Steemit Platform နှင့်ယုံကြည်ရာ ( Henry Aung )

in #myanmar6 years ago

henry Aung.jpg

မင်္ဂလာပါ။ ဤ ဆောင်းပါးမှာ steemit Platform အပေါ်တွင်ရှိသော မိမိယုံကြည်မှုအကြောင်းကို ဖေါ်ပြလိုရင်းသာ ဖြစ်၍ ကျွန်တော်ယုံကြည်သည့် အတိုင်း အားလုံး လိုက်ယုံကြည်ရမည်ဟု မဆိုလိုပါ။

ကျွန်တော့ အနေဖြင့် ဤ cryptocurrency လောကသို့ စတင်ဝင်ရောက်လာကာစတွင် ဤကဲ့သို့ ထိတွေ့ကိုင်တွယ်၍ မရ ၊ ပြင်ပသို့ ထုတ်ယူ၍ သက်သေပြ ရအောင်လည်း မဖြစ်နိုင်သော ထို cryptocurrency ဟူသော coin များအား ဈေးကွက် များ ဖွင့်၍ နေ့စဉ် ကျွန်တော်တို့ အသုံးပြုနေသော ပိုက်ဆံများ ဖြင့် ဝယ်ရောင်း ပြုလုပ်နေကြသည်ကို တအံ့တသြ ဖြစ်ခဲ့ဘူးပါသည်။

အစပိုင်းတွင် ကျွန်တော့ အတွေးထဲ၌ တစုံတယောက်ကတော့ ကြီးကြီးမားမား လိမ်နေပြီဟု ခံစားမိခဲ့ပါသည်။ သို့သော် steemit Platform တွင်ကြာလာသည်နှင့် အမျှ ဤ cryptocurrency များကို လေ့လာပြီ ကိုယ်တိုင် trading လုပ်၍ ရလာသော အကျိုးအမြတ်အား မိမိ ဘဏ် ကာဒ် အတွင် သို့ ငွေ လွဲ၍ ATM မှာ ငွေထုတ်ယူ သော အခါ ဤ မမြင်ရသော coin များမှ တကယ် ပင်ပိုက်ဆံလုပ်ယူလို့ရသည်ကို ယုံကြည်လာခဲ့ပါသည်။

ထိုအချိန်တွင် steemit Platform ပေါ်တွင်လည်း အရှိန်ရနေပြီ ဖြစ်သောကြောင့် coin နှင့် ပါတ်သက်သော ဗဟုသုတများကို နွားငတ်ရေကျ သကဲ့သို့ လိုက်လံရှာ ဖွေ မွေနှောက်နေခဲ့ပါသည်။ ဤသို့ ရှာဖွေလေ အသစ်အသစ်သော ဗဟုသုတများကို အသုံးပြု၍ ကျွန်တော်လည်း coin trading လောက အတွင်းသို့ ရောက်ခဲ့ရပါသည်။

ကျွန်တော့ အနေဖြင့် BTC ကို USD $3000 ဝန်းကျင်တွင် သိရပါသည်။ ETH ကို ကျွန်တော်သိသော အချိန်တွင် USD $ 4 သို့ ရောက်ရှိ နေပါပြီ။ DASH ကို ကျွန်တော်သိသော အချိန်တွင် USD $ 6 ဖြစ်၍ Zcash ကို USD $45 တွင်သိခဲ့ပါသည်။

ယခုကျွန်တော်ဖေါ်ပြ ခဲ့သော coin များမှာ ထိုအချိန်တုန်းကတော့ ကျွန်တော့ အတွက် ဝယ်စုရန် လက်လှမ်းမမှီ တော့ သော coin များ ဖြစ်သလို နှောင် ၂ နှစ်ကြာသောအခါ ယနေ့ ထို coin တို့၏ ဈေးများကို ကြည့်လိုက်ပါ။

001.jpg

ကျွန်တော်သိခဲ့ သော ကစားခဲ့ သော coin အတော်များများတွင် Steem , XRP နှင့် Bitshare တို့သာ ဈေးကွက်တွင် နေရာ ရကြသော်လည်း အမြင့် ဈေးသို့ မရောက်ရှိခဲ့ကြပါ။ သို့သော် ထို့ coin အားလုံးထဲတွင် ကျွန်တော့ အနေဖြင့် Steem ကိုသာ တစိုက်မတ်မတ် စုနေခဲ့ပါသည်။ ကျွန်တော် ၏ ဆိုလိုရင်း မှာ လွန်ခဲ့သော ၂ နှစ်ခန့်က အောက်ဈေး ရှိနေခဲ့သော coin များမှာ ယနေ့အချိန်တွင် မယုံနိုင်လောက်အောင် ဈေးကွက်တွင် အမြင့် နေရာသို့ ရောက်ရှိနေကြပါသည်။

