အချိုးအကျွေ့
ဘဝဟူသည် တစ်ဖြောင့်တည်း သွားသည်ဟုမရှိပေး။အတက်အကျ အနိမ့်အမြင့်များစွာ အချို့အကွေ့များစွာဖြင့် ဖြတ်သန်းကြရ ကြုံတွေကြရမှာပါ။
အချို့သော အချို့အကွေ့တို့ကို မလိုချင်ကြပါဘူး။ဒါပေမယ့် မလိုချင်သော်လည်း ရနေတက်ပါတယ်။တစ်ခါတစ်ရံတွင် ပုံမှန်လည်ပတ်နေရသည့် ဘဝထဲကနေရုန်းထွက်ချင်နေမိပါတယ်။ပြောင်းလဲချင်မိပါတယ်။တစ်ခါတစ်လေ အချိုးအကွေ့တစ်ခုကို မျှော်လင့်သည့်အချိန်တွင် ဖြစ်မလာခဲ့ပါ။ ရောက်လာသည့်အချိန်တွင်လည် ထိုအချိုးအကွေ့တို့သည် ပိုနေတက်ပြန်ပါသေးတယ်။
အချို့သော အချိုးအကွေ့တို့ကို ကျွန်မတို့ကိုယ်တိုင် ဖန်တီးရတဲ့အခါလည် ရှိပါတယ်။အချို့သော အချိုးအကွေ့တို့ကမူ'ကံ' တစ်ခုလို မျှော်လင့်နေရတက်ပါတယ်။ဘယ်လိုပဲဆိုစေ ကိုယ်ထံရောက်လာသည့် အချိုးအကွေ့တစ်ခုကို အကောင်းဆုံးဖြစ်နိုင်ရန် ပြင်ဆင်ထားရပါမယ်။မျှော်လင့်ထားရပါမယ်။ရောက်ရှိလာတဲ့ အချိုးအကွေ့ကိုလည် ပြင်ဆင်သင့်ရင် ပြင်ဆင်ရပါလိမ့်မယ်။
ကျွန်မ ရှင်သန်ခဲ့ရာ ဘဝမှာလဲ အချိုးအကွေ့များ ကြုံတွေ့ရပါတယ်။ကျွန်မ 10နှစ်သားခန့်က မမျှော်လင့်ပဲ အဖေကို ဆုံးရှုံးလိုက်ရပါတယ်။ကျွန်မ ၇တန်းနဲ့ကျောင်းထွက်ခဲ့ရပါတယ်။အဲဒီနောက် ကျွန်မအသက် 14နှစ်ကစပြီး ဆံပင်ပညာကို လေ့လာသင်ယူခဲ့ပါတယ်။
တစ်ခုသောအချိုးအကွေ့မှာမှု ငယ်ရွယ်သူတို့မလွတ်ကင်းသော အချိုးအကွေ့တစ်ခုသာဖြစ်ပါလိမ့်မယ်။ငယ်ရွယ်သာဆိုသည်မှာ အထက်တန်းကျောင်းသားအရွယ် ပညာသင်ချိန် ရည်းစားခြင်းဖြစ်ပါတယ်။ထိုအချိုးအကွေ့သည် လူငယ်သဘာဝတစ်ခုသာဟု ဆိုနိုင်သော်လည်း ဘဝတစ်ခုလုံးကို ပြောင်းလဲသွားနိုင်သော အချိုးအကွေ့တစ်ခုပင်ဖြစ်ပါတယ်။ထိုအချိုးအကွေ့တွင် သာယာမိခြင်း မလွန်ဆန်နိုင်ခြင်းနှင့် မသိလိုက်ခင်မှာ မှားခဲ့တဲ့အမှားတစ်ခုကြောင့် တစ်ဘဝလုံးစာအတွက် များစွာပြောင်းလဲသွားနိုင်ပါတယ်။အိမ်ထောင်မှု အချို့အကွေ့ကြီးတစ်ခုဖြစ်သွားနိုင်သကဲ့သို့ ဘဝအတွက် အရေးကြီလှသည့် ပညာရပ်ရပ်တန့်သွားနိုင်ပါတယ်။ထို့အပြင် လူငယ်သဘာဝ လွှတ်လပ်ပျော်ပါးခြင်းနှင့် ဘဝအတွက် ခွန်အားတို့ကိုလည် ဆုံးရှုံးသွားနိုင်ပါတယ်။ထိုအချိုးအကွေ့ဒဏ်ကို စာဖက်သူများလွန်မြောက်စေချင်ပါတယ်။
ငယ်စဉ်အခါက မွေးဖွားရာ အရပ်ဒေသတွင်သာ နေထိုင်ကြီးပြင်ရမည် အခြေချရမည်ဟု တွေးထင်သော်လည်း တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီ ဘဝသည် တစ်ဆစ်ချိုးကွေ့ချသွားနိုင်ပါတယ်။ဤအချို့အကွေ့က ယခင်အတိတ် ကံတရားတစ်ဝက် ပစ္စုပ္ပန်ပြုမှုဆောင်ရွက်မှု ကံကတစ်ဝက်ပါလိမ့်မယ်ဆိုတာ ကျွန်မယုံကြည်ပါတယ်။ဘယ်သာမှမျှော်လင့်မထားသည့် ဝန်ထမ်းဘဝထဲသို့ရောက်ရှိသွားသည်နှင့် ကျရာနေရာဒေသတွင်တာဝန်ထမ်းဆောင်ရတော့မှာပါ။ပထမဦးစွာ ထိုအချိုးအကွေ့ဒဏ်ကို အလူးအလဲခံစားရတော့မှာပါ။မိဘရင်ငွေ့မှထွက်၍ မောင်နှမတို့နှင့်လည် ခွဲရတော့မယ်။ငယ်သူငယ်ချင်းတိုနှင့်လည် ခွဲခွာရတော့မှာပါ။'အချိန်သည် အကောင်းဆုံးသော သမားတော်' ဟူသော စကားနှင့်အညီ အချိုးအကွေ့ထဲတွင် နေသားတကျရှိသွားအောင်ကြိုးစားရတော့မယ်ဆိုတာ သိလောက်မှာပါ။
MSC-112
written by @khaylay
Beauty
good
Thank
Wish I could read this
ဘဝဆိုတာအဲလိုပါဘဲ
good
This post has received a 0.8 % upvote from @boomerang thanks to: @khaylay
good
Good , right
Good
ကောင်းပါတယ် စိတ်တော့မကောင်းဘူး
hoke