Steemit Platform နှင့်ဘာဘာညာညာ ( Henry Aung )

in #myanmar7 years ago (edited)

HENRY.jpg

လွန့်ခဲ့သော ရက်အနည်းငယ်က ကျွန်တော့ အလုပ်မှ သူငယ်ချင်း စလုံး လူမျိုးနှင့် အတူ နေ့လည် စာစား ရင် စင်္ကပူ တွင် အသစ် ဖြစ်လာမည့် သမ္မတ အသစ် အကြောင်းကို စကားစမြည် ပြောဖြစ်ကြပါသည်။ သူတို့ အနေဖြင့် မည်သူ ပင် တမ္မဖြစ်ဖြစ် ကောင်းမွန်သော ဖွဲ့စည်းပုံ အခြေခံဥပဒေရှိပြီးသားမို့ အထူတလည် အံ့သြဝမ်းသာ ခံစားမှုများမရှိကြပါ။

ကျွန်တော့ သူငယ်ချင်းမှာ ဒီနှစ်တွင် အသက် ၂၈ နှစ်ပြည့် ပြီးဖြစ်၍ သူ့ချစ်သူနှင့် မင်္ဂလာဆောင်တော့ မည့် အကြောင်း စင်္ကပူ အိုးအိမ်ယာ ဖွံ့ဖြိုး တိုးတက်ရေး ဌာန မှ တိုက်ခန်း လျှောက်ထားသည်မှာ ရပြီဖြစ်ကြောင်း ပြောပြပါသည်။ ဤတွင် စင်္ကပူ နိုင်ငံအကြောင်းနှင့် နိုင်ငံသားတို့ အကြောင်းကို အနည်းငယ် ဝေမျှလိုပါသည်။ နိုင်ငံတကာများကဲ့သို့ ပင် စင်္ကပူတွင်လည်း ဆင်းရဲချမ်းသာရှိကြပါသည်။

သို့သော်မည်မျှပင်ဆင်းရဲနေစေကာမူ အလုပ်လုပ်နေသူ တယောက်အဖို့ နေထိုင်စားသောက်နိုင်ရန် အစိုးရက စီမံပေးထားပါသည်။ မိမိ ၏ ဝင်ငွေ အလျောက် ၂ ခန်း တွဲ, ၃ ခန်းတွဲ တိုက်ခန်းများ အရစ်ကျ ပေး၍ ဝယ်ယူနိုင်အောင် စီစဉ်ထားပေးကြပါသည်။ အထူးသဖြင့် အိမ်ယာသစ်ထူထောင်ကြမည့် ဇနီးမောင်နှံများကို ဦးစားပေ၍ ချထားပေးပါသည်။ ချမ်းသာသူများအဖို့တော့ ကွန်ဒို တိုက်ခန်းများ landed property ဟုခေါ်သော လုံးချင်း အိမ်များ ဝယ်ယူနေထိုင်နိုင်ကြပါသည်။

222.jpg

ကျွန်တော်ဆိုလိုချင်သည်မှာ လူငယ်များအဖို့ သာမန်ဝင်ငွေများ ဖြင့်သာ ရပ်တည်နေသော်လည်း မိမိရှေ့ရေးကို မိမိပုံဖေါ်နိုင်ပါသည်။ ပညာသင်, အချိန်တန် အရွယ်ရောက်လျင် မိဘ အိမ်မှ ဆင်း၍ မိမိဖာသာ ကိုယ့် ချစ်သူနှင့် တအိုးတအိမ် ထူထောင်နိုင်ကြပါသည်။

