ကိုယ်မွေးတဲ့မျောက် ကိုယ့်ကိုပြန်ချောက်

in #myanmar7 years ago (edited)

ကျနော်ခပ်ငယ်ငယ် တုန်းက ကျနော်တို့အိမ်နားမှာ မြေးအဖွား နှစ်ယောက်နေထိုင်ကြတယ် မြေးမလေးက အသက်ခပ်ငယ်ငယ် ငါးနှစ်ခြောက်နှစ် ဝန်းကျင်လေးပေါ့ဗျာ သူတို့အိမ်ကို နေ့လည်နေ့ခင်းဆို ဧည့်သည်မပြတ်တတ်ဘူးပေါ့ သူတို့အိမ်ကို လာသမျှဧည့်သည်တွေကိုလည်း လက်ဖက်ရည် မပြတ် ဆေးကွမ်းမပြတ် ဧည့်ခံတတ်တယ် ဒါကြောင့်လည်း ဧည့်ပျော်တတ်သည်လားမပြောတတ် လူပေါင်းစုံတော့ စကားပေါင်းစုံလည်း ကြားရတယ် မြေးအဖွား နှစ်ယောက်ထဲ ဆိုတော့ ထမင်းစားတဲ့ အချိန်နဲ့ဆုံရင် ထမင်း ခေါ်ကျွေး တတ်တယ် တခါတလေ လူသုံးယောက်လာရင်လဲ ကျွေးလိုက်တာဘဲ
me-and-my-grandpa-walking.jpg

ဒါပေမယ့် ထူးခြားတာက လူဘယ်နှစ်ယောက်လာလာ ထမင်းမလောက်ဘူးဆိုတာ မရှိဘူး ဒါကြောင့် အဖွားက ပြောလေ့ရှိတတ်တာက လူစားနတ်ဖြည့် ဆိုတာ ဒို့အိမ်ဘဲလေ ဆိုပြီး စစနောက်နောက်ပြောတတ်တယ် ။ အဖွားအိမ်ကို ကျနော်တို့ သွားလည် ရင်လည်း ရှေးဟောင်းနောင်းဖြစ်တွေ ပြောပြလေ့ရှိတယ် အဖွားပြောပြတဲ့ အထဲမှာ ကျနော်မှတ်မိ တာကတော့ အဖွားအသက် ခြောက်ဆယ်ကျော်ကပေါ့ မျောက်တစ်ကောင် မွေးဖူးတယ်တဲ့ မျောက်အမေကြီးကို တောလိုက်မုဆိုးတွေက သေနတ်နဲ့ပစ်သတ်လိုက်တာတဲ့လေ မုဆိုးတွေကလဲ ကလေးရှိမှန်းမသိဘူးတဲ့လေ သားကောင် တွေ့တာနဲ့ ဝမ်းသာပြီး ပစ်သတ်လိုက်မိတယ်တဲ့ သေနတ်ဒါဏ်ရာတွေရပြီး အပင်ပေါ်ကနေ ဆင်းကာ သူ့ကလေးကို မြေကြီးပေါ်ချပေးပြီး သေသွားရှာတာတဲ့ အဲ့ဒါနဲ့ မျေက်အမေကိုရော မျောကလေးကိုရော ခေါ်ပြီးနောထဲကနေ မုဆိုးတွေ ပြန်လာတော့ မြိုင်ထဲမှာအဝတ်လျော် နေတဲ့ အဖွားက တွေ့တာနဲ့ မုဆိုးတွေကို မေးလိုက်တော့ မုဆိုးတွေက အကျိုးအကြောင်း ပြောပြတယ်တဲ့ ။

