ယနေ့မှသည် တိုးတက်ခြင်း လှမ်းစဆီသို့

in #myanmar7 years ago

ကျနော် steem လောကထဲ ရောက်လာခဲ့သည်မှာ ခြောက်လပင် ပြည့်လာခဲ့ပြီ ဖြစ်ပါသည် ရောက်တတ်ရာရာ စာကိုသာ ရေးသားခဲ့ပြီး ခုချိန်ထိ ပညာပေးနဲ့ ဗဟုသုတ စာပေဆိုလို့ မရေးဖြစ်ခဲ့သေးပါ နောက်အပတ်ကစပြီး အလေးထား ရေးသားသွားပါ့မယ်လို့ တွေးနေမိပါသည် steem ညီအကို မောင်နှမတွေရဲ့ အရေးအသားဟာ အမတန်မှ တန်ဖိုးရှိပြီး အလေးအနက်ထားကာ ရေးသားနေမှုကို တွေ့ရတော့ အလွန်အားရကျေနပ်ပြီး မိမိ post ကိုကြည့်ကာ သိမ်ငယ်သလို ခံစားမိပါတယ်ဗျား ကျနော့အနေနဲ့ အခုချိန်ထိ စမ်းတဝါးဝါး လုပ်နေရပြီ အချိန်မပေးနိုင်မှု အပေါ် ပထမဦးစွာ တောင်းပန်ပါရစေဗျား။

image

နောက်တစ်ဆက်တည်း မှာဘဲ အကိုဟင်ရဲ့ မြန်မာအဖွဲ့ တွေအပေါ် စေတနာထားကာ ကြိုးပမ်းဆောင်ရွက်ပြီး စည်းမျဉ်း စည်းကမ်းတွေချကာ ဂရုဏာထားပုံ ကိုလည်း လေးစားအတုယူဖွယ် စံနမူနာ ယူစရာအဖြစ်တွေ့မြင်ရကာ ခေါင်းဆောင်ပီသမှု အပေါ် တွေ့မြင်နေရပါသည် ထို့ကြောင့် steem မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာ ဆောင်ရွက်သွားမည်ဟု ကျနော်ဂတိပြုပါသည် စောစောပိုင်းကတော့ ကျနော့ရဲ့ လေ့လာမှုအားနည်းသည့် အလျောက် စိတ်ရှုတ်ထွေးပြီး သိပ်ပြီးမတွင်ကျယ်ခဲ့ပါ နောင်ကို အချိန်ပေးကာ ထည်ထည် ဝင်ဝင် လုပ်ဆောင်ရန် ဆုံးဖြတ်ချက်ချထားပါသည်။

image

ကျနော် စာရေးစကနဲ့ အခုချိန်ထိ စာသိပ်မရေးတတ်သေးပါ ထိုသို့ မရေးတတ်သော်လည်း ရေးဖြစ်အောင်ရေးဖို့ ကျနော့ ဘေးနားကနေ တိုက်တွန်းကာ အားပေးနေတဲ့ steem အဖွဲ့က ညီလေးကို ကျေးဇူးတင်ပါသည် အာ့ဒီညီလေးကြောင့် လဲဒီ steem လောကထဲ ရောင်လည်လည်နဲ့ ရောက်ခဲ့ပြီး သူ့အကူညီတွေနဲ့ ယနေ့ထက်တိုင် ရပ်တည်နေခဲ့တာ ဆိုလဲ မမှားပါဘူး ကျနော်ကဥာဏ်နည်းသည့် အလျောက် တတ်လွယ်သိလွယ်သူ မဟုတ်ပါ ဒါပေမယ့် ကျနော့အနားမှာ စိတ်ရှည်လက်ရှည်နဲ့ steem အကြောင်း ရှင်းပြတတ်ပြီး တခါတလေ ကျနော်စိတ်ဓါတ်ကျလျင် အားပေးကူညီဖေးမ တတ်သည့် သူဆိုလဲ မမှားပါဘူး ဒါကြောင့်ဒီလမ်းကို လျှောက်လှမ်းရာမှာ ကျနော့ရဲ့ အဖော်ကောင်း အဖော်မွန် တစ်ယောက်ဖြစ်ပါတယ်ဗျား။