ဆိုခဲ့ပြီးသည့် အတိုင် ကျွန်တော့ သူငယ်ချင်းမှာ ကိုယ်ပိုင်အိမ်လည်း ရှိပြီ စီးစရာ ကားလည်း အရစ်ကျ ဝယ်ယူ ထားပြီ မိမိ ချစ်သူ နှင့် ဘဝလမ်းပေါ်အတူ လျှောက်နိုင်တော့မည်။ အမှန်တော့ စင်္ကပူ နိုင်ငံသည် အားလုံစုံ ပြီးပြည့် ကောင်းမွန်နေပါသည်ဟူ၍သော မဆိုနိုင်ပါ။ အရာရာ ပြိုင်ဆိုင်နေကြသောနိုင်ငံဖြစ်၍ လုပ်ငန်းခွင်တွင် stress များလှပါသည်။ ထို့အပြင် နေထိုင်စားသောက်မှုစရိတ်လည်း အလွန်မြင့်ပါသည်။

အသက်အရွယ်ကြီးလာလျင် မိမိတို့ ဘဝကို ခက်ခဲ စွာ ဖြတ်သန်းကြရပါသည်။ အသက်ကြီးသော အဖိုးအို အဖွားအိုများ မိမိတို့ တိုက် အောက်ခြေ တွင် စုရုံး စကားစမြည်း များပြောခြင်း အပျော်တမ်း မာဂျောင် ကစားခြင်းများဖြင့် တနေတာကို ကုန်လွန် စေကြပါသည်။ အချို့ သိတတ်သော သားသမီးများက အိမ်ပေါ်ခေါ်တင်ကြသော်လည်း အများအားဖြင့် တော့ ချမ်းသာသူများမဟုတ်လျင် ဘဝကို ခက်ခဲစွာ ဖြတ်သန်းကြရပါသည်။ Hawker center ဟု ခေါ်သော အများပြည်သူများ၏ စားသောက် ဆိုင်တန်းတွင် စားသောက်ပြီးသားပန်းကန် သိမ်ဆည်းသူများမှာ အသက် ၆၀ ကျော် ၇၀ နီးပါး အသက်ကြီးသူ အဖိုးအဖွားများဖြစ်ပါသည်။

333.jpg

ထို့ကြောင့် စင်္ကပူနိုင်ငံသည် ငယ်ရွယ်သူ လူငယ်များအတွက်တော့ အခွင့် အလမ်းကောင်းများ , ပညာ ရှာဖွေရာ နေရာ ဖြစ်သော်လည်း အသက်ကြီးလာလျင်တော့ သေရေးအတွက် အတော်ကို စဉ်းစားရမည့်နေရာဖြစ်ပါသည်။ ဤတွင်ကြုံ၍ စင်္ကပူနိုင်ငံသားတို့၏ ဒုက္ခအနည်းငယ်ကို ဝေမျှခြင်ပါသည်။

ကျွှန်တော် Steemit Platform ပေါ်သို့ ရောက်ပြီး coin trading များလုပ်သောအခါ ကျွန်တော့သူငယ်ချင်းကိုလည်း ပြောပြပါသည်။ Steemit တွင်စာရေး၍ cryptocurrency ရှာ ဖွေရန် ပြောသောအခါ သူက office တွင်လည်း တနေကုန် paper work များဖြင့် အချိန်ကုန်ရပြီး အားလပ်ချိန်တွင်လည်း နောက်ထပ် စာများ ရေးနေရလျင် သေဖွယ်ရာသာ ရှိပါသည် ဟူလို။

စာမရေးနိုင်လျင်လည်း bitcoin ကဲ့သို့သော အလားအလာရှိသော coin များကို လစဉ် နည်းနည်း ဝယ်စုရန် အကြံပေးသာအခါ , သူတို့တွင် ပိုငွေဟူ၍ မရှိပါတဲ့။ ဟုတ်လောက်ပေသည်။ လစဉ် မိမိဝယ်ယူထားသော တိုက်ခန်းအတွက် အရစ်ကျ ပေးရမည်, ကားအတွက် အရစ်ကျ ငွေ, credit card bill, အိမ်အသုံးစရိတ်, ရေ, မီး , gas စသည်စသည်တို့ အတွက် လစဉ် ဖြေရှင်းနေရ၍ ပိုငွေမရှိနိုင်ပါ။

