ကျန်းမာရေးအတွက် ဘယ်လိုယုံရမလဲ

in #myanmar7 years ago (edited)

ညီအကို မောင်နှမများ အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ ကြပါစေ ။ ဒီတစ်ခေါက် pro မှာ ကျနော့ရဲ့ အမှတ်တရ ဖြစ်စေ ခဲ့တဲ့အကြောင်းလေး အနည်းငယ် ရေးချင်ပါတယ် ။ လူတိုင်းလူတိုင်းမှာ အမှတ်တရ ဆိုတာလေးတွေ ကိုယ်စီ ရှိနေတတ်ပါတယ် ။ ကျနော့ရဲ့ အမှတ်တရလေးတွေကတော့ ဒီလိုပါ ။ ကျနော် ငယ်စဉ်ကလေးဘဝထဲက မိဘစကားကို တစ်ဝေမသိမ်း နားထောင်ပြီး နေခဲ့ရပါတယ် ကိုယ်လုပ်ချင်တာ ကိုယ်ဖြစ်ချင်တာထက် မိဘတွေဖြစ်စေချင်တဲ့ အတိုင်း ဦးစား ပေးပြီးနေခဲ့ရပါတယ် ဘာလို့လဲဆိုတော့ ကျနော်တို့ မိသားစု လေးယောက်ရှိပါတယ် အဖေရယ်အမေရယ် ကျနော်နဲ့ ကျနော့ ညီလေးရယ်ပေါ့ဗျား။

image

ကျနော်တို့ မိသားစုလေး လေးယောက်ဟာ စုံစုံညီညီနဲ့ရှိ တုန်းက အရမ်းပျော်ရွှင်စရာ ကောင်းပါတယ် ကျနော့မှာလည်း မိဘတွေကို နွဲ့ဆိုး ဆိုးလို့ရသလို ညီလေးအပေါ် မှာလဲ ငှဲ့ညာပေးရတော့ ကလေးတန်ပေမယ့် အဲ့ဒီအချိန်မှာတည်းက လူကြီးတစ်ယောက်လို သဘောထားလေးတွေ မွေးမြူခဲ့ရ ပါတယ် ကျနော့ညီလေး မွေးပြီး ခွန်နှစ်နှစ် အရွယ်ရောက်တော့ ကျနော့ညီလေးက နှစ်တန်းတက်ပြီး စာပေသင်ကြားနေတဲ့ အရွယ် ကျနော်ကတော့ ပဉ္စမတန်းမှာ စာပေသင်ကြားနေတဲ့ အချိန်ပေါ့ဗျား ။ အဲ့ဒီနှစ်မှာ ကျနော်တို့ မိသားစုဘဝကို ရိုက်ချိုး ပစ်တဲ့မုန်တိုင်းကြီးက ဘယ်အချိန်ထဲက အညိုးကြီးနေတယ် မသိပါဘူး ဝင်ရောက်မွေုနှောက်သွားခဲ့တယ် ။
image

ထိုနှစ်မှာ ကျနော့ညီလေး အပြင်းအထန် ဖျားတော့တာပါဘဲ ဒါနဲ့ ညီလေးကို ဆေးရုံတင်ကြတယ် ဆေးရုံရောက်တော့ ဆေးပုလင်းတန်းချိတ်တယ် ဖေဖေက ဆရာဝန်ဆီ သွားပြီး လူနာအခြေအနေ ဘယ်လိုရှိလဲ ကျနော့သား ဘာရောဂါ ဖြစ်နေသလဲလို့ အကျိုးအကြောင်း သိရအောင် သွားမေးခဲ့ ပါတယ်။ ဆရာဝန်ကတော့ စိုးရိမ်ရတဲ့ အနေအထား မဟုတ်ပါဘူး ကောင်းသွားမှာပါ ကလေးက ငှက်ဖျားဖြစ်တာပါ လို့ပြောပြခဲ့တော့ အစိုးရိမ်ကြီးနေတဲ့ ကျနော့ဖေဖေလဲ ရောဂါ သီရပြီဆိုတော့ ဆေးတွေ့တော့မှာပါ ဆိုပြီး စိတ်ထဲနဲနဲ အေးသွားပါတယ် ထိုနေ့ညနေမှာ ကျနော့ညီလေး ဆီးသွားတော့ သွေးတွေရဲရဲနီပြီ ဖြစ်နေပါတယ် တော်ပါသေးလား ဆီးအိုးနဲ့ သွားတာမို့လို့ ညီလေးက မေမေ သားရုးပေါက်တာ သွေးတွေကြီးဘဲ လို့ပြောတော့ ကျနော့မေမေလဲ အိုးထဲက ဆီးကို ကြည့်လိုက်တော့ သွေးတွေ ဖြစ်နေတယ် ။