image

ခြောက်လ ဆိုတဲ့ အချိန်ကို ဖြတ်သန်းလာပေမယ့် steem ရဲ့ နည်းပညာကို ခရေစေ့တွင်းကျ သိပ်မသိသေးပါ ကျနော်သိ ထားတာက စာရေးမယ် post တင်မယ် comment ပေးမယ် သူများတင်တာတွေ လိုက်ဖတ်မယ် reply ပြန်မယ် လိုက် vote မယ် ဒီလောက်ဘဲ သိထားတာ ဖြစ်သည့်အတွက်ကြောင့် လိုအပ်လာရင် ကျနော့ကို ညီအကို မောင်နှမ များကပြစ်မထားကြဘဲ လက်တွဲခေါ်ပေးကြပါအူးဗျား power up အပ်တာတွေက ကျနော်ခုမှ လေ့လာပြီး ကျနော့ ညီလေးနဲ့ လုပ်ဆောင်နေလို့ နဲနဲတော့ တတ်ယောင်ယောင် ဖြစ်နေတုန်းပါ တနင်္လါနေ့တိုင်း power up ဆိုတော့ ကျနော့အတွက် နေ့လေးသိထားတော့ အဆင်ပြေပါတယ်ဗျား။

image

ကျနော် ပထမခေါက်တုန်းက ခရီးသွားနေတာက တစ်ကြောင်း power up မယ့်နေ့ကို မသိတာကတစ်ကြောင့် ကြောင့် steem ထဲက အကိုက ကျနော့အပေါ်စေတနာထားပြီး ဖုန်းဆက်အသိပေး ပါသေးတယ် ဖြစ်ချင်တော့ ဖုန်းက ကျနော်နဲ့ပါမသွားဘဲ ကျောင်းမှာ ကျန်ထားခဲ့တယ် ညမှ ကျနော်အပြင်ကနေပြန် ရောက်တော့ ဖုန်းကို မကြည့်မိသေးပါဘူး နောက်နေ့မှ ကြည့်လိုက်တော့  အကို ခေါ်ထားတာကို တွေ့တွေ့ချင်း ကျနော်ဖုန်းခေါ်လိုက်တော့ အကိုက အလုပ်ထဲမှာ ကျနော်အရမ်း အားနာသွားတယ် အလုပ်တွေနဲ့ မအားတဲ့ ကြားက ကျနော့အတွက် power up ဖို့ပြောပေး ပါတယ် တော်တော်ကြီးအားနာပြီး ဘာပြန်ပြောရမှန်း တောင်မသိ ဖြစ်သွားပါတယ်။

image

အာ့ဒီအချိန်တုန်းက ကျနော်power မ up တတ်သေးပါ ဒါနဲ့ ကျနော့ကို အမြဲအားပေး ကူညီပေးနေတဲ့ ညီက ကျတော့ကို သင်ပေးပါတယ် သူ့ကျေးဇူးနဲ့ ကျနော် power up တတ်သယောင်ယောင် ဖြစ်သွားပါတယ် ဒုတိယအကြေိမ်မှာ တုန်းကလဲ အကိုက ကျနော့အပေါ် စိုးရိမ်တကြီးနဲ့ စေတနာထားကာ ဆက်သွယ်ပေးပါသေးတယ် အာ့ကြောင့် အဖွဲ့စည်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖွဲ့ထားပြီး စည်းလုံး နေကြတဲ့ ထိုအကိုနဲ့အတူ ညီအကို မောင်နှမများ အားလုံး ကို ကျေးဇူးတင် လေးစားမိပါတယ် နောက်ကိုလဲ ကျနော်အနေနဲ့ အဆင်မပြေတာလေးတွေ လိုအပ်တာ လေးတွေ ရှိနေခဲ့ရင် လက်တွဲကူညီ ပေးကြပါလို့ ကျနော်မေတ္တာ ရပ်ခံ ပါစေဗျား။

image

တဦးအပေါ် တဦး ဒေါသအမျက် မထွက်ကြဘဲ နွေးထွေးသော အကြည့်တို့ဖြင့် မြင်နိုင်ကြပါစေ

khayae MSC - 079

photo credit;google image

Sort:  

