Steemit platform နှင့် မျက်စပ်ပိုးဝင် ( Henry Aung )

in #myanmar6 years ago

henry Aung.jpg

မင်္ဂလာပါ။ MSC member တို့ အများသိပြီး သားဖြစ်သည့် အတိုင်း ကျွန်တော့ အနေဖြင့် steemit platform ပေါ်သို့ ရောက်ရှိလာခဲ့သည်မှာ ၂ နှစ် ကျော်သွားပြီ ဖြစ်ပါသည်။ ထို အချိန် အတောအတွင်း ကျွန်တော့ အနေဖြင့် ( ယခုအချိန်ထိ ) steemit Platform အား အများကြီး မျှော်လင့်ထားပါသည်။

သို့သော် ကျွန်တော်လည်း လူသားတယောက် ဖြစ်သည့်အလျောက် မိမိမျှော်လင့်ထားသော အရာအား အလျင်အမြန် အကောင်ထည် ဖေါ်စေချင်သော ဆန္ဒ ရှိပါသည်။ ကျွန်တော့ အနေဖြင့် steemit platform အား အားမလို အားမရ ဖြစ်နေသော အကြောင်း အရာတခုရှိပါသည်။ ထိုအရာမှာ Steem ဈေး ဖြစ်ပါသည်။

ကျွန်တော့ အနေဖြင့် ဤ platform အား သဘောကျလွန်း၍ အတတ်နိုင်ဆုံး ထဲထဲ ဝင်ဝင် လေ့လာ ထားသကဲ့သို့ အတတ်နိုင်ဆုံးလည်း အဆက်မပြတ်သွားစေရန် နေ့စဉ်လေ့လာနေဆဲ ဖြစ်ပါသည်။ ဤ platform သည် တကယ် ကောင်းပါသည်။ တကယ်ကောင်း သော်လည်း အဘယ့်ကြောင့် Steem ဈေး သည် USD$1 အထက်တွင် မထိန်းထား နိုင်ပါသနည်း။

လက်ရှိ coinmarketcap တွင် အဘယ်ကြောင့် Steem သည် အဆင့် ၄၀ နေရာတွင် ရပ်တည်နေရပါသနည်း။ Steem သည် Doge နှင့် Siacoin တို့ထက် အများကြီး ပိုကောင်းသည်ကို ကျွန်တော်တို့ သိပြီးသားဖြစ်ပါသည်။ သို့ သော် ဈေးကွက် အတွင်း၌ Steem မှာ ထို coin တို့၏ အောက်တွင် ရောက်နေခြင်းမှာ ကျွန်တော့ အား အတော်ပင် ကသိကအောက် ဖြစ်စေပါသည်။

ထို့ အပြင် Steem ၏ နောက်မှ ပေါ်ထွက်လာကြသော NEO ၊ Binance နှင့် EOS တို့သည် ဈေးကွက် အတွင်းသို့ ဖေါက်ဝင်လာကြပြီးနောက် တန်ဖိုးတခု ၏ နေရာတွင် ထိန်းထားနိုင်ပြီး ဈေးကွက်တွင်လည်း ထိပ်တန်းနေရာတွင် ရပ်တည် နေနိုင်ကြပါသည်။ ဤ အကြောင်း အရာနှင့် ပါတ်သက်၍ Steemit ဂုရုကြီး များအား မေးမြန်းဘူးပါသည်။

သူတို့ ၏ အဖြေမှာ steemit အနေဖြင့် သူ၏ ထုတ်ကုန်ဖြစ်သော SMTs များ ထွက်ပေါ်လာစေရန် အသင့် မဖြစ်သေး၍ ဤ platform အပေါ် မှီခိုထွက်ပေါ်လာမည် ဖြစ်သော အခြားသော နည်းပညာများ အတွက် ဤ steemit platform ၏ လုပ်ငန်း ဆောင်တာ တို့ အကြောင်း အများ သိစေရန် ဈေးကွက် မဖေါက်သေးခြင်း တနည်းအားဖြင့် marketing မဆင်းသေးသောကြောင့် Steem ဈေးမှာ ယခုကဲ့သို့ လူအများ စိတ်ဝင်စားမှုနည်းသွားကာ အဆင့် ၄၀ လောက်အထိ ကျဆင်းသွားခဲ့ရကြောင်း ရှင်းပြကြပါသသည်။

ဟုတ်ပါသည်။ ထိုအကြောင်းအရာအား ကျွန်တော်လည်း သိပြီးနေပြီး ဖြစ်ပါသည်။ သို့သော် လူသား ဖြစ်သော ကျွန်တော့ အနေဖြင့်လည်း steemit platform အား အောင်မြင်သော ၊ လူအများ စိတ်ဝင်စား သော အဆင့်အတန်းရှိသော platform တခုအဖြစ် ရပ်တည် နေသည်ကို အလွန်မြင်ချင်လှပါသည်။

