Steemit Platform နှင့် စီးပွားရေး ( Henry Aung )

in #myanmar5 years ago

henry Aung.jpg

မင်္ဂလာပါ။ ကျွန်တော့အနေဖြင့် လွန်ခဲ့သော ၁၅ ရက်ခန်မှ ခရီးထွက်သွား သဖြင့် Steemit platform နှင့် ရက်အတော်ကြာ အဆက်ပြတ်သွားခဲ့ပါသည်။ ဗီယက်နမ် ဟနွိုင်း နှင့် အင်ဒို နီးရှား နိုင်ငံ ဘာတမ် ကျွန်း မြို့ငယ်လေးသို့ ခရီးထွက်သွား ခြင်း ဖြစ်ပါသည်။ အချိန်ရလျင် ကျွန်တော် ခရီးထွက်ခဲ့သော ခရီးသွား အတွေ့အကြုံများအား ဆောင်းပါးရေး၍ ဖေါ်ပြပေးပါမည်။

ကျွန်တော်ခရီးထွက်ပြီး ပြန်ရောက်လာလျင် အလျင်ဦးဆုံးလုပ်သော အလုပ်မှာ steemit platform အား ဝင်ကြည့်ခြင်း ဖြစ်ပါသည်။ steemit platform သည် ၂၀၁၉ အတွင် မသိမသာဖြင့် တဖြည်း ဖြည်း ပြောင်းလည်း လာနေသည်ကို တွေ့ရပါသည်။ ပထမဆုံး အနေဖြင့် Main Blog မှ Wallet ကို ခွဲထုတ်လိုက်ပါသည်။

ထို့ကြောင့် Blogging activities တနည်းအားဖြင့် social media activity များက သီးသန့်လုပ်ဆောင်၍ wallet ကလည်း သူ၏ လုပ်ဆောင်ချက်များအား သီးသန့်လုပ်ဆောင်နေပါလိမ့်မည်။ ဤ သို့ wallet နှင့် မူရင်း main blog အား ခွဲထုတ်လိုက်ခြင်းမှာ နှောင်ထွက်ပေါ်လာမည် ဖြစ်သော SMTs များ အတွက် ကြိုတင် ပြင်ဆင်ခြင်းဟု ယူဆရပါသည်။

SMTs ဟုဆိုရာတွင် ကျွန်တော်၏ ယခင်ဆောင်းပါးများတွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်သည့်အတိုင်း လက်ရှိ Hunt token , Actifit , Dtube , Appics , Partiko စသည်ဖြင့် ရှိကြရာ အားလုံးတွင် ကိုယ်ပိုင် Token များရှိကြပြီး ဖြစ်ပါသည်။ ထို token များ အားလုံး တနေရာတည်းတွင် Steem နှင့် ချိတ်ဆက်လှည်း လှယ် နိုင်ရန်မှာ steemit wallet ၏ market နေရာတွင် ဖြစ်ပါသည်။ သို့သော် Appics ၏ XAP ကစိတ်ရှည်စွာ စောင့်စားနေသလောက် Hunt Token ကတော့ ကိုယ်တိုင် ဈေးကွက်ရှာ ၍ ဖေါက်ထွက်သွားခဲ့ပြီ ဖြစ်ပါသည်။

01.jpg
Original Source

Steem Hunt token နှင့်ပါတ်သက်၍ လည်း ပြောစရာ အများအပြားရှိပါသည်။ လက်ရှိ Hunt token များသည် Steem power နှင့် up vote ပေးခြင်းဖြင့် ရယူကြခြင်း ဖြစ်သော်လည်း Hunt token ၏ အသုံးဝင်မှုအား ဖေါ်ဆောင်ပေးရမည်ဖြစ်ပါသည်။ သို့ မဟုတ်လျင် Hunt token သည် ဈေးကွက် အတွင်းသို့ ချရောင်းစရာ token တခုအဖြစ်သာ ရှိနေလျင် များမကြာမှီ Hunt token ဈေးကွက်ပျက်သွားမည် ဖြစ်ပါသည်။

