No Go Areas for HR (KC Myanmar)

in #myanmar7 years ago (edited)

IMG_9749.JPG

HR အလုပ်မှာ ကျင်လည်ခဲ့တယ်...အခုလည်းလုပ်ကိုင်နေတယ်...ရှေ့လျှောက်လည်း တနည်းမဟုတ်တနည်းနဲ့တော့ ဆက်လုပ်သွားဖြစ်ဦးမယ်ထင်ပါတယ်။

ဘာလို့လည်း...

စဉ်းစားကြည့်မိတော့...အဖြေက HR ကို ချစ်တာပဲ...အရမ်းချစ်တယ်လေ...လုပ်ငန်းတွေမှာ တွန်းတွန်းတိုက်တိုက်နဲ့ ရှေ့ကနေ စီးပွားတွေရှာ၊ ဈေးကွက်တွေထွင်နေတာမျိုး မဟုတ်ပေမယ့်...ကြံကြံခိုင်ခိုင်နဲ့ ဒီလုပ်ငန်းမယိုင်လဲသွားအောင် အဓိက ထောင့်တနေရာကနေပံ့ပိုးနေတာလေ...

IMG_9755.JPG

ဒီလုပ်ငန်းကိုအကောင်အထည်ဖေါ်ဆောင်ရွက်နေတဲ့ talent တွေကို အပြင်ကရှာသလို အတွင်းမှာလည်းပြုစုပျိုးထောင်တယ်ဗျာ...ဒီ talent တွေ အသက်ရှူချောင် ကျန်းမာရှင်သန်နေနိုင့်မယ့် ပတ်ဝန်းကျင် organization culture ကို တည်ဆောက်ဖို့လုပ်ဆောင်နေသလို...လုပ်ငန်းကိုဦးဆောင်မှုပေးကြမယ့် ထက်မြတ်တဲ့ leadership ကို ပြုစုပျိုးထောင်တည်ဆောက်နေရတော့ ဘယ်လိုလုပ် မချစ်ပဲ နေနိုင်မှာလဲလေ...

ကိုယ့်လိုမျိုးပဲ HR ကို မက်မက်မောမော passionately လုပ်နေကြတဲ့သူတွေ...လုပ်ချင်လာကြလို့ ဝင်လာကြတဲ့သူတွေ...ဒီသတင်းတွေကိုကြားပြီး စတင်မြည်းစမ်းလာကြတာတွေကိုတွေ့ရတော့ အတိုင်းမသိဝမ်းသာမိတယ်...

IMG_9754.JPG

တခါတလေ အမေးခံရတယ်လေ...HR ကောင်းတစ်ယောက်ဖြစ်အောင် ဘာတွေလုပ်လို့ ဘယ်လိုနေရမလဲတဲ့...ဒီမေးခွန်းက အမေးလွယ်သလောက် အဖြေခက်တယ်လေ...ဖြေရမှာက ကျယ်ပြန့်လေးနက်တာကို...ဆရာတွေများစွာကလည်းပုံစံမျိုးစုံနဲ့ဖြေခဲ့ကြပါတယ်...ဒီအဖြေတွေကြောင့်လည်း ကိုယ်တွေအတွက် အားရှိခဲ့ရတာပဲလေ...

ဒီမေးခွန်းကို ကိုယ့်အနေနဲ့ဖြေရမယ်ဆို ပြီးပြည့်စုံတဲ့ အဖြေတစ်ခုတော့ ပေးနိုင်မယ်မထင်ဘူး...ဒါပေမယ့် ကိုယ့်အနေနဲ့ အရေးကြီးမယ်လို့ ထင်တဲ့အပိုင်း ကိုယ့်ရှု့ထောင့်ကာနေပြောပြချင်ပါတယ်...

HR ကောင်း တစ်ယောက်ဖြစ်ချင်ရင်လေ...အဂတိတရား (၄) ပါးကို နားလည်လို့ ရှောင်ကြဉ်နိုင်ကြပါလို့ အကြံပေးချင်ပါတယ်...

ဆန္ဒ...ဒေါသ...ဘယ...မောဟ...

ဒီအရာတွေဟာ HR သမားအတွက် အဆိပ်ရည်တွေပါပဲ...သောက်မိသူကိုသေစေနိုင်သလို ဘေးပတ်ဝန်ကျင်ကိုပါ အန္တရာယ်တွေဖြစ်စေတတ်တယ်လေ...ရှောင်ရှားကြပါ...