ကျွန်တော် သိရသလောက် ဤ steemit Platform အစော ပိုင်ကာလတွင် Steem ဈေးမှာ USD$4 ခန့်အထိ တက်ခဲ့ဘူးရာ တရုတ်နိုင်ငံသား တယောက်မှ BTC 200 သုံး၍ Steem ကို ဝယ်စုထားခဲ့ရာ ထို အချိန် မှ စပြီး Steem ဈေးများ ကျဆင်း သွားပြီးနောက် Steem ဈေးမှာ USD $ 0.50 သို့ ရောက်ရှိပြီး ပြန်တက်မလာတော့ပါ။ ၅ လ ခန့် ထပ်မံ စောင့်ကြည့်သော်လည်း Steem ဈေးမှာ အဆိုးဝါးဆုံး USD $0.20 အထိ ရောက်နေခဲ့ပါသည်။ ထိုအချိန်တွင် စိတ်ပျက်သွား၍ ရှိသမျှ Steem များ ပြန်ထုတ် ရောင်း ရာ 25 BTC ခန့်သာ ပြန်ရခဲ့ပါသည်။

ကျွန်တော် ဤလောက တွင် ကျင်လည် နေခဲ့ သော အချိန်များတွင် လောဘကြီသူများ စိတ်မရှည်၍ ဆုံးရှုံးရသူများကို ကြုံဘူးသလို ဤ coin များ ကြောင့် တိတ်တဆိတ်ချမ်းသာ နေကြသူ အများအပြားကိုလည်း တွေ့ခဲ့ရပါသည်။ ETH ၈ သောင်း ကျော် ပိုင်ဆိုင်နေသူ ကို တွေ့ဘူးသလို DASH ဖြင့် ချမ်းသာနေသူ တယောက်လည်း တွေ့ဘူးပါသည်။ ကျွန်တော့ ကိုးရီယား သူငယ်ချင်း ဖြစ်သူ မှာ ကျွန်တော်သိသော အချိန်တွင် သူ့ထံတွင် BTC 160 ကျော်စုမိနေပြီ ဖြစ်ပါသည်။

သို့သော် သူ့ ဖခင်မှာ ချမ်းသာသူ တယောက်ဖြစ်သောကြောင့် ဖခင်ထံမှ ပိုက်ဆံချေး၍ coin Trading လုပ်နေသူ ဖြစ်ပါသည်။ ယနေ့ BTC ဈေးဖြင့် တွက်လျင်ပင် အမေရိကန် ဒေါ်လာ ၁.၂၈ သန်းချမ်းသာ နေသူ ဖြစ်နေပါပြီ။ ကျွန်တော့သူငယ်ချင်း ထိုကောင်လေးမှာ အသက် ၂၅ သာရှိပါသေးသည်။ သူနှင့် အတူ တကွ trading လုပ်နေကြသော ကိုးရီးယား လူငယ် အများအပြား ဤ coin များ ဖြင့် ချမ်းသာ ကြွယ်ဝသူများ ဖြစ်နေကြပါပြီ။

002.jpg

အထက်တွင် ဖေါ်ပြခဲ့သည့် အတိုင်း ဤ coin များမှာ မိမိတို့အား ဒေါ်လာ သန်းနှင့် ချီသော သူဌေးများ ဖြစ်စေရန် မစွမ်းနိုင်တောင် မိမိတို့ အတိုင်းအထွာ အနေဖြင့် အထိုက်အလျောက် အဆင်ပြေပြေ နေထိုင်နိုင်သော အခြေအနေကို ပေးစွမ်းနိုင်ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားများ အနေဖြင့် ဆိုလျင် လက်ရှိ မိမိတို့ အသုံးပြုနေသော steemit Platform သည် အသင့်တော်ဆုံး ဖြစ်ပါသည်။

ကျွန်တော်၏ ယခင်ဆောင်းပါးများတွင် ဖေါ်ပြခဲ့သည့် အတိုင်း steemit Platform သည် လက်ရှိ ရေတိုကာလ တွင် အကျိုးတစုံတရာ ထုတ်ယူ နေနိုင်ပြီ ဖြစ်သော်လည်း ဤ အချိန်သည် steemit Platform ၏ အကောင်းဆုံး အချိန် မဟုတ်သေးပါ။ ဤ steemit Platform ၏ အကောင်းဆုံး အချိန်မှာ ၂၀၂၀ နောက်ပိုင်း ဖြစ်လာလိမ့်မည်ဟု အများက ခန့်မှန်း ထားကြပါသည်။

ထို့ အတူ MSC ၏ အရေးကြီးသော Major Project Plan အကောင်ထည် ဖေါ်ရန် လည်း ၂၀၂၀ နောက်ပိုင်း သာ ဖြစ်နိုင်ပါလိမ့်မည်။ ကျွန်တော်တို့ အနေဖြင့် Steem ဈေး ၏ အနိမ့်အမြင့်ကို အကြိမ်ကြိမ် ကြုံရအုံးမည်သာ ဖြစ်ပါသည်။