သူတို့ အတွက် စုငွေမှာ CPF ဟု ခေါ်သော ( နောင်ရေးအတွက် စီမံထားသော စုငွေ ) အစိုးရမှ စလုံးနိုင်ငံသား အလုပ်လုပ်သူတိုင်မဖြစ်မနေ စုရသော စုငွေသာရှိပါသည်။ မိမိ ပင်စင်ကို မိမိ စုရသည့် သဘောပင်ဖြစ်ပါသည်။ ထိုစုငွေမှာလည်း ထုတ်ယူချင်တိုင်းထုတ်ယူ၍ မရပါ , အသက်အရွယ် အကန့်အသတ်ဖြင့် အလုပ်မလုပ်နိုင်သောအခါ လစဉ် ဘယ်လောက်ဟူ၍သာ ထုတ်ယူခွင့် ရှိပါသည်။

555.jpg

များသောအားဖြင့် စင်္ကပူ နိုင်ငံသားများသည် 3D ဟု ခေါ်သောအလုပ် များကို မလုပ်လိုကြပေ။ အကယ်၍ ထို3D လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နေရလျင်လည်း supervisor, manager , officer စသည်ကဲ့သို့ အမြင့် နေရာတွင်သာရှိပါသည်။ ပညာမတတ်သူ အများပိုင်းကတော့ crane operator, Machine operator, driver နေရာများတွင် ဝင်ရောက်လုပ်ကိုင်ကြပါသည်။

3D job ဆိုသည်မှာ Difficult, Dangerous and Dirty ဖြစ်ပါသည်။ အလွယ်ခေါ်ရလျင် အခြေခံလုပ်သား general worker ဖြစ်ပါသည်။ ဤတွင် လက်ရှိ Steemit Platform ပေါ်သို့ ရောက်ရှိနေကြ သော မြန်မာလူငယ်များအား ထပ်မံ၍ အသိပေးလိုသည်မှာ မိမိတို့သည် နေ့စဉ် သို့ မဟုတ် လစဉ် ပုံမှန် ဝင်ငွေရနေသော Steemit Platform ကို ပိုင်ဆိုင်ထားနေပြီဖြစ်သည်။

Steemit သည် တရက် , တလ ဖြင့် ပြီးသွားမည့် Platform မဟုတ်ပါ။ နှစ်ချီ၍ သွားရမည်ဖြစ်၍ကျွန်တော့ အမြင်ဖြင့် ပြောရလျင် နောက်ထပ် ၅ နှစ်တွင် Steemit ထံမှ ကိုယ်ပိုင်စီးပွားရေး စလုပ်ရန် အရင်းအနှီး ထုတ်ယူ နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ဤသည်မှာ လူပြောများနေသော passive income ပင်ဖြစ်ပါသည်။ သို့သော် ကျွှန်တော် အထပ်ထပ် ပြောခဲ့ပြီး ဖြစ်သည့် အတိုင်း ဇွဲရှိဖို့တော့ လိုပါသည်။ အချို့ အကောင့်များမှာ introducing post များရေးပြီး ပျောက်သွားကြသည်။ အချို့ မှာ postသုံး လေးခုတင်၍ ပျောက်သွားကြသည်။

7777.png

လူသစ်များ ဝင်လာလိုက်, လူဟောင်းများ ပျောက်သွားလိုက် ဖြင့် ရှိနေကြသော်လည်း ဇွဲရှိရှိဖြင့် ကြိုးစားနေကြသူများကိုလည်း မြင်နေရပါသည်။ မည်သို့ ပင်ဆိုစေကာမူ ကြိုးစားနေသူနှင့် တွေဝေနေသူ ကြားတွင် အချိန်က စကားပြောသွားပါလိမ့်မည်။လက်ရှိအနေအထားဖြင့် Steemit Platform ပေါ်တွင် ပုံမှန် original content များရေးပြီး post တင်နေကြသူများ အယောက် ၅၀ လောက်သာရှိကြပါသေးသည်။

