ကောင်းရာရောက်ပါစေ ဦးလေးရေ အပိုင်း ( ၂ )

in #myanmar6 years ago

ဒီလိုနဲ့ ဦးလေးဆုံးသွားတော့ ဦးလေးရဲ့ အမျိုးသမီးကို အကြောင်းကြား ပေးလိုက်တယ် နောက်တစ်နေ့မှာ ဦးလေးရဲ့ အမျိုးသမီး ရောက်လာခဲ့တယ်( ဦးလေးက သူ့အမေအိမ်မှာ ဆုံးသွားခဲ့တာပါ ) မိသားစုတွေ စုံပြီဆိုတော့ ဦးလေးဈာပန အတွက် အရပ်လူကြီးတွေနဲ့ ဝိုင်းဆွေးနွေးကြတယ် အရပ်လူကြီး ဦးတင်မြင့်က ဒီနာရေးကို ဘယ်သူတွေ ပြီးစီးသည်အထိ လုပ်မလဲ ဟု အစချီ၍ ဆွေးနွေးလေသည် ကျနော့အမေက ကျမရဲ့မောင်လေး မင်္ဂလာဆောင်တုန်း ကလည်း ကျမကဘဲ အကုန်ကျခံ ဆောင်ပေးခဲ့တာပါ အခု ကျမမောင်နာရေး ကိစ္စမှာလည်း ကျမဘဲ ဆောင်ရွက်ပေးချင် ပါတယ် ဒါပေမယ့် ကျမ ယောက်မရဲ့ သဘောအရ သူ့ဆန္ဒကိုလည်း သိချင်ပါသေးတယ်လို့ ကျနော့မေမေက ပြောခဲ့ပါတယ်။

image

ဒီတော့ ကျနော့ အန်တီလေးက ကျမ အမျိုးသားရဲ့ ဆွမ်းကိုတော့ မလုပ်ပေးနိုင်ပါဘူး ကျမလဲ လက်ထဲမှာ ပိုက်ဆံ သိပ်မရှိဘူး ဒီတော့ ကျမယောက်ျား မြေချပြီးတဲ့ အထိတော့ ကျမလုပ်ပေးပါ့မယ် ဆိုပီး ပိုက်ဆံ သုံးရာချပေးပါတယ် ဒီတော့ ကျနော့အမေကလည်း မြေချပီးသည်အထိဘဲ လုပ်ပေးမယ်ဆိုရင် ငါ့ညီမ ရပါတယ် အာ့ဒီပိုက်ဆံ ပြန်သိမ်း ထားလိုက်ပါ မမကဘဲ အကုန်တာဝန်ယူ လုပ်ပေးပါ့မယ်လို့ ကျနော့မေမေက ကျနော့ဦးလေးရဲ့ နာရေးကို အစအဆုံးတာဝန်ယူခဲ့တယ် ဦလေးစပီး ကျန်းမာရေးမကောင်း ကတည်းက ကျနော့အမေဘဲ ဒိုင်းခံ ဆေးကုခဲ့တာ ဦးလေးဆုံးတဲ့ အချိန်ကျတော့ ကျနော့အမေရဲ့ လက်ထဲမှာ နှစ်ရာ့ငါးဆယ်ဘဲ ကျန်တော့တယ်တဲ့ အာ့ဒီငွေ နှစ်ရာ့ငါးဆယ် နဲ့ ဦးလေးကိုမြေချပေးခဲ့ရတယ် ။

image

အာ့ဒီခေတ်က ငွေနှစ်ရာ့ငါးဆယ် ဆိုတာ အရမ်းကို တန်ဖိုးရှိပါတယ် အခုခေတ် ငွေနှစ်ရာ့ငါးဆယ်ဆိုရင် ကလေးတောင် နှာခေါင်းတွန့်သွားအုံးမယ် ။ ဦးလေး မြေချပီး နောက်တစ်ရက်မှာ မြေချတရားနာ ပြုလုပ်ပါတယ် အဲ့ဒီမြေချတရားနာ ပြုလုပ်ပီးတော့ ကျနော့မေမေက သူဝတ်ထားတဲ့ ဆွဲကြိုး နှစ်ကျပ်သားနဲ့ လက်စွတ်တစ်ကွင်းကို လက်ကိုင်ပုဝါလေးနဲ့ ထုတ်ပြီး အမေ့ရဲ့အမကို သွားရောင်းခိုင်းလိုက်တာ ငွေထောင့်ရှစ်ရာ ရခဲ့တယ် အာ့ဒီငွေ ထောင့်ရှစ်ရာနဲ့ ကျနော့ ဦးလေးရဲ့ဆွမ်းကို မတည်ပေးခဲ့တယ် ဆွမ်းအတွက် ပွဲဟိန်းတဲ့နေ့ မှာဘဲ ပေါ်ခိန်တွေကို ဟင်းကြီးဖိုး ပေးလိုက် မယ်ခိန်တွေကို ဆန်အိတ်ဖိုးနဲ့ ဟင်းရံ ဖိုးပေးလိုက် လူပျို ခေါင်းကြီးကို အချိုပွဲဖိုးပေးလိုက်နဲ့ ငွေ တစ်ထောင် လောက် ဖြစ်သွားပါတယ် ။