သို့ မဟုတ် Hunt token ထုတ်လုပ်မှုအား Steem power ဖြင့် ချိတ်ဆက်မထားပဲ Hunt token ပိုင်ဆိုင်မှု Hunt token power ဖြင့် ပြောင်းလည်း လိုက်လျင် Hunt token ဈေးပိုမို ခိုင်မာ လာနိုင်သော်လည်း မူရင်း မိခင် Steem နှင့် Hunt လှည်းလှယ် နှုန်းကိုတော့ ချိတ်ဆက်ထားပေးရမည် ဖြစ်ပါသည်။

ဤသို့ လုပ်ဆောင်လိုက်လျင် Steem Hunt အနေဖြင့် Steem နှင့် Hunt token အား ပြင်ပ တွင် မကွာဟ သော ဈေးနှုန်းနှင့် ချိတ်ဆက်ပေးနိုင်ရမည် ဖြစ်ပါသည်။ သို့ မဟုတ်လျင် Drugwar ၏ future token ကဲ့သို့ စိတ်ဝင်စားမှု နည်းသော အဆင့်သို့ ထိုးကျသွားပါလိမ့်မည်။ ကျွန်တော်အပါအဝင် အတော်များများက Drugwar ၏ reward system ပြောင်းလည်း ပြီးနောက်တွင် ထို game အား ယခင်ကလောက် အလေး အနက်မထားတော့ပါ။

အချို့ဆိုလျင် Drugwar အကောင့် မည်သို့ delete လုပ်ရမည့် အကြောင်း မေးမြန်းနေကြပြီ ဖြစ်ပါသည်။ သို့ သော် steemit မှ ထွက်ပေါ်လာသော SMT ဟု ဆိုရမည့် ( အမှန်တော့ ERC20 token ) hunt token သည် လက်ရှိအနေဖြင့် ခိုင်မာသော ဈေးကွက် တခုကို ပိုင်ဆိုင်ထားနိုင်ပြီ ဖြစ်ပါသည်။ အသစ် ထွက်ပေါ်လာသော Token အနေဖြင့် USD $0.017 လောက်တွင် ထိန်းထား နိုင်သည်မှာ အတော်ကို အခြေအနေကောင်းသည်ဟု ဆိုရမည် ဖြစ်ပါသည်။

02.jpg
Original Source

ဤ ဆောင်းပါးမှာ Hunt platform အကြောင်း ဖေါ်ပြရန် မဟုတ်သော်လည်း လက်ရှိ steemit platform နှင့် နွယ်၍ ဖြစ်ပေါ်လာသော အခြေအနေ အကျိုးဆက်များအား ဆက်စပ်မိစေရန် ဖေါ်ပြပေးရခြင်း ဖြစ်ပါသည်။ Myanmay Steemit Community နှင့် စပ်လျင်း၍ အနည်းငယ် တင်ပြပေးရလျင် အားရစရာ မရှိဆိုသည်မှာ အမှန်ပင်ဖြစ်ပါသည်။

ဤကဲ့သို့ အခြေအနေ ရောက်အောင် မည်သူမှ လုပ်ဆောင် ခဲ့ခြင်း မဟုတ်ပါ။ တဦးချင်း တယောက်ချင်း စီ၏ ယုံကြည်မှု လျော့ပါးလာခြင်း နှင့် အတူ အားထုတ်မှုကုန်ခမ်း သွားခြင်းက လက်ရှိအခြေအနေကို ရောက်ရှိသွားစေခြင်း ဖြစ်ပါသည်။ ဤ အရာအားလုံး ၏ အခြေခံမှာ Steem ဈေးနှုန်း ဖြစ်ပါသည်။

ကျွန်တော် တို့၏ Motivation မှာ Steem ဈေးနှုန်း အပေါ် တင်ထားခြင်း ဖြင့် Steem ဈေး အတက်အကျ အလိုက် မိမိတို့ အားထုတ်မှုအပေါ် သက်ရောက်နေခြင်း ဖြစ်ပါသည်။ MSC ဘားမှလည်း မပြောင်းလည်း သေးဘူး ဟူသည်မှာ ပြောင်းလည်း နိုင်ရန် အင်အား မလုံလောက်သေး၍ ဖြစ်ပါသည်။

