ရှုံးနိမ့်ချင်းက

in #myanmar7 years ago (edited)

image
ဆုံးဖြတ်ချက်တစ်ခုချမှတ်ပြီးပြီဆိုပါက စိတ်ထဲမှ အကျိုးဆက်များကို ပြန်ကြည့်ပါ။ရှေ့ဆက်မသွားမီ သင်မှန်ကန်သော ဆုံးဖြတ်ချက် ချမှတ်လိုက်သည်ဆိုခြင်းကို သေချာအောင်လုပ်ရန်လိုပါတယ်။
အအောင်မြင်ဆုံးပုဂ္ဂိုလ်များ၏ အခြားသောအရည်အချင်းမှာ ပြဿနာဆန်းစစ်ချက် ကျွမ်းကျင်မှုကို ပိုင်ဆိုင်ခြင်းပင်ဖြစ်၏။အဘိဓာန်၏အဆိုအရ ပြဿနာတစ်ရပ်ဆိုသည်မှာ 'ရှုပ်ထွေးပွေလီသော မဖြေရှင်ရသေးသည့် ကိစ္စတစ်ရပ်' ဖြစ်သည်ဟု ဖွင့်ဆိုပါတယ်။အောင်မြင်သော ပုဂ္ဂိုလ်တစ်ဦးကမှု အကျိုးအကြောင်းရှာဖွေ ဖြစ်နိုင်သည့်အဖြေကို စူးစမ်း ထို့နောက် ၄င်းကိုဖြေရှင်းခြင်းဖြင့် ပြဿနာကို တစ်မုဟုတ်ချင်း ရှင်းလင်းတိုက်ထုတ်ပစ်နိုင်ပါတယ်။
တစ်ကြိမ်တစ်ခါ ဆုံးရှုံးရုံမျှဖြင့် လက်မြှောက်အရှုံးပေးတက်သူများအတွက် ခွန်အားဖြစ်စေရန် 'ရွှေပေါ်ကျွန်းဆရာတော်၏ ဆုံးမစာလင်္ကာ'မှ စာပိုဒ်သုံးပုဒ်ကို ကောက်နုတ်ဖော်ပြပေးလိုက်ပါ၏။လိုအင်ဆန္ဒပြည့်ဝကြပါစေ။
-လုပ်တိုင်းမဖြစ် စိတ်မညစ်နှင့်
ကိုယ်လုပ်တိုင်းသာ ဖြစ်နေပါက
ဘယ်မှာအနတ္တရှိမည်နည်း။
-ပြောတိုင်းမရ ဒေါမထနှင့်
ကိုယ်ပြောတိုင်းသာ ရနေပါက
ဘယ်မှာ အနတ္တရှိမည်နည်း။
-ကြံတိုင်းမမြောက် စိတ်မပေါက်နှင့်
ကြံစည်တိုင်းသာ ဖြစ်မြောက်ပါက
ဘယ်မှာအနတ္တရှိမည်နည်း။
B-3

Sort:  

This post has received a 0.17 % upvote from @drotto thanks to: @banjo.

အောင်​မြင်​ပါ​စေဗျာ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62720.27
ETH 2447.07
USDT 1.00
SBD 2.64