image

ဒါနဲ့ တာဝန်ကျ ဆရာမ ကိုပြောပြပြီး တစ်အောင့်ကြာတော့ ဆရာဝန် ရောက်လာပြီး ငှက်ဖျား ဖြစ်ရင် ထိုးတဲ့ဆေးတစ်လုံး ထိုးသွားပေးတယ် နောက်တစ်ခါ ဆီးသွားရင် ပုလင်ထဲ ထည့်ထား ပေးဖို့ မှာသွားတယ် ညရှစ်နာရီ ထိုးတော့ ဆရာဝန် တစ်ခါလာကြည့်ပေးပြီး ဆေးတွခြောက်လုံးခွန်နှစ်လုံးလောက် တိုက်ဖို့ပေးလာပါတယ် ကလေးက အစာလဲ သိပ်မစား ဆေးတွကလဲ ငှက်ဖျားဆေး အပြင်းစားတွေ ဆိုတော့ ဖြစ်ပါ့မလား ဆရာလို့ မေးတော့ ငေါက်လားငန်းလာနဲ့ ကျနော့မေမေကို လူနာရှေ့မှာ ဟောက်သွားပါသေးတယ် ဒီလိုနဲ့ ဆေးတွေကို တိုက်လိုက်ရပါတယ် နောက်တော့ မနက်လေးနာရီလဲ ထိုးရော ညီလေးဆုံးသွားပါတယ် ။
image

ညီလေးဆုံးပြီးတော့ ကျနော့မေမေဟာ စိတ်နဲ့လူနဲ့ မကပ် တော့ဘူးပေါ့ဗျား။ နှောက်တော့ ငါ့မှာ သားလေးတစ်ယောက် ရှိသေးတယ် ဆိုတဲ့ အသိနဲ့ ငါကျန်းမာနေမှ ဖြစ်မယ်ဆိုတဲ့ ဇောနဲ့ မေမေဟာ ပြန်ကျန်းမာလာပါတယ် ကျနော်လဲ မေမေ့ကို အရမ်း သနားသွားပီး အဲ့ဒီအချိန်က စလို့ယနေ့ထက်တိုင် မေမေ့ စကားကို တစ်ဝေမသိမ်း နားထောင်ခဲ့တယ် မေမေဖြစ်စေချင်တာတွေကို မဖြစ်မနေ ဖြစ်အောင်ကြိုးစား ခဲ့တယ် ဒီလိုနဲ့ ညီလေးဆုံးပြီး နောက်တစ်နှစ်လောက် ကြာတော့ ကျနော်လဲ ညီလေးလိုမျိုး ဖျားလာခဲ့တယ် ဆီးသွားတော့ သွေးတွေပါလာတယ် ဒါနဲ့ကျနော်တို့ မြို့က ဆေးရုံမှာ မတင်တော့ဘဲ ကသာဆိုတဲ့ မြို့မှာ ဆေးရုံတက်ဖို့ စီစဉ်ကာ ထိုမြို့လေးကို ထွက်ခွါလာခဲ့တယ်။

image

ဆေးရုံရောက်တော့ Doctor Myo Aung နဲ့ပြပြီး လူနာအပ်ခဲ့ပါတယ် ဆေးစစ်ချက်အရ လူတစ်ရာမှာ တစ်ယောက်သာ ဖြစ်ခဲတဲ့ G - 6 PD ရောဂါဆိုတာသိရတယ် လူနာအတွက် စိတ်မပူဖို့ ပြောပါတယ် ဒီလိုနဲ့ ကျနော်လဲ ကံကောင်းသည်ဟု ပြောရလေမလား သေကံမရောက် သက်မမျောက်ဘဲ ဆရာကောင်းသမားကောင်းနဲ့ တွေ့ကာ ကျန်းမာရေး ကောင်းမွန်လာပါတယ်။ ကျနော်တို့ မြို့နယ်မှာ ကျန်းမာရေး ဆရာ/ ဆရာမတွေဟာ ရှိသော်လည်း ယုံကြည်စိတ်ချရမှု မရှိသလို ရောဂါဝေဒနာ ဖြစ်လာပြီဆို မန္တလေး -ကသာ- ဗန်မော် စသည့်မြို့များကို သွားရောက်ကုနေရသည်မှာ ယနေ့ချိန်ထက်ထိပင် ဖြစ်နေပါသည် ထိုသို့ မသွားနိုင်ဘဲ မြို့နယ်ဆေးရုံတွင် ငွေကုန်လူပန်းကာ အနိစ္စရောက်သွားသူများ ဒုနဲ့ဒေးပင်
ပြန်ဆက်ရေးပါဦးမည်
khayae
MSC - 079
credit;google image &facebook