images (6).jpeg

အဖွားကလဲ မျောက်ကလေးကို သနားပြီး မွေးဖို့ မုဆိုးတွေမှာ တောင်းလိုက်တော့ အဖွားကို မျောက်ကလေးပေးထား ခဲ့တယ်တဲ့ အဖွားလဲ အာ့ဒီမျောက်ကလေးကို အိမ်ခေါ်သွားပြီး ကျွေးမွေးစောက်ရှောက်ကာ မွေးမြူထားနာပေါ့ ဒီလိုနဲ့ မျောက်ကလေးမွေးပြီး ခြောက်လလောက် ကြာတော့ မျောက်ကလေးဟာ လူတွေနဲ့ ယဉ်ပါးပြီး လူလိုပြောလိုက်ရင် နားလည်နေတယ်တဲ့လေ တစ်ခါတုန်းကလည်း အဖွားအိမ် လာလည်တဲ့ အမျိုးသမီး နှစ်ယောက်ဟာ သန်းရှာနေတာကို မျောက်ကလေးက ကြည့်နေပြီး နောက်နေ့မှာ အဖွားကို သန်းရှာပေးသတဲ့ အဖွားကလည်း သူ့မျောက်ကလေးကို သဘောတွေကျပြီး ငါ့ကိုသန်းရှာပေးအုံး လို့ပြောလိုက်ရင် ပြေးပြေးလွှားလွှားနဲ့ သန်းရှာပေးသတဲ့ ။

5846151358_b7d0169ec7_b.jpg

ဒီလိုနဲ့ မျောက်ကလေး တစ်နှစ်ပြည့်ကျော်လာတော့ အဖွားကလည်း မြိုင်ထဲမှာ အမှိုက်ပစ် သွားမယ်ဆိုပြီး မျောက်ကလေးကို သံကြိုးလေးနဲ့တွဲပြီး ခေါ်သွားသတဲ့ အဖွားက အမှိုက်ပြစ်နေတုန်း မျောက်ကလေးက အဖွားကိုယ်ပေါ် ပြေးတက်ပြီး လည်မျိုကို ညစ်တာတဲ့ အဖွားကလည်း မျောက်ကစတယ်ထင်ပြီး ဆွဲချပေးလိုက်တယ်တဲ့ အဲ့ဒီမျောက်က အဖွားကို ရန်သူကို တိုက်ခိုက်သလို ပြန်တိုက်ခိုက်ပြီး လည်မျိုကို အတင်း ညစ်တာတဲ့ ဒီတော့မှ အဖွားကလည်း ငါ့ကိုမင်းက သတ်နေတာပါလားဆိုတာကို သိသွားပြီး ငါကမွေးတဲ့မျောက် ငါ့ကိုပြန်ချောက်ချင်အုံးဟဲ့ ဆိုပြီး ဒုတ်နဲ့လဲရိုက် ကျောက်ခဲနဲ့လည်း ထုသတ်လိုက်တယ်တဲ့ မျောက်နဲ့အဖွား နှပန်းလုံးလိုက်ရတာ နာရီဝက်လောက် ကြာသွားတယ်ဆိုဘဲ အဖွားလဲကြောက်စိတ်တွေနဲ့ မျောက်ကလေးကို သတ်လိုက်ရပေမယ့် ဒီနေ့ထက်ထိတော့ စိတ်မကောင်း ဖြစ်နေတယ်တဲ့ ။ အေးလေ ကိုယ်က သူ့ကိုမသတ်ရင် သူက ကိုယ့်ကို ပြန်သတ်သွားမှာပေါ့ အဖွားရယ် လို့ကျနော်ကလည်း အားပေးစကား ပြောရင်း အဖွားရဲ့ စိတ်မကောင်းခြင်း ကို ဖြေသိမ့်ပေးလိုက်ရ ပါတော့တယ်ဗျားးးးးးးး

khayae
MSC -079
credit;google image &facebook

Sort:  

Cute monkey 😁

အသာလုပ်ပါအေ

ဖတ်​လို့​ကောင်းတယ်​ဗျို့​တော်​​သေးတာ​ပေါ့ဗျာအဖွားကြီးက​မျောက်​ကို​ကျွေးထားနိုင်​လို့ ၊​​​မ​ကျွေးထားနိုင်​ရင်​ ၊​မျောက်​ပြပြီးဆန်​​တောင်းမလားပဲ​နော်