သို့သော် ကျွန်တော်တို့ ၏ MSC project plan များအား တခုပြီးတခု တဆင့်ပြီး တဆင့် အကောင် ထည် ဖေါ်ပြီး များစွာ မဝေးသော အနာဂါတ်တွင် MSC members များ အနေဖြင့် မိမိတို့ ကိုယ်ပိုင်စီးပွားရေး များ ပိုင်ဆိုင်နိုင်ကြမည် ဖြစ်သလို မိမိ အိမ် မှ computer တလုံးနှင့် အလုပ်လုပ်ယုံမျှဖြင့် ဝင်ငွရရှိနိုင်သော ကာလတခု ကို ပိုင်ဆိုင်နိုင်ပါလိမ့်မည်။

ထိုကဲ့သို့သော အခြေအနေများ ဖြစ်နိုင်ပါမည်လား ဟု သံသယရှိလျင် လွန်ခဲ့ သော ၅ လ ခန့်က မိမိ wallet တန်ဖိုးနှင့် ယနေ့ လက်ရှိ မိမိတွင် ရှိနေသော wallet တန်ဖိုးကို နှိုင်ယျှဉ် ကြည့် နိုင်ပါသည်။ Blockchain နည်းပညာခေတ်တွင် မနေ့ကနှင့် ဒီနေ့ ကွာခြား မှု အလွန်ကြီးမားသလို တလခန့် ကွာခြားသွားလျင် အခြားသူများအား လိုက်မှီ ရန် အလွန်ခက်ခဲသော အခြေအနေမျိုးကို တွေ့ကြုံရနိုင်ပါသည်။

003.jpg

ထို့ကြောင့် MSC members များအား ကျွန်တော့ အနေဖြင့် အသိပေးလိုသည်မှာ မိမိတို့သည် ဤ steemit Platform အား မြန်မာပြည်တွင် အစောဆုံး သိရှိသူများ ဖြစ်ကြသလို စွန့်ဦးတီထွင် ကြသူများလည်း ဖြစ်ကြပါသည်။ steemit Platform ပေါ်တွင် Steem Power စုနေကြခြင်းမှာ မိမိတို့၏ ကိုယ်ပိုင်စီးပွားရေးလုပ်နေကြခြင်း ဖြစ်ပါသည်။

မြန်မာ တပြည်လုံး အတိုင်းအတာဖြင့် တွက်ကြည့်လျင် steemit Platform တွင် ရောက်ရှိနေကြသော မြန်မာ နိုင်ငံသား အယောက် ၅၀၀ ခန့်ပင်မရှိနိုင်သေးပါ။ ထိုအထဲတွင် MSC members များမှာ SP စုရန် အတွက် အကူအညီ ရရှိနေကြသော အထူးအခွင့်အရေး ရကြသူများ ဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့် MSC members များအား သတိပေးနေကြအတိုင်း သာသတိပေးလိုပါသည်။

Steem ဈေးမတက်မှာ မပူပါနှင့် Steem ဈေးတက်လာသော အချိန်တွင် မိမိ၌ လုံလောက်သော SP မရှိမှာကိုသာ တွေးပူပါလေ။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit : Original source

Author : Henry Aung ( Kachin )
MSC : 001

Sort:  

ယုံလည်းကြည်တယ် ချစ်လည်းချစ်တယ် ဘယ်လောက်အခြုထုတ်မရောင်းစားဘူး
အခြေအနေကြောင့်သာ ရေးချင်လျက့်မရေးနိုင်နေတာ

Steemit Platform ဟာ မိမိရဲ့ ဆောင်းပါး တွေ စာ တွေ အပေါ်မှာ မူတည် ပြီး အကျိုးအမြတ်ရနေတာ ဖြစ်တဲ့ အတွက် စာ ရေးသားခြင်းကို တော့ သီးသန့် အချိန်တခု ပေးစေချင်ပါတယ်။ အများကြီး မဟုတ်တောင် တပါတ်ကို ၁ ပုဒ် လောက်ပေါ့။

ချတင်းတွေ အများကြီးရအောင်လုပ်မယ် ။

အများကြီ ရပါစေ.... Steem တွေ။

ဟုတ်ပါတယ် အကိုဟင်ရေ ကျနော်တို့သာ စိတ်ရှည်ရှည် ဇွဲရှိရှိနဲ့ တစ်နေ့တလံပုဂံဘယ်ပြေးမလဲ ထုံးနှလုံးမူပီး အခုချိန်ကတည်းက စုဆောင်းထားကာမှ အမြင့်ကိုမျော်မှန်းနိုင်မှာပါ။