IMG_9750.JPG

"ဆန္ဒဂတိ" ဟုတ်ပါတယ်...တစ်ဦးတစ်ယောက်ကို ချစ်သဖြင့် အခြားသူတွေကို ထိခိုက်သွားစေတတ်တဲ့ တဘက်သက်စီရင်ခြင်းမျိုးပါပဲ...

IMG_9751.JPG

"ဒေါသာဂတိ" လူဆိုတာအမျက်ဒေါသနဲ့မကင်းကြပါဘူး။ ဒါပေမယ့် HR တွေအနေနဲ့ ထိန်းနိုင်ရမယ်လေ။ အမျက်ဒေါသကြောင့် တဘက်သက်စီရင်ခြင်းမျိုးဟာ ရှောင်ကြဉ်ရမယ့်အရာပါပဲ

IMG_9753.JPG

"ဘယာဂတိ" ခြိမ်းခြောက်ခံရတာတွေဟာ HR သမားအတွက် ခံနိုင်ရည်ရှိရမယ့်အရာတခုပါပဲ။ ခြိမ်းခြောက်ခံရတော့ ကြောက်တတ်မယ်ဆိုရင်၊ ဒီ ကြောက်ရွံ့ခြင်းက တဘက်သက်စီရင်ခြင်းတွေကို ဖြစ်ပေါ်စေတတ်ပါတယ်...သတိချပ်ပါ...

IMG_9752.JPG

"မောဟာဂတိ " HR တစ်ယောက်ဟာ အတွေးရှင်းရပါမယ်...ပြတ်သားရပါမယ်...တွေဝေငေးမေနေဖို့ အချိန်မရှိပါဘူး...ဒီလိုများ တွေဝေတတ်ကြပြီး တဘက်သက်စီရင်တာတွေဟာလည်း ပြင်းထန်တဲ့ အဆိပ်ရည်ပါပဲ...

ဟုတ်ကဲ့...ပြောခဲ့တာတွေပြန်အနှစ်ချုပ်ရရင် HR ကို ချစ်တယ်...HR အလုပ်ကိုလုပ်တယ်...HR ကောင်း ဖြစ်ဖို့ လုပ်ဆောင်စရာအများကြီးအထဲမှာ ဒီ "ဆန္ဒ...ဒေါသ...ဘယ...မောဟ..." ဆိုတဲ့ အဂတိတရား (၄) ပါး အသက်ထက်ဆုံး ရှောင်ကြဉ်ကြပါလို့ တိုက်တွန်းအားပေးရပါတယ်။

Author: KC Myanmar

Photos: Google image

Sort:  

ရဲရဲကြီးလက်ခံတယ် တကယ်မှန်တယ် HR မကောင်းတဲ့သူနဲ့ ကိုယ်တိုင်ဆုံဖူးတာကြောင့်ဖြစ်သည် ထို့ကြောင့် အလုပ်ပါထွက်လိုက်ရပါတယ် ကိုကေစီရယ် ကိုကေစီလို HR နဲ့သာဆုံရရင် ဘယ်လောက်ကောင်းလိုက်လေမလဲဗျာ

ကျေးဇူး 😊

good writing

thank you 😊

thank you 😊

ဟုတ်ကဲ့ ရှေုာင်ပါ့မယ်

ဟုတ်ကဲ့ 😊

အကို့​ရေမင်္ဂလာပါ vote ​and followခဲ့တယ်​​နော်​ ကျွန်​​နော်​ကိုလဲvote and followပြန်​​ပေး​ပေးပါအုံးဗျ friနည်း​နေလို့

ဆရာရေ ကျွန်တော်ကတော့ HR (2)နှစ်နဲ့ကျောင်းထွက်လာခဲ့ရတာ၊ လောဘ၊ ဒေါသ၊ မောဟ တွေဟာလောင်မီးကိလေသာ ကျိုက်လတ်ဦးပြုံးချိုရေးတဲ့ တေဘုမ္မာ သီချင်းလိုပေါ့။ အခု The Best post ရွေးရတာ ဆရာပြောတဲ့အချက်တွေကိုအထူးဂရုစိုက်နေရတယ်။

ရှောင်​ပါ့မယ်​ဗျ

ကျေးဇူးပါဆရာ အောင်မြင်ပါစေခင်ဗျာ အားပေးပါတယ်ခင်ဗျာ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 55994.69
ETH 2375.77
USDT 1.00
SBD 2.31