ကျွန်တော်တို့ အနေဖြင့် အချင်း ချင်း ကျားကန် ပေးနိုင်ရန် လုံလောက်သော SP မရှိကြခြင်း ကလည်း တခုအပါအဝင် ဖြစ်ပါသည်။ ကျွန်တော်တို့ Admin များ အနေဖြင့် မည်မျှပင် လှုံ့ဆော် နေအုံးတော့ လိုက်ပါဝင် လှုပ်ရှားသူ မရှိလျင် အချီးအနှီးသာ ဖြစ်ပါသည်။ လက်ရှိ MSC ထဲတွင် MSC number ရယူထား ပြီး စောင့်ကြည့်မည်ဟူသော နေရာတွင် ရပ်တည်နေကြသူ ဘယ်နှစ်ယောက် ရှိမည်ဟု ထင်ပါသနည်း။

အပြစ်ပြောလို ခြင်း မဟုတ်ပါ။ Community တခု တည်ထောင်ရသည်မှာ ခက်ပါသည်။ ထိုထက် ခက်သည်မှာ ထို Community အား ရေရှည် တည်တံ့နေစေရန် လုပ်ဆောင်ရခြင်း ဖြစ်ပါသည်။

03.png
Original Source

ကျွန်တော်တို့ MSC အနေဖြင့် ခိုင်မာသော အဆင့်သို့ မရောက်သေးမှီ အုတ်မြစ်ချနေဆဲ အဆင့်တွင် Steem ဈေးများ ကျဆင်းသွား သဖြင့် ဤသို့ ဖရိုဖရဲ ဖြစ်သွား ရခြင်း ဖြစ်ပါသည်။ အကယ်၍ Steem ဈေးသည် ၂၀၁၈ နှစ်ဆန်း ပိုင်းကအတိုင်း USD 4$ လောက်ခန့်တွင်သာ ရှိနေလျင် လက်ရှိ အချိန်တွင် MSC Budget သည် သိန်း ၁၀၀ ဝန်းကျင်း တွင်ရှိနေ၍ MSC စီးပွားရေး တခု ကောင်းကောင်း စတင်လုပ်ဆောင် နိုင်နေပြီ ဖြစ်ပါလိမ့်မည်။

ဤ တွင် MSC စီးပွားရေး ဟူ၍ ကျွန်တော့ သဘောထားအား အနည်းငယ် ရှင်းပြလိုပါသည်။ ကျွန်တော့ အနေဖြင့် Community တည် ထောင်စတွင် မည်သူ့ထံမှ မည်သို့ deposit ယူ၍ မည်သို့ ကြီးပွားအောင် လုပ်ဆောင်မည် ဆိုခြင်းထက် မိမိတို့ အိတ်ကပ်ထဲမှ တပြားမှ စိုက်ရန် မလို ပဲ ဤ steemit platform မှ အကျိုးအမြတ်ရယူ မည် ဟူသော ရည်ရွယ်ရင်း ဖြစ်ပါသည်။

ယခုလည်း investment ခေါ်၍ စီးပွားရေး လုပ်လျင် ဖြစ်ပါသည်။ မည်သူ မည်မျှ လောက်ထည့်လျင် အကျိုး အမြတ် ရာခိုင်နှုန်း မည်မျှရမည် စသည်ဖြင့် ။ သို့ သော် ထိုသို့ လုပ်လျင် အခြားသူငှား များ၏ အရင်းအနှီး ချွေးနည်းစာ များ ဖြစ်သဖြင့် လုပ်ကိုင်ရန် တာဝန်ကြီးသလို ကျွန်တော့ အနေဖြင့်လည်း Admin များ အား အဝေးမှနေ၍ ထိုကဲ့သို့သော တာဝန်ကြီးများ ခိုင်းစေရန် ဆန္ဒမရှိပါ။

steemit platform ခေတ်ကောင်းစဉ်ကအတိုင်း ၅၀ % SP စု၍ အခြား ၅၀ % နှုန်းသော SBD အား အရင်းအနှီး လုပ်၍ စီးပွားရေး လုပ်ကိုင်လို ခြင်း ဖြစ်ပါသည်။ တခုနားလည်ရန် လိုသည်မှာ ကျွန်တော်တို့ လူမျိုးများ အနေဖြင့် တခုခုလုပ်ကြရအောင် ဟု စလိုက်လျင် ကောင်းသည် လုပ်ကြမည် ဟု ဆိုကြသော်လည်း မည်သူဦးဆောင်၍ လုပ်မည်နည်း ဆိုလျင် အသံများ တိတ်သွားတတ်ပါသည်။

