လူငယ်တို့ မင်္ဂလာရှိစေဖို့

in #myanmar6 years ago

image
အမိဟူသည် လူတို့ပြည်ဝယ် နို့ရည်တိုက်ကျွေး ငယ်ကမွေးလည်း နို့ကျွေးတင်ရုံ မဆပ်တုံတည့် လူ့ဘုံဌာန လူ့လောက၌ မိကိုလက်ယာ ဖကိုလက်ဝဲ အမြဲဆောင်ရွက် ပခုံးထက်၌တင်လျက်လုပ်ကျွေး မပြတိမွေးလည်း ကျေးဇူးဂုဏ်စိုင် မကုန်နိုင်ဘူး။
မဃဒေဝလင်္ကာသစ်
ယနေ့ခေတ်တွင် လူငယ်အရင်းအမြစ် ဖွံဖြိုးတိုးတက်ရေးသည် လူငယ်တို့၏ လုပ်ဆောင်မှုပေါ်တွင် များစွာမှီတည်၍နေပေသည်။ ကြီးပွားချမ်းသာ၍ဖွံဖြိုးတိုးတက်လိုသော လူငယ်တို့သည် မင်္ဂလာတရားတော်ကို သိလည်းသိ ရှိလည်းရှိရပေမည်။ သိရှပြီးလျှင် လိုက်နာကျင့်သုံးသင့်ပါ၏။
ပထမဦးစွာ လူငယ်တို့သည် 'မင်္ဂလာ' ၏ အဓိပ္ပါယ်ကို သိရှိရန်လိုပါ၏။ မင်္ဂလာဟူသည် ကြီးပွားချမ်းသာခြင်း၏ အကြောင်း ဖွံဖြိုးတိုးတက်ခြင်း၏ အကြောင်းဖြစ်ပါ၏။ မြတ်စွာဘုရားသည် လူငယ်တို့အား မွေးမိခင် နှင့် ကျွေးဖခင်တို့ကို ပြုစုလုပ်ကျွေးခြင်းသည် ကြီးပွားချမ်းသာကြောင်း မင်္ဂလာဖြစ်၏။ ဖွံဖြိုးတိုးတက်ကြောင်းမင်္ဂလာဖြစ်၏ဟု မင်္ဂလာသုတ်နှင့် ပဉ္စဂုင်္တ္တရပါဋ္ဌိတော်တို့တွင် ဝေဒနာစကားဟောကြားပေးတော်မူခဲ့ပါ၏။
မြတ်စွာဘုရားသည် မိဘတို့ကို (၁) ဗြဟ္မာဟူသောဂုဏ်(၂) ဗုဗ္ဗာစရိယဟူသောဂုဏ် (၃) အာဟုနေယျဂုဏ်(၄) အနုကမ္ပကဟူသောဂုဏ်ပုဒ်တို့နှင့် အထူးချီးမွမ်းတော်မူခဲ့၏။
မိဘတို့သည် သားသမီးအရွယ်လူငယ်တို့အပေါ်၌ 'ကျန်းမာပါစေ ချမ်းသာပါစေ' ဟု မေတ္တာအမြဲပို့လွှတ်နေလေ့ရှိပါ၏။ ကြင်နာမှု စာနာမှု နွေးထွေးမှုတို့နှင့်အတူ ကရုဏာပိုကြပြန်သေး၏။ သားသမီးလူငယ်တို့ ပြုံးရွှင်နေပါက ဝမ်းမြောက်ဝမ်းသာမုဒိတာလည်းပွားကြပါ၏။ သားသမီးလူငယ်တို့ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ လျစ်လျူ ရှုကာ ဥပေက္ခာပြုလျက်လည်းနေတတ်ကြပါ၏။ ဤသို့ မိဘတို့သည် သားသမီးလူငယ်တို့အပေါ်၌ မေတ္တာ ဂရုဏာ မုဒိတာ ဥပေက္ခာတရားလေးပါးနှင့် နေထိုင်တတ်သောကြောင့် ဗြဟ္မာနှင့်တူ၏ဟု ဗြဟ္မာဟူသော ဂုဏ်ကိုချီးမွမ်းရခြင်းဖြစ်၏။
မိဘတို့သည် သားသမီးလူငယ်တို့၏ အဝေးမှဆောင်ယူလာသော အလှူ ဝတ္ထူတို့ခံယူထိုက်သောကြောင့် အာဟုနေယျဂုဏ်နှင့်လည်း ကျေးဇူးဂုဏ်စိုင်မွှေးကြိုင်းပေ၏။
Author by @khaylay
MSU-007

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63117.29
ETH 2601.03
USDT 1.00
SBD 2.76