ကချင်မြေမှ ဖိတ်ခေါ်သံ

in #myanmar7 years ago

ကချင်ပြည်နယ် လို့ပြောရရင် မြစ်ကြီးနားမြို့ဟာ ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်သလို မြန်မာနိုင်ငံတွင် တတိယ အကြီးဆုံးမြို့တော်ဆိုလည်း မမှားနိုင်ပါ ကချင်တို့ရဲ့ ရိုးရာအဝတ်စားများနဲ့ ရိုးရာအစားအစာများ ပေါများလှပြီး ရိုးသားလှတဲ့ စိတ်နေသဘောထားများ သဘာဝ အလှတရား ရှူ့ခင်းများ ရိုးရာမနောတိုင်များ တွေ့မြင်နိုင်တဲ့ နေရာလေး တနေရာကို အလည်လာစေ ချင်ပါသည်။

image

image

image

ပျော်စရာကောင်းလှတဲ့ ကချင်မြေရဲ့ ရိုးရာဖြစ်တဲ့ မနောပွဲတော်ချိန် ရောက် ရင်အတူတူ ကခုန်မြူးထူးကာ ခေါင်ရည် အတူတူ သောက်ရင်း ဆင်နွဲပျောရွှင်ချင်ပါတယ် မှိုင်းညို့ညို့ တောင်တန်းကြီးတွေကို တဝကြီး ငေးမောကြည့်ရင်း တူစုံမောင်မယ် ချစ်သူနှစ်ဦးသား လက်တွဲကာ သွားလာရင်း စိတ်ကြည်နူးစရာ အလွန်ကောင်းတာမို့ ချစ်သူများ အတွက် တောင်တန်းပွဲတော် လေးကို အမှတ်ရနေစေမှာ မလွဲဧကန်ပါ။

image

ဆွမ်ပရာဘွမ် ဆိုတဲ့နေရာလေးဟာ နာမည်က လှပပေမယ် အရမ်းအေးလွန်းပြီး တနေကုန် မီးထည့်ထားရသည်မှာ မီးခိုးများတလူလူနှင့်ပင် နေရာအတော်များများ စိုက်ပျိုးရေး အလုပ်ကို အဓိကထား လုပ်ကိုင်ကြသည်မှာလည်း ကိုယ့်အားကိုယ်ကိုး လိုသည့်စိတ် ကြောင့်ပင်ဆိုရမလို အဘွားတွေဆိုရင် အသက်သာ ကြီးကြတာ ခေါင်းပေါ်က ပလှိုင်းလေးချိတ်လို့ မောတယ်ပမ်းတယ် မရှိ သန်သန်မာမာ ဖြတ်ဖြတ်လတ်လတ်နှင့် တွေ့ရသည်မှာ စိတ်ချမ်းမြေ့စရာ ဒါကြောင့်လဲ ကျန်းမာခြင်းသည် လာဒ်တစ်ပါးလို့ ဆိုရိုးရှိခဲ့ဟန် တူပါသည်။

image

image

မြေပြန့်သို့ ရောက်နေကြသော ညီအကိုများ တောင်ပေါ်မြေ လေးကို အလည်တစ်ခေါက် ရောက်ခဲ့ရင် မိတ်ဆုံစားပွဲ ကျင်းပကာ ခေါင်ရည်သောက်ရင်း ပျော်စရာအလွန်ကောင်းတဲ့ မနောပွဲလေးနဲ့ ဧည့်ဝတ် ကျေပါရစေ ချစ်ကြည်ဆွေ

image

image

လမ်းမသိရင် ပြောပြပေးမယ် ကချင်ပြည်နယ်ရဲ့ မြစ်ဖျားအစ မေခ, မလိခ ပေါင်းဆုံရာဒေသ ကို တြိဂံနယ်မြေလို့လဲ ခေါ်ပါသေးတယ် အဲ့ဒီရဲ့ မြောက်ပိုင်းကုန်းမြင့်မှာ တည်ရှိပြီး စိမ်းစိုလန်းဆန်းနေတဲ့ မြက်ခင်းများပေါများပြီး တစ်နေ့လုံး နေလို့တောင် နေပူတာကို သိပ်မတွေ့ရဘဲ ဆယ့်နှစ်လ ရာသီလုံး မိုးရွှာသည်ကို ထူးဆန်းဖွယ် တွေ့မြင်နိုင်ပါသည် ။ image

image

image

image

image

image

ဂျိမ်းဖောတို့ ပျော်ရာ ဒေသလေးကို အလည်ခေါ်ရတာကလဲ မြေပြန့်လေးကို ကျနော် ရောက်ခဲ့တုန်းက ဧည့်ဝတ်ကျေမှုကို လေးစားသောအားဖြင့် ကျနော်တို့ရဲ့ ကချင်မြေလေးကို ဖိတ်ခေါ်ရခြင်းပါ။

khayae
MSC - 079
photo credit;google image

Sort:  

broက ကချင်ပြည်နယ် ဘယ်မှာနေတာလဲဗျ။

ကချင်ပြည်နယ် ဗန်မော်ခရိုင် ရွှေကူမြို့နယ်

လာလည်ချင်တယ်ဗျာ့
နောက်ကျရင်

လာလည်လာပါ ဖိတ်ခေါ်ပါတယ်

မိုး​ကောင်းမှာဆို ကျွန်​​တော့်​ သူငယ်​ချင်း​တွေ ရှိတယ်​ဗျ တစ်​ခါ​လောက်​​တော့ လာလည်​ချင်​တယ်

သူငယ်ချင်းတေနဲ့က ဆုံရခဲတယ် ကြုံရင်လာခဲ့ပါ

အချင်မြေကိုလာပါ တကယ်ပျော်တယ်နော်

ကချင်မြေ ကရိန်နော်

အရှင်ဘုရားကိုယ်တိုင်ဆိုရင်တော့ ခေါင်ရေသောက်ဖို့ မဖိတ်ခေါ်စေချင်ပါဘုရား
ဒေသန္တရအနေဖြင့်တော့ ဖိတ်ခေါ်လို့ ကောင်းပါတယ်ဘုရား

ဒေသန္တရ အနေနဲ့ ဖိတ်တာပါ

အလည်တစ်ခေါက် အရောက်လာချင်ပါတယ် Bro ရေ။

လာခဲ့ပါ ကြိုဆိုပါတယ်

တစ်ခါမှမရောက်ဖူးသေးဘူး ရောက်ဖူးချင်တာဗျာ😓

ကံဆုံရင် ရောက်ဖြစ်မှာပါ

အခွင့်သာရင် လာလည်ချင်ပါတယ်

လာလည်နိုင်ပါစေ

တစ်နေ့နေ့တော့အရောက်လာပါ့မယ်ဗျာ

လာခဲ့ပါ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63248.94
ETH 2576.33
USDT 1.00
SBD 2.85