ထိုကဲ့သို့ အတိုင်းပင် မိမိကိုယ်တိုင်က အဝေးရောက်နေ၍ စိတ်ရောကိုယ်ပါ အပြည့်အဝမလုပ်ဆောင် နိုင်သော လုပ်ငန်း များတွင် အခြားသူများအား စေခိုင်းရန် ဆန္ဒမရှိပါ။ ကိုယ်တိုင် အားသွန်ခွန်စိုက်လုပ်၍ အခြားသူများအားလည်း ဒီလို လုပ်ပါ၊ ဟိုလို လုပ်ပါဟု ညွန်ကြားရသည်မှာ ပို၍သဘာဝကျပါသည်။

04.jpg
Original Source

ထို့အပြင် လက်ရှိ MSC ၏ အနေအထားမှာ ယခင်ကဲ့သို့ စည်စည်ကားကား ဖြစ်လာစေရန် လုပ်ဆောင်ရာတွင် ယခင် Community စတင်တည်ထောင်စကထက်ပို၍ ခက်ခဲနိုင်ပါသည်။ ကျွန်တော့ အနေဖြင့် လူငယ် အဖွဲ့အစည်းများ နှင့် အခြားသော အဖွဲ့အစည်း တော်တော်များများတွင် ခေါင်းဆောင်နေရာမှ တာဝန်ယူ ခဲ့ဖူးပါသည်။

တက်ကြွနေကြသော လူသစ်များ နှင့် ခရီးဆက်ရသည်မှာ ခရီးတွင် သလောက် အနည်ထိုင်သွား ပြီဖြစ်သော အဖွဲ့ဝင်များ တနည်းအားဖြင့် ငါ မအားသေးလို့ အားရင် ဝင်ပါမယ် ဟူသော အဖွဲ့ ဝင်များအား လှုံ့ဆော်ရသည်မှာ အလွန်ပင်ခက်ခဲလွန်းလှပါသည်။ ယခုလည်း MSC ယခင်ကကဲ့သို့ စည်ကားလာစေရန် လုပ်ဆောင်ရာတွင် MSC member များတွင် စောင့်ကြည့်အုံးမယ် ဟူ၍ အနည်ထိုင်နေကြသူ မည်မျှ ရှိသည်မှာ အားလုံး အသိပင် ဖြစ်ပါသည်။

အပြစ်ဆိုခြင်း မဟုတ်ပါ။ တဦးတယောက်စီ၏ စိတ်ခံစားချက်ခြင်း မတူညီနိုင်သည်ကို နားလည်နိုင်ပါသည်။ ထို့ကြောင့် MSC မပြောင်းလည်း နိုင်သေးသည် ၊ မစည်ကား နိုင်သေးသည်ကို အားမလိုအားမရ မဖြစ်ပဲ မိမိတတ်နိုင်သည့် ဘက်မှ ဝင်ရောက်ပံ့ပိုးပေးပါရန်သာ တိုက်တွန်းလိုပါသည်။ အချိန်က စကားပြောသွားပါလိမ့်မည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

အရင်းအနှီး မပါ နှင့် အကျိုးအမြတ် မရေရာသော အဖွဲ့အစည်းတစ်ခုသည် ပရဟိတလုပ်ရာကလွဲရင် ရေရှည်ခိုင်မာမည် မထင်ပါ

Posted using Partiko Android

အကျိုးအမြတ်မရှိတာ မဟုတ်ဘူး ကိုဟိန်း ၊ နည်းနေသေးတာပါ။

စုပေါင်းစွမ်းအားဖြင့် ကိစ္စရပ်ကြီးတစ်ခုခု ဆောင်ရွက်ရာမှာ ဆိုလိုပါသည်...
အကျိုးအမြတ် မရှိ မပြောပါ... ရေရေရာရာ မရှိသေးတာ ပြောပါတယ်...
MSC steemit တစ်ခုတည်းကို ရည်ညွှန်းခြင်း မဟုတ်ပါ