စည်းလုံးခြင်းသည် အင်အားပါ
လူတိုင်းမှာ အားနည်းချက်၊အားသာချက် ကိုယ်စီရှိကြပါတယ်
အပြစ်မမြင် ချစ်ခင်တာကလည်း မင်္ဂလာတစ်ပါးပါပဲဗျာ
စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ သွားမယ်ဆိုရင်
အောင်မြင်တဲ့ပန်းတိုင် လှမ်းကိုင်နိုင်ပါလိမ့်မယ်
အားနည်းသူတွေကို ဖေးကူရင်းရှေ့ ဆက်သွားကြတာပေါ့....Fightingပါဗျ

ကျေးဇူးပါ ကိုမိုးဇော် အာ့လိုလေးကြားရတာ အားရှိပြီး ဝမ်းသာပါတယ်ဗျ

5ting bro
ကျွန်တော်ဆိုလဲ ဘော်ဒါတစ်ယောက်က အစစအရာရာအကုန်လုပ်ပေးနေရတာ 😁

အကူညီပေးနိုင်တဲ့သူက ကျနော်တို့အတွက် မိတ်ဆွေကောင်းပါ
အသိပညာနဲ့ ဗဟုသုတ ပေးစွမ်းနိုင်တဲ့ အဖွဲ့ဟာလဲ မိတ်ရင်းဆွေရင်းပါဘဲလို့ ခံယူထားပါတယ် bro

အားလုံးက ခင်ရာဆွေမျိုးတွေပါပဲ

မှန်ပါတယ် ကိုစော

နမ်းတစေ့နဲ့ဆီမဖြစ်ဘူးလေ

ဟုတ်ပါတယ် thanku

တွဲလက်ညီညီ ရှေ့သို့လှမ်းချီပေါ့ဗျာ

အဖွဲ့ကြီး စည်းလုံးနေမှ အောင်ကြောင်းဖြာမှာပါ

မှန်ပါတယ်ဗျ တူယှဉ်နွဲလို့ လက်တွဲကြမယ်နော်

လက်တွဲလိုက်ကြပါစို့ဗျာ

ခရေဆိုတာ ဘုန်းဘုန်း မဟုတ်လားဗျ သေချာအောင် ထပ်မေးကြည့်တာပါ :D

ဟုတ်ပါတယ် ဒကာတော်

မှန်ပါတယ် ဒကာတော်

အတူလက်​တွဲပြီးတက်​လှမ်းကြမယ်​ဗျာ​နေမင်းရှိ​နေသ​ရွေ့​တော့ကျွန်​​တော်​တို့လက်​က​လေးကိုက​လောင်​ကိုင်​ထားကြမယ်​ဗျာ

ဟုတ်တယ်ဗျား ကြိုးစားကြမယ်

ဒီလိုပဲ အပြန်အလှန်ကူညီရတာပါပဲ

ဟုတ်ကဲ့ ကျေးဇူးပါဗျ

အကုန်လုံး စုပေါင်းကြိုးပမ်းမှ အောင်မြင် မှုကိုရ ရှိလာမှာပါ ။
စည်းလုံးညီညာ အောင် ကြောင်းဖြာ။

ဟုတ်ကဲ့ပါ ဗျ

Fighting bro ကျွန်​​တော်​လည်း​ရေးသာ​ကောင်​​အောင်​ကြိုးစား​နေ

Fighting ညေး

Coin Marketplace

STEEM 0.15
TRX 0.12
JST 0.026
BTC 55030.03
ETH 2337.21
USDT 1.00
SBD 2.32