လွန်ခဲ့ သော ရက်အနည်းငယ်က CEO @ned ၏ ဆောင်းပါး ကွန်မန့် တခုတွင် လူတယောက်မှ သူ့အား Steem ၂ သန်း အား လက်ရှိဈေးဖြင့် တရားဝင် ဝယ်ယူခွင့်ပေးလျင် December လလောက်တွင် Steem ဈေးများ တက်လာစေရန် စွမ်းဆောင် နိုင်ကြောင်း ဖတ်မိပါသည်။ ထို့ အပြင် Steem အနေဖြင့် Bitcoin ထက် ပိုမိုကောင်း မွန်သော coin ဖြစ်လာစေရန်လည်း အာမခံနိုင်ကြောင်း ရေးသားထာသည်ကို ဖတ်မိပါသည်။

သူ့ အနေဖြင့် ဈေးကွက် အတွင်းမှ Steem အား ဝယ်ယူလိုခြင်း မရှိခြင်းမှာ Steem အနေဖြင့် လက်ရှိအချိန်အထိ USD $ ဖြင့် တိုက်ရိုက် ရောင်းဝယ်နိုင်သော ဈေးကွက် မရှိသေးပါ။ ထို ဈေးကွက်များတွင် ဝယ်ယူပါက BTC အလျင် ဝယ်ယူရမည် ဖြစ်သလို Steem တဆင့်ဝယ်ယူခြင်း ဖြင့် trading fee ပေးရမည် ဖြစ်သောကြောင့် Steem အများအပြား ပိုင်ဆိုင်ထားသော CEO ထံမှ USD $ ဖြင့်တိုက်ရိုက် ဝယ်ယူရန် ကမ်းလှမ်းရခြင်း ဖြစ်ဟန်တူပါသည်။

ကျွန်တော့ အနေဖြင့် များစွာ မဝေးတော့သော ကာလတွင် ဤ platform ၏ အောင်မြင်သော ကာလတခုကို မြင်ရတော့မည့် အကြောင်း သိထားသော်လည်း ထိုနေ့ရက် နီးလာလေ အားလိုအားမရ ဖြစ်လာလေ ဖြစ်နေရပါသည်။ ထို့အပြင် နေ့စဉ် Steem ဈေးအား မည်မျှ ပြောင်းလည်း နေပြီလဲ ဟု ဝင်ဝင်ကြည့်ရသည်မှာ အလုပ်တခုကဲ့သို့ ဖြစ်နေပါသည်။

မည်သို့ပင် ဆိုစေ ဘယ်လိုပင်အားမလိုအားမရ ဖြစ်နေပါစေ steemit ကတော့ ပုံမှန် လည်ပတ်နေပါသည်။ ကျွန်တော့ အနေဖြင့် ဈေးကွက် အတွင်းရှိ အခြားသော coin များအား မျက်စပ်ပိုးဝင် သကဲ့သို့ ကြည့်မရ ဖြစ်နေသော်လည်း Steem ဈေးကတော့ မတှုန်မလှုပ် ပြား ၈၀ နေရာတွင် တည်တည်ကြီး ရပ်နေပါသည်။ အခြေအနေမှန် အဖြစ်မှန်ကို လက်ခံနိုင်ရန် ကြိုးစားနေရဆဲ ဖြစ်ပါသည်။

တနေ့နေ့ တချိန်ချိန်တွင်တော့ Chevas Regal 18 year ဖန်ခွက် ကိုင်၍ ကြူးဘား ဆေးပြင်းလိပ်ခဲ ပြီး steemit platform အကြောင်း အားရပါးရ ပြောနိုင်လိမ့်မည်ဟု ယုံကြည်နေဆဲ ဖြစ်ပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Author : Henry Aung ( Kachin )
MSC : 001

Sort:  

မိမိမှာ steemit အား ယုံကြည် မျှော်လင့်နေဆဲ ဖြစ်သော်လည်း စီးပွားရေး ချို့တဲ့မှုကြောင့် မယား မကြည် ဖြစ်ခံနေရသောအခါ ဖုန်း ကြာကြာကိုင်နေလျှင်ပင် မျက်စောင်း မြင်နေရသည်မို့ ဈေး တတ်ပေးတော့ steem ရယ် ဟုသာ တောင့်တလိုက်ရပါတော့သည်😁😁