မှန်တယ်ကိုဟိန်း... ရေရေရာရာမရှိသေးပါဘူး။ MSC က steemit ကို passives income အနေနဲ့ လုပ်နေရတုန်းမို့ပါ။ ပြီးတော့ စုပေါင်းစွမ်းအားနဲ့ ဆောင်ရွက်ဖို့ဆိုရင် ကျွန်တော် ပြောခဲ့ပြီးပါပြီ။ Budget အရင်ဆုံး ရှိရပါမယ်။ အဲဒီကနေ မှ တဆင့်ချင်း လုပ်ဆောင်သွားရမှာ... လက်ရှိ အချိန်မှာ member တယောက် ချင်းစီကနေ လက်တွဲလုပ်ဖို့ အရင်းအနှီး မကောက်ချင်သေးတာလဲပါ ပါတယ်။ ပြီးတော့ စုပေါင်း လုပ်ဆောင်ကြမယ်ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ တကယ် တမ်းလုပ်ကြရင် တာဝန်ခွဲဝေယူရမှု အပိုင်တွေရှိလာတယ်။ ကိုဟိန်းအနေနဲ့ စိတ်ကူးထားတဲ့ plan လေးများရှိရင် ဆောင်းပါး ရေးပြီး ချပြလို့ရပါတယ်။

အနယ်ထိုင်နေတာမှ ကျောက်ချထားတဲ့ အတိုင်းပဲ 😁

အပြစ်မဆိုသာပါဘူး။ အချိန်တန်ရင် ပြန်ထ လာပါလိမ့်မယ်။

အချိန်တစ်ခုယူပြီး အားလုံးအကြံညဏ်များနှင့် အကောင်းဆုံးအဖြေရှာပြီး စနစ်တကျလုပ်ကိုင်ဆောင်ရွက်ကြရင် အောင်မြင်မှုတွေရရှိလာမည်ဟု ထင်မိပါသည်။ကျွန်တော်တို့လည်း ကြိုးစားဆောင်ရွက်ပါ့မယ်အစ်ကိုဟင်နရီ။

Posted using Partiko Android

ကြိုးစားပြီးတော့ အဖြေရှာနေပါတယ်။ MSC ဟာ steemit ရဲ့ အောင်မြင်မှု အပေါ်မူတည်နေတော့ အချိန် တခုတော့ ပေးဆပ်ရအုံးမှာပါ။

ပထမဦးစွာ သေချာရှင်းပြပေးတဲ့အတွက် ကျေးဇူးစကားဆိုပါရစေ။ member တွေဆီက ရှယ်ယာခေါ်ပြီးလုပ်မယ့်planကို ကျွန်တော်လည်း မနှစ်သက်ဘူး။ ရှယ်ယာမခေါ်ဘဲ လုပ်လို့ ရတဲ့ planတွေရှိပါတယ်။ ကျွန်တော် ဆက်လက်တင်ပြပါ့မယ်။ ကျွန်တော်နိုင်သလောက် MSC တိုးတက်ဘို့အတွက် ကြိုးစားသွားမှာပါ ။ ကိုဟင် နောက်ကအမြဲရှိနေပါ့မယ်။လေးစားလျက်

မှန်တယ် ကိုမဟော်.... လုပ်လို့ရတာ အများကြီးရှိတယ်။ ဒါပေမယ့် ကန့်သတ်ချက်တွေ ရှိနေသေးတယ်။ ကျွန်တော် ဆက်ပြီးတင်ပြပေးပါ့မယ်။

Steemit ရယ် msc ရယ် ရှိနေမယ် စာရေးလို့ရနေအုံးမယ်ဆိုရင်
ကြိုးစားရေးနေပါတယ် အားတော့မလျှော့သေးပါ။
ကိုဟင်ပြောထားသည့် 2020 ကိုမှ မရောက်သေးတာပဲ
၂၀၂၀ထိ တဖြည်းဖြည်းချင်းကြိုးစား၍ ရေးသွားနေအုံမည်။

Steemit ဟာလုံးဝ ရပ်တန့်နေတာမဟုတ်ဘူး။ အချိန်တခု ရောက်ရင်ပြန်နိုးထလာပါလိမ့်မယ်။ Steem တွေ ရသလောက်သာစုထားပါ။