Sort:  

မှန်ပါတယ် ဘုရား တပည့်တော့်တူမလေးမှာလည်း အဲဒီရောဂါရှိနေပါတယ် ။ မတည့်အစာတွေများတယ်။ မြေပဲတို့ စားလို့မရဘူး

ဟုတ်တယ်ဗျ အာ့ဒါက အမျိုးသားတွေဘဲ ဖြစ်တာဟုတ်ဖူးလား ပရုတ်တေနဲ့လည်းမတည့်ဘူး ပဲကြီးလဲတည့်ဘူး အပူ အစပ်တေနဲ့လည်းတည့်ဘူး မတည့်တဲ့ဆေး အမယ်ပေါင်း နှစ်ဆယ်ကျော်တယ်ဗျ မတည့်တဲ့ အစားအစာ တွေလည်းများတယ် ဗျ

အဲဒါတော့ထောက်ခံတယ် နယ်ဆေးရုံတွေအဆင်မပြေတာ အမှန်ပဲ

တိုက်နယ် ဆေးရုံ ကျန်းမာရေးဌာနတွေ တိုးတက်စေချင်မိတယ်ဗျား

အဆက်လေးမျှော်နေပါ့မယ်

ဟုတ်ကဲ့ပါ အားပေးလို့ ကျေးဇူးပါဗျ

ညီလေးအတွက် စိတ်မကောင်းပါဘူးဗျာ

ဟုတ်ကဲ့ ကျနော်လဲ စိတ်မကောင်းဖြစ်ရပါတယ်

ကျွန်တော်တို့ရွာလည်းမြို့နဲ့အလှမ်းဝေးတော့က
ရွာမှာရှိတဲ့တိုက်နယ်ဆေးရုံကိုပဲယုံတစ်ဝက်မယုံတစ်ဝက်နဲ့အားကိုးအားထားပြုနေရပါတယ်ဗျ

ကျန်းမာရေး စောင့်ရှောက်မှုတွေ တိုးတက်စေချင်ပါတယ်ဗျား

တော်​​တော်​ လူမဆန်​တဲ့ဆရာဝန်​​တွေ ပိုက်​ဆံရဖို့ပဲအာရုံစိုက်​​နေတယ်​ မင်းတို့ ကု​နေရတာ လူ့အသက်​​တွေ​လေ ကစားစရာများမှက်​​နေကြ​ရော့လားဗျာ (ဆရာဝန်​အားလုံးကိုမဆိုပါ)

ဟုတ်ပါတယ်ဗျား စေတနာကောင်းတဲ့ ဆရာဝန်ဆို အပြောင်းရွှေ့မြန်တယ် သူနဲ့ဆန့်ကျင်ဘက် ကျတော့ ပြောင်းကိုမပြောင်တာ တော်တော်ကြာတယ်ဗျား

ညီငယ်အတွက် စိတ်မကောင်းပါဘူးဘုရား

ဟုတ်ကဲ့ပါဗျ ကျေးဇူးပါနော်

စိတ်​မ​ကောင်းဖြစ်​မိပါတယ်

ဟုတ်ကဲ့ပါဗျား

G6 PD ကဘာရောဂါလည်း ဘုရား
သိချင်လို့ပါ။ အပြင်မှာလည်းသူများပြောတာကြားဖူးတယ်။ နာမည်ပဲသိပြီးရောဂါမသိလို့။

အာ့ဒီရောဂါက သွေးဖြူ ဥ လေးတွေ ကွဲတဲ့ရောဂါပါ အပူ အစပ် ပဲကြီး ပရုတ် နှောက် မတည့်တာတွေအများကြီးရှိပါသေးတယ် မတည့်တဲ့ဆေးအမယ်ပေါင်း နှစ်ဆယ်ကျော်ရှိပါတယ် ကျနော့ဆေးစာအုပ် ရန်ကုန်ဓမ္မစကူးလ် ညီလာခံ လာတုန်းက ပျောက်သွားလို့ ဆေးခန်းအရမ်းမသွားရဲဘူး ဖြစ်နေတယ်

တော်​​သေးတာ​ပေါ့ဗျာ စိတ်​မပူရလို့ 

စိတ်များသာ ပူရင် မလွယ်ရေးချ မလွယ်ပါဗျား

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 61797.74
ETH 2429.84
USDT 1.00
SBD 2.64