ဘယ်လိုဖြစ်ဖြစ် Myanmar Steemit community ကတော့ ဖြင့် ရှေ့ကို ပုံမှန် ခရီး ဆက်နေပြီ ဖြစ်သည်။ မိမိ နှင့် အံဝင်သူတို့ လိုက်ပါနိုင်ကြသလို အံဝင်ခွင်ကျ မရှိပါကလည်း နေခဲ့ နိုင်ပါသည်။ Myanmar Steemit community ကတော့ လူငယ်တို့၏ အိမ်မက်များကို အကောင်အထည် ဖေါ်ရန် ရှေ့သို့ သာ ဆက်လက်ချီတက်နေမည်ဖြစ်ကြောင်း အသိပေးလိုက်ရပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Photos credit; Google Image

Author : Henry Aung ( Kachin )

Sort:  

I just saw your post, and I'm always with you to advance steemit in Southeast Asia
cheers @kachinhenry

Thanks you for your support

in Thailand, nice

စလုံးအခြေအနေကို သိရသည့်အတွက် များစွာဝမ်းသာရပါသည်။ ကိုဟင်အရေးအသားပိုကောင်းလာပါသည်။ ဒါလေးတစ်ခုပါ ထိပ်ဆုံးမှာလဲဖြစ်ပြန်ဆိုတော့ "တမ္မဖြစ်ဖြစ် "

ကျေးဇူး တင်ပါတယ်ဆရာ , ပြင်လိုက်ပါပြီ။

ဆရာ နှစ်ဦးလည်း တစ်ဦးပေါ် တစ်ဦး
လေးစားချစ်ခင်လျက် ရှိပါ၏။

Thanks for your advice. I also want to know about life in Singapore,sir.

ရေးစရာတော့ အများသား... ဆရာရေ, ရေးဖို့ အချိန်နဲ့ ရတဲ့ အချိန်ကြတော့လည်း စာရေးဖို့ mood မဝင်တာကများနေတာ။

ဗဟုသုတ ရပါတယ်

မြန်​မာ steemit ​အောင်​မြင်​ရမည်

ဗဟုသုတ မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုဟင်နရီ ခင်ဗျာ။
ကြိုးစားခွင့်ရှိနေသရွေ့ ဆက်လက်ကြိုးစားနေပါ့မယ် ခင်ဗျာ။

အတူတူ သွားကြတာပေါ့။

ဒီအလုပ်ကို များစွာမျှော်လင့်ထားပါသည်
ကူညီဖေးမမှုများအတွက် ကျေးဇူးတင်ပါတယ် အစ်ကို
အစစအရာရာ အဆင်ပြေပါစေခင်ဗျ

လောလောဆယ်တော့ အလုပ်အကိုင်တခုအနေနဲ့ လုပ်လို့ မရသေးပေမယ့် ဒုတိယ အလုပ်အကိုင် အဖြစ်တော့ လက်ခံလို့ ရနေပါပြီ။

Together we are, nothing is impossible.
We can do it.

Of course , we are sail in the same boat..

အကို့စာဖက်ရတာအားလည်းရှိတယ် သံဝေဂလည်းရတယ် အရမ်းကျေးဇူးတင်ပါတယ်ခင်ဗျား အခုလိုနည်းပညာကောင်းကိုချပြပေးတဲ့အတွက် အထူးလေးစားရပါသည် အကို

ကျေးဇူးပဲ ကိုသာအေးရေ... ကိုသာအေး အရေးအသား တွေလည်း တော်တော် တိုးတက်လာနေပါတယ်။

ဟုတ်အကို အရေးအသားလည်းပိုကြိုးစားသွားမှာပါခင်ဗျ
ကျေးဇူးပါအကို

Coin Marketplace

STEEM 0.19
TRX 0.12
JST 0.027
BTC 59198.54
ETH 3287.69
USDT 1.00
SBD 2.43