ကျွန်​​တော်​လည်း ဆိုင်​စ​ဆောက်​​နေ​သော​ကြောင့်​စာမ​ရေးအား​သေးပါ ဆိုင်​အနည်​ထိုင်​သွားရင်​​တော့ ​ငွေ​ရေး​ကြေး​ရေးအ​ခြေမခံဘဲ စာ​ရေးဝါသနာပါသူ ဓပ်​ပုံရိုက်​ဝါသနာပါသူများကို စဉ်းရုံပြီးသင်​တန်း​လေး
သင်​တန်း​လေး​ပေးပါအုံးမည်​ ​ကော်​ပီမပါရင်​ပြီး​ရော စည်းကမ်း​တွေ​တော့လူသစ်​​တွေမို့​ရှောချရပါမည်​ ကိုယ်​တိုင်​​ရေးကဗျ​လေး​တွေ ကိုယ်​တိုင်​ရိုက်​ဓာပ်​ပုံ​လေး​တွေတင်​ပြီး အီးစတီ မိ​နောင်း ပါတီကို​လေးနဲ့ ရယူ​ပေးဖို့စဉ်းစားထားပါသည်

ဆိုင် ဆောက်နေပြီလား.... အဆင်ပြေရင် ဦးယုနဲ့လည်း တိုင်ပင်စရာတွေရှိပါသေးတယ်။

ကိုယ့်ငွေ ကိုယ့်လုပ်အား မပါပဲ နဲ့ အမြတ်အစွန်းရမယ်ဆိုတာကိုတော့ လူတိုင်းစိတ်ဝင်စားနိုင်ပေမယ့် မိမိရဲ့ ကိုယ်ပိုင်ငွေကြေး ရင်းနှီးစိုက်ထုတ်ထားခြင်းမရှိတဲ့ လုပ်ငန်းကို ၀င်ရောက်လုပ်ကိုင်နေကြမယ်ဆိုရင် ရေရှည်မှာ အဲဒီ member တွေက လုပ်ငန်းအပေါ်မှာ အလေးထားမှု လျော့မယ်လို့ထင်မိပါတယ်။ ကိုယ်တိုင်က တစ်ခုခုကို အရင်းအနှီးအဖြစ် စိုက်ထုတ်လုပ်ကိုင်မှသာ လုပ်ငန်းအပေါ်ကိုရော အမြတ်အစွန်းတွေအပေါ်ကို အရေးထား လေးစားကြမယ်ထင်ပါတယ်ဆာဟင်။ Share ထည့်ဝင်နိုင်ပါတယ်ပြောလည်း လူတိုင်း စိတ်ဝင်စားကြမယ်မထင်ဘူး။ အောင်မြင်လာတဲ့အချိန်ဆိုရင်တော့ အခြေအနေပြောင်းသွားမှာပါ။ မအောင်မြင်သေးရင်တော့ ဆာဟင်ပြောသလို စောင့်ကြည့်အနေအထားနဲ့ပဲ ရှိနေကြမယ်ထင်ပါတယ်။

မှန်တယ် ကိုစိုး... ကျွန်တော်တို့အနေနဲ့ steemit ကို အခြေခံပြီး စီးပွားရေး လုပ်ကို လုပ်ရမှာပါ။ တသက်လုံး စာရေးနေလို့လည်း မဖြစ်နိုင်ဘူးလေ။ ကျွန်တော် ဖြစ်စေချင်တာက စောင့်ကြည့် ဆိုတဲ့ အနေအထားထက် ရသလောက်ယူထားပြီး အချိန်ကျလာတဲ့အခါ အရင်းအနှီးကို Steem Power ကထုတ်ယူကြဖို့ပါ။ လောလောဆယ်တော့ မဖြစ်နိုင်သေးဘူး။

Steemit ရယ် ရေလယ်ခေါင်ရောက်မှ လမ်းဖျောက်ထားခံရလိုလိုပဲ…
Steem ရယ် ပြိုင်ပွဲမှာ ဗိုလ်စွဲမလိုလိုနဲ့ အချိန်ဆွဲနေတာနဲ့ တအီအီ ဖြစ်ကုန်လေမလား…

Posted using Partiko iOS

တအီအီ ဖြစ်သွားတာတော့ အမှန်ပဲ... အရှိန်တန့်သွားတာပဲရှိတယ်။ လုံးဝ ရပ်သွားတာတော့ မဟုတ်ဘူး။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 64302.59
ETH 2654.83
USDT 1.00
SBD 2.83