စကားတစ်ခွန်းရဲ့ တန်ဖိုး(၂)

in #myanmar6 years ago (edited)

image
စကားတစ်ခွန်းသည် ကြားလိုက်ရသောလူတစ်ဦး၏ဘဝကို ခွန်အားဖြစ်စေသကဲ့သို့ စိတ်ဓာတ်လည်းကျစေနိုင်ပါသည်။ ခွန်အားရှိသောစကားသည် တန်ဖိုးရှိစွာ လူ့လောက၌ ထင်ကျန်ရစ်စမြဲပင်။ ချိုသာသောစကားသည် ပျားရည်ကိုသောက်သုံးရသကဲ့သို့ပီတိအားဖြစ်ရပါ၏။ကြမ်းတမ်းသောစကားသည် တမာသီးစားရသကဲ့သို့ အမြဲခါးသီးနေပေလိမ့်မည်။ ထို့ကြောင့်စာဆိုရှင် ရှင်မဟာရဠသာရက 'တစ်ယောက်စကား တစ်ယောက်နားမှာ မခါးရအောင် သတိဆောင်၍ မောင်တို့ဆိုလေ ပျားတကာသို့ ချိုလှစေ' ဟုဆုံးမစာရေးသားညွှန်ပြခဲ့သည် မဟုတ်ပါလော။ရှေးလူကြီးများပြောလေ့ပြောထရှိသည့် စကားတစ်ခွန်းမှတ်မိပါသေးသည်။ 'အပြောမတတ်တော့ ဆဲသလိုပဲ'ဟူ၍ ဖြစ်သည်။မှန်ပါသည်။ မိမိဘက်ကအမှန်တရားပြောသည်ပင်ဖြစ်စေ နှုတ်ထွက်စကားချိုသာရန်လိုအပ်သည်။ 'ပေါ့စေလို၍ ကြောင်ရုပ်ရေး ဆေးအတွက်လေး' ဆိုသကဲ့သို့ မိမိပြောသည့်စကားက တစ်ဖက်လူကို စိတ်သက်သာရာမရဘဲ ပိုဆိုးနေတတ်သည်ကို သတိပြုကြရပါမည်။
လူ့ဘဝရောက်လာပြီးတိုကတည်းက တစ်ဦးတစ်ယောက်တည်း နေထိုင်ရသည်မဟုတ်။ မိမိပတ်ဝန်ကျင်နှင့် ထိတွေ့ယှက်နွှယ်နေထိုင်ရခြင်းဖြစ်သည်။ စကားတစ်ခွန်းသည် ချစ်ခြင်းတရားကို ဖန်တီးပေးနိုင်သကဲ့သို့ အမုန်းတရားကိုလည်း ဖန်တီးပေးနိုင်ပါသည်။ထို့ကြောင့် 'ချစ်စေလို ခံတွင်းလက်လေးသစ် မုန်းစေလိုခံတွင်းလက်လေးသစ်' ဟူ၍ပင် အဆိုရှိခဲ့ပါသည်။လက်လေးသစ်ခန့်ရှိသော ခံတွင်းမှထွက်လာသည့် စကားတစ်ခွန်းသည် ချစ်ခြင်း မုန်းခြင်းကိုဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ညွှန်းထားပါသည်။
'ဆင် မြင်း နွားဗွေ အခြားဗွေထက် နှုတ်ဗွေသာလို့ဆိုး' ဆိုသည်အတိုင်း နှုတ်ဗွေကအခြားဗွေများထက်ဆိုးနေတတ်၏။ စကားဟူသည့်အတိုင်း စကားကိုစပြောကတည်းက ပိုပိုသာသာပြောတတ်ကြပါသည်။တစ်ဦးပြီးတစ်ဦးလက်ဆင့်ကမ်းပြောဆိုလျက်တဖြည်းဖြည်း အပိုစကားများပါလာကြတော့သည်။ထိုအခါ မူရင်းပြော ဆိုသူထံအရောက်၌ သူ့စကားမဟုတ် ငါ့စကားမဟုတ် သူမပြော ငါမပြောနှင့်ငြင်းခုံကြ၏။ထိုမှစ၍ စကားတစ်ခွန်းကြောင့် ခိုက်ရန်ဒေါသများဖြစ်ရပါတော့သည်။စကားတစ်ခွန်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။ ချစ်ခင်၍ပြောသည့်စကားဖြစ်စေ မုန်း၍ ပြောသည့်စကားဖြစ်စေ ပြောသူက ပြီးသွားလည်း အပြောခံရသည့်သူက တနုံ့နုံ့ခံစားနေတတ်သည်ကို လူတိုင်းသတိပြုသင့်ပါတယ်။ထို့ကြောင့် ဓားဒဏ်ရာထက် စိတ်ကိုထိခိုက်စေသည့် နှုတ်ဒဏ်ရာက ပိုဆိုးတတ်သည်မဟုတ်ပါလား။
ယနေ့လူမှုကွန်ရက်ဟူသော facebook၌သုံးစွဲနေသောအများစုသည် စကားကိုမဆင်မဖြင်ကြပေ။လူချင်းမြင်ဖူးသည်မဟုတ်ဟု အလွယ်တွေး၍အလွယ်ပြောဆိုနေတတ်ကြ၏။မြင်သည့်သူများကလည်း အမှားအမှန်မစဉ်းစား။ဝေဖန်ကြ တိုက်ခိုက်ကြ ရန်ဖြစ်ကြနှင့်။ဆဲရေးတိုင်းထွာမှုလည်းပြုကြသေး၏။အသေအချာမဆန်းစစ်ကြ။လူမုန်းများအောင်တိုးဝှေ့နေရာယူကြသလိုပင်။စကားတစ်ခွန်းပြောမည်ဆိုလျှင် သေချာအောင်ပြောပါ။ ထင်ယောင်ထင်မှားမလုပ်ကြပါနှင့်။ မိမိထင်ရာကိုလည်း အလွယ်တကူမပြောကြပါနှင့်။မိမိစကားတစ်ခွန်းကြောင့် တစ်ပါးသူ ထိခိုက်နစ်နာခြင်းမျိုးမဖြစ်ပါစေနှင့်။မိမိကိုယ်တိုင်းလည်း အများကအထင်သေး။ပျက်စီးရခြင်းမျိုးမကြုံရအောင် စကားတစ်ခွန်းကိုပြောမည်ကြံတိုင်း သတိဖြင့် ဆင်ခြင်ပြောဆိုကြရန်အရေးကြီးပါသည်။ မိမိ၏နှုတ်ထွက်စကားများကို သတိဖြင့်ဆင်ခြင်ပြောဆိုကြရန် တိုက်တွန်းရေးသားလိုက်ရပေသည်။

Author by @khaylay

Sort:  

အမှန်​ပဲညီမ​ရေ

You got a 45% upvote from @kyawhlaing courtesy of @khaylay ! its cool fee free .

Congratulations! This post has been upvoted from the communal account, @minnowsupport, by khaylay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.029
BTC 67364.55
ETH 3256.67
USDT 1.00
SBD 2.64