလုပ်ရင် ရတယ် အောင်မြင်မယ်' လို့ ယုံကြည်စိတ်မြင့်မားရင် ကောင်းတဲ့အပြုအမှုကို ပြောင်းနိုင်ကြပါတယ်။ကိုယ်ရဲ့စွမ်းရည်ကို ယုံကြည်မှု နိမ့်ကျတဲ့သူတွေကတော့ အရက်စွဲသူတွေဖြစ်လာနိုင်သလို အရက်ကိုပြန်ဖြတ်လိုက် ပြန်သောက်လိုက်လုပ်ရင်းနဲ့ ဆိုးရွာတဲ့အခြေအနေကိုရောက်သွားနိုင်ပါတယ်။ အရက်သောက်သုံးမှုကြောင့် မိမိရဲ့စွမ်းရည်ကို ယုံကြည်မှုမှာလဲ ပိုမိုကျဆင်းလားပြီး ဆိုးရွားတဲ့အခြေအနေမှာ ကုသမှုခံယူကြပေမယ့် နောက်ထပ်ပြန်ပြီးသောက်သုံးကျသူတွေများပါတယ်။ ဆေးဝါးတွေနဲ့ ဘယ်လိုပဲကုသပါစေ အရက်သောက်သူ ကာယကံရှင်ကိုယ်တိုင်က အရက်သောက်သုံးသူနဲ့ မသောက်သုံးသူတို့ဘဝအခြေအနေကွာခြားချက်ကို သိမြင်လာပြီး သူရဲ့စိတ်က ခိုင်မာစွာအရက်ဖြတ်ချင်မှသာ အရက်ကိုမသောက်သုံးတော့မှာဖြစ်ပါတယ်။
အရက်စွဲတဲ့ အခြေအနေရောက်လာရင်တော့ စိတ်ပညာရှင်နဲ့တွေ့ဆုံပြီး ဆွေးနွေးအကြံပေးမှု (Counselling) လုပ်တာ စိတ်အထူးကုဆရာဝန်နဲ့ ဆေးဝါးကုသမှုခံယူတာတို့ကို လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့လူမှုပတ်ဝန်းကျင်ကို ငြိမ်းချမ်းသာယာတိုးတက်စေချင်ရင်တော့ လူမှုပြဿနာတွေ မှုခင်းတွေလျော့နည်းပပျောက်သွားအောင် လုပ်ဆောင်သွားဖို့လိုအပ်ပါတယ်။လူမှုပြဿနာတွေ လျော့နည်းစေဖို့ မူးယစ်စေတဲ့ အရက် ဘီယာ ယမကာတွေ သောက်သုံးမှုကိုလျော့နည်းသွားအောင် အတူတကွ ဝိုင်းဝန်ကာကွယ်လုပ်ဆောက်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ရှင်။
Author by @khaylay
MSU-007

Sort:  

နောက်မှအေးအေးဆေးဆေး ပြန်ဖတ်ပေးပါ့မယ်။

This post have been received 100 % upvote from @htetlinnaung. Beacause your Tag is msu. MSU is Myanmar Steemit User Group.

Good Luck
#msu
🇲🇲🇲🇲

အရက်​ကိုလူက​သောက်​တဲ့အဆင့်​ရယ်
အရက်​ကအရက်​ကို​သောက်​တဲ့အဆင့်​ရယ်
အရက်​ကလူကို​သောက်​သွားတဲ့အဆင့်​ရယ်​လို့ ကြားဖူးတယ်

မူးရင် ကောင်းမကောင်းတော့ မသိဘူး ပိုက်ဆံကုန်တာတော့ သေချာတယ်

Good.Knowledge

Group 1 မှ msu no.043 @aunghtet.mdy မှ vote ပေးခဲ့ပါတယ်။

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 60935.14
ETH 2365.47
USDT 1.00
SBD 2.55