နောက်တော့ ဟိုကတောင်းလိုက် ဒီကတောင်းလိုက်နဲ့ ဆွမ်းကိစ္စအတွက် တောင်းသမျှ တဖွဲဖွဲ ပေးလိုက်တာ ဆွမ်းသွတ် တရားနာပီးသည်အထိလည်းရောက်ရော ထိုငွေ ရှစ်ရာလည်းကုန်ရောတဲ့ ။ ကျနော်တို့ အရပ်ဒေသမှာက ပေါ်ခိန် ဆိုရင် ထမင်းပေါင်းခြင်း ဝက်သားချက်ခြင်း စသည့်အလုပ်ကို လုပ်ပီး မယ်ခိန်ဆိုရင် ပုဇွန် ပလက်ချေင် ကျော်ခြင်း ကြက်သား ချက်ခြင်း ငါးဆုတ်ချက်ခြင်း အသီးအရွက် အစိမ်းကျော် ကျော်ခြင်း အချဉ်ရည်ဟင်း ချက်ခြင်း ငြုပ်သီးထောင်းခြင်း အငံဖျော် အသုတ်မြုတ် လုပ်ခြင်း စသည့် အလုပ်များဖြင့် လုပ်အားဖြင့် ကူညီပေးကြပါသည်။

image

လူပျိုအဖွဲ့များကတော့ ကျောက်ကျောထိုးခြင်း နနွင်းမကင်း ထိုးခြင်း လ္ဘက်ရည်ဖျော်ခြင်း လ္ဘက်အသားနှင့် အကျော်ဆန် ပြင်ခြင်း စသည်များနှင့် ကျွေးမွေး ဧည့်ခံ၍ စားသောက် ထားသော ပုဂံများဆေးခြင်းဖြင့်လည်းကောင်း အပျိုအဖွဲ့ များမှာလည်း ကျွေးမွေးဧည့်ခံရာ နေရာသို့ စားစရာများပြင်ဆင်ကာ ရောက်လာသော ဧည့်သည်များအား နေရာချပေးခြင်း ကျွေးမွေးဧည့်ခံခြင်း စားပီးသောပုဂံများ ဆေးကြောရာ နေရာသို့ ပို့ပေးခြင်း စသည့် လုပ်အားများဖြင့် ကူညီပေးကြပါသည် ။ ဤသို့ အဖက်ဖက်မှ ဝိုင်းဝန်းကူညီ ပေးကြပုံများကို ယခုထက်ထိ အမှတ်ရနေပါတော့သည်။
credit;google image &facebook

khayae
khayae
MSC - 079

Sort:  

ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး

ဟုတ်ကဲ့

ဦးလေးလဲ ကောင်းရာဘုံဘ၀ရောက်ပါစေလို့ ဆုတောင်းပေးပါတယ်ဘုရား

ဟုတ်ကဲ့ ကျေးဇူးပါဗျ

ခု​တော့​ငွေနည်းနည့်း လုပ့်​မလွယ်​​တော့ဘူးဗျ

ဟုတ်တယ်ဗျား ဟိုတုန်းက ငွေဆိုတာ တန်ဖိုးရှိတယ်ဗျ

ကောင်းရာမွန်ရာ ရောက်ပါစေလို ဆုတောင်းပေလိုက်ပါတယ်ဗျာ

ဟုတ်ကဲ့ ကျေးဇူးပါဗျ

ကောင်းမွန်ရာရောက်ပါစေကြောင်းဆုတောင်းလျက်ပါ

ကျေးဇူးပါဗျ

ခုခေတ် ၂၅၀က နေကြာစေ့လောက်ပဲရမှာ😁😁😁

ကလေးတွေကိုတောင် ပေးလိုက်ရင် ယူတော့ဘူး

လူကြီးသူမတွေ ပြောကြသလို အိုစာမင်းစာ ဆုဆောင်းထားခြင်းမရှိရင် သေတဲ့အခါတောင် စရိတ်စက မလွယ်ဘူးတဲ့။ သံဝေဂ ရစရာပါ ဘုရား။

ဟုတ်ပါတယ်ဗျား

ဦးလေးလည်း ကောင်းရာသုဂတိလားပါစေ အရှင်ဘုရား

ကျေးဇူးပါဗျ

ဆု​တောင်း​ပေးပါတယ်​ ​ကောက်းရာဘုံဘဝ ​ရောက်​ရှိပါ​စေ

ကျေးဇူးပါဗျ

အရှင်ဘုရားတို့က ဘာလူမျိုးလည်းဘုရား။
ဦးလေး ကောင်းမွန်ရာဘုံရောက်ပါစေလို့ ဆုတောင်းပါတယ် ဘုရား

ရှမ်းဘက်နဲနဲ နွယ်ပါတယ်( ရှမ်းကြီး )
ရှမ်းစကားတွေ ဘားမှ မတတ်တော့ပါဘူးဗျား

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.028
BTC 59467.52
ETH 2609.98
USDT 1.00
SBD 2.38