ကျွေးထားတာတောင်မှ လည်မျို ညစ်တဲ့မျောက်

ကြောက်စရာပါလား မျောက်ကိုတောင်ထုသတ်နိုင်တယ်ဆိုတော့ အားတော်တော်ကြီးပါလား ဘုရား

ကိုယ့်အသက်နဲ့လုရတာလေ သူမသေရင် ကိုယ်သေမှာပေါ့ခွယ်

လူ​တွေအ​ပေါ်အငြိုးကြီးပုံများ​ဗျာမြင်​​တောင်​မ​ကေ၊င်းဘူး

ဟုတ်ပါ့ဗျား

အရမ်းကောင်းတယ် fri ရေ အားပေးနေပါတယ်ဗျ

ဟုတ်ကဲ့ ကျေးဇူးပါဗျ

အားပေးနေတယ် အစ်ကိုရေ

ဟုတ်ကဲ့ ကျေးဇူးပါဗျာ

ရန်​မူတယ်​​ပေါ့ လန့်​စရာ

တိရိစ္ဆာန်ဆိုတာ တိရိစ္ဆာန်စိတ် ပေါက်သွားရင် လူကိုရန်မူတာပါဘဲဗျား

တိရစ္ဆာတွေထဲမှာ မျောက်မွေးရမှာအကြောက်ဆုံးပဲ

ဟုတ်ပါတယ်ဗျား

ကိုယ်မွေးတဲ့မြောက် ကိုယ့်ပြန်ခြောက်
မြောက်ပြဆန်တောင်း
မြောက် အုန်းသီးရသလို
စကားပုံတွေက ပုံပြင်တွေက လာသလား
အဖြစ်အပျက် အတွေ့အကြုံတွေက လာသလား ဘုရား

အဖြစ်ပျက် အတွေ့ကြုံကနေ စကားပုံ ဖြစ်လာတာလို့ ယူဆပါတယ်ဗျား မျောက်ပြပြီး ဆန်တောင်းတယ် ဆိုတာက မျက်လှည့်သမားတွေကို ဆိုလိုဟန်တူပါတယ်။ မျောက်အုန်းသီးရ သလို ဆိုတာက မျောက်ကအုန်းသီးရသွားရင် အငြိမ်မနေတတ်တဲ့ သူ့အကျင့်အတိုင်း ကိုင်လိုက် ချလိုက် လိမ့်လိုက် ကိုက်လိုက်နဲ့ ဆိုတော့ လူတွေလဲ ပစ္စည်းသစ်အဆန်းလေးမြင်ရင် အာ့လိုကိုင်လိုက်ချလိုက် သူများကို ပြလိုက်နဲ့ လုပ်တာမြင်ရင် လူကြီးတွေက မြောက်အုန်းသီးရသလို လုပ်မနေနဲ့ ဆိုပြီး ပြောရာကနေ စကာပုံ ဖြစ်လာဟန်တူပါတယ်ဗျား
ကိုယ်မွေးတဲ့မြောက် ကိုယ့်ပြန်ခြောက် ဆိုတာက မျောက်များဟာ လူလုပ်တာကို ကြည့်ပီး အကုန်ပြန်လုပ်ပြတတ်ပါတယ် အာ့ဒါကြောင့် ကိုယ်လုပ်တဲ့ အလုပ်နဲ့ပတ်သက်ပီး သူတပါးသိသွားတတ်လို့ ကိုယ်မွေးတဲ့မြောက် ကိုယ့်ပြန်ခြောက် ဆိုတဲ့ စကာပုံ ပေါ်လာဟန် တူပါတယ်
ဒါတွေကတော့ ကျနော့ အယူအဆပါ ဟုတ်ချင်မှလည်းဟုတ်ပါလိမ့်မယ်ဗျ
ကျေးဇူးတင်ပါတယ် ကိုဟိန်း

အဲဒါကြောင့်လဲ ရှေးကစကားပုံတွေထားခဲ့တာနေမှာ

ဟုတ်လောက်တယ်

Coin Marketplace

STEEM 0.21
TRX 0.26
JST 0.040
BTC 96627.81
ETH 3416.66
USDT 1.00
SBD 3.09