၁ နှစ် ၂ နှစ် ဆိုတဲ့ အချိန်ကာလဟာ အရမ်းမြန်ပါတယ်။ MSC စခဲ့တဲ့ ကာလ ကနေစပြီး တွက်ရင် အခုအချိန်မှာ အများကြီး ကွာခြားသွားပါပြီ။

sp ကို မျှော်မှန်းတဲ့အတိုင်း ဖြစ်လာအောင် အဆက်မပြတ် ကြိုးစားနေပါတယ် ... ကိုဟင်ရဲ့စာတွေကိုဖတ်ပြီး အားအင်တွေ ထပ်တိုးလာပါတယ်

အခုလို တစုံတခု ရသွားတယ်ဆိုရင်ပဲ ဝမ်းသာလှပါပြီ။

စုထားမယ် သိမ်းထားမယ်
ကိုဟင် စာဖတ်ရတာ
ကြက်သီးတောင်ထမိပါတယ်ဗျာ

တကယ်တော့ တနှစ် နှစ်နှစ် ဆိုတာ ဘာမှ သိပ်ကြာတဲ့ ကာလမဟုတ်ပါဘူး။

အင်း...ပြောရင်လည်းယုံပါ့မလားဘဲ။ဘာတခုမှနားမလည်
ပါဘူးကွယ်။အန်တီက..စာရေးနေရရင်..စာဖတ်နေရရင်ပျော်နေတဲ့သူဆိုတော့..ပျော်တာပါ။ကိုယ့်ရဲ့ဘဝနဲ့ရင်းပီးရလာတဲ့အသိတွေ..အတွေ့အကြုံ တွေ.ဗဟုသုတတွေဟာတစုံတယောက်အတွက်..ခွန်အား..အသိပညာတိုးပွားမူ့ဖြစ်စေတယ်ဆိုရင်..အန်တီကကုသိုလ်ရနေပီ။အဲဒါကိုပျော်တာပေါ့ကွယ်။

အခုလိုကြားရတာ အများကြီး ဝမ်းသာပါတယ်။ အန်တီ့ ရဲ့ data တွေကို MSC admin များကို ပေးပြီး MSC registration number ထုတ်ယူပါ အန်တီ။

အကိုဟင်ပြောတဲ့အတိုင်းစုထားလိုက်တာ လွန်ခဲ့တဲ့တစ်လက ဟာလေးတောင်တစ်ဝက်ကျော်မြတ်နေပီ ထပ်ကျရင်ထပ်စုမယ် ဈေးကျလို့ဘယ်သူမှရိုက်ပီးရောင်းပါလို့မပြောတဲ့ဒီကွိုင်တွေစုထားမယ်၂၀၂၀အလွန်မှဆုံးဖြတ်ချက်မှန်ကန်တယ်ဆိုတာသက်သေပြလာမှာပါအကိုရေ

သာအေး သူဌေး ဖြစ်သွားရင် MSC ကိုလည်း မေ့မသွားနဲ့အုံး... SP အများကြီး နဲ့ လာ vote ပေးအုံး။

ဟီးးးးး ကိုဟင် ကျနော်ဘယ်မှသွားဘူး MSC ကိုဘဲအလေးထားတာပါခင်ဗျ ပေးတဲ့ဆုလေးပြည့်ပါစေဟီးးးးးးး

၂၀၂၀ဆိုတော့ သိပ်မလိုတော့ပါဘူး ကိုဟင်ရေ
ဖြည်းဖြည်းမှန်မှန်လျှောက်ရတာပေါ့

အမှန်ပဲ မစုလှိုင်ရေ.... ခုနောက်ပိုင်း သက္ကရာဇ် တွေ ပြောင်းတာ ပိုများ မြန်လာသလားလို့ ...?

အဲ့ကြောင့် ဈေး အများကြီး မတက်ခိုင်း စေချင်သေးတာ
လက်ထဲ ရှိတဲ့ sp က နည်းနေသေးလို့လေ ...
တားမရလို့ တက်ရင်လည်း ဖြည်းဖြည်းပဲ တက်ပါလို့ ....
😂

ဈေးကတော့ တက်လိုက်ကျ လိုက်ရှိနေမှာပါ။ ကိုယ်တွေ ဇွဲ မလျှော့ဖို့ပဲ လိုပါတယ်။

မြန်မာ လူငယ်လေးတွေရဲ့အနာဂတ်တောက်ပဖို့ဆိုရင်
Steemit ကသာ အာမခံချက်ပေးနိုင်လိမ့်မယ်လို့
ယုံကြည်ထားပါတယ်....
ဒါကြောင့် တက်နိုင်သမျှ လူငယ်တွေကို ဆွဲခေါ်နေပါတယ်ဗျာ

အကောင်း ဆုံးပါ။

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 58394.86
ETH 2618.86
USDT 1.00
SBD 2.39