Posted using Partiko Android

တက်ပါစေတော့ steemဈေးကြီးရယ် အာ့ဒါမှ ဥဥဟိန်း ဖုန်းကြာကြာ ကိုင်နိုင်မှာ

နည်းပညာအကြောင်းတော့ နားမလည်ဘူး ကိုဟင်ရေ steemဆိုလို့ စာရေးတာကလွဲရင်ပေါ့

အများကြီး နားမလည်တာလည်း တခုတော့ ကောင်းတယ် မစုလှိုင်။ သိထားရင် ရင်မောရလို့။

Chevas အတူသောက်ပြီး စကားစမြည်ပြောကြတာပေါ့ဗျာ။
အရင်တုန်းက ငါတို့ ဘယ်လို ဖြတ်သန်းခဲ့ရတယ် ဆိုတာကိုပေါ့။

တရက်တော့ ရောက်လာမှာပါ။

တူတူပါဘဲ ဥဥဟင်ရယ် တစ်ခြား coin ဒေ ကြည့်လိုက် အားမရလိုက် တစ်ခြား airdrop တွေ ကြည့်လိုက် SMT ကြီး မြင်လိုက်နဲ့ ။

အဲတာ steemit ရောဂါလို့ ခေါ်တယ်။ ကုဖို့ ဆေးမရှိဘူး။ Steem ဈေး တက်လာရင် အလို လို ပျောက်သွားလိမ့်မယ်။

ကျနော်က နည်းပညာ အကြောင်း တော့ သိပ်မသိပါဘူးဗျာ။ ဒါပေမယ့် steemit ကို သဘောကျတယ်။ သူ့ခြေလှမ်းတွေကို ယုံကြည်တယ်။ ကျနော်ရဲ့ စံ နဲ့ သူ့ဟန်က ကိုက်တယ်။ steemit က အနာဂတ်အတွက် platform ကောင်းတစ်ခု ဖြစ်မှာလို့ တွေးထားလိုက်ပါပြီ။ ဒီတော့ ကျနော့ ဘက် value ထည့်ပေးဖို့ ပဲ လိုတော့တယ်။ အခုလည်း ကြိုးစားနေပါတယ်။ အစ်ကိုကြီးရဲ့ အတွေ့အကြုံကလည်း ကျနော်တို့အတွက် အထောက်အကူ ဖြစ်ဖို့ မျှော်လင့်ပါတယ်။

Posted using Partiko Android

အစ်ကိုလည်း အခုထက်ထိတော့ မျှော်လင့်လျက်ပါ။ နှစ်တွေကြာလာတော့လည်း အားမလိုအားမရ ဖြစ်လာလို့။

အစ်ကို ကြီး အတွက် အခက်အခဲ မဖြစ်ဘူးဆို ကျနော်ကို FOLLOW လုပ်ပေးပါလား။ အကူအညီတောင်း ပါတယ်ဗျ။ esteem က follower တွေရဲ့ vesting အရ voting ပေးတာ ဆိုတော့ အစ်ကိုကြီး follow က ကျနော် အတွက် vote လိုပါပဲ။ ကျေးဇူး 😍

Posted using Partiko Android

Comment ကို အခုမှ တွေ့လို့.... follow လုပ်ပေးလိုက်ပါပြီ

very thx ပါ အစ်ကိုကြီးရေ။ 😍

Posted using Partiko Android

အဲ့အချိန်ကျ လက်ဖက်သုတ်စာပြီး ရေနွေးကြမ်းခွက်ကြီး မြောက်ပြီးအော်လိုက်အုံးမည် 😁

Happy သီတင်းကျွတ် ...

မဝေးတော့တဲ့ ရွှေရောင်အနာဂတ်များဆီသို့...
ယုံကြည်ထားတယ်၊ စတီးမစ်က ကျွန်တော်တို့ဘဝကို
ပြောင်းလဲပေးနိုင်လိမ့်မယ်လို့။

အစ်ကိုလည်း ယုံကြည်ပါတယ်။

I upvoted your post.

Keep steeming for a better tomorrow.
@Acknowledgement - God Bless

Posted using https://Steeming.com condenser site.

it is very beautiful post! not reading

နည်းပညာအကြောင်းတော့ နားမလည်သေးပါ steem ဈေးကတော့ ကျောက်ရုပ် ကျောက်ဖျက်တမ်း ကစားရတော့မယ် ထင်တယ်

အေးဗျာ... သူကလည်း မလှုပ်မယှက်နဲ့ ငြိမ်နေတာ အသည်းတွေ ယားလာလို့။

ဘယ်တတ်နိုင်ပါ့မလဲဗျား

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 63578.99
ETH 2611.82
USDT 1.00
SBD 2.85