အစာလဲဆေး ဆေးလဲအစာ
မင်္ဂလာပါ သင်္ဘသီး အရွက်သုတ်စားရအောင်ဗျား ပထမဦးစွာ သင်္ဘေသီးအရွက်များကို ခူးရပါ့မယ် ပြီးရင်တော့ ထိုအရွက် များကို ရေနဲ့မိနစ် အနည်းငယ် စိမ်ပေးထားရပါမယ် အဲ့ဒါမှ အရွက်မှာပါလာတဲ့ အစေးတွေ ထွက်လာမှာပါ ပြီးတော့မှ ရေစင်အောင် ဆေးကြောပေးလိုက်ပါ ထိုသို့ ဆေးကြော ပြီးသော အရွက်များကို ဓါးနဲ့ခပ်ပါးပါး လွှာပေးပါ ထိုလွှာထားသော သင်္ဘောရွက်များကို နှယ်လို့ကောင်းမယ့် ဇလုံ တစ်လုံးထဲကို ထည့်၍ ဆားအနည်းငယ်ထည့်ကာ နှယ်ဖတ်ပြီး အရည်များကို ညှစ်ထုတ်ပြစ်ပါ အခါးအရသာ ကြီုက်လျင်တော့ ထိုသို့ အရည်မညှစ်ပါနှင့် အရသာမှာ အလွန်ခါးသောကြောင့် ကျတော်ကတော့ အရည်ညှစ် ပြစ်ပါသည် ။
ပြီးလျင် ကြက်သွန်နီဥ နှစ်လုံး အခွန်နွှာ၍ ရေဆေးကာ ပါးပါးလွှာထားပါ ထို့နောက် ခရမ်းချဉ်သီး ရေဆေး၍ ပါးပါးလွှာထားပါ ထို့နှောက် မြေပဲဆားလှော်ကို အနည်း ငယ်ထောင်း၍ ပုဂံလေးနဲ့ ခူးထားပါ လ္ဘက် အကျော်ဆံ ကြိုက်သူများကတော့ ထိုလ္ဘက် အကျော်ဆံကို အသုံးပြုနိုင် ပါသည် ထို့နှောက် ငံပြာရည် အနည်းငယ် ဆားအနည်းငယ် အချိုမှုန့်အနည်းငယ် စသည်တို့လိုအပ်ပါသည် ထိုပစ္စည်းများ စုံသွားပါက စောစောတုန်းက သင်္ဘောရွက်ပါးပါးလွှာ အရည် ညှစ်ထားသော သင်္ဘောရွက်ထဲကို ကြက်သွန်နီဥ ပါးပါးလွှာ ထားတာကို ထည့်ပါ ထို့နှောက် ခရမ်းချဉ်သီး ပါးပါးလွှာ ထားတာကိုထည့်ပါ မြေပဲ ဆားလှော်ထောင်း သို့မဟုတ် လ္ဘက် အကျော်ဆံ ကိုထည့်ပါ ငံပြာရည်အနည်းငယ် ဆားအနည်းငယ် အချိုမှုန့် အနည်းငယ်ကို ထည့်ပါ ထို့နောက် ဆီအနည်းငယ် ထည့်၍ အချိုအငံ သမအောင်နှယ်ပေးပါ ထို့နှောက် အရသာမြည်းကြည့်လိုက်လို့ မိမိအကြိုက်နှင့် တွေ့လျင် စားလို့ အဆင်သင့် ဖြစ်ပါပြီ ။
သင်္ဘေရွက်သည် ဆေးဘက်ဝင် အပင်တစ်မျိုးဖြစ်ရာ လူတွေ စားသုံးသည့်အခါ ဘေးဥပါတ် မဖြစ်ပါ အဒေါ်ကြီး တစ်ယောက် ပြောပြချက်အရ ထိုသင်္ဘေရွက်သည် ကင်ဆာ ရောဂါပင် သက်သာပြီး ပျောက်ကင်းသွားသည်ဟု ကြားဘူး ပါသည် ထိုအဒေါ်ကြီးသည် ကင်ဆာရောဂါ ခံစားနေရကြောင်း သူ၏ ရောဂါကို သိလိုက်ရသည့်အခါ အလွန် စိတ်ဆင်းရဲကာ စားမဝင်အိပ်မပျော်ဘဲ သူသေရတော့မှာပါလားဟု ခံစာလာရကာ တနှုန့်နှုန့်နဲ့ ဖြစ်နေရသညါဆို၏ လူကလဲ တစ်နေ့တစ်ခြား ပိန်ခေါလာကာ တစ်ပတ်အတွင်း သိသိသာသာ ပိန်လာလေသည် ထိုရောဂါကို မသိခင်က စားဝင်အိပ်ပျော်သော်လည်း ယခုမူ စားလည်းမစားချင် အိပ်လို့ကလည်း မပျော်နှင့် ပိုဆိုးသည်မှာ
သားငယ်လေးက ခွန်နှစ် နှစ် ကလေးနှင့်ဆယ်နှစ်အရွယ် သမီးကြီး တို့ကို စိတ်မချနိုင် ငါသေသွားရင် ငါ့ကလေးတွေ ဘယ်လ်ုနေကြမလဲ ငါ့ယောက်ျားက နောက်မိန်းမ ယူသွားရင် ငါ့သားသမီးတွေ မျက်နှာငယ်နဲ့ သူ့မိထွေးကလည်း နှိပ်စက်မေရင် ဒုက္ခ စသည့်အတွေးတွေနှင့် သားသမီးနှင့် လင်ပွန်းအပေါ် စိတ်မချဖြစါနေလေသည်။ ဒါပေမယ့် သေကံမရောက်သေးလို့ ဘဲလားမပြောတတ် ရွာထဲက ဒေါ်မြစိန်က သင်္ဘော အဖိုရွက်ကို ထောင်းပြီး အရည်ညှစ်သောက် လို့ ပြောသည့်အတိုင်း ဘုရားဆေး တရားဆေး သံဃာ့ဆေး ဟူ၍ တစ်နေ့ သုံးကြိမ် သောက်ခဲ့လေကာ တစ်လ ဆေးချိန်းရက် ပြန်ရောက်တော့ ဆေးရုံကြီးကို သွားပြခဲ့လေရာ
ဆရာဝန်ကြီးများ အံ့အားသင့်ခဲ့သည်ဟု ဆိုလေသည် ဒီဆေးရုံက ဆေးတွေအပြင် အခြားမှာကော ကုသေးလား ဘာဆေးတွေ သောက်သေးလဲဟု မေးလေသည် အဒေါ်ကြီး ကလည်း ဆရာဝန်တွေ ဆူမှာစိုး၍ ကြောက်နေကာ ဘာမှမပြော ထိုအခါ ဆရာဝန်ကြီးက ခင်ဗျားကင်ဆာပိုးတွေ သုံးပုံ နှစ်ပုံလောက် လျှော့သွားပြီ ဟုပြောသောအခါမှ ဝမ်းသာ အားရနှင့် သူ၏ ဆေးမြီးတ်ုကို ပြောပြလိုက်လေသည် ဆရာဝန်ကလည်း ဆေးရုံကပေးတဲ့ ဆေးလဲသောက် ခဗျားရဲ့ ဆေးလဲ ထပ်သောက်ပါလို့ ပြောပြီး နောက်တစ်လ ချိန်းခဲ့ပြန်သည် ထိုချိန်းရက်ရောက်တော့ ဆေးစစ်ပြီး ရလဒ်က ခဗျားရောဂါ သက်သာပျောက်ကင်းသွားပါပြီ ဟု ပြောလိုက်သည့်အခါ ဒီတစ်ကမဘုံးတွင် ဒီနေ့တော့ ငါ့လောက်ပျော်မယ့်သူ ရှိမှာမဟုတ်ဘူး လို့ တွေးထင်မိကြောင်း ပြောပြခဲ့လေသည်။
khayae MSC - 079 credit;google image &facebook
အခုမှ သိတာပါ ... အရွက်ကို အခြောက်လှန်းပြီး လဘက်ခြောက်လုပ်သောက်တာတော့သိပါတယ်
အရွက်နု လေးတွေက သုတ်စားလို့ရပါတယ် ကိုစော
အိမ်ဘေးမှာ သင်္ဘောပင်ရှိတယ်...တစ်ခါမှ သုတ်မစားဖူးဘူး
ခုတော့ သုတ်စားကြည့်ဦးမယ်ဗျာ
စားကြည့်လိုက် ခါးသက်သက်နဲ့ ခံတွင်းရှင်းတယ်ဗျ
သဘောင်္အဖိုရွက် အမရွက်ရှိတာလားဘုရား
သင်္ဘောဖိုပင် က အရွက် ကိုသင်္ဘော အဖိုရွက် လို့ခေါ်ပြီး အမပင်က အရွက်ကို သင်္ဘော အမရွက် လို့ခေါ်ပါတယ် အဖိုပင်က ဆေးဘက် ပိုဝင်တယ် ကိုပေါက်ရေ ကျနော်လဲ သိသလောက် ပြောပြတာပါဗျား
တို့စားဖူးတယ် ငယ်ငယ်က
မီးလေးမြိုက်ပြီးတို့စားတာ။
အဖွားဆို ဟိုးအရင်ကတည်းက တို့စားလာတာ
ကျန်းမာရေးကောင်းချက်....
အခုချိန် ဘယ်မှာရောက်နေမှန်းတောင် မသိတော့ဘူး တေပြီလေ😁😁
ငါ့မြေးတောင် ဒီအရွယ်ရောက်နေမှတော့ ဖွားဖွားကိုတော့ ရှာမနေတော့နဲ့ ငါ့မြေးရယ် အယ် ဟုတ်ပါဘူး ခိခ်ခိခ်
😂😂😂
သုပ်စားကြည့်ဦးမယ် ဘုရား
စားကြည့်ပါ ကိုစိုင်း ခါတော့ ခါးတယ်နော်
ဒီတစ်ခေါက် အားမှ လုပ်စားကြည့်ဦးမယ် ခါးတဲ့ အရသာပါတာတော့ကြိုက်တယ်။ အရမ်းခါးရင်တော့ မကြိုက်ဖူးရယ်။
အရမ်းမခါးချင်ရင် ဆားလေးနဲ့ နှယ်ပြီး အရည်ညှစ်ချလိုက် အခါးဓါတ်တွေ ထွက်သွားတယ်
တင်ပါ့
Congratulations! This post has been upvoted from the communal account, @minnowsupport, by khayae from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
wow
မှတ်သားမိပါတယ်ဘုရား
ကျေးဇူးပါဗျား
သင်္ဘောရွက်က လေလည်းနိုင်တယ်လို့ပြောတယ်။
ဟုတ်ပါတယ် ကိုထွေး လေနာသမားတွေအတွက်လည်း အဆင်ပြေမယ် ထင်တာဘဲ
သင်္ဘောရွက်သုပ် မစားဖူးသေး ၊ အတို့အဖြစ်တော့ စားဖူးတယ်
ခါးသက်သက်လေးနဲ့ စားလိုအရမ်းကောင်းတယ် နှုတ်မြိန်စေပြီး ခံတွင်းလည်းရှင်းတယ်