ပရော်ဖက်ရှင်နယ်ကျတယ်ဆိုရာဝယ်

in #myanmar6 years ago

image
တစ်ရက် မြို့ထဲသို့သွားမည်ဆဲဆဲ အိမ်မှအထွက်တွင်ပင် ဆိုင်ကယ်ဘီးပေါက်သည်နှင့်ကြုံနေသည်။ သွားရမည်အရေးမှာလည်း အရေးကြီးသည်ထက် အချိန်နောက်ကျရန်မသင့်တော်သဖြင့် မီနီအိုးဝေဖြင့်သွားရန် ဖုန်းလှမ်းဆက်လိုက်သည်။
ငါးမီနစ်အကြာတွင် ကျွန်မအိမ်ရှေ့ရောက်လာပြီးရောက်သည့်အကြောင်း ဖုန်းခေါ်ပါသည်။ကျွန်မရောက်သွားသည်နှင့်သွားလိုသည့်နေရာကို မေးပါသည်။ ကျွန်မသွားမည်လမ်းကြောင်းကို ရှင်းပြသည်။ အကြောင်းက မီနီအိုးဝေမှာ အခြားကားများ ဆိုင်ကယ်များကဲ့သို့ သွားချင်သည့် လမ်းမှသွားခွင့်မရှိသောကြောင့်ဖြစ်ပါသည်။ သတ်မှတ်ထားသည့်လမ်းအတိုင်းသွားရမည်ဆိုလျှင် လမ်းကြောင်းအနည်းငယ်ရှည်မည်ဖြစ်သဖြင့် ကြိုတင်ရှင်းပြခြင်းဖြစ်သည်။
ကျွန်မသွားမည့်လမ်းကြောင်းမှာ ပုံမှန်ဆိုင်ကယ်နှင့်သွားလျှင် ၁၅မီနစ်သာကြာသော်လည်း ယခုတော့နာရီဝက်ခန့်ပိုကြာသွားပါသည်။ သွားလိုသည့် ခရီးစဉ်ဆုံးလျှင် ငွေပေးချေရသည်။ ပေးချေရမည်ငွေကို ဖုန်းထဲမှပြပေးသည်။ ကုမ္ပဏီမှ သတ်မှတ်ထားသည့်အတိုင်း ကောက်ခံခြင်းဖြစ်ကြောင်းလည်ရှင်းပြပါသည်။သည်လိုနှင့်ခရီးစဉ်တစ်ခုကို စိတ်ချမ်းမြေ့စွာရောက်ရှိခဲ့သည်။
တစ်ရက်ကလည်း အလှူ ကိစ္စ သွားစရာရှိသဖြင့် ကားငှားလိုက်သည်။ ကားကိုသူငယ်ချင်းတစ်ဦးက မိမိသွားနေကျကားဟု ဆိုကာခေါ်ပေးခြင်းဖြစ်ပါသည်။ ကားဆရာတွင် နားကပ်တစ်ဖက်ဝတ်ထားပြီး ခေတ်နှင့်အညီနေတတ်သောလူငယ်ဆန်သည့် စတိုင်ရှိသည်။ ပုံမှန်ဆိုလျှင် ယောက်ျားကလေးနားကပ်ဝတ် ဆံပင်အရောင်ဆိုးထားလျှင် ကျွန်မစိတ်ထဲသိပ်ပြီး လက်ခံတတ်လေမရှိပေ။
သို့ပေမယ့်ထိုကားဆရာနှင့် စကားပြောကြည့်မှပင် သူ၏စိတ်နေစိတ်ထား သဘောမနောဖြူ စင်မှုကို ခံစားမိလိုက်သည်။ ကျွန်မသွားသည့် ခရီးကလည်း ပရဟိတခရီးဖြစ်သဖြင့် ကားဆရာတွင်လည်းစိတ်အားထက်သန်စွာပါဝင်ကူညီသည်။ သူကိုယ်တိုင်ပင် အလှူ ငွေများထည့်ဝင်ကာ ကျွန်မတို့ကျေးဇူးကြောင့် ယခုကဲ့သို့ အလှူ ပြုရခြင်းဖြစ်ကြောင်း ကျေးဇူးတင်ကြောင်းများ ပြောပါသည်။ သည်လိုနှင့် ခရီးစဉ်အတွင်း ရင်းနှီးသွားသည့်တိုင် ကျွန်မတို့အပေါ်တွင် လေးလေးစားစားဆက်ဆံသည်။ ကားသန့်ရှင်းရေးနှင့် ကျွန်မတို့အသုံးပြုနေစဉ် အဆင်ပြေစေရေးကိုအထူးဂရုစိုက်သည်။ ရောက်သည့်နေရာတွင် ကျွန်မတို့ပါလာသော ပစ္စည်းများကို ကားပေါ်မှအတင်အချပြုလုပ်ပေးပါသည်။
ကျွန်မတို့ကို ဧည့်သည်ဟုသတ်မှတ်ကာ သူလုပ်ပေးရမည် အပိုင်းများထဲမှ တာဝန်ကျေအောင်အကုန် လုပ်ပေးသွားပါသည်။ လမ်းခရီးသိချင်သည့် အကြောင်းအရာများကိုလည်း သေချာရှင်းပြပါသည်။ အချို့နေရာမှာ ကျွန်မတို့ မသိသည့်တိုင်အောင် ရှင်းပြကာ သွားလိုပါကလိုက်လံပို့ဆောင်ပေးသည်။ တစ်ခါတစ်ခေါက်ရောက်ရန်ခက်ခဲသော ကျွန်မတို့အတွက် ပိုပြီးပြည့်ပြည့်စုံစုံသိမြင်ခွင့်ရသွားပါသည်။ သည်လမ်းသွားလို့ သည်ကိုပဲရောက်မည်ဆိုသည့်စိတ် သူ့ထံတွင်မရှိ။ နှစ်ဦးတစ်ဖက်စလုံး အကျိုးရှိသည့် ခရီးကလေးဖြစ်ခဲ့ရသည်။
Author by @khaylay
MSU-007bold

Sort:  

ဖတ်ရတာ စိတ်ချမ်းသာဖို့ကောင်းတယ်

@resteemator is a new bot casting votes for its followers. Follow @resteemator and vote this comment to increase your chance to be voted in the future!

steemit နဲ့ မသက်​ဆိုင်​တဲ့post tag မတွဲးသင့်​ပါ။
Tag လုပ်​တာများရင်​.... လာ​ပြေားခံရနိင်​ပါတယ်​။:-)

ဟုတ်တယ် tag ကိုနားမလည်တာလားမသိဘူး။ အကြောင်းအရာနဲ့လိုက်ဖက်အောင်တွဲရမှာပါ

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 64785.95
ETH 3471.44
USDT 1